21st JUN 2023 - Morning Daily News by Radio NUG


၂၀၂၃ ဇွန်လ ၂၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အရာရှိ သင်တန်းဆင်းပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ သွားရောက်အားပေးစကား ပြောကြား

📌 ၂။ ချင်းပြည်နယ်ရဲတပ်ဖွဲ့သည် နောင်အနာဂတ်တွင် ပြည်သူလူထုလေးစားယုံကြည်ပြီး ပြည်သူလူထုအား ဝန်ဆောင်မှုအပြည့်အဝပေးနိုင်သည့် ဖက်ဒရယ် ပြည်ထောင်စုရဲတပ်ဖွဲ့တွင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားနိုင်ရေး ပြည်ထဲရေးဝန်ကြီး ဆုမွန်ကောင်း တောင်း

📌 ၃။ ပန်းသပိတ်မှာ ပူးပေါင်းပါဝင်ခဲ့တဲ့ ပြည်သူများကို ကျေးဇူးတင် ဂုဏ်ယူတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြော

📌 ၄။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် လှူဒါန်းငွေများကို အကြမ်းဖက်စစ်ကောင်စီ၏ မီးရှို့ခံရသည့် ဒေသခံပြည်သူများအား ပေးအပ်လှူဒါန်း

📌 ၅။ CDM များ ဖန်တီးထားတဲ့ လက်လုပ်အိတ်များဝယ်ယူအားပေးရန် အသိပေးဆို

📌 ၆။ အကြမ်းဖက်စစ်အုပ်စုကြောင့် နိုင်ငံတဝန်း ဓားစာခံအဖြစ် ဖမ်းဆီးခံရသူ (၃၅၇) ဦး ရှိပြီး မန္တလေးတိုင်းမှာ (၆၅) ဦး နှင့် ရန်ကုန်တိုင်းမှာ (၆၀) ဦးဖြင့် အများဆုံး ဖမ်းဆီးခံခဲ့ရ

📌 ၇။ ပုလဲမြို့နယ်၊ဇီးဖြူကုန်းပျူရွာအား  တာဝေးပစ်ရှော့ခ်ဒုန်း(Rocket) ၄လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့

📌 ၈။ ပခုက္ကူမြို့နယ် အရှေ့ချောက်ကန်ရွာနှင့် အနောက်ချောက်ကန်ရွာအကြားရှိ စကစ စစ်ဆေးရေးဂိတ်အား ကာကွယ်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့

📌 ၉။ PDF မင်းဘူးခရိုင် တပ်ရင်း() က စေတုတ္တရာမြို့နယ်၊ တပွင်ရွာ ရဲစခန်းကို တိုက်ခိုက်၊ မီးရှိူ့ ဖျက်ဆီးနိုင်ခဲ့ကာ ပျုစောထီး () ဦးကို စစ်သုံ့ပမ်းအဖြစ် ဖမ်းဆီးရမိ

📌 ၁၀။ ကမ္ဘာ့ဒုက္ခသည်များနေ့အာဆီယံ ရုံးရှေ့မှာ အင်ဒိုနိုင်ငံသားတွေ မြန်မာအရေးအတွက်ဆန္ဒပြ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အရာရှိ သင်တန်းဆင်းပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ သွားရောက်အားပေးစကား ပြောကြား


ဇွန်လ၂၀ရက်

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အရာရှိ သင်တန်းဆင်းပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ သွားရောက်အားပေးစကား ပြောကြားခဲ့တယ်လို့ ဇွန်လ၂၀ရက် မှာ ယာယီသမ္မတ ဒူဝါလရှီးလ၏ လူမှုကွန်ရက်က သတင်းထုတ်ပြန်ဖော်ပြပါတယ်။


"အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အရာရှိ သင်တန်းဆင်းပွဲသို့ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလမှ ရင်းရင်းနှီးနှီးသွားရောက်တွေ့ဆုံခဲ့ပါတယ်"လို့ဆိုပါတယ်။


အဆိုပါ သင်တန်းကို လွတ်မြောက်နယ်မြေတစ်နေရာတွင် ကျင်းပပြုလုပ်ပြီး နိုင်ငံတစ်ဝှမ်းရှိ ပြည်သူ့ကာကွယ်ရေး သင်တန်းသားများ ပါဝင်တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။


========================


📌📌 ၂။ ချင်းပြည်နယ်ရဲတပ်ဖွဲ့သည် နောင်အနာဂတ်တွင် ပြည်သူလူထုလေးစားယုံကြည်ပြီး ပြည်သူလူထုအား ဝန်ဆောင်မှုအပြည့်အဝပေးနိုင်သည့် ဖက်ဒရယ် ပြည်ထောင်စုရဲတပ်ဖွဲ့တွင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားနိုင်ရေး ပြည်ထဲရေးဝန်ကြီး ဆုမွန်ကောင်း တောင်း


ဇွန်လ၂၀ရက်

ချင်းပြည်နယ်ရဲတပ်ဖွဲ့သည် နောင်အနာဂတ်တွင် ပြည်သူလူထုလေးစားယုံကြည်ပြီး ပြည်သူလူထုအား ဝန်ဆောင်မှုအပြည့်အဝပေးနိုင်သည့် ဖက်ဒရယ် ပြည်ထောင်စုရဲတပ်ဖွဲ့တွင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားနိုင်ရေး ပြည်ထဲရေး ဝန်ကြီးဦးလွင်ကိုလတ်က ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။


ဇွန်လ၂၀ရက် ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့ ပြည်နယ်အဆင့် အခြေခံအမှုစစ်သင်တန်း အမှတ်စဉ် (/၂၀၂၃) သင်တန်းဆင်းပွဲသို့ ပေးပို့သော သဝဏ်လွှာမှာ ပြည်ထောင်စုဝန်ကြီးက ဆိုထားပါတယ်။


"ယခုသင်တန်းတွင် အခြေခံစစ်ရေးပြ၊ အမှုစစ်၊ နိုင်ငံတကာဥပဒေ၊ လူအခွင့်အရေး၊ Federal ရဲတပ်ဖွဲ့စနစ် နိုင်ငံတကာရဲတပ်ဖွဲ့ကျင့်ဝတ်နှင့် ဥပဒေစသည့် ဘာသာရပ်များအား သင်ကြားပို့ချခြင်း အပေါ်တွင်လည်း ချီးကျူးဂုဏ်ယူပါတယ်။ ချင်းပြည်နယ်ရဲတပ်ဖွဲ့သည် နောင်အနာဂတ်တွင် ပြည်သူလူထုလေးစားယုံကြည်ပြီး ပြည်သူလူထုအား ဝန်ဆောင်မှု အပြည့်အဝပေးနိုင်သည့် ဖက်ဒရယ် ပြည်ထောင်စုရဲတပ်ဖွဲ့တွင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားနိုင်ရေးကိုလည်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။


ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ရဲတပ်ဖွဲ့နှင့် ချစ်ကြည်ရင်းနှီးသော မဟာမိတ်ဆက်ဆံရေးထားရှိပြီး တရားဥပဒေစိုးမိုးရေး လေ့ကျင့်သင်ကြားရေးနှင့် သတင်းဖလှယ်ရေးကိစ္စရပ်များတွင် နက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်လျက်လည်းရှိပါတယ်။


========================


📌📌 ၃။ ပန်းသပိတ်မှာ ပူးပေါင်းပါဝင်ခဲ့တဲ့ ပြည်သူများကို ကျေးဇူးတင် ဂုဏ်ယူတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြော


ဇွန်လ၂၀ရက်

ပန်းသပိတ်မှာ ပူးပေါင်းပါဝင်ခဲ့တဲ့ ပြည်သူများကို ကျေးဇူးတင် ဂုဏ်ယူတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဇွန်လ၂၀ရက်မှာ လူမှုကွန်ရက်မှတဆင့် အသိပေးဆိုထားပါတယ်။


"ပြည်သူများ မိမိတို့အသိစိတ်ဖြင့် ပါဝင်ခဲ့ကြသည်မှာ အံ့သြချီးကျူးဖြစ်ပါတယ်။ ပြည်သူများပါဝင်ဆောင်ရွက်မှုအတွက် ကျေးဇူးတင်ဂုဏ်ယူပါတယ်။ လူတိုင်းတော်လှန်ရေးသမားဖြစ်တယ်"လို့ ဝန်ကြီးကဆိုပါတယ်။


ဇွန်လ၁၉ရက်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈နှစ်ပြည့်မွေးနေ့မှာ ပန်းသပိတ်ဆင်နွှဲ၍ ပြည်သူလူထုကပူးပေါင်းပါဝင်ခဲ့ကြပါတယ်။


========================


📌📌 ၄။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် လှူဒါန်းငွေများကို အကြမ်းဖက်စစ်ကောင်စီ၏ မီးရှို့ခံရသည့် ဒေသခံပြည်သူများအား ပေးအပ်လှူဒါန်း


ဇွန် ၂၀

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် လှူဒါန်းငွေများကို အကြမ်းဖက်စစ်ကောင်စီ၏ မီးရှို့ခံရသည့် ဒေသခံပြည်သူများအား ပေးအပ်လှူဒါန်းခဲ့တယ်လို့ ဇွန်လ၂၀ရက်မှာ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက အသိပေးဖော်ပြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနသည် အကြမ်းဖက်စစ်ကောင်စီက မတရားအကျဉ်းချထားခြင်းခံရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၈)နှစ်မြောက် မွေးနေ့အတွက် ပြည်တွင်း၊ ပြည်ပရှိ အလှူရှင်များက လှူဒါန်းထားသော အလှူငွေများကို မကွေးတိုင်းဒေသကြီးအတွင်းရှိ နေအိမ်မီးရှို့ခံရသော ဒေသခံပြည်သူများထံသို့ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ ဇွန်လ (၁၉)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါတယ်လို့ဆိုပါတယ်။


အဆိုပါ လှူဒါန်းငွေများကို ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်လျက်ရှိသည့် မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် (ပအဖ) တာဝန်ခံများက ပြည်သူများလက်ဝယ်အရောက် ပေးပို့ထောက်ပံ့ခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ၅။ CDM များ ဖန်တီးထားတဲ့ လက်လုပ်အိတ်များဝယ်ယူအားပေးရန် အသိပေးဆို


ဇွန်လ၂၀ရက်

ဇွန်လ၂၀ရက်မှာ CDM များဖန်တီးထားတဲ့ လက်လုပ်အိတ်များဝယ်ယူအားပေးရန် အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာ လှလှစိုးကပြောပါတယ်။


"CDM များဖန်တီးထားတဲ့ ချစ်စရာ အိတ်လေးများဖြစ်ပါတယ်။ Messenger မှတဆင့်ဝယ်ယူ အားပေးနိုင်ပါတယ်"လို့ဆိုပါတယ်။


အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနဟာ စစ်ဘေးရှောင်အမျိုးသမီးများ CDMဝန်ထမ်းများကို သက်မွေးပညာသင်တန်းများ သင်ကြားပေး၍ လက်တွေ့လက်မှုပညာများကို ထုတ်ကုန် အဖြစ် ပြန်လည်ထုတ်လုပ်စေပါတယ်။


========================


📌📌 ၆။ အကြမ်းဖက်စစ်အုပ်စုကြောင့် နိုင်ငံတဝန်း ဓားစာခံအဖြစ် ဖမ်းဆီးခံရသူ (၃၅၇) ဦး ရှိပြီး မန္တလေးတိုင်းမှာ (၆၅) ဦး နှင့် ရန်ကုန်တိုင်းမှာ (၆၀) ဦးဖြင့် အများဆုံး ဖမ်းဆီးခံခဲ့ရ


ဇွန်လ၂၀ရက်

ဇွန်လ၂၀ရက်မှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ အကြမ်းဖက်စစ်အုပ်စုကြောင့် နိုင်ငံတဝန်း ဓားစာခံအဖြစ် ဖမ်းဆီးခံရသူ (၃၅၇) ဦး ရှိပြီး မန္တလေးတိုင်းမှာ (၆၅) ဦး နှင့် ရန်ကုန်တိုင်းမှာ (၆၀) ဦး ဖြင့် အများဆုံး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။


 ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုကြောင့် နိုင်ငံတဝန်း ဓားစာခံအဖြစ် ဖမ်းဆီးခံရသူ (၃၅၇) ဦး ရှိပြီး မန္တလေးတိုင်းမှာ (၆၅) ဦး နှင့် ရန်ကုန်တိုင်းမှာ (၆၀) ဦး ဖြင့် အများဆုံး ဖမ်းဆီးခံခဲ့ရ တယ်လို့ဆိုပါတယ်။


၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့ထိတိုင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၃၃၈၆) ဦးရှိပြီး ထိုအထဲမှ  (၁၉၀၄၄) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ  (၆၄၅၇) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။


========================


📌📌 ၇။ ပုလဲမြို့နယ်၊ဇီးဖြူကုန်းပျူရွာအား  တာဝေးပစ်ရှော့ခ်ဒုန်း(Rocket) ၄လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့


ဇွန်လ၂၀ရက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်း ပျူရွာအား  တာဝေးပစ်ရှော့ခ်ဒုန်း(Rocket) ၄လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဇွန်လ၂၀ရက်မှာ စစ်ရေးသတင်းကို ယင်းမာပင်ခရိုင်တပ်ရင်း ၁၉Pale Jokers PDFက အသိပေးဆိုပါတယ်။


ပုလဲမြို့နယ်၊ ဇီးဖြူကုန်းပျူရွာအား ဇွန်လ၁၉ရက်နေ့ ည၈နာရီ၃၀မိနစ်အချိန်တွင်  ယင်းမာပင်ခရိုင်တပ်ရင်းအမှတ်၁၉(Pale Jokers PDF)မှ တာဝေးပစ်ရှော့ခ်ဒုန်း(Rocket) ၄လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။


ထိုသို့ပစ်ခတ်ပြီး ကာကွယ်ရေးဘက်မှ အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီ အထိခိုက်အကျအဆုံးကိုမူ စုံစမ်းဆဲဖြစ်တယ်လို့ဆိုပါတယ်။


========================


📌📌 ၈။ ပခုက္ကူမြို့နယ် အရှေ့ချောက်ကန်ရွာနှင့် အနောက်ချောက်ကန်ရွာအကြားရှိ စကစ စစ်ဆေးရေးဂိတ်အား ကာကွယ်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့


ဇွန်လ၂၀ရက်

ပခုက္ကူမြို့နယ် အရှေ့ချောက်ကန်ရွာနှင့် အနောက်ချောက်ကန်ရွာအကြားရှိ စကစ စစ်ဆေးရေးဂိတ်အား ကာကွယ်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဇွန်လ၂၀ရက်မှာ စစ်ရေးသတင်းကို မြိုင်ပကဖက အသိပေးဆိုပါတယ်။


" ဇွန်လ ၁၉ ရက် နေ့လည် နာရီခွဲခန့်တွင် ပခုက္ကူမြို့နယ် အရှေ့ချောက်ကန်ရွာနှင့် အနောက်ချောက်ကန်ရွာအကြား  စစ်ဆေးရေးဂိတ်အား ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ မီတာ ၈၀ ခန့်အကွာတွင်ရှိသော စကစတပ်က ဦးအား လဲကျသွားသည်အထိ ပစ်ခတ်နိုင်ခဲ့ပြီး စုစုပေါင်း ဦးခန့် ထိခိုက်မှုရှိခဲ့တယ်"လို့ဆိုပါတယ်။


တိုက်ခိုက်မှုကို Bumar Revolution Ranger ဇာမဏီdorneတပ်ဖွဲ့၊ Chauk Guarrilla Force Black DaragonPPDF မြိုင်တပ်ရင်း()နှင့် တပ်ခွဲ()ဗိုလ်တစ်ထောင် ပျောက်ကျားအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။


========================


📌📌 ၉။ PDF မင်းဘူးခရိုင် တပ်ရင်း() က စေတုတ္တရာမြို့နယ်၊ တပွင်ရွာ ရဲစခန်းကို တိုက်ခိုက်၊ မီးရှိူ့ ဖျက်ဆီးနိုင်ခဲ့ကာ ပျုစောထီး () ဦးကို စစ်သုံ့ပမ်းအဖြစ် ဖမ်းဆီးရမိ


 ဇွန်လ (၂၀) ရက်နေ့ 

PDF မင်းဘူးခရိုင် တပ်ရင်း() က စေတုတ္တရာမြို့နယ်၊ တပွင်ရွာ ရဲစခန်းကို တိုက်ခိုက်၊ မီးရှိူ့ ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဇွန်လ၂၀ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) (စစ်ရုံးချုပ်) ကသတင်းထုတ်ပြန်ပါတယ်။


ဇွန်လ (၁၅) ရက်နေ့၊ ညနေ (:၄၅) နာရီခန့်တွင် မကွေးတိုင်း၊ မင်းဘူးခရိုင်၊စေတုတ္တရာမြို့နယ် တပွင်ရွာရဲစခန်းတွင် စခန်းချတပ်စွဲထားသော ခလရ(၂၅၃၊၂၅၄၊၂၅၅)ကပစ(၂၀)ပူးပေါင်းတပ်ဖွဲ့ အင်အား (၄၀) ခန့်အား ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မင်းဘူးခရိုင်၊ တပ်ရင်း()က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။


တိုက်ပွဲဖြစ်ပွားချိန်တွင် ရန်သူ့တပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွားပြီး ပျုစောထီး () ဦးကို စစ်သုံ့ပမ်းအဖြစ် ဖမ်းဆီးရမိပြီး ဆိုင်ကယ်တစီးနှင့် ရိက္ခာအနည်းငယ် သိမ်းဆည်းရရှိခဲ့တယ်လို့ဆိုပါတယ်။


ရန်သူစွန့်ခွာသွားသော စခန်းကို  ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများက မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၁၀။ ကမ္ဘာ့ဒုက္ခသည်များနေ့အာဆီယံ ရုံးရှေ့မှာ အင်ဒိုနိုင်ငံသားတွေ မြန်မာအရေးအတွက်ဆန္ဒပြ


ဇွန်လ၂၀ရက်


ကမ္ဘာ့ဒုက္ခသည်များနေ့ အာဆီယံ ရုံးရှေ့မှာ အင်ဒိုနိူင်ငံသားတွေ မြန်မာအရေးအတွက် ဆန္ဒပြခဲ့ကြပါတယ်။


ဇွန်လ၂၀ရက်နေ့  မှာ LOCOA အဖွဲ့ဝင် အင်ဒိုနီးရှားပြည်သူတွေက စစ်အာဏာရှင်ကြောင့် ဒုက္ခရောက်နေကြရတဲ့ မြန်မာပြည်သူတွေအတွက် ဝိုင်းဝန်းဆန္ဒပြပေးခဲ့ကြတယ်လို့ သိရပါတယ်။


မြန်မာနိုင်ငံသားတွေအပေါ် စကစ ဖိနှိပ်သတ်ဖြတ်မှုတွေ ချက်ချင်းရပ်တန့်ရန်နဲ့ နိုင်ငံတကာက စစ်ကောင်စီကို အရေးယူဖို့ တောင်းဆိုခဲ့ကြပါတယ်။


ဇွန်လ၁၉ရက်နေ့ကလည်း နော်ဝေနိုင်ငံမှာ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈နှစ်ပြည့် မွေးနေ့အခမ်းအနားကို နော်ဝေရောက် ယူကရိန်းသူများ တက်ရောက်ဝန်းရံခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment