သိမ်းဆည်းကော်ဖီမြေတွေ မူလပိုင်ရှင်ကို စစ်ကောင်စီက ပြန်မပေးဟု ဆို
(Radio NUG) မကြေးမုံ၊ ဇူလိုင် ၂၅၊ ၂၀၂၃
သိမ်းဆည်းထားတဲ့ကော်ဖီမြေတွေကို အသစ်ပြန်လည်လျှောက်ထားခွင့်ပေးမှာဖြစ်ပြီး မူလပိုင်ရှင်တွေကိုတော့ လျှောက်ထားခွင့်ပယ်ဖျတ်သွားမှာဖြစ်ပါတယ်။ ဒီသတင်းကို မကြေးမုံကပေးပိုထားပါတယ်။
လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က မန္တလေး၊ ပြည်ဦးလွင်နဲ့ နောင်ချိုမြိုနယ်တွေရှိကော်ဖီနဲ့ မက္ကဒေးမီးယားစီမံကိန်းအဖြစ်ချထားပေးတဲ့ မြေဧကတွေအပါအဝင် ပုသိမ်ကြီးမြို နယ် ထဲက လယ်မြေ၊ သစ်တောမြေဧက စုစုပေါင်း ဧကတစ်သိန်းလောက်ကို စည်းကမ်းချက် နဲ့မညီလိုဆိုပြီး စစ်ကောင်စီကပြန်လည် သိမ်းဆည်းနေတာဖြစ်ပါတယ်။ ကော်ဖီစီမံ ကိန်း အဖြစ်ချထား ပေးပေမယ့် ကော်ဖီဈေး ကွက်မရှိတဲ့အတွက် အခြားသီးနှံစိုက်ပျိုးတာတွေ၊ အခြားစီးပွား ရေးလုပ်ကိုင်တာတွေကို ဆယ်စုနှစ်တစ်ခုကြာခွင့်ပြုထားပြီးမှ လက်ရှိအ ချိန်မှာ စစ် ကောင်စီက အဆောက်အဦးတွေကို အင်အားသုံး ဖြိုဖျက်နေတာဖြစ်ပါတယ်။ ဒီလို ဖျတ်ဆီးလိုက်တဲ့မြေတွေကို မြိုပြမြေယာစာရင်းထဲထည့်သွင်းပြီး ထပ်မံချထား ပေးမှာဖြစ်ပေမယ့် မူလလျှောက်ထားသူတွေကိုတော့ လျှောက်ခွင့်ပေးမှာမဟုတ်ဘူးလို စစ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးက အခုလိုပြောပါ တယ်။
အင်တာဗျူးအသံ -
“ သတင်းစာမှာကြော်ငြာမှာဆိုတာက ကျွန်တော်တို ကော်ဖီမြေတွေ၊ သစ်တော မြေတွေဆိုတာကို အများပြည်သူချပေးမှာ။ ချပေးမယ့်ဟာက အခုသိမ်းထားတဲ့မြေတွေ ပေါ့နော်။ လောလောဆယ် ဧကက လေးထောင်ကျော်၊ ငါးထောင်လောက်ရှိတယ်။ အဲ့ဒါ ပြီးတာနဲ့ မူလပိုင်ရှင်တွေက ပြန်လျှောက်ခွင့်မရှိတော့ဘူး။ သားသမီးတွေကလည်း ပြန် လျှောက်ခွင့်မရှိတော့ဘူး။ လျှောက်လည်း ကျနော်တို့ကို ချပေးမှာမဟုတ်ဘူး။"
နှစ်ရှည်သီးနှံဖွံဖြိုးဖိုအတွက် လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကာလအတွင်းက ဈေးကွက်မကျယ်ပြန့်သေးပေမယ့် ကော်ဖီနဲ့ မက္ကဒေးမီးယားစိုက်ပျိုးဖို့ စီမံကိန်းတွေချပြီး မြေယာလျှောက်ထားခွင့်ပြုခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလိုလျှောက်ထားခွင့်ပြုခဲ့ပြီးနောက် နှစ်ရှည်သီးနှံတွေ စိုက်ပျိုးခဲ့ကြပြီး ထွက်ရှိလာချိန်မှာတော့ ဈေးကွက်ရှာဖွေတာ၊ တန်ဖိုးမြှင့်ထုတ်ကုန်ထုတ် လုပ်တာ စတဲ့ လုပ်ငန်းလိုအပ်ချက်ကြောင့် သင့်တော်တဲ့အဆောက်အဦးတွေ ဆောက်လုပ်ရာမှာ စစ်ကောင်စီက စည်းကမ်းချက်နဲ့ မကိုက်ညီဘူးဆိုကာ ဥယျာဉ်ခြံတွေကို ပြန်လည်သိမ်းယူဖို ပြင်ဆင်လာတာပဲဖြစ်ပါတယ်။ ဒီအခြေအနေကို စီးပွားဖြစ်မက္ကဒေးမီး ယားထုတ်လုပ်သူတစ်ဦးက အခုလိုပြောပါတယ်။
အင်တာဗျူး အသံ -
“ ဖြစ်ထွန်းနေတဲ့တောင်သူတွေကို ဖျတ်ပေးရမယ်ဆိုတာ လုံးဝမဖြစ်သင့်တဲ့ ကိစ္စပါ။ ဟိုဘက်ပိုင်းမှာတော့ တစ်ချိုက ဖြစ်ထွန်းအောင်မစိုက်လို့ ဆိုတာတော့ ဖြစ် ကောင်းဖြစ်မယ်။ တစ်ချိုဟာတွေလည်း ရှိတယ်လိုတော့ ကြားတယ်။ ကိုယ်လည်း အတိအကျတော့မသိဘူး။ မဝါတို့ နဲ့ အန်တီတိုနဲ့က စီမံကိန်းတစ်ခုထဲပဲ။ တူတူပဲ လေ။ နောင်ချို အုန်းမခါး မှာပဲ။ တစ်ခြားလည်း ငါးဆယ်ကျော်လောက် စိုက်တယ်။ အားလုံးက စုပေါင်းစိုက်နေတာ ဧကတစ်ထောင်ကျော်စီမံကိန်းမှာ။ သူတိုလည်းထုတ်ကုန် ထုတ်နေတာပဲ၊ အန်တီလည်း ထုတ်နေတာပဲ။ နောက်ပြီးတော့ နောက်တစ်ယောက်လည်း ထုတ်တယ်။ မကဘူး။ ဒီထဲမှာ လေးဦးလောက် ထုတ်ကုန်ထုတ်နေတယ်။”
စစ်အာဏာရှင်လက်ထက် လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကျော်ကထဲက ကော်ဖီနဲ့ မက္ကဒေးမီးယား စိုက်ပျိုးဖို့ စိုက်ပျိုးရေးဦးစီးဌာနက သစ်တောမြေတွေကို လွဲပြောင်းရယူပြီး ချထားပေးခဲ့ တာ ဖြစ်ပါတယ်။ အဲ့ဒီမြေ တွေမှာ သတ်မှတ်ထားတဲ့သီးနှံစိုက်ပျိုးကြတာမရှိပဲ အခြားစီးပွားရေးလုပ်ကိုင်ကြသူများ ရှိသလို သတ်မှတ်ထားတဲ့ သီးနှံကို စိုက်ပျိုးပြီး လိုအပ်တဲ့ အဆောက်အဦးများ ဆောက်လုပ်ထားတဲ့ ခြံရှင်များကိုပါ စည်းကမ်းချက်နဲ့ မကိုက်ညီကြောင်း စွပ်စွဲပြီး ခြံတွေကို လက်နက်ကိုင်အစောင့်အရှောက်တွေခြံရံပြီး အဆောက်အဦးတွေကို ဖျက်ဆီးလာတာဖြစ်ပါတယ်။
No comments:
Post a Comment