8th JUL 2023 - Morning Daily News by Radio NUG


၂၀၂၃ ဇူလိုင်လ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်ကောင်စီကြောင့် ပြည်သူတွေထိခိုက်နစ်နာရမှုများကို ပြန်လည်ကုစားဖို့ NUGအစိုးရအနေနဲ့ ''တော်လှန်ရင်းတည်ဆောက် တည်ဆောက်ရင်းတော်လှန်'' သွားကြရမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်ပြောကြား

📌 ၂။ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးအကြံပေးပုဂ္ဂိုလ် မဟာမင်းကြီးအား အမျိုးသားညီညွတ်ရေးအစိုးရအနေနှင့် ကြိုဆို ထောက်ခံတယ်လို့ဆို

📌 ၃။ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ KSCC ခွင့်ပြုချက်ဖြင့် ကရင်နီပြည်နယ်အတွင်း၌ ပထမဦးဆုံး ကရင်နီဆေးကောလိပ်အား စတင်ဖွင့်လှစ်မယ်

📌 ၄။ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၂၅) ဦး သေဆုံးခဲ့

📌 ၅။ စစ်ကောင်စီ၏ စစ်ထောက်ချုပ်ယာဉ်တန်းအား တောင်ငူခရိုင်တပ်ရင်း(၃၅၀၁)မှ မိုင်းဆွဲတိုက်ခိုက်ခဲ့

📌 ၆။ ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲအပိုင် (14)မိုင်ကျေးရွာအနောက်ဘက်ရှိ အကြမ်းဖက်စစ်ကောင်စီပိုင် ဆက်သွယ်ရေး တာဝါတိုင်စခန်းကုန်းအား KNLAတပ်ရင်း၂၇တပ်ခွဲ၂နဲ့ ပူးပေါင်းအဖွဲ့များသိမ်းပိုက်

📌 ၇။ ခလယ်လွီထူခရိုင် တစ်ခုလုံးတွင်  () ရက်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်များမှ ပြည်သူလူထုများနေထိုင်ရာ ကျေးရွာများ အတွင်းသို့ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး လက်နက်ကြီး (၁၁၄) လုံး နှင့်ပစ်ခတ်ခဲ့

📌 ၈။ ကျောက်ရစ်ရဲစခန်းနှင့် စစ်ကြောင်းမှူးနေအိမ်အား (Shar Htoo Wow)နည်းပညာအသုံးပြု၍ Droneများဖြင့် ပစ်ခတ်တိုက်ခိုက် 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်ကောင်စီကြောင့် ပြည်သူတွေထိခိုက်နစ်နာရမှုများကို ပြန်လည်ကုစားဖို့ NUGအစိုးရအနေနဲ့ ''တော်လှန်ရင်းတည်ဆောက် တည်ဆောက်ရင်းတော်လှန်'' သွားကြရမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်ပြောကြား


ဇူလိုင်၇ရက်

စစ်ကောင်စီကြောင့် ပြည်သူတွေထိခိုက်နစ်နာရမှုများကို ပြန်လည်ကုစားဖို့ NUGအစိုးရအနေနဲ့ ''တော်လှန်ရင်းတည်ဆောက် တည်ဆောက်ရင်းတော်လှန်'' သွားကြရမှာ ဖြစ်တယ်လို့ ကြားကာလပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ်(၂၇/၂၀၂၃)တွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။


''တိုင်းပြည်က ဘယ်လိုပဲ နစ်နာပါစေ ဂရုမစိုက်တဲ့ စစ်ကောင်စီကြောင့် ပြည်သူတွေထိခိုက်နစ်နာရမှုများကို ပြန်လည်ကုစားဖို့ ကျွန်တော်တို့အစိုးရအနေနဲ့ ''တော်လှန်ရင်းတည်ဆောက် တည်ဆောက်ရင်းတော်လှန်'' သွားကြရမှာ ဖြစ်ပါတယ်။''လို့ဝန်ကြီးချုပ်က ဆိုပါတယ်။


၂၀၂၁ ခုနှစ် မေလမှ ၂၀၂၃ ခုနှစ် မေလကုန်အထိ အကြမ်းဖက်စစ်တပ်က တိုင်းနှင့်ပြည်နယ် ၁၄ ခုတွင် အရပ်သားနေအိမ် ၇၀,၃၂၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးသည် အဆောက်အအုံပေါင်း (၅၃,၈၁၆) လုံး မီးလောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်။


လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းပြီး ()နှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီကြောင့် ဘေးဒုက္ခရောက်နေကြရသော ပြည်သူများအတွက် ငွေကျပ် (.)ဘီလီယံခန့် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်နိုင်ခဲ့ကာ ဝန်ကြီးဌာနက တစ်လလျှင်ပျမ်းမျှ စစ်ဘေးရှောင်ပြည်သူ ()သိန်းကျော်ခန့်ကို စားနပ်ရိက္ခာထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။


စစ်ကောင်စီနှင့် ၎င်း၏နောက်လိုက်နောက်ပါအဖွဲ့များက မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်များဆုံးရှုံးခဲ့ရသည့် ပြည်နယ်နှင့်တိုင်းအသီးသီးတို့မှ ဒေသခံပြည်သူများအတွက် ယာယီတဲများပြန်လည်ဆောက်လုပ်ပေးခြင်းကို လက်ရှိအချိန်အထိ ပြည်သူမှပြည်သူသို့လှူဒါန်းသည့် ရန်ပုံငွေဖြင့် ယာယီတဲပေါင်း (,၂၃၉)လုံး ဆောက်လုပ်ပေးပြီးဖြစ်ပါတယ်။


========================


📌📌 ၂။ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးအကြံပေးပုဂ္ဂိုလ် မဟာမင်းကြီးအား အမျိုးသားညီညွတ်ရေးအစိုးရအနေနှင့် ကြိုဆို ထောက်ခံတယ်လို့ဆို


ဇူလိုင်၇ရက်

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးအကြံပေးပုဂ္ဂိုလ် မဟာမင်းကြီးအား အမျိုးသားညီညွတ်ရေးအစိုးရအနေနှင့် ကြိုဆိုထောက်ခံတယ်လို့ ဇူလိုင်၇ရက်မှာ NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။


၅၃ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ မြန်မာနိုင်ငံတွင်အမှန်တကယ် ကြုံတွေ့ရင်ဆိုင်နေရသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများဆိုင်ရာ အစီရင်ခံစာကို တင်သွင်းပေးခဲ့သည့်အတွက် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးအကြံပေးပုဂ္ဂိုလ် မဟာမင်းကြီး အား မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနှင့် ကြိုဆို ထောက်ခံပါကြောင်းဦးစွာဖော်ပြလိုပါတယ်လို့ဆိုပါတယ်။ 


 High Commissioner တင်သွင်းခဲ့သည့် အစီရင်ခံစာတွင် အကြမ်းဖက်စစ်တပ်အနေဖြင့် လူထုအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ တရားလက်လွတ်ကွပ်မျက်မှု၊ ခေါင်းဖြတ်သတ်ဖြတ်မှု စသည့် ရာဇဝတ်မှုမျိုးစုံကို ကျူးလွန်နေမှုများ ထင်ရှားကြောင်း ထည့်သွင်းဖော်ပြခဲ့တယ်လို့ဆိုပါတယ်။


ထို့အပြင် မဟာမင်းကြီး၏ နောက်ဆုံးအစီရင်ခံစာတွင်မှု အကြမ်းဖက်စစ်တပ်က ကာလရှည်ကြာအသုံးပြုနေသည့် ဖြတ်လေးဖြတ်ဗျုဟာကို ဆက်လက်လုပ်ဆောင်နေပြီး နိုင်ငံတကာက ကူညီပေးမည့် လူသားချင်းစာနာမှုဆိုင်ရာ ဝင်ရောက်ကူညီခွင့်တွေကို မတရားသော အာဏာအသုံးပြု၍ ပိတ်ပင်တားဆီးထားကြောင်းကိုလည်း မီးမောင်းထိုးဖော်ပြထားပါတယ်။


အစီရင်ခံစာထဲတွင် ၂၀၂၁ ခုနှစ်နောက်ပိုင်း အာဏာသိမ်းရန်ကြိုးပမ်းမှု ဖြစ်စဉ်နောက်ပိုင်းမှာ မြန်မာနိုင်ငံဟာ ဆင်ရဲမွဲတေမှု ၂ဆ တိုးလာခြင်းအပါအဝင် ငွေကြေးဖောင်းဖွမှု တဟုန်ထိုးတိုးလာခြင်း၊ စားနပ်ရိက္ခာမလုံလောက်မှု၊ မလုံခြုံမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးသည့် နေရာများကို ပစ်မှတ်ထားတိုက်ခိုက်မှု စတဲ့ တိုင်းပြည်ဆုတ်ယုတ်စေမှု၊ ရာဇဝတ်မှုကျုးလွန်မှုများကို ကျုးလွန်နေကြပြီး တိုင်းပြည်တိုးတက်မှုကို ဆယ်စုနှစ် ၁ခုစာလောက်နီးပါး ဆုတ်ယုတ်သွားအောင် အကြမ်းဖက်စစ်တပ်က ကျုးလွန်နေကြကြောင်း စသည့်အချက်အလက်များ ထည့်သွင်းဖော်ပြခဲ့ပါတယ်လို့ဆိုထားပါတယ်။


========================


📌📌 ၃။ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ KSCC ခွင့်ပြုချက်ဖြင့် ကရင်နီပြည်နယ်အတွင်း၌ ပထမဦးဆုံး ကရင်နီဆေးကောလိပ်အား စတင်ဖွင့်လှစ်မယ်


ဇူလိုင်၇ရက်

ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ KSCC ခွင့်ပြုချက်ဖြင့် ကရင်နီပြည်နယ်အတွင်း၌ ပထမဦးဆုံး ကရင်နီဆေးကောလိပ်အား စတင်ဖွင့်လှစ်မယ်လို့ သတင်းရရှိပါတယ်။


နွေဦးတော်လှန်ရေးအတွင်းတွင် ကရင်နီပြည်နယ်၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အဆင့်မြင့် ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ကရင်နီပြည်နယ်သူ၊ ပြည်နယ်သားများကိုယ်တိုင် တည်ထောင် ဖွင့်လှစ်သော ကရင်နီဆေးကောလိပ်ကို လာမည့် ၂၀၂၃ ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်နိုင်တော့မှာဖြစ်တယ်လို့ ဆိုပါတယ်။


ကရင်နီဆေးကောလိပ်သည် အမျိုးသားညီညွတ်ရေး အစိုးရ ( NUG ) ကျန်းမာရေးဆိုင်ရာ မူဝါဒများ ပညာရေးဆိုင်ရာ မူဝါဒများ နှင့် ကိုက်ညီသော မူဝါဒများ လမ်းညွှန်မှုများ၊ စံချိန်စံညွန်းများ နှင့်အညီ ဖွင့်လှစ်ထားသော ဆေးကောလိပ်တစ်ခု ဖြစ်တယ်လို့သိရပါတယ်။


သင်တန်းတက်ရောက်ရမည့် ကာလမှာ နှစ်ခွဲကြာမြင့်မည်ဖြစ်ပြီး ဤသင်တန်းတစ်လျှောက်လုံး၌ မြေပြင်ဆေးကျောင်း၌ ဆရာ၊ ဆရာမများက ကိုယ်တိုင်လက်တွေ့သင်ကြားပေးသည့် သင်တန်းများအပြင် အွန်လိုင်းမှနေ၍ သက်ဆိုင်ရာဘာသာရပ်အလိုက် အတွေ့ အကြုံ ရင့်ကျက်ပြီး ကျွမ်းကျင်သူဆရာ၊ ဆရာမများက  သင်ကြားပေးမှာဖြစ်တယ်လို့ဆိုပါတယ်။


သင်တန်းစတင်ဖွင့်လှစ်မည့် ၂၀၂၃ ဒီဇင်ဘာလမတိုင်မီ တက်ရောက်ခွင့်ရမည့်သူများကို သင်တန်းလျှောက်လွှာဖြည့်သွင်းသူများထဲမှ စာတွေ့စာမေးပွဲ၊ လူတွေ့စာမေးပွဲ၊ စိတ်ပိုင်းဆိုင်ရာစမ်းသပ်မှုစာမေးပွဲနှင့် ကျန်းမာရေးစစ်ဆေးမှုများကို အဆင့်ဆင့်စိစစ်ပြီး စိစစ်ရွေးချယ်ရေးကော်မတီမှ သင်တန်းတက်ခွင့်ရသူများကို အောင်စာရင်းထုတ်ပြန်ကြေညာပေးမှာဖြစ်ပါတယ်။


========================


📌📌 ၄။ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၂၅) ဦး သေဆုံးခဲ့


ဇူလိုင်၇ရက်

နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၂၅) ဦး သေဆုံးခဲ့တယ်လို့ ဇူလိုင်၇ရက်မှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ အသိပေးဖော်ပြပါတယ်။


 ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၂၅) ဦး သေဆုံးခဲ့ပါတယ်။ ထို့ပြင် ကျောင်းသား၊ ကျောင်းသူ (၁၂၀၆) ဦးမှာ ဖမ်းဆီးခံခဲ့ရပြီး (၇၁၆) ဦးမှာ လက်ရှိအချိန်ထိ ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ဆိုပါတယ်။


ထိန်းသိမ်းခံနေရဆဲ ကျောင်းသား၊ ကျောင်းသူများအနက် မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူ (၁၃၈) ဦးပါဝင်ပြီး ထိုအထဲတွင် သေဒဏ်ချမှတ်ခံထားရသည့် ကျောင်းသား၊‌ ကျောင်းသူ () ဦး ရှိတယ်လို့ ဆိုပါတယ်။


========================


📌📌 ၅။ စစ်ကောင်စီ၏ စစ်ထောက်ချုပ်ယာဉ်တန်းအား တောင်ငူခရိုင်တပ်ရင်း(၃၅၀၁)မှ မိုင်းဆွဲတိုက်ခိုက်ခဲ့


ဇူလိုင်လ၊()ရက်

ဇူလိုင်လ()ရက်၊ နံနက်()နာရီ(၁၅)မိနစ်တွင် နေပြည်တော်မှ ထွက်လာသော စစ်ကောင်စီတပ်၏ စစ်ထောက်ချုပ်ယာဉ်တန်းအား တောင်ငူခရိုင်တပ်ရင်း(၃၅၀၁)မှ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။


"ဇူလိုင်လ()ရက်၊ နံနက်()နာရီ(၁၅)မိနစ်တွင် နေပြည်တော်မှ ထွက်လာသော စစ်ကောင်စီတပ်၏ စစ်ထောက်ချုပ်ယာဉ်တန်းအား သတင်းရရှိ၍ မိုင်တိုင် ၁၆၉၊ ၄ဖာလုံ လမ်းကွေ့အနီးတွင် တောင်ငူခရိုင် PDFတပ်ရင်း(၃၅၀၁) အထူးတပ်ဖွဲ့ SKT(Small Kill Team)က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ ရှေ့ထွက်မိုင်း()လုံး ပြောင်း()လုံးဖြင့် တိုက်ခိုက်ခဲ့ပြီး ပြန်လည်တိုက်ခိုက်လာသော စစ်ကောင်စီယာဉ်တန်းအား ရိုးမထုတ် (၆၀)မမ များဖြင့် ထပ်မံတိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။

 

စစ်ကောင်စီတပ်သားများ၏ ကျဆုံးဒဏ်ရာရစာရင်းအား အတည်ပြုစစ်ဆေးနေဆဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး အထူးတပ်ဖွဲ့ဝင်များ ထိခိုက်မှုတစုံတရာ မရှိခဲ့ကြောင်းသိရပါတယ်။


လက်ရှိတွင် စစ်ကောင်စီစစ်ထောက်ချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူမှာ ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းဖြစ်ကာ တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီယာဉ်တန်းတွင် ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းလိုက်ပါလာခြင်းရှိမရှိ သီးခြား အတည်မပြုနိုင်သေးကြောင်းသိရပါတယ်။


========================


📌📌 ၆။ ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲအပိုင် (14)မိုင်ကျေးရွာအနောက်ဘက်ရှိ အကြမ်းဖက်စစ်ကောင်စီပိုင် ဆက်သွယ်ရေး တာဝါတိုင်စခန်းကုန်းအား KNLAတပ်ရင်း၂၇တပ်ခွဲ၂နဲ့ ပူးပေါင်းအဖွဲ့များသိမ်းပိုက်


ဇူလိုင်၇ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲအပိုင် (14)မိုင်ကျေးရွာအနောက်ဘက်ရှိ အကြမ်းဖက်စစ်ကောင်စီပိုင် ဆက်သွယ်ရေး တာဝါတိုင်စခန်းကုန်းအား KNLAတပ်ရင်း၂၇တပ်ခွဲ၂နဲ့ ပူးပေါင်းအဖွဲ့များသိမ်းပိုက်ခဲ့တယ်လို့ ဇူလိုင်၇ရက်မှာ စစ်ရေးသတင်းကို YGF-ရေးပြောက်ကျားတပ်ဖွဲ့က ဆိုပါတယ်။


မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲအပိုင် (14)မိုင်ကျေးရွာအနောက်ဘက်ရှိ  အရာရှိဦးစီးအင်အား(10)ဦးရှိသော အကြမ်းဖက်စစ်ကောင်စီပိုင် ဆက်သွယ်ရေး တာဝါတိုင်စခန်းကုန်းအား KNLAတပ်ရင်း(27) တပ်ခွဲ(2) နှင် YGF-ရေးပြောက်ကျားတပ်ဖွဲ့ ပူပေါင်းစစ်ကြောင်းတို့မှ ဇူလိုင်၆ရက်နေ့၊ (11:00)အချိန်မှ(11:30)အချိန်ထိ လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက် စီးနင်းခဲ့ပါတယ်"လို့ဆိုပါတယ်။


ထိုသို့ဝင်ရောက်စီးနင်းမှုတွင် ညအချိန်ဖြစ်သောကြောင့် မည်မျှထိခိုက် သေဆုံးဒဏ်ရာရသည်ကို မျက်မြင်အတည်ပြုနိုင်ခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီများ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြတယ်လို့ဆိုပါတယ်။

       

အကြမ်းဖက်စစ်ကောင်စီပိုင် ဆက်သွယ်ရေးတာဝါတိုင်(micro wave)အား မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။

             

သိမ်းဆည်းရရှိခဲ့သော ပစ္စည်းများမှာ ရှေ့ထွက်မိုင်း  (3)လုံး၊ ကပ်သီး  (18)ခု၊ 5.56 (M-16)ကျည်  (218)တောင့်၊ 40mm ကျည် (20)လုံး၊ လက်ပစ်ဗုံး(20)လုံး၊ ကျည်ဘောက် (10)ခု၊ အီကွေမင့် (2)စုံ၊ မှတ်ပုံတင်(2)ခု၊ ဖုန်း(3)လုံး ယူနီဖောင်းတစ်စုံ(တပ်သားအဆင့်)

တို့ရရှိခဲ့ပါတယ်။


========================


📌📌 ၇။ ခလယ်လွီထူခရိုင် တစ်ခုလုံးတွင်  () ရက်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်များမှ ပြည်သူလူထုများနေထိုင်ရာ ကျေးရွာများ အတွင်းသို့ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး လက်နက်ကြီး (၁၁၄) လုံး နှင့်ပစ်ခတ်ခဲ့


ဇူလိုင်၇ရက်

ခလယ်လွီထူခရိုင် တစ်ခုလုံးတွင်() ရက်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်များမှ ပြည်သူလူထုများ နေထိုင်ရာကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး လက်နက်ကြီး (၁၁၄) လုံးနှင့် ပစ်ခတ်ခဲ့တယ်လို့ ကေအဲန်ယူဗဟိုက စစ်ရေးသတင်းကို ဇူလိုင်လ () ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။


ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တစ်ခုလုံးတွင် ၂၀၂၃ ခုနှစ် ဇူလိုင်လ () ရက်နေ့မှ () ရက်နေ့အထိ () ရက်အတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များမှ ပြည်သူလူထုများနေထိုင်ရာကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး လက်နက်ကြီး (၁၁၄) လုံးနှင့် လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူ ()ဦး ထိခိုက်၊ ()ဦး သေဆုံး၊ နေအိမ်(၁၃)လုံးပျက်စီး၊ ထင်းတဲ ()လုံး နှင့် မြက်ရိတ်စက် ()လုံး ပျက်စီး၊ နွား ()ကောင် သေဆုံးခဲ့ရတယ်လို့သိရပါတယ်။


အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ အပြစ်မဲ့အရပ်သား ပြည်သူ (၄၈) ဦးမှာလည်း အကြောင်းမဲ့ ဖမ်းဆီးခဲ့ကာ ၎င်းတို့ထံမှ ဖုန်း ()လုံး နှင့် ကျပ်ငွေ (၂၅)သိန်းကျော်ကို အဓမ္မသိမ်းယူခဲ့သည့်အပြင် နေအိမ် ()လုံး၊ ဆိုင်ကယ် ()စီးနှင့် လယ်ထွန်စက်အသေး ()စီး၊ မီးစက် ()လုံး၊ စက်ဘီး ()စီး၊ ရေစက် ()လုံး၊ ဝက်ခြံ ()ခြံ တို့ကိုလည်း မီးရှို့ဖျက်ဆီးခြင်းများကို ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။


ထို () ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ () လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ၊ ပူးပေါင်းတပ်များအကြား ထိတွေ့တိုက်ပွဲပေါင်း () ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်သား (၃၂)ဦး သေဆုံးကာ (၂၂)ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။


========================


📌📌 ၈။ ကျောက်ရစ်ရဲစခန်းနှင့် စစ်ကြောင်းမှူးနေအိမ်အား (Shar Htoo Wow)နည်းပညာအသုံးပြု၍ Droneများဖြင့် ပစ်ခတ်တိုက်ခိုက် 


စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းနှင့် စစ်ကြောင်းမှူးနေအိမ်အား (Shar Htoo Wow)နည်းပညာအသုံးပြု၍ Droneများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။


ဇူလိုင်၇ရက်မှာ စစ်ရေးသတင်းကို MSDFမြောင်က အတည်ပြုဆိုပါတယ်။


ဇူလိုင်လ ()ရက် မနက် ရှစ်နာရီခွဲအချိန်တွင် စစ်ကိုင်းခရိုင် မြောင်မြို့နယ်ရှိ စစ်ကောင်စီစစ်သားများ အထိုင်ချထားသော ကျောက်ရစ် ရဲစခန်းနှင့် ကျောက်ရစ်ကျေးရွာအတွင်းရှိ စစ်ကြောင်းမှူးနေအိမ် အား  MSDFမှ ဦးဆောင်၍ (450 g) ဗုံးသီး ၂လုံး (650 g)ဗုံးသီး ၂လုံးဖြင့် တစ်ပြိုင်နက်တည်း ကြဲချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။


ထိုသို့ ကြဲချတိုက်ခိုက်ရာတွင် စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရရှိသူ ၂ဦးထက်မနည်း ရှိနိုင်ပြီး အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ဆိုပါတယ်။


MSDFနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့သော အဖွဲ့များမှာ Wing of Arrawady CHU PDF မိတ္ထီလာခရိုင်တပ်ရင်း () မိတ္ထီလာခရိုင်တပ်ရင်း () မြင်းခြံခရိုင်တပ်ရင်း() တပ်ခွဲ() LPDF (စဥ့်ကိုင်) တို့ ဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment