11th JUL 2023 - Morning Daily News by Radio NUG


၂၀၂၃ ဇူလိုင်လ ၁၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ဖက်ဒရယ်ရေးအတွက် အားလုံးသော အင်အားစုတွေဟာ စိတ်ဆန္ဒဇော ထက်သန်ပြင်းပြမှု ရှိတယ်နေလို့ ယာယီသမ္မတပြောကြား

📌 ၂။ Federal Wings ဒရုန်းတွေကို မြို့နယ်တွေမှာ နှစ်စင်းကနေ သုံးစင်းချပေးနိုင်ပါက စစ်ရေးအရတိုက်ခိုက်မှု အချိန်တိုတွင်းအောင်မြင်မှုရရှိနိုင်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ဆို

📌 ၃။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေး

📌 ၄။ လူထုပါဝင်နေသည့်တော်လှန်ရေးဖြစ်၍ အကောင်းဆုံးပါဝင်ဆောင်ရွက်ကြရန် ပြည်ထဲရေး ဒုဝန်ကြီး ခူးထဲဘူးပြောကြား

📌 ၅။ အကြမ်းဖက်စစ်အုပ်စုကြောင့် ချင်းပြည်နယ်တွင်လူဦးရေ တစ်ရာကျော်သေဆုံး

📌 ၆။ ကော်ပရာစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့ နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ မြဝတီမြို့ လက်ခတ်တောင်အနီးတွင် ရင်ဆိုင်တိုက်ပွဲ ဆက်လက်ဖြစ်ပွား

📌 ၇။ ရေဦးမြို့နယ် ရေမျက်အုပ်စု၊ ရေမျက်ကျေးရွာကို တိုက်ပွဲ မရှိဘဲ စကစတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

📌 ၈။ မြင်းမူမြို့နယ်၊ ရွာမရွာ နေရာတွင် တပ်မ (၃၃) မှထွက်ခွာလာသော  အင်အား(၁၂၀)ဦးပါဝင်​​သော စစ်ကောင်စီ စစ်ကြောင်းအား ဒရုန်းဗုံးသီး( )လုံး အသုံးပြုတိုက်ခိုက်

📌 ၉။ ယောဒေသ ဒရုန်း လက်ရုံးတပ်ဖွဲ့ အတွက် တိုက်ခိုက်ရေးဒရုန်းရရှိရေး USD 40000 ရန်ပုံငွေရှာဖွေရေး ကမ်ပိန်း စတင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ဖက်ဒရယ်ရေးအတွက် အားလုံးသော အင်အားစုတွေဟာ စိတ်ဆန္ဒဇော ထက်သန်ပြင်းပြမှု ရှိတယ်နေလို့ ယာယီသမ္မတပြောကြား


ဇူလိုင်၁၀ရက်

"ဖက်ဒရယ်ရေးအတွက် အားလုံးသော အင်အားစုတွေဟာ စိတ်ဆန္ဒဇောထက်သန်ပြင်းပြမှု ရှိနေတယ်လို့ဇူလိုင် (၁၀) ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ ပြည်သူများထံသို့ သတင်းစကားပါးဆိုလိုက်ပါတယ်။


"လက်ရှိအချိန်မှာ ဖက်ဒရယ်ရေးအတွက် အားလုံးသော အင်အားစုတွေဟာ စိတ်ဆန္ဒဇော ထက်သန်ပြင်းပြမှု ရှိတယ်ဆိုတဲ့အချက်ဟာ နွေဦးတော်လှန်ရေးရဲ့ နိုင်ငံရေးဘုံသဘောတူညီချက်၊  နိုင်ငံရေးဘုံရည်မှန်းချက်မှာ အားလုံး စုစည်းလာကြတယ်ဆိုတာကို အထင်အရှားပြနေတာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ ဖက်ဒရယ် ချာတာအရ လျှောက်လှမ်းနေပြီး တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနဲ့ လည်း နိုင်ငံရေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၂။ Federal Wings ဒရုန်းတွေကို မြို့နယ်တွေမှာ နှစ်စင်းကနေ သုံးစင်းချပေးနိုင်ပါက စစ်ရေးအရတိုက်ခိုက်မှု အချိန်တိုတွင်းအောင်မြင်မှုရရှိနိုင်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ဆို


ဇူလိုင်၁၀ရက်

ယောဒေသ ဒရုန်း လက်ရုံးတပ်ဖွဲ့အတွက် တိုက်ခိုက်ရေးဒရုန်းရရှိရေး USD 40000 ရန်ပုံငွေရှာဖွေရေး ကမ်ပိန်းဖွင့်ပွဲအခမ်းအနားမှာ "Federal Wings ဒရုန်းတွေကို မြို့နယ်တွေမှာ နှစ်စင်းကနေ သုံးစင်းချပေးနိုင်ပါက စစ်ရေးအရတိုက်ခိုက်မှု အချိန်တိုတွင်းအောင်မြင်မှုရရှိနိုင်တယ်"လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကပြောပါတယ်။


"နည်းပညာ တိုက်ပွဲမှာ ဒရုန်းတွေရဲ့ အရေးပါမှု ပိုပိုပြီးကျယ်ပြန့်လာတယ်။ ပြီးတော့ဒေသတိုင်းမှာ ကျနော်တို့ရဲ့ Federal Wings ဒရုန်းတွေသာ တစ်မြို့နယ်မှာ နှစ်စင်း၊ သုံးစင်းရောက်ခဲ့မယ်ဆိုရင် ဒီပွဲကမကြာတော့ဘူးလို့ပြောချင်တယ်။ Federal Wings ဒရုန်းတွေကို မြို့နယ်တွေမှာ နှစ်စင်း သို့မဟုတ် သုံးစင်း လောက်ပေးနိုင်ပြီဆိုတာနဲ့ ကျနော်တို့ရဲ့တပ်ရင်းတပ်ဖွဲ့တွေဟာ ပိုပြီးတော့ အားကောင်းလာမယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေပိုရှိလာမယ်။ ဝေဟင်ကို ပိုပြီးစိုးမိုးလာနိုင်မယ်"လို့ဝန်ကြီးကဆိုပါတယ်။


Federal Wingsဒရုန်းများဟာ စစ်ကောင်စီရဲ့ ဒရုန်းဖျက် ဂျန်ပါများကိုပါကျော်လွှားနိုင်ပြီး ရန်သူ့စစ်ဆင်ရေးများကိုဆင်နွှဲရာမှာ ရန်သူ အတွက်တုန်လှုပ်ခြောက်ခြားမှုပါရှိတယ်လို့ ဝန်ကြီးကပြောပါတယ်။


Federal Wingsဒရုန်းတပ်ဖွဲ့ဟာ၂၀၂၃ ခုနှစ် ပထမ () လတာအတွင်း ဒရုန်းပျံသန်းစစ်ဆင်မှုပေါင်း (၂၈၁) ကြိမ်ဖြင့် တိုက်ပွဲဝင်နိုင်ခဲ့ပြီး ဗုံးသီးအမျိုးအစားစုံ (၆၈၀) ခန့် အသုံးပြုခဲ့ကာ တိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၀) ခန့် ထိခိုက်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုအမြောက်အများရှိခဲ့ပါတယ်။


========================


📌📌 ၃။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေး


ဇူလိုင် ၁၀  ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၂၇/၂၀၂၃)ကို ဇူလိုင်၁၀ရက်နေ့က ကျင်းပခဲ့ပါတယ်။


အစည်းအဝေးသို့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ အဖွဲ့ဝင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းမှ တက်ရောက်ခဲ့ပြီး အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ထို့နောက် တက်ရောက်လာသော ဝန်ကြီးဌာနများမှ ဌာနနှင့်သက်ဆိုင်သည့် လုပ်ငန်းများအား မှာကြားဆောင်ရွက်ခဲ့ပြီး၊ ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်လုပ်ငန်းဆောင်ရွက်ချက်များအား ချပြ ရှင်းလင်းပြောကြားခဲ့ပါတယ်။


 ဆက်လက်ပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ  မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍  သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေး‌‌ဖြေကြားပြီး ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ အဖွဲ့ဝင်   အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်း‌ဖေ()နိုင်သုဝဏ္ဏမှ နိဂုံးချုပ်စကားပြောကြားခဲ့ပါတယ်။

 

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၄။ လူထုပါဝင်နေသည့်တော်လှန်ရေးဖြစ်၍ အကောင်းဆုံးပါဝင်ဆောင်ရွက်ကြရန် ပြည်ထဲရေး ဒုဝန်ကြီး ခူးထဲဘူးပြောကြား


ဇူလိုင်၁၀ရက်

ဇူလိုင်၁၀ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်း အဝေးတွင် ပြည်ထဲရေး ဒုဝန်ကြီးက အခုလို့ပြောပါတယ်။


" ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းစဉ်များသည် ပြည်သူလူထု ကိုယ်စားစီမံဆောင်ရွက်ရမှုများဖြစ်ကြောင်း၊ တော်လှန်ရေးတွင်ရောက်ရှိနေသည့် အခြေအနေမှ ပို၍ လုပ်ငန်းများကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ယခုထက်ပို၍ အချိတ်အဆက်မိမိဆောင်ရွက်ကြရန်လိုကြောင်း၊ လူထုပါဝင်နေသည့် တော်လှန်ရေးဖြစ်၍ အကောင်းဆုံးပါဝင်ဆောင်ရွက်ကြရန်"ဒုဝန်ကြီးကဆိုပါတယ်။


ဆက်လက်ပြီး ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ တွဲဖက်အမြဲတမ်းအတွင်းဝန်မှ လုပ်ငန်း‌ ဆောင်ရွက်ချက်များနှင့် ယခင်အပတ် အစည်း အဝေး (၁၂/၂၀၂၃) ရှေ့လုပ်ငန်းစဉ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ မြေပြင်အုပ်ချုပ်ရေးဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများကို မေးမြန်းဆွေးနွေးရာ ဝန်ကြီးဌာန တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


အစည်းအဝေးသို့ ဒုဝန်ကြီး ခူးထဲဘူးမှ ဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထူစုံစမ်း‌ထောက်လှမ်းရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ဝင်များ  တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၅။ အကြမ်းဖက်စစ်အုပ်စုကြောင့် ချင်းပြည်နယ်တွင်လူဦးရေ တစ်ရာကျော်သေဆုံး


ဇူလိူင်၁၀ရက်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ  ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုကြောင့် ချင်းပြည်နယ်တွင် (၁၁၀) ဦး သေဆုံးခဲ့တယ်လို့ AAPP က ဇူလိုင်၁၀ရက်မှာ ဖော်ပြပါတယ်။


 ဇူလိုင်လ ရက်နေ့၊ နံနက် ၁၁ နာရီဝန်းကျင်အချိန်တွင် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ မရှိန်းလှော်ကျေးရွာအုပ်စု၊ ဝုမ်းခုန်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မင်းတပ်မြို့ပေါ်ရှိ ခလရ ၂၇၄ မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် အသက် နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် နို့တိုက်မိခင် အပါအဝင် အမျိုးသမီးသုံးဦး သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။


၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃၇၇၀) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။


========================


📌📌 ၆။ ကော်ပရာစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့ နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ မြဝတီမြို့ လက်ခတ်တောင်အနီးတွင် ရင်ဆိုင်တိုက်ပွဲ ဆက်လက်ဖြစ်ပွား


ဇူလိုင်၁၀ရက်

ကော်ပရာစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့ နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ မြဝတီမြို့ လက်ခတ်တောင်အနီးတွင် ရင်ဆိုင်တိုက်ပွဲဆက်လက်ဖြစ်ပွားတယ်လို့ ဇူလိုင်၁၀ရက်နေ့မှာ ကော်ပရာစစ်ကြောင်းက အတည်ပြုဆိုပါတယ်။


"ဇူလိုင်၁၀ရက်မွန်းလွဲ () နာရီ ဝန်းကျင်တွင် မိမိတို့ပူးပေါင်းတပ်ဖွဲ့ နှင့် အကြမ်းဖက်စစ်ကောင်စီတို့ မြဝတီမြို့ လက်ခတ်တောင်အနီးတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ရန်သူဘက်မှ ထိခိုက်သေဆုံးမှုအား စီစစ်ဆဲဖြစ်ပြီး မိမိတို့ဘက်မှ တစုံတရာထိခိုက်မှုမရှိခဲ့ပါ"လို့ဆိုပါတယ်။


အကြမ်းဖက်စစ်ကောင်စီ၏ ရမ်းသမ်းပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ () ဦး (စိုးရိမ်ရ) ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၇။ ရေဦးမြို့နယ် ရေမျက်အုပ်စု၊ ရေမျက်ကျေးရွာကို တိုက်ပွဲ မရှိဘဲ စကစတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်


ဇူလိုင်၁၀ရက်

ဇူလိုင်၁၀ရက် မနက်ပိုင်း (၉နာရီ၄၅မိနစ်)ခန့်မှာ ရေဦးမြို့နယ် ရေမျက်အုပ်စု၊ ရေမျက်ကျေးရွာကို စကစတပ်က တိုက်ပွဲ မရှိဘဲ လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရေဦးပကဖကအတည်ပြုဆိုပါတယ်။


"ဇူလိုင်၁၀ရက် မနက်ပိုင်း (၉နာရီ၄၅မိနစ်)ခန့်မှာ ရေဦးမြို့နယ် ရေမျက်အုပ်စု၊ ရေမျက်ကျေးရွာကို စကစ မှ လေကြောင်းဖြင့် ဗုံးကြဲဖျက်ဆီးခဲ့ပါတယ်။ စစ်ပွဲမရှိ၊ စစ်စခန်းမရှိဘဲ အကြောင်းမဲ့ သာမာန်ပြည်သူများနေထိုင်သည့် ရွာကို ဒလံဆိုသည့်လူများ ချောက်တွန်းသတင်းအရ ဗုံးကျဲတယ်လို့ သုံးသပ်ရပါတယ်"လို့ဆိုထားပါတယ်။


လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း မှန်ပြတင်းများ၊ မျက်နှာကျက်များ၊ စေတီတစ်ဆူ၏ ထီးတော် မြေခပြီး မီးကြိုးများပျက်ဆီးခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ၈။ မြင်းမူမြို့နယ်၊ ရွာမရွာ နေရာတွင် တပ်မ (၃၃) မှထွက်ခွာလာသော  အင်အား(၁၂၀)ဦးပါဝင်​​သော စစ်ကောင်စီ စစ်ကြောင်းအား ဒရုန်းဗုံးသီး( )လုံး အသုံးပြုတိုက်ခိုက်


ဇူလိုင်၁၀ရက်

မြင်းမူမြို့နယ်၊ ရွာမရွာ နေရာတွင် တပ်မ (၃၃) မှထွက်ခွာလာသော  အင်အား(၁၂၀)ဦးပါဝင်​​သော စစ်ကောင်စီ စစ်ကြောင်းအား ဒရုန်းဗုံးသီး( )လုံး အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ဇူလိုင်၁၀ရက်နေ့ စစ်ရေးသတင်းကို စစ်ကိုင်းခရိုင်တပ်ရင်း()က အသိပေးဆိုပါတယ်။


ဇူလိုင် ၉ရက် ညနေ ၄နာရီ ၂၅မိနစ်အချိန်တွင် စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ရွာမရွာ နေရာတွင်တပ်မ (၃၃) မှ ထွက်ခွာလာသော  အင်အား(၁၂၀)ဦး ပါဝင်​​သော စစ်ကောင်စီ စစ်ကြောင်းအား စစ်ကိုင်းခရိုင်တပ်ရင်း() တပ်ခွဲ () တပ်ခွဲမှူး  ဦးစီး အင်အား (၁၀)ဦးမှ ဒရုန်းဗုံးသီး ( )လုံး အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။


၎င်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ အထိအခိုက်ကိုသေချာစွာ စီစစ်နေဆဲဖြစ်တယ်လို့ဆိုပါတယ်။


========================


📌📌 ၉။ ယောဒေသ ဒရုန်း လက်ရုံးတပ်ဖွဲ့ အတွက် တိုက်ခိုက်ရေးဒရုန်းရရှိရေး USD 40000 ရန်ပုံငွေရှာဖွေရေး ကမ်ပိန်း စတင်


ဇူလိုင်၁၀ရက်

ယောဒေသ ဒရုန်း လက်ရုံးတပ်ဖွဲ့ အတွက် တိုက်ခိုက်ရေး ဒရုန်းရရှိရေး USD 40000 ရန်ပုံငွေရှာဖွေရေး ကမ်ပိန်း စတင်ပြီ ဖြစ်ကြောင်းသိရပါတယ်။


နွေဦးတော်လှန်ရေး အောင်ပွဲဆင်နိုင်ရန်နှင့် ယောဒေသအတွင်း အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ် ချေမှုန်းနိုင်ရေးအတွက် မဟာဗျူဟာမြောက် အဆင့်မြင့်နည်းပညာ ဒရုန်းများ ထောက်ပံ့နိုင်ရန် သီးသန့်ရန်ပုံငွေ ရှာဖွေရေးအတွက် Federal Wings နှင့် ယောဒေသဒရုန်းလက်ရုံးအဖွဲ့တို့မှ ဉီးဆောင်ပြီး ကာကွယ်ရေးဝန်ကြီးဌာန အမှတ် () စစ်ဒေသ ထောက်ပို့ရုံး၊ အမှတ် () စစ်ဒေသ ဂန့်ဂေါခရိုင် တပ်ရင်း (၁၉) ရင်း နှင့် HYPER UAV FORCE တို့၏ ပူပေါင်းပါဝင်မှုဖြင့် လုပ်ဆောင်သည့် (U$40,000) ရန်ပုံငွေရှာဖွေရေး အစီအစဉ်ဖြစ်ပါတယ်။


ကမ်ပိန်းဖွင့်ပွဲကို  CDM ဗိုလ်ကြီးများဖြစ်ကြတဲ့ ဗိုလ်ကြီးညီသုတ၊ ဗိုလ်ကြီးလင်းထက်အောင်၊ ဖက်ဒရယ်ဝင်းမှ Miss Federal Wings ရဲဘော် ကိုဦး၊ HYPER UAV FORCE မှ ရဲဘော်ဇီးရိုး၊ ဆောမြို့နယ် ပကဖ တာဝန်ခံ ဒေါက်တာကြည်စိုးထွန်း၊ MFDMC မှ ဦးဇော်မိုးအောင် စသည့် ပြည်သူ့ဘက်တော်သား အသိပညာရှင်အတတ်ပညာရှင်များလည်း တက်ရောက်ခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment