၂၀၂၃ ဇွန်လ ၁၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ Starlinkအင်တာနက်ကို ကရင်နီဒေသတွင် သုံးစွဲခွင့်ရရှိအောင် ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
📌 ၂။ လူမျိုးတုံးသတ်ဖြတ်သည့် စစ်အာဏာရှင်၏ မိုခါမုန်တိုင်းဒဏ်သင့် အကူအညီပေးရေး ခြယ်လှယ်မှုအား ရှုတ်ချတယ်လို့ပြောကြား
📌 ၃။ မြန်မာနိုင်ငံမှ အာဏာသိမ်း အကြမ်းဖက်စစ်ခေါင်းဆောင်များအပေါ် အရေးယူဒဏ်ခတ်မှုများ ဆက်လက်ဆောင်ရွက်နိုင်ရေး လက်တွဲလုပ်ဆောင်လျက်ရှိကြောင်းပြောကြား
📌 ၄။ ဆားလင်းကြီးမြို့နယ်၊ညောင်ပင်ကြီးရဲစခန်း သိမ်းပိုက်ဖျက်ဆီးခံရလို့ စစ်ကောင်စီတပ်က အနီးနားရွာများကို အငြိုးအတေးနဲ့မီးရှို့ဖျက်ဆီး
📌 ၅။ သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၅၈) ဦးရှိပြီဖြစ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ Starlinkအင်တာနက်ကို ကရင်နီဒေသတွင် သုံးစွဲခွင့်ရရှိအောင် ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
ဇွန်လ၁၁ရက်
Starlinkအင်တာနက်က်ု ကရင်နီဒေသတွင် သုံးစွဲခွင့်ရရှိအောင် ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ရှိတယ်လို့ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ၎င်း၏ Twitter မှတစ်ဆင့်ရေးသားပြောဆိုထားပါတယ်။
"SpaceX ၏ Starlink သည် Karenni တွင် ၎င်းတို့၏ ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ရှိပြီး နိုင်ငံတစ်ဝှမ်းရှိ စကစ၏ ရက်စက်ယုတ်မာမှုများကို ရင်ဆိုင်နေရသော အသိုင်းအဝိုင်းများကို မယုံနိုင်လောက်အောင် ပံ့ပိုးကူညီနိုင်မည်ဖြစ်ပါတယ်"လို့ဆိုပါတယ်။
ကရင်နီဒေသမှာ Elon Muskရဲ့ Starlink အင်တာနက်ကို သုံးစွဲခွင့်ရနေပြီလို့ ဇွန်လ၈ရက်နေ့ Twitterမှာ Free Burma Ranger (FBR)အဖွဲ့ တည်ထောင်သူ David Eubank ကအသိပေးဆိုခဲ့ပါတယ်။
========================
📌📌 ၂။ လူမျိုးတုံးသတ်ဖြတ်သည့် စစ်အာဏာရှင်၏ မိုခါမုန်တိုင်းဒဏ်သင့် အကူအညီပေးရေး ခြယ်လှယ်မှုအား ရှုတ်ချတယ်လို့ပြောကြား
ဇွန်လ၁၁ရက်
ဇွန်လအတွင်းမှာ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက လူမျိုးတုံးသတ်ဖြတ်သည့် စစ်အာဏာရှင်၏ မိုခါမုန်တိုင်းဒဏ်သင့်အကူအညီပေးရေး ခြယ်လှယ်မှုအား ရှုတ်ချတယ်လို့ပြောကြားထားပါတယ်။
"စစ်အာဏာရှင်များ၏ အကူအညီကို လက်နက်များအဖြစ် အသုံးပြုမှုနှင့် အရေးကြီးသော အကူအညီများကို အဟန့်အတားဖြစ်စေသည့် ဆိုးကျိုးများနှင့်အတူ၊ ဤလုပ်ရပ်များကို ရှုတ်ချပြီး မြန်မာနိုင်ငံတွင် ဆိုးရွားလှသော ဆင်းရဲဒုက္ခများကို သက်သာစေရန်အတွက် တရားမျှတမှု၊ ကရုဏာနှင့် နိုင်ငံတကာ စွက်ဖက်မှုတို့ကို တောင်းဆိုပါတယ်။ စကစ၏ နည်းပရိယာယ်များသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို ချိုးဖောက်ကာ အထူးသဖြင့် ရိုဟင်ဂျာကဲ့သို့သော လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ လှုပ်ရှားမှုများကို ဖော်ထုတ်ပြသလျက်ရှိပါတယ်။ ဆိုင်ကလုန်း Mocha သည် မြန်မာနိုင်ငံကို အကြီးအကျယ် ပျက်စီးစေခဲ့ပြီး ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် အခြေခံအဆောက်အအုံများ ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
မေလ၁၄ရက်နေ့က တိုက်ခတ်ခဲ့သော ဆိုက်ကလုန်းမုန်တိုင်းမိုခါကြောင့် ရခိုင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်း၊ချင်းပြည်နယ်အပါအဝင်နေရာဒေသအများစုဟာ ထိခိုက်ပျက်စီးမှုများကြီးမားခဲ့ပါတယ်။
လက်ရှိမှာ မုန်တိုင်းသင့်ပြည်သူများကိုအကူအညီပေးရေးအား စစ်ကောင်စီမှ စွက်ဖက်ဟန့်တားမှုနဲ့ ချိန်းခြောက်မှုတို့ရှိနေပါတယ်။
========================
📌📌 ၃။ မြန်မာနိုင်ငံမှ အာဏာသိမ်း အကြမ်းဖက်စစ်ခေါင်းဆောင်များအပေါ် အရေးယူဒဏ်ခတ်မှုများ ဆက်လက်ဆောင်ရွက်နိုင်ရေး လက်တွဲလုပ်ဆောင်လျက်ရှိကြောင်းပြောကြား
UK၊ အမေရိကန်၊ ကနေဒါနှင့် ဥရောပသမဂ္ဂတို့ ပူးပေါင်း၍၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် ဇွန်လတို့တွင် မြန်မာ့အရေးနှင့်စပ်လျဉ်း၍ ယူကေအစိုးရ၏ ဆောင်ရွက်နေမှုများကို မေးမြန်းသည့် မေးခွန်းများအပေါ် နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Mr. Tariq Mahmood Ahmad က ဖြေကြားစဉ် ထိုသို့ ပြောဆိုဖြေကြားခဲ့ခြင်းဖြစ်တယ်လို ခေတ်သစ်မီဒီမှာဖေါ်ပြထားပါတယ်။
ယူကေအစိုးရအနေဖြင့် စစ်တပ်ခေါင်းဆောင်များ၊ ဝင်ငွေရလုပ်ငန်းများ၊ လက်နက်နှင့် စစ်ပစ္စည်းများအပေါ် အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ ပစ်မှတ်ထား ချမှတ်နိုင်ရန် အမေရိကန်၊ ကနေဒါ၊ ဥရောပသမဂ္ဂတို့နှင့်အတူ လက်တွဲလုပ်ဆောင်လျက်ရှိကြောင်း၊ ယူကေအစိုးရအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်မှုများ များပြားလာခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများ တိုးမြင့်လာခြင်းနှင့် အထူးသဖြင့် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်မှု ကြီးမားလာခြင်းများအပေါ် စိုးရိမ်လျက်ရှိကြောင်း၊ ထိုကဲ့သို့ ဆိုးရွားသည့် အခြေအနေများအပေါ် တုံ့ပြန်သည့်အနေဖြင့် အကြမ်းဖက်စစ်ကောင်စီအပေါ် အရေးယူဒဏ်ခတ်မှုများ ချမှတ်နိုင်ရန် မေရိကန်၊ ကနေဒါနှင့် ဥရောပသမဂ္ဂ နိုင်ငံများနှင့် လက်တွဲလုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့အပြင် အာဆီယံဘုံသဘောတူညီချက်ကို ပြည့်ပြည့်ဝဝ အကောင်အထည် ဖော် ဆောင်ရန်နှင့် အကြောင်းပြချက်မရှိ ဖမ်းဆီးထိန်းသိမ်းထားသူများကို ပြန်လွှတ်ပေးရန် တောင်းဆိုချက်များပါဝင်သည့် ကုသလမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို ယူကေနိုင်ငံက ဦးဆောင်ခဲ့ကြောင်း ယူကေအစိုးရ၊ နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Mr. Tariq Mahmood Ahmad ၏ အဖြေတွင် ဖော်ပြထားသည်။
“မြန်မာနိုင်ငံတွင် ကျူးလွန်ထားသော ဆိုးရွားသည့် အကြမ်းဖက်မှုများအတွက် တာဝန်ခံမှုရှိရမည်ဆိုတာ ယူကေနိုင်ငံက ရှင်းရှင်းလင်းလင်း ပြောကြားထားပါတယ်။ စစ်တပ်က ဆက်လက်ကျူးလွန်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ရှုတ်ချပါတယ်။ ဒီကိစ္စတွေကို ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာစင်မြင့်မှာ ဆက်လက်ပြီး ထုတ်ဖော်ပြောကြားနေမှာ ဖြစ်ပါတယ်” လို့လည်း ပြောဆိုဖြေကြားခဲ့ကြောင်း သိရှိရသည်။
========================
📌📌 ၄။ ဆားလင်းကြီးမြို့နယ်၊ညောင်ပင်ကြီးရဲစခန်း သိမ်းပိုက်ဖျက်ဆီးခံရလို့ စစ်ကောင်စီတပ်က အနီးနားရွာများကို အငြိုးအတေးနဲ့မီးရှို့ဖျက်ဆီး
ဇွန်လ၁၁ရက်
ဇွန်လ၁၁ရက်နေ့မှာ ညောင်ပင်ကြီးရဲစခန်း သိမ်းပိုက်ဖျက်ဆီးခံရမှုနှင့်ပတ်သက်လို့ ဒေသခံတော်လှန်ရေးအင်အားစုများက အခုလိုအတည်ပြုဆိုပါတယ်။
ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းအနီးတစ်ဝိုက်က ကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးမှုတို့ရှိပါတယ်လို့ဆိုပါတယ်။
ဇွန်လ (၉) ရက်နေ့၊ ညနေ(၅:၅၀)နာရီမှ ည (၇) နာရီထိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ်(၁) စစ်ဒေသ ကွပ်ကဲမှုဖြင့် ယင်းမာပင်ခရိုင် တပ်ရင်း(၁)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ဆားလင်းကြီး-ပကဖ)နှင့် Alpha (ဆားလင်းကြီး-ပကဖ) တို့က စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ စခန်းမှုး ရဲအုပ် ဇော်ဌေးမြင့် ဦးစီးသော အင်အား(၄၀) ခန့်အထိုင်ချထားသည့် ညောင်ပင်ကြီးရွာရဲစခန်းကို စခန်းသိမ်း တိုက်ပွဲ ဆင်နွှဲခဲ့ရာတိုက်ပွဲအတွင်း ရန်သူ့ဘက်မှ (၁၂) ဦးသေဆုံးခဲ့ပါတယ်။
========================
📌📌 ၅။ သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၅၈) ဦးရှိပြီဖြစ်
ဇွန်လ၁၁ရက်
ဇွန်လအတွင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းAAPPက သေဒဏ်ချမှတ်ခံထားရမှုနှင့်ပတ်သက်၍ အခုလိုဖော်ပြပါတယ်။
ဇွန်လ ၉ ရက်၊ ၂၀၂၃ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၁၆) ဦးရှိပြီဖြစ်ပါတယ်။
မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၂) ဦး အပါအဝင် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၅၈) ဦးရှိပြီဖြစ်တယ်လို့သိရပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့ထိတိုင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၃၂၉၉) ဦးရှိပြီး ထိုအထဲမှ (၁၈၉၆၈) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၆၃၃၀) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment