၂၀၂၃ ဇူလိုင်လ ၂၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ မဝေးတော့တဲ့ အနာဂတ်မှာ အကြမ်းဖက်စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေကို နိုင်ငံတကာတရားရေးရာအဖွဲ့တွေနဲ့ တရားစွဲဆို အပြစ်ပေးမှုတွေ လုပ်ဆောင်နိုင်တော့မယ်လို့ ယာယီသမ္မတ သတင်းစကားပါး
📌 ၂။ CDMအောင်မြင်ရေးကော်မတီ အစည်းအဝေးသို့ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းတက်ရောက်
📌 ၃။ ဒီပဲယင်းမြို့နယ် မီးဘေးလုံခြုံရေးအဖွဲ့ကို ပြည်ထဲရေးဝန်ကြီးအမိန့်ဖြင့်ဖွဲ့စည်း
📌 ၄။ အမေရိကန်ပြည်ထောင်စု ဒါးလာစ်မြို့မှာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များနှင့် မြန်မာကွန်မြူနတီခေါင်းဆောင်များ တွေ့ဆုံ
📌 ၅။ ငွေကြေးဖောင်းပွမှုရဲ့အရင်းအမြစ်ဟာ စစ်အာဏာသိမ်းမှုကြောင့်ပဲ ဖြစ်တယ်လို့ဆို
📌 ၆။ ဆယ်လမွန်စစ်ဆင်ရေးအတွက် ဦးမင်းကိုနိုင်ရဲ့ "Return of Salmons" ပန်းချီကား အပြီးသတ်လေလံတင် ရောင်းချခဲ့ရာ အမေရိကန်ဒေါ်လာသုံးသောင်းသုံးထောင်ကျော် ရရှိခဲ့
📌 ၇။ အခုဆက်လက်ပြီး စိုက်ပျိုးရေးနှင့်ပတ်သက်တဲ့ သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ ထောပတ်တောင်သူတွေ ဝင်ငွေပိုရဖို့ မာရီဂိုးလ်ပန်းတွေကို သီးညှပ်စိုက်ပျိုးလာကြပါတယ်။ ဒီသတင်းကို မကြေးမုံက ပေးပို့ထားပါတယ်။
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ မဝေးတော့တဲ့ အနာဂတ်မှာ အကြမ်းဖက်စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေကို နိုင်ငံတကာတရားရေးရာအဖွဲ့တွေနဲ့ တရားစွဲဆို အပြစ်ပေးမှုတွေ လုပ်ဆောင်နိုင်တော့မယ်လို့ ယာယီသမ္မတ သတင်းစကားပါး
ဇူလိုင်၂၄ရက်
ဇူလိုင်၂၄ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ အကြမ်းဖက်စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေနှင့်ပတ်သက်ပြီး ပြည်သူများထံသို့ သတင်းစကားပါးဆိုလိုက်ပါတယ်။
“ပြည်တွင်း၊ ပြည်ပအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာကြောင့် မဝေးတော့တဲ့ အနာဂတ်မှာ အကြမ်းဖက်စစ်ခေါင်းဆောင်နှင့် အပေါင်းအပါတွေကို နိုင်ငံတကာတရားရေးရာအဖွဲ့တွေနဲ့ တရားစွဲဆို အပြစ်ပေးမှုတွေ လုပ်ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်”လို့ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ လူပေါင်းသုံးထောင်ကျော်ကိုသတ်ဖြတ်ခဲ့ပြီးလူပေါင်း နှစ်သောင်းကျော်ကိုဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။
အလားတူ တစ်နိူင်ငံလုံးတွင် အိုးအိမ်ပေါင်းခုနစ်သောင်းကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတွင် စစ်ကိုင်းတိုင်းကန့်ဘလူပဇီကြီးကျေးရွာကို ဗုံးကြဲတိုက်ခိုက်ရာမှာ လူဦးရေ ၁၇၄ဦးသေဆုံးခဲ့ရပါတယ်။
========================
📌📌 ၂။ CDMအောင်မြင်ရေးကော်မတီ အစည်းအဝေးသို့ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းတက်ရောက်
ဇူလိုင်၂၄
ဇူလိုင်၂၃ရက်မှာ စီဒီအမ်အောင်မြင်ရေးကော်မတီအစည်းအဝေးကို ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းတက်ရောက်၍ အမှာစကားပြောကြားခဲ့ပါတယ်။
အခမ်းအနားတွင် ကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး CDMများကိုအားပေးစကားဆိုခဲ့ပါတယ်။
ထို့နောက် တာဝန်ရှိသူများမှ စီဒီအမ်အောင်မြင်ရေး လအလိုက်ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာသူများက တင်ပြချက်များအပေါ် ဆွေးနွေးလိုသည်များအား ဆွေးနွေးခဲ့ကြပြီး ရှေ့လုပ်ငန်းစဥ်များ အတည်ပြုသတ်မှတ်ခဲ့ကြပါတယ်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးချုပ်မှ နိဂုံးချုပ်စကားပြောကြား၍ အခမ်းအနားကို အောင်မြင်စွာကျင်းပနိူင်ခဲ့တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၃။ ဒီပဲယင်းမြို့နယ် မီးဘေးလုံခြုံရေးအဖွဲ့ကို ပြည်ထဲရေးဝန်ကြီးအမိန့်ဖြင့်ဖွဲ့စည်း
ဇူလိုင်၂၄ရက်
ဇူလိုင်၂၃ရက်မှာ အမိန့်ကြေညာစာမှတ် (၀၁၁/၂၀၂၃)ကို ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်ကထုတ်ပြန်ခဲ့ပါတယ်။
အမျိုးသားညီညွှတ်ရေးအစိုးရ၊ ပြည်ထဲရေး နှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ၊ မီးသတ်ဦးစီးဌာန မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုများကို ကာကွယ်နိုင်ရန်၊ မီးငြှိမ်းသတ်ရေး နှင့်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ဒီပဲယင်းမြို့နယ် မီးဘေးလုံခြုံရေး အဖွဲ့အား ဖွဲ့စည်းလိုက်တယ်လို့ဖော်ပြပါရှိပါတယ်။
အကြမ်းဖက်စစ်အုပ်ဟာ တစ်နိူင်ငံလုံးမှာ အိုးအိမ်ပေါင်း ခုနစ်သောင်းကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ အများဆုံးမီးလောင်ဆုံးရှုံးခဲ့ရပါတယ်။
========================
📌📌 ၄။ အမေရိကန်ပြည်ထောင်စု ဒါးလာစ်မြို့မှာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များနှင့် မြန်မာကွန်မြူနတီခေါင်းဆောင်များ တွေ့ဆုံ
ဇူလိုင်၂၄
ဇူလိုင်၂၄ရက်မှာ NUG လူ့အခွင့်ရေးရာ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက"နွေဦးတော်လှန်ရေးကို တစိုက်မတ်မတ်ပံ့ပို့ပေးလာကြတဲ့ အမေရိကန်ပြည်ထောင်စု ဒါးလာစ်မြို့က မြန်မာကွန်မြူနတီခေါင်းဆောင်များနှင့် (NUG) အစိုးရအဖွဲ့ဝင်များ ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးခဲ့တယ်"လို့ဖော်ပြပါတယ်။
အဆိုပါတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုဝန်ကြီး ဦးမိုးဇော်ဦး၊ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်နှင့် လူ့အခွင့်ရေးရာ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးတို့တက်ရောက်ခဲ့ပါတယ်။
========================
📌📌 ၅။ ငွေကြေးဖောင်းပွမှုရဲ့အရင်းအမြစ်ဟာ စစ်အာဏာသိမ်းမှုကြောင့်ပဲ ဖြစ်တယ်လို့ဆို
ဇူလိုင်၂၄
ငွေကြေးဖောင်းပွမှုရဲ့အရင်းအမြစ်ဟာ စစ်အာဏာသိမ်းမှုကြောင့်ပဲ ဖြစ်တယ်လို့ ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်က ဇူလိုင်လတတိယပတ်အတွင်းမှာ သုံးသပ်ပြောဆိုထားပါတယ်။
"ငွေကြေးဆိုတာ imagined story ဖန်တီးထားတဲ့ယုံကြည်မှုတဲ့၊ လူတွေက တန်ဖိုးရှိတယ်လို့ ယုံကြည်လို့ စက္ကူပေါ်ရေးထားတဲ့ ဂဏန်းက တန်ဖိုးရှိနေပြီးပစ္စည်းဝယ်ယူရေးမှာ အသုံးကျနေရတာ။ငွေစက္ကူက ရိုက်ချင်တိုင်းရိုက်လို့မရပြန်ဘူး၊ သူလိုက်နာတဲ့ စည်းမျည်း တွေရှိပြန်တယ်။အသုံးစရိတ်ကို အခွန်အခ၊ချေးငွေ၊ ငွေစက္ကူရိုက်ထုတ်မှု၊ treasury bonds and bills ၊ စတာတွေနဲ့ ရှာရတာမှာ အချိုးညီဖို့လိုတယ်။သွေးသွင်းသလိုပဲ၊ လူတကိုယ်လုံး လက်ခံ နိုင်တဲ့ သွေးကမာဏ ထက်ကျော်သွင်းရင် ခန္ဓာကိုယ်က သိပြီး တုန့်ပြန်သလို၊ တိုင်းပြည််မှာ လိုတာထက် ငွေကြေးရိုက်နှိပ်ရင်စီးပွါးရေး အစုအဖွဲ့ က သိကြပြီး တုန့်ပြန်ရာကနေ သွေကြေးဖောင်းပွမှု အတော မသတ်ဖြစ်လာပြီး၊ ကုန်စျေးနှုန်းကြီးတာတွေ၊ နိုင်ငံခြားကုန်သွယ်မှုထိခိုက်ပြီး အခက်အခဲ တွေ မလွဲမသွေ လာတော့တာပါပဲ။ရင်းမြစ်က စစ်အာဏာသိမ်းမှုပါပဲ"လို့ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ နှစ်သောင်းတန်ငွေစက္ကူသစ်များကို ထုတ်ဝေတော့မည်ဖြစ်ကြောင်း ဇူလိုင်လအတွင်းကြေညာခဲ့ပြီးနောက် ထိုင်းဘတ်ငွေနဲ့မြန်မာကျပ်လဲလှယ်သည့်နေရာတွင် မြန်မာကျပ်ငွေတန်ဖိုးများ ကျဆင်းခဲ့ပါတယ်။
========================
📌📌 ၆။ ဆယ်လမွန်စစ်ဆင်ရေးအတွက် ဦးမင်းကိုနိုင်ရဲ့ "Return of Salmons" ပန်းချီကား အပြီးသတ်လေလံတင် ရောင်းချခဲ့ရာ အမေရိကန်ဒေါ်လာသုံးသောင်းသုံးထောင်ကျော် ရရှိခဲ့
ဇူလိုင်၂၄ရက်
ဇူလိုင်၂၃က်ညပိုင်းတွင် စစ်တောင်းမြစ်ဝှမ်းဒေသ၊ ဆယ်လမွန်စစ်ဆင်ရေးအတွက် ဦးမင်းကိုနိုင်ရဲ့ "Return of Salmons" ပန်းချီကားကို အပြီးသတ်ရောင်းချခဲ့ပါတယ်။
အပြီးသတ်လေလံတင် ရောင်းချခဲ့ရာ အမေရိကန်ဒေါ်လာ ၃၃၃၃၃ တိတိ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါရိုက်တာကိုပေါက် ဦးဆောင် ပြုလုပ်တဲ့ “ရိုးမခေါ်သံ” အတွက် ၈၈ ကျောင်းသားမျိုးဆက် ဦးမင်းကိုနိုင်က ပန်းချီကားကို ရေးဆွဲလှူဒါန်းပြီး လေလံတင်ရောင်းချရာမှာ အမေရိကန်နိုင်ငံမှ ကိုစည်သူဝင်းက USD ၃၃၃၃၃ နဲ့ လေလံအောင်မြင်ခဲ့တာဖြစ်ပါတယ်။
အခု တင်ပြပေးခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
📌📌 ၇။ အခုဆက်လက်ပြီး စိုက်ပျိုးရေးနှင့်ပတ်သက်တဲ့ သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ ထောပတ်တောင်သူတွေ ဝင်ငွေပိုရဖို့ မာရီဂိုးလ်ပန်းတွေကို သီးညှပ်စိုက်ပျိုးလာကြပါတယ်။ ဒီသတင်းကို မကြေးမုံက ပေးပို့ထားပါတယ်။
အခုနှစ်မိုးရာသီကစပြီး နှစ်ရှည်ပင်ကြားမှာ သီးညှပ်စိုက်ဖို့ ချစ်တီးပန်းလို့ခေါ်တဲ့ မာရီ ဂိုးလ်ပင်တွေကို ထောပတ်တောင်သူတွေက ရွေးချယ်ခဲ့ကြပါတယ်။ တစ်သိန်းရင်းရင် လေးသိန်းလောက်မြတ်နိုင်တဲ့ အဝါရောင်ချစ်တီးပန်းတွေကို တရုတ်နိုင်ငံကလာရောက် ဝယ်ယူသွားဖို့ရှိပြီး တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်မယ့် စက်ရုံတွေလည်းတည်ဆောက်သွားဖို့ရှိပါတယ်လို့သိရပါတယ်။ဒါနဲ့ပတ်သက်ပြီး ထောပတ်အသင်းဥက္ကဌက ချစ်တီးပန်းစိုက်ဖြစ်ပုံကို အခုလိုရှင်းပြထား ပါတယ်။
(((((ခွန်ထွန်းထွန်းဝင်း))))
မြန်မာ့ထောပတ်စိုက်ပျိုးတဲ့လုပ်ငန်းက ပြည်ပအကူအညီရပြီးတဲ့နောက် စိုက်ဧကတွေ တိုးလာပါတယ်။ လက်ရှိထွက်ရှိနေတဲ့ တန်ချိန်ငါးထောင်က ထိုင်းနိုင်ငံကို အများဆုံး တင်ပို့ိနေပြီး နောက်လာမယ့် ၃နှစ်အတွင်း ထွက်ရှိလာမယ့် တန်ချိန်သိန်းနဲ့ချီတဲ့ ထော ပတ်သီးတွေအတွက် ဈေးကွက်ရဖို့ ပူပန်နေရတယ်လို့ ထောပတ်သီးအသင်းမှ တာဝန်ရှိ သူတစ်ဦးကပြောပါတယ်။
နိုင်ငံတော်ရဲ့အကူအညီမရသလောက်နည်းပါးတဲ့ထောပတ်တောင်သူတွေမှာ မှန်းထားတဲ့ဈေးကွက်ကိုဝင်နိုင်ဖို့က ခူးဆွတ်ချိန်နောက်ပိုင်း စက်ကိရိယာ ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်နေပါသေးတယ်။ ဒါကြောင့် ထောပတ်သီးစိုက်ပျိုးပြီး သင့်တော်တဲ့ အကျိုးအမြတ် တွေရရှိဖို့အတွက် လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးချဲ့နိုင်အောင် ထောပတ်ပင်ကြားမှာ ချစ်တီးပန်းခေါ် မာရီဂိုးလ်အပင်တွေ စိုက်ပြီး သီးညှပ်ကနေ ဝင်ငွေရှာဖို့ကြိုးစားလာကြ တာဖြစ်ပါတယ်ခင်ဗျာ။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment