28th MAY 2023 - Morning Daily News by Radio NUG



၂၀၂၃ မေလ ၂၈ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ နိုင်ငံအသီးသီးမှ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေး

📌 ၂။ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုရှိ University of San Franciscoတွင် မြန်မာအရေးနဲ့ ပညာရေးကဏ္ဍတို့ကို NUGမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်တို့ဆွေးနွေးခဲ့

📌 ၃။မြန်မာ့သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ နိုင်ငံတကာအဆင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်နဲ့ ဒေါက်တာဆာဆာတို့ တက်ရောက်ဆွေးနွေးမယ်

📌 ၄။ နည်းပညာနှင့်နှီးနွှယ် ယာယီတက္ကသိုလ်ကောင်စီများကွန်ရက်မှ ကြားကာလပညာသင်ကြားရေးအစီအစဥ်များ ဇွန်လအတွင်း စတင်တော့မည်ဖြစ်ကြောင်း အသိပေးကြေညာ

📌 ၅။ လတာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိများအပါအဝင် စကစဘက်က (၁၁၄)ဦး သေဆုံးကာ (၁၂၉) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကော်ပရာစစ်ကြောင်းအသိပေး

📌 ၆။ သပိတ်ကျင်းမြို့နယ်ထဲ စကစယာဥ်တန်း၆စီးကို ပဒေသာမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ရာ ၁၂ဦးထက်မနည်း စကစဘက်ကသေဆုံး

📌 ၇။ မန္တလေးမြို့က ခလရ ၉၁၀ တပ်ကို ၄၀ မမဖြင့် တော်လှန်ရေးအင်အားစုများပစ်ခတ် တိုက်ခိုက်

📌 ၈။ MDY PDF ရဲ့ပြည်တော်ဝင်ကမ်ပိန်းကျပ် သိန်း၄၀၀၀ပြည့်မီအောင် ဇွန်လ၈ရက်နေ့အထိ သတ်မှတ်ထား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ နိုင်ငံအသီးသီးမှ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေး


မေလ၂၇ရက်

မေလ၂၇ရက်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ နှင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့သည် နိုင်ငံအသီးသီးမှ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်များနှင့်တွေ့ဆုံခဲ့တယ်လို့သတင်းရရှိပါတယ်။


တွေ့ဆုံပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းတို့လည်း တက်ရောက်ခဲ့ကြပြီး နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များမှ၊ ၎င်းတို့၏ နိုင်ငံတကာတွင်‌ဆောင်ရွက်နေမှုများကို တင်ပြဆွေးနွေးခဲ့ကြပါတယ်။


ဆက်လက်၍ ကိုယ်စားလှယ်များမှ ပြည်ပရောက်မြန်မာပြည်သူများထံမှ အမျိုးသားညီညွတ်ရေးအစိုးရ ထံသို့ သတင်းစကားများနှင့်၊ အကြံပြုတင်ပြချက်များကို လည်း အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၂။ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုရှိ University of San Franciscoတွင် မြန်မာအရေးနဲ့ ပညာရေးကဏ္ဍတို့ကို NUGမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်တို့ဆွေးနွေးခဲ့


မေလ၂၇

အမေရိကန်နိူင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုရှိ University of San Franciscoတွင် မြန်မာအရေးနဲ့ ပညာရေးကဏ္ဍတို့ကို NUGမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်တို့ဆွေးနွေးခဲ့တယ်လို့ အမေရိကန်ခရီးစဥ်ကို ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာနက မေလ၂၇ရက်မှာ ထုတ်ပြန်ပါတယ်။


ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် ပြည်ထောင်စုဝန်ကြီးဦးထင်လင်းအောင်တို့ဟာ မေလ ၂၃ ရက်နေ့တွင် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုရှိ University of San Francisco သို့ရောက်ရှိခဲ့ကြတယ်လို့သိရပါတယ်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးများသည် အဆိုပါတက္ကသိုလ်ရှိ ပညာရေးဌာနမှ ပါမောက္ခဖြစ်သူနှင့် အခြားပါမောက္ခ ဦးတို့နှင့်အတူ တွေ့ဆုံဆွေးနွေးခဲ့ကြရာမှာ  မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော အကျပ်အတည်းနှင့်ပဋိပက္ခကာလအတွင်းတွင် မြန်မာလူငယ်များ၏ အနာဂါတ်ပညာရေးကဏ္ဍအတွက် အဓိကထားဆွေးနွေးခဲ့ကြပါတယ်။


 ထို့ပြင်  နည်းပညာကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များနှင့်တော်လှန်ရေးအလွန်ကာလမှာလည်း မည်သို့ရှေ့ဆက်သွားရမည်ဟူသော ရေတိုသာမက ရေရှည်စီမံကိန်းများကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါတယ်။


========================


📌📌 ၃။မြန်မာ့သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ နိုင်ငံတကာအဆင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်နဲ့ ဒေါက်တာဆာဆာတို့ တက်ရောက်ဆွေးနွေးမယ်


မေလ၂၇

မေလ၂၉ရက် မြန်မာစံတော်ချိန် () နာရီတွင်   မြန်မာ့သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ နိုင်ငံတကာအဆင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေခေါင်းစဥ်ဖြင့် ဆွေးနွေးပွဲတစ်ရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ကျင်းပသွားမှာဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်နဲ့ ဒေါက်တာဆာဆာတို့ တက်ရောက်ဆွေးနွေးမယ်လို့သိရပါတယ်။


ဆွေးနွေးပွဲတွင် မြန်မာ့သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် စပ်လျဥ်း၍ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၏ အရေးပါပုံ၊ တော်လှန်ရေးကာလအတွင်း သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွင် အောင်မြင်ခဲ့သည့် သာဓကများ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးနှင့် စပ်လျဥ်း၍ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဥ်များစသည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားသွားမှာဖြစ်ပါတယ်။


ဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနနှင့်သတင်းမီဒီယာများ၏ Facebook  စာမျက်နှာတို့တွင် တိုက်ရိုက်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။


========================


📌📌 ၄။ နည်းပညာနှင့်နှီးနွှယ် ယာယီတက္ကသိုလ်ကောင်စီများကွန်ရက်မှ ကြားကာလပညာသင်ကြားရေးအစီအစဥ်များ ဇွန်လအတွင်း စတင်တော့မည်ဖြစ်ကြောင်း အသိပေးကြေညာ


မေလ၂၇ရက်


နည်းပညာနှင့်နှီးနွှယ် ယာယီတက္ကသိုလ်ကောင်စီများကွန်ရက်မှ ကြားကာလပညာသင်ကြားရေးအစီအစဥ်များ ဇွန်လအတွင်း စတင်တော့မည်ဖြစ်ကြောင်း နည်းပညာနှင့်နှီးနွှယ်ယာယီတက္ကသိုလ်ကောင်စီများကွန်ရက်က မေလ၂၇ရက်မှာ အသိပေးကြေညာခဲ့ပါတယ်။


"နည်းပညာနှင့်နှီးနွှယ် ယာယီတက္ကသိုလ်ကောင်စီများကွန်ရက်သည် "စစ်ကျွန်ပညာရေးကို ကြံ့ကြံ့ခံ ဆန့်ကျင်သပိတ်မှောက်နေကြသော ကျောင်းသား ကျောင်သူများအတွက် သင်ကြားသင်ယူမှု  စဉ်ဆက်မပြတ်စေရန်" ရည်ရွယ်၍ ကြားကာလ သင်ကြားရေးအစီအစဉ်များကို ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း စတင်တော့မှာဖြစ်ပါတယ်"လို့ဆိုပါတယ်။


ထို့ကြောင့် နည်းပညာနှင့်နှီးနွှယ် ယာယီတက္ကသိုလ်ကောင်စီများကွန်ရက်၏ အဖွဲ့ဝင် တက္ကသိုလ် ၃၃ ခု မှ စစ်ကျွန်ပညာရေးသပိတ်မှောက်၊ CDM ကျောင်းသား၊ ကျောင်းသူများ အနေဖြင့်  သက်ဆိုင်ရာ ယာယီတက္ကသိုလ်ကောင်စီများနှင့် ချိတ်ဆက်၍  သင်ကြားသင်ယူမှုများနှင့်သက်ဆိုင်သော ကိစ္စရပ်များ ကြိုတင် ဆောင်ရွက်နိုင်ရန် အသိပေးအပ်ပါတယ်လို့ဆိုထားပါတယ်။


========================


📌📌 ၅။ လတာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိများအပါအဝင် စကစဘက်က (၁၁၄)ဦး သေဆုံးကာ (၁၂၉) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကော်ပရာစစ်ကြောင်းအသိပေး


ကရင်ပြည်နယ်မှာ " လတာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိများအပါအဝင်စကစဘက်က (၁၁၄)ဦး သေဆုံးကာ (၁၂၉) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မေလ၂၇ရက်မှာ ကော်ပရာစစ်ကြောင်းက စစ်ရေးသတင်းကို အတည်ပြုဖော်ပြပါတယ်။


"တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဖြစ်သော တပ်မဟာ() KNU/KNLA ကော်ဘရာစစ်ကြောင်း() ကော်ဘရာစစ်ကြောင်း() ကျားသစ်နက်စစ်ကြောင်း၊ Golden Eagle Federal Wings ရောင်နီ တို့နှင့်အကြမ်းဖက်စစ်ကောင်စီဘက်မှ တပ်မ(၄၄) () ခလရ(၂၇၅) ခမရ(၃၅၅) () BGF၁၀၁၉ တပ်ရင်း၊  ခမရ(၁၁၈) သင်္ကန်းညီနောင်ဗျူဟာ စသည်တို့ဖြင့်()လကြာ ရင်ဆိုင်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့တယ်"လို့ဆိုပါတယ်။


အဆိုပါတိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ အရာရှိများအပါအဝင် (၁၁၄)ဦး သေဆုံး၊ (၁၂၉) ဦး ဒဏ်ရာရ၊ (၁၁)ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး ၆၀မမပြောင်းရှည် ()လက်၊ ၆၀မမပြောင်းတို ()လက်၊ ၄၀မမ ()လက် အပါအဝင် လက်နက်မျိုးစုံ စုစုပေါင်း (၄၁) လက် သိမ်းဆည်းရမိခဲ့သည့်အပြင် စစ်ကောင်စီ လက်အောက်ခံ BGFစခန်း () ခုကိုပါ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။


မြေပြင်တွင် အထိအနာများသောကြောင့် အကြမ်းဖက်စစ်ကောင်စီဘက်မှ ()လတာအတွင်း လေကြောင်းတိုက်ခိုက်မှု (၂၂)ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု (၁၀၈၁)ကြိမ် ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။


========================


📌📌 ၆။ သပိတ်ကျင်းမြို့နယ်ထဲ စကစယာဥ်တန်း၆စီးကို ပဒေသာမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ရာ ၁၂ဦးထက်မနည်း စကစဘက်ကသေဆုံး


မေလ၂၇ရက်

သပိတ်ကျင်းမြို့နယ်ထဲ စကစယာဥ်တန်း၆စီးကို ပဒေသာမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ရာ ၁၂ဦးထက်မနည်း စကစဘက်ကသေဆုံးခဲ့တယ်လို့သတင်းရရှိပါတယ်။


မေလ၂၇ရက် မနက်ပိုင်း စကစယာဉ်()စီးဖြင့် ခန့်မှန်းအင်အား(၁၀၀)ခန့်ပါ ယာဉ်တန်းကို ပ‌ဒေသာမိုင်းဖြင့်စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သပိတ်ကျင်းပကဖကဆိုပါတယ်။


"မေလ၂၇ရက်မနက်၇နာရီ၄၆အချိန် စကစယာဉ်()စီးဖြင့် ခန့်မှန်းအင်အား(၁၀၀)ခန့်ပါ ယာဉ်တန်းကို ပ‌ဒေသာမိုင်းဖြင့်စောင့်ကြိုတိုက်ခဲ့ရာ ခွေး(၁၂)ကောင်ထက်မနည်းသေဆုံးထိခိုက်မှုများပြီး စကစများ ရမ်းသမ်းပစ်ခက်မှုကြောင့် ဆယ်ဇင်းကုန်းရွာမှ ပြည်သူ()ဦးသေဆုံးပြီး()ဦးဒဏ်ရာပြင်းထန်ရခဲ့ပါတယ်"လို့ဆိုပါတယ်။


စကစယာဉ်တန်းကားများပျက်စီးမှု၊ သေဆုံးထိခိုက်ဒဏ်ရာရများမှုများကြောင့် စကစယာဉ်()စီးနှင့် ခြေလျင်စစ်ကြောင်းထိုးပြီး အထက်တ‌ကောင်းဘက်သို့(၁၂:၀၆အချိန်အထက်သို့ဆက်ခဲ့ရာ လမ်းပိုင်းတစ်နေတွင် ပဒေသာမိုင်းများဖြင့် ထပ်မံစောင့်ကြိုတိုက်ခိုက်ခဲ့ရာ စကစယာဉ်()စီးလုံးပျက်စီးပြီး ရှေ့ကားတွင်ပါသောစကစ ()ဦးထက်မနည်း ဒဏ်ရာပြင်းထန်ရခဲ့ပါတယ်။


မိုင်းထိ၍ နောက်ကားတစ်စီးသည် ကားခေါင်းခြမ်းပျက်စီးပြီး ကားခေါင်းတွင်ပါသော စကစ()ကောင်ပွဲချင်းပြီးသေဆုံးပြီး စကစများ၏ရမ်းသမ်းပစ်ခက်မှုကြောင့် လက်ပံကုန်းကျေးရွာမှ ပြည်သူ()ဦးဒဏ်ရာပြင်းထန်ရှိခဲ့တယ်လို့ဆိုပါတယ်။


========================


📌📌 ၇။ မန္တလေးမြို့က ခလရ ၉၁၀ တပ်ကို ၄၀ မမဖြင့် တော်လှန်ရေးအင်အားစုများပစ်ခတ် တိုက်ခိုက်


မေလ၂၇

မေလ၂၇ရက် နံနက် နာရီအချိန်မှာ တော်လှန်ရေးရဲဘော်များက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နတ်ဆိုး မြေအောက် တော်လှန်ရေးတပ်ဖွဲ့မှ ဗိုလ်နတ်ဆိုးကအတည်ပြုထားပါတယ်။


"မန္တလေးမြို့ပြရဲ့ကျက်သရေဆောင် မန္တလေးတောင်ကြီးရဲ့အလှနဲ့ gun ကြီးနဲ့လွှင့်နေတဲ့ ခဗျားတို့ အသည်း ကျော်လေးတွေ မြို့ပြသူပုန်၊ မင်းတို့ဘန်ကာတွေ ခိုင်မာအောင်ဆောက်ထား.နောက်တစ်ကြိမ်ဒီထက်ကြမ်းမယ်"လို့ ဗိုလ်နတ်ဆိုးကဆိုထားပါတယ်။


လက်ရှိမှာ ထိခိုက်ပျက်စီးမှုကို အတည်ပြုစုံစမ်းနေဆဲ ဖြစ်ပြီး လက်နက်ကြီးကျည်မှာ ကျရောက်ပေါက်ကွဲမှုရှိခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ၈။ MDY PDF ရဲ့ပြည်တော်ဝင်ကမ်ပိန်းကျပ် သိန်း၄၀၀၀ပြည့်မီအောင် ဇွန်လ၈ရက်နေ့အထိ သတ်မှတ်ထား


မေလ၂၇

MDY PDF ရဲ့ပြည်တော်ဝင်ကမ်ပိန်းကျပ် သိန်း၄၀၀၀ပြည့်မီအောင် ဇွန်လ၈ရက်နေ့အထိ သတ်မှတ်ထားတယ်လို့သတင်းရရှိပါတယ်။


မန္တလေးကျုံးနဲ့ နန်းတွင်းကို မန္တလေးသားတွေ ပြန်ပိုင်ဖို့ အတွက် “Project ပြည်တော်ဝင်ဆိုတဲ့ Fundraising Campaign ကို မေလ၂၅ရက်နေ့ကတည်းက စတင်နေပြီ ဖြစ်ပါတယ်။


"စနစ်တကျဖွဲ့စည်းထားပြီး လုံလောက်တဲ့ ထောက်ပို့တွေ သာ အင်တိုက်အားတိုက်ရလို့ကတော့ပြည်တော်ဝင်ကမ်ပိန်းက မန်းမြို့ပြည်တော်ဝင် ရုံတင်မကဘဲ မြန်မာပြည်သူတရပ်လုံးရဲ့ ပြည်တော်ဝင်ဖြစ်လာမှာ သေချာတယ်"လို့လည်းဆိုထားပါတယ်။


Project Target ကတော့ မြန်မာငွေ ကျပ် သိန်း၄၀၀၀ ဖြစ်ကာ Project က ရရှိလာတဲ့ ငွေတွေ အားလုံးဟာ စကစရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကြီးကို ခြိမ်းခြောက်မယ့် Mission အကြီးကြီးတွေအဖြစ်နဲ့ စီးဆင်းသွားမှာလည်း ဖြစ်တယ်လို့သိရပါတယ်။


MoD ရဲ့ CoC အောက်မှာ စနစ်တကျဖွဲ့စည်းထားတဲ့ မန်း PDF ဟာ မဝေးတော့တဲ့ အနာဂတ်နွေဦး မျှော်လင့်ချက်တွေကို ဖော်ဆောင်ပေးမဲ့ တပ်ဦးအင်အားစုတခုလည်းဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment