24th JUN 2023 - Evening Daily News by Radio NUG


၂၀၂၃ ဇွန်လ ၂၄ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမေရိကန်အစိုးရနှင့် နိုင်ငံတကာမှ ကူညီထောက်ပံ့မှုရရှိရေးကိစ္စရပ်များကို  မြန်မာနိုင်ငံ ရေးရာမူဝါဒ conference မှာ ဆွေးနွေး

📌 ၂။ ရှေ့တန်းက PDFရဲဘော်တွေဆွဲထားတဲ့ ပန်းချီပါ လက်ဆွဲအိတ်များ ရောင်းချ

📌 ၃။ မကွေးတိုင်းကွပ်ကဲရေးရုံးမှ ဦးစီးကျင်းပသည့် စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှု သင်တန်း အပတ်စဉ် () သင်တန်းဆင်းပွဲမှာ တပ်ရင်း()ရင်းကို   လက်နက်တပ်ဆင်ပေးအပ်

📌 ၄။ ကရင်နီဒေသ မယ်စဲ့ဗျူဟာကုန်းကို ထပ်မံဝင်ရောက်သိမ်းပိုက်နိုင်ခဲ့

📌 ၅။ ဖားဆောင်းမြို့နယ် သံလွင်အရှေ့ဖက်ကမ်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စကစတပ်များကို ကာကွယ်ရေးတပ်များတိုက်ခိုက်၍ ဆယ်ဦးထက်မနည်းသေဆုံးပြီး စကစလေတပ်က အချင်းချင်း ဗုံးမှားကြဲ၍ သေဆုံးသူများလည်းရှိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမေရိကန်အစိုးရနှင့် နိုင်ငံတကာမှ ကူညီထောက်ပံ့မှုရရှိရေးကိစ္စရပ်များကို  မြန်မာနိုင်ငံ ရေးရာမူဝါဒ conference မှာ ဆွေးနွေး


ဇွန်လ၂၀ရက်နေ့တွင် Global Fund for Burma မှ မြန်မာနိုင်ငံ ရေးရာမူဝါဒ conference (Panel Discussion)ကို ဝါရှင်တန်ဒီစီမြို့တော်မှာ ကျင်းပခဲ့ပြီး  ထိုconference မှာ အမေရိကန်အစိုးရနှင့် နိုင်ငံတကာမှ ကူညီထောက်ပံ့မှုရရှိရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


 ယင်း ကွန့်ဖရန့်တွင် အမျိုးသားညီညွတ်ရေးအစိုးရ ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး ဦးထင်လင်းအောင် နှင့် အမေရိကန် နိုင်ငံခြားရေးဌာနမှ ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီးတို့မှ အဖွင့်အမှာစကားပြောကြားပြီး ဆွေးနွေးပွဲကို အပိုင်း ပိုင်းခွဲ၍ ကျင်းပခဲ့ကြပါတယ်။


မြန်မာ့ပြည်၏ လက်ရှိ မြေပြင်အခြေအနေများ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများ၊ အမေရိကန်အစိုးရနှင့် နိုင်ငံတကာမှ ကူညီထောက်ပံ့မှုရရှိရေးကိစ္စရပ်များ၊ Federal Democracy ဖော်ဆောင်မှုနှင့်ပတ်သက်သည့် ကိစ္စရပ်များ၊ နိုင်ငံတကာရေးရာနှင့် ကုလသမဂ္ဂ၏ ဆောင်ရွက်မှုများ နှင့် တရားဥပဒေရေးရာများဆွေးနွေးခဲဲ့ကြတယ်လို့သိရပါတယ်။


ဒါ့အပြင်Burma Act ကိုလည်း ထိထိရောက်ရောက်အကောင်အထည်ဖော်နိုင်စေရေးအတွက် ကွန်းဖရန့်သို့ တက်ရောက်လာကြသော ကချင်၊ ကရင်၊ ကရင်နီ ချင်း တိုင်းရင်းသား လူမျိုးစုများအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ အမေရိကန် သမ္မတ အိမ်ဖြူတော် အမျိုးသား လုံခြုံရေးကောင်စီ၊ အမေရိကန် လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာပြည်အရေးဆောင်ရွက် နေသူများအပြင် အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေး နှင့် ပညာရေး ဝန်ကြီးဌာန ဝန်ကြီးဒေါက်တာဇော်ဝေစိုး၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက် နှင့်နည်းပညာဝန်ကြီး ဦးထင်လင်းအောင် တို့မှ ပါဝင်ဆွေးနွေးခဲ့ကြပြီး နိုင်ငံ ခြားရေးဝန်ကြီး ဌာန ဒုဝန်ကြီး ဦးမိုးဇော်ဦးလည်း တက်ရောက် ခဲ့ကြပါတယ်။


ဝါရှင်တန်ဒီစီ အခြေစိုက် Think Tank အဖွဲ့များ နှင့် NGO များမှ တက်ရောက် ခဲ့သည့်အပြင် အထူးဧည့်သည်တော် အနေဖြင့် မကြာသေးမီက ခန့်အပ်ထားသော အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလဗဟိုဘဏ်၊အထူးအကြံပေးပုဂ္ဂိုလ် Sean Turnell လည်း တက်ရောက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၂။ ရှေ့တန်းက PDFရဲဘော်တွေဆွဲထားတဲ့ ပန်းချီပါ လက်ဆွဲအိတ်များ ရောင်းချ


ဇွန်လ၂၄


ရှေ့တန်းက PDFရဲဘော်တွေဆွဲထားတဲ့ ပန်းချီပါ လက်ဆွဲအိတ်များ ရောင်းချပေးလျက်ရှိတယ်လို့ဇွန်လ၂၄ရက်မှာအမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီး နော်စူဆန်နာလှလှစိုးက အသိပေးပြောကြားခဲ့ပါတယ်။


"ရှေ့တန်းက PDF တွေဆွဲထားတဲ့ အိတ်တွေပါ

ပန်းချီဆရာတွေမဟုတ်လို့ အချိုးကျန လှပတာမဟုတ်ပေမယ့် သူတို့ရဲ့စိတ်ကူးပုံဖော်ချက်လေးတွေက ချီးကျူးစရာပါ..အိမ်ပုံလေးတွေက သူတို့ရဲ့အိမ်ပြန်ချင်စိတ်ကိုဖော်ပြနေတာလား???

ပန်းလေးတွေက သူတို့တောတောင်ထဲက ပန်းလေးတွေကိုပုံဖော်ထားတာလား???သူတို့လက်ရာလေးတွေကိုအားပေးချင်ရင် Chatbox မှမှာကြားလို့ရပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနဟာ သက်မွေးပညာ၊လက်မှုပညာများကိုပါ သင်ကြားပေးလျက်ရှိပါတယ်။


========================


📌📌 ၃။ မကွေးတိုင်းကွပ်ကဲရေးရုံးမှ ဦးစီးကျင်းပသည့် စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှု သင်တန်း အပတ်စဉ် () သင်တန်းဆင်းပွဲမှာ တပ်ရင်း()ရင်းကို   လက်နက်တပ်ဆင်ပေးအပ်


ဇွန်လ (၂၄) ရက်နေ့


ဇွန်လ(၂၃)ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မကွေးတိုင်းကွပ်ကဲရေးရုံးမှ ဦးစီးကျင်းပသည့် စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှု သင်တန်း အပတ်စဉ် () သင်တန်းဆင်းပွဲနှင့်လက်နက်တပ်ဆင်မှု အခမ်းအနားကို ကျင်းပခဲ့ပါတယ်။


အခမ်းအနားသို့ မကွေးတိုင်းကွပ်ကဲရေးရုံး တာဝန်ရှိသူများ၊ တပ်ရင်းမှူးများ၊ဒုတပ်ရင်းမှူးများ တက်ရောက်ခဲ့ကြပါတယ်။


အခမ်းအနားမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မကွေးတိုင်း တာဝန်ခံမှ မိန့်ခွန်းပြောကြားခြင်း၊ တာဝန်ရှိသူများမှ တပ်ရင်း()ရင်းကို  လက်နက်တပ်ဆင်ခြင်း အစီအစဥ်များ ဆောင်ရွက်ခဲ့ကြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့် တနှစ်မဟာဗျုဟာနှင့်အညီ စစ်ဆင်ရေးစီမံချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နေပြီး လက်နက်တပ်ဆင်မှုများကိုလည်း စဥ်ဆက်မပြတ် အားထုတ်ကြိုးစားဆောင်ရွက်လျက်ရှိတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) (စစ်ရုံးချုပ်) ကသတင်းထုတ်ပြန်ပါတယ်။


========================


📌📌 ၄။ ကရင်နီဒေသ မယ်စဲ့ဗျူဟာကုန်းကို ထပ်မံဝင်ရောက်သိမ်းပိုက်နိုင်ခဲ့


ဇွန်လ၂၄


ကရင်နီဒေသ မယ်စဲ့ဗျူဟာကုန်းကိုမနက်အစောပိုင်း ထပ်မံဝင်ရောက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဇွန်လ၂၄ရက်မှာ စစ်ရေးသတင်းကို ကရင်နီတော်လှန်ရေးအင်အားစုအချို့ထံမှ စုံစမ်းသိရှိရပါတယ်။


4K မှ အကြမ်းဖက်စစ်ကောင်စီရဲ့ မယ်စဲ့ဗျူဟာကုန်းကို ထပ်မံဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပါတယ်လို့ဆိုပါတယ်။


ကရင်နီဒေသ4K ဆိုတာ KNDF အပါအဝင် ဝါရင့် EAOs () ပေါင်းပြီး နာမည်မှာ K နဲ့ စတဲ့ အဖွဲ့ () ဖွဲ့ နဲ့ ဖွဲ့ထားတဲ့ တပ်ပေါင်းစုအဖွဲ့ဖြစ်ပါတယ်။


ဇွန်လအတွင်းမှာ ကရင်နီပြည်ရှိ စကစရဲBP (14)BP (15) BP (16)နှင့် မယ်စဲ့မြို့မ ရဲစခန်း တို့ကို KNDF နှင့် ဒေသခံ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ခု တို့ ပူးပေါင်း ထားသည့် (4K) တပ်ပေါင်းစု မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး BP (16) စခန်းဖြစ်သော တောင်လှစခန်း ကို အလုံးစုံ ချေမှုန်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။


========================


📌📌 ၅။ ဖားဆောင်းမြို့နယ် သံလွင်အရှေ့ဖက်ကမ်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စကစတပ်များကို ကာကွယ်ရေးတပ်များတိုက်ခိုက်၍ ဆယ်ဦးထက်မနည်းသေဆုံးပြီး စကစလေတပ်က အချင်းချင်း ဗုံးမှားကြဲ၍ သေဆုံးသူများလည်းရှိ


ဇွန်လ၂၄


ဇွန်လ၂၄ရက်မှာ ဖားဆောင်းမြို့နယ် သံလွင်အရှေ့ဖက်ကမ်းနှင့်ပတ်သက်သည့် စစ်ရေးသတင်းကို ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ် (PPDF)ကအတည်ပြုဆိုထားပါတယ်။


ကယားပြည်နယ်၊ဘောလခဲ ခရိုင်၊ဖားဆောင်းမြို့နယ် သံလွင်အရှေ့ဖက်ကမ်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ကျောက်ပိန်းညို ကျေးရွာတွင် ဝင်ရောက်တပ်စွဲနေထိုင်နေသော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းအား မိမိတို့ ဘောလခဲ ခရိုင် ပူးပေါင်းဗျူဟာစစ်ကြောင်း ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ် အမှတ်-1108 နှင့် ဘောလခဲပြည်သူ့ကာကွယ်ရေးတပ် အမှတ်-1105 မှဇွန်လ၂၀ရက်မှ စတင်၍ပြန်လည်ထိုးစစ်ဆင်တိုက်ထုတ်လျက်ရှိခဲ့တယ်လို့ဆိုပါတယ်။


ဇွန်လ၂၁ရက် မနက်ပိုင်းမှစ၍ PDF ပူးပေါင်းစစ်ကြောင်းသည် သံလွင်တံတား(ဖားဆောင်း) အားထပ်မံထို့စစ်ဆင်ခဲ့ပြီး နံနက်(9)နာရီအချိန်တွင် တံတားထိပ်ရှိတောင်ယာခင်းများ၌ တပ်စွဲနေသော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းနှင့် စတင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ နံနက်()နာရီမှ ညနေ()နာရီထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး(6)နာရီကြာတိုက်ပွဲအလွန်ပြင်းထန်ခဲ့တယ်လို့ဆိုပါတယ်။


 အကြမ်းဖက်စစ်ကောင်စီဖက်မှ လက်နက်ကြီးပစ်ကူ အများအပြားအသုံးပြုခဲ့ပြီးလေကြောင်းပစ်ကူများပါဝင်ခဲ့တယ်လို့သိရပြီး လေကြောင်းမှ ဗုံးကြဲချရာတွင် တစ်လုံးမှာ စကစတပ်ဖွဲ့အုပ်စုထဲ ကျရောက်ထိမှန်ခဲ့ကြောင်း သိရပါတယ်။


နှစ်ဖက်မြေပြင်တိုက်ပွဲတွက် အကြမ်းဖက်စစ်ကောင်စီတပ်သား (၁၀) ဦးထက်မနည်း သေဆုံးခဲ့ ပြီးဒဏ်ရာအများအပြားရရှိခဲ့ကာ ဖားဆောင်းပြည်သူ့ကာကွယ်ရေး ရဲတော်တစ်ဦး နှင့် မဟာမိတ်ရဲဘော် () ဦး မစိုးရိမ်ဒဏ်ရာရခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment