ပြည်တွင်းစားသုံးဆီ ဖူလုံရေး စစ်ကောင်စီက လုပ်ငန်းရှင်အတွက်ဘဲ ဦးစားပေး
Radio NUG (မကြေးမုံ) ဇူလိုင် ၂၃၊ ၂၀၂၃
ပြည်တွင်းစားသုံးဆီဖူလုံဖို့အတွက် မြို့ကလုပ်ငန်းရှင်တွေကိုပဲ စစ်ကောင်စီက အကူအညီပေးနေပြီး ကျေးလက်က စိုက်ပျိုးထုတ်လုပ်သူတွေမှာတော့ အခက်အခဲအကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီသတင်းကို မကြေးမုံကပေးပို့ထားပါတယ်။
စစ်ကောင်စီရဲ့စားသုံးဆီဖူလုံစေဖို့အထောက်အပံ့က အဓိကကျတဲ့အညာဒေသက မြေပဲ နဲ့နှမ်းစိုက်ပျိုးသူတွေအတွက် မပါဝင်သလို တောင်ပေါ်ဒေသက ဆီမုန်ညှင်းနဲ့ ပန်းနှမ်း စိုက်ပျိုးသူတွေအတွက်ပါဝင်တာမျိုးလည်းမရှိပါဘူး။ လတ်တလောမှာတော့ စားသုံးဆီ လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံသူတွေအတွက် ဝင်ငွေခွန်ကို ၃နှစ်မှ ၇နှစ်အထိကင်းလွတ်ခွင့်ပြု ထားသလို ဆီစက်တွေအတွက်ကျပ်ငွေဘီလီယံတစ်ရာ ထုတ်ချေးပေးသွားဖို့လျာ ထားပြီး ဆီစက် ၈ခုအ တွက် ကျပ်ငွေ သိန်းလေးထောင်ထုတ်ချေးထားတယ်လို့ ဆီစက် လုပ်ငန်းရှင်များအသင်းကသိရပါတယ်။ ပြည်တွင်းစားသုံး ဆီဖူလုံဖို့အတွက် စစ်ကောင် စီရဲ့လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး ဆီထွက်သီးနှံဈေးကွက်ကျွမ်းကျင်သူတစ်ဦးက အခုလိုပြောပါတယ်။
ဆီထွက်သီးနှံဈေးကွက်ကျွမ်းကျင်သူတစ်ဦး
"အဓိကကတော့ ဒီကဏ္ဍကတော့ တောင်သူကိုတော့အဓိကသွားထိခိုက်မှာပေ့ါ ဗျာ။ အဓိက ဘယ်ဟာလဲဆိုတော့ တောင်သူကိုပဲ အဓိကထိခိုက်မယ့်ပုံစံမျိုးဖြစ်လာတာ ပေါ့။ ဘာဖြစ်လို့တောင်သူကိုပဲ အဓိက ထိခိုက်လဲဆိုတော့ ခုနက ဝင်ငွေခွန်လျော့ပေါ့တယ်ဆိုတဲ့ ကိစ္စက ဆီစက်လုပ်ငန်းရှင်များအဖွဲ့တွေ သူတို့တွေ စက်လည်ပတ်နိုင်ဖို့ပေါ့။ အဓိက သူတို့စက်တွေက ပြောရမယ်ဆိုရင် ကျွန်တော်တို့က ဆီကို ကုန်ချောလုပ်ပြီး တော့ အင်တာနေရှင်နယ် ဈေးကွက်ကို ပို့နိုင်တဲ့အနေထား မရှိဘူး။ သို့သော် ဒီအဖွဲ့အစည်းတွေအနေနဲ့ ကသူတို့ရဲ့စက်တွေကို ဒီအင်တာနေရှင်နယ်အဆင့်မှီအောင် အဆင့်မှီအောင် အဆင့်မြှင့်ရမယ့်ဟာတွေ လုပ်နိုင်ဖို့ရာသိပ်မရှိဘူး။ မလုပ်နိုင်ကြဘူးပေါ့ နော်။ သို့သော်အဲ့လိုမျိုးလုပ်ရမယ့်အစား သူတို့ကဘာကိုပြန်စဉ်းစားလဲဆိုတော့ ဒီဆီ ထွက်သီးနှံကုန်ကြမ်းကိုထွက်ခွင့်မရပဲနဲ့ သူတို့ဆီစက်တွေလည်ဖို့အရေး၊ အလုပ်ဖြစ်ဖို့ အရေးကိုဦးတည်တာပေါ့ဗျာ။ သူတို့တွေပြောနေတဲ့ စကားတွေအရတော့ ဆီစက်တွေ လည်မယ်၊ ပြီးရင်အလုပ်အကိုင်အခွင့်အလမ်းကိစ္စတွေပြောမယ်။ နောက်တစ်ခုကတော့ အဲ့ဒီကနေ ဘိုင်ပရောဒက်အနေနဲ့ထွက်လာမယ့် နှမ်းဖတ်၊ ပဲဖတ်တွေ တိရစ္ဆာန်အစာအ တွက် ဘယ်လောက်အကျိုးပြုမယ်။ နို့ထွက်ပစ္စည်းသားငါး၊ မွေးမြူရေးကဏ္ဍကိုဘယ်လို အကျိုးရှိစေမှာဖြစ်တယ်ဆိုတဲ့ ကိစ္စတွေက ဒီအဖွဲ့တွေပြောနေတဲ့ ဟာပေါ့။ သို့သော် ဒီ ဥစ္စာတွေက တကယ်တော့ သူတို့တွေ ဆီစက်တွေလည်ဖို့က ကုန်ကြမ်းက တောင်သူက အိတ်စ်ပို့တ်သမားကိုရောင်းရင် ဈေးပိုရတယ်။ ပြည်တွင်းမှာရောင်းရမယ်ဆိုရင်ဈေးက အဲ့လောက်မရနေဘူး။ အဲ့တော့ ပြောရမယ်ဆိုရင်တော့ ပြည်တွင်းမှာရှိတဲ့ ဆီစက်တွေက အိတ်စ်ပို့တ်သွားနေတဲ့ဈေးနဲ့ယှဉ်ပြီးတော့ မဝယ်နိုင်ဘူး၊ မလည်နိုင်ဘူးပေါ့။ ဒီဟာက အဓိကဖြစ်တယ်ဆိုပြီးတော့ မြင်တာပေါ့။ အဲ့ဒါကြောင့်မို့လို့ အခုဟာကတော့ စားသုံးဆီ ဖူလုံရေးဆိုတဲ့ဟာက ကိုယ်ဆီမှာရှိနေတဲ့သူတွေက ဆီထွက်သီးနှံကိုမထွက်ပဲ ပိတ်ထား လိုက်ရုံနဲ့ စားသုံးဆီဖူလုံရေးနဲ့ဘာမှတော့ သိပ်မဆိုင်ဘူးလို့မြင်တာပေါ့။”
စစ်ကောင်စီအကူအညီပေးဖို့ပျက်ကွက်နေတဲ့ မကွေးတိုင်းအတွင်းက မြေပဲနဲ့နှမ်း စိုက်ပျိုး တဲ့တောင်သူတွေမှာတော့ မိုခါမုန်တိုင်းကြောင့် နှမ်းပင်တွေပျက်စီး၊ ဆုံးရှုံးခဲ့သလို နောက် တစ်ကြိမ်ပြန်စိုက်ဖို့ ငွေကြေးအရင်းအနှီးမလုံလောက်တာကြောင့် မိုးကြိုနှမ်းတစ်ရာ သီ ကို လက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။ ပြည်တွင်းစားသုံးဆီဖူလုံဖို့က စိုက်ပျိုးထုတ်လုပ်မှုက စရမှာဖြစ်ပြီး လတ်တလော နှမ်းတောင်သူတွေရဲ့အခက်အခဲကို မကွေးတိုင်းဒေသကြီးမှ နှမ်းစိုက်ပျိုးသူတစ်ဦးက အခုလိုပြောပါတယ်။
မကွေးဒေသမှ နှမ်းစိုက်တောင်သူတစ်ဦး
“ အဲ့ဒါကတော့ ဒီလိုပါ။ တကယ့်ကိုပဲ ဆီထွက်သီးနှံနဲ့ နိုင်ငံအတွင်းဆီလုံလောက်ဖို့ဆိုရင် ဒီဘက်ကတော့ နစ်နာဆုံးရှုံးတဲ့ဘက်တွေကတော့ ပြန်လည်ပြီးတော့ လုပ်လို့မရဘူး။ ဒါပေမယ့် ဆက်လက်ပြီးတော့ လုပ်ဆောင်နေတဲ့ဒေသတွေရှိတယ်။ အဲ့ဒါက မိုခါပြီးမှစိုက်ရတဲ့ဒေသတွေရှိတယ်။ သူတို့အခက်အခဲတွေကတော့ လောလောဆယ် အခက်အခဲကတော့ သွင်းအားစုတွေ ဈေးမြင့်နေတာဆိုရင်ကျွန်တော်တို့က သွင်းအားစု တွေကို ဘယ်လိုဖြည့်ဆည်းပေးမလဲဆိုတာရှိတယ်။ စိုက်ပျိုးစရိတ်တွေကို၊ မြန်မာနိုင်ငံရဲ့ အခြေအနေက စိုက်ပျိုးစရိတ်က တစ်နှစ်ကိုတစ်ခါပဲ ချေးတဲ့သဘောပဲရှိတယ်။ လယ်ဆို ရင်လည်းလယ်ပဲ၊ ယာဆိုရင်လည်း ထိုက်သင့်တဲ့၊ လယ်ဆိုတစ်သိန်းခွဲဆိုရင် ယာမှငါး သောင်းပဲချေးပေးတာကိုး။ တစ်ဧကအတွက် ငါးသောင်းချေးပေးတာဆိုရင်တောင်မှ တစ် ဧကရဲ့သွင်းအားစုသည် တစ်သိန်းအထွက်မှာ ရှိတယ်။ တကယ်ကိုမလုံလောက်ဘူးပေါ့။ တကယ်လို့ သွင်းအားစုတွေမှ မထည့်နိုင်ဘူးဆိုလို့ရှိရင်လည်း ကျွန်တော်တို့က မကွေး ဘက်အခြမ်းမိုးကိုအားကိုးပြီးစိုက်ရတဲ့ဒေသတွေကအထွက်နှုန်းတွေကလျော့မှာပဲ။ အထွက်နှုန်းတွေကလျော့တော့ သူတို့ပြောချင်တဲ့ဆီလုံလောက်မှုဆိုတာ စိုက်ပျိုးစရိတ် တွေပြည့်ဝစွာပံ့ပိုးပေးနိုင်မှသာလျှင် မြန်မာနိုင်ငံအတွက်လိုအပ်တဲ့ဆီအားကို မကွေး တိုင်းအနေနဲ့ထုတ်လုပ်ပေးနိုင်မှာဖြစ်တယ်။ နို့မို့ဆိုရင်တော့ ထုတ်လုပ်ပေးနိုင်တဲ့ စွမ်း ရည်မရှိဘူး။”
မြန်မာနိုင်ငံရဲ့ဆီထွက်သီးနှံထုတ်လုပ်မှုက ၂၀၂ဝပြည့်နှစ်ဝန်းကျင်က တန်ချိန် ခုနှစ်သန်း ခွဲရှိပြီး ၂၀၂၃စိုက်ပျိုးရာသီမှာတော့ တန်ချိန် ၈သန်းကျော်ရှိတယ်လို့ စိုက်ပျိုးရေးဦးစီးဌာ နက စာရင်းပြထားပါတယ်။ မြန်မာ့ဆီထွက်သီးနှံတွေထဲမှာ မြေပဲ၊ နှမ်း၊ နေကြာ၊ ဆီမုန် ညှင်းနဲ့ ပန်းနှမ်းက အဓိကဖြစ်ပြီး ထွက်ရှိတဲ့ပမာဏအရ ဆီမက်ထရစ်တန်ချိန် ဖွဲ့ မယ်ဆိုရင် ဆီဖူလုံမှုက ရာခိုင်နှုန်း တစ်ရာ့ငါးဆယ်နီးပါးရှိတယ်လို့ သက်ဆိုင်ရာဌာနတွေ ကထုတ်ပြန်ကြပါတယ်။ ဒီလိုထုတ်ပြန်တာတွေရှိနေပေမယ့် ပြည်တွင်းကပေးတဲ့ ဈေး နှုန်းနဲ့ ပြည်ပဈေးကွက်ပေါက်ဈေးတွေက ပိုများနေတဲ့အတွက် မြေပဲနဲ့ နှမ်းတန်ချိန်အများအပြားကို ပြည်ပကိုတင်ပို့နေတာဖြစ်ပါတယ်။ အဲ့ဒီနောက်ပြည်ပကနေ စားအုန်းဆီ တန်ချိန် ၉သိန်းလောက်ကိုပြန်လည် တင်သွင်းစားသုံးနေတာဖြစ်ပါတယ်။ ဒါကြောင့်စစ် ကောင်စီရဲ့ ပြည်တွင်းစားသုံးဆီဖူလုံမှုရည်မှန်းချက်က ဆီထွက်သီးနှံမျိုးကောင်းမျိူးသန့် တွေနဲ့အတူ စိုက်ပျိုးရေးသွင်းအားစုတွေကိုပါ တောင်သူကိုအကူအညီမပေးနိုင်သရွှေ့ ရည်မှန်းချက်ပြည့်မှီဖို့ အလှမ်းကွာဝေးနေအုန်းမှာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံး သပ်ကြတာဖြစ်ပါတယ်။
No comments:
Post a Comment