RADIO NUG (Ethnic language program) 29th JUL 2023

 


📌 (ချင်း တိုင်းရင်းသား - Daai ဒိုင်ရ် ဘာသာစကား) ထုတ်လွှင့်မှု အစီအစဥ် ၂၀၂၃ ဇူလိုင်လ ( ၂၉ ) ရက်နေ့ နောက်ဆုံးရပြည်တွင်းသတင်းများ 

📌📌 ၁။ VAKOK တပ်ရင်း ရဲဘော်တဦး တိုက်ပွဲကျ

 

ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) ရဲဘော်တဦး တိုက်ပွဲကျတယ်လို့ သိရပါတယ်။

 

ဇူလိုင် ၂၄ရက် အစောပိုင်းကဖြစ်ပွားတဲ့ ကန်ပက်လက်မြို့ လေယာဉ်ကွင်းအနီး တိုက်ပွဲမှာ ကျဆုံးတာလို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) က ထုတ်ပြန်ပါတယ်။

 

ဇူလိုင်လ၊ ၂၄ရက်နေ့၊ နံနက်ပိုင်းတွင် ကန်ပက်လက်မြို့နယ်၊ လေယာဉ်ကွင်းအနီးတွင် ကန်ပက်လက်မြို့ပေါ်မှ တပ်ချိန်းပြီး ပြန်လည်ထွက်လာသည့် စစ်ကြောင်းနှင့် မိမိတို့အကြား ထိတွေ့မှုဖြစ်ပွားခဲ့ရာ မိမိတို့ဘက်မှ ရဲဘော် () ဦး မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ပါသည်။လို့ ဆိုပါတယ်။

 

ကျဆုံးရဲဘော်ဟာ VAKOK တပ်ရင်း ရဲဘော်တဦးလို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) VAKOK Battalion က အသိပေးထားပါတယ်။

 

ကန်ပက်လက်မှာ လေကြောင်းတိုက်ခိုက်မှု ခံထားရသလို တပ်ချိန်းစစ်ကြောင်းနဲ့ ရိက္ခာပို့စစ်ကြောင်း ခု ရှိနေတာကြောင့် လက်ရှိအချိန်ထိ တိုက်ပွဲအရှိန် မြင့်မားနေဆဲပါ။ 

 

ဇူလိုင် ၂၃ရက် ကလည်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) အတွက် အားကိုးအားထားရတဲ့ အသက် ၅၀ ကျော် အမျိုးသားတဦး စစ်ကောင်စီထောင်မိုင်းကြောင့် အသက်ဆုံးရှုံးလိုက်ရတာ ရှိပါတယ်။

 

၁၀ ရက်ကျော်အထိရှိလာတဲ့ ကန်ပက်လက်နယ်တိုက်ပွဲအတွင်း စစ်ကောင်စီဘက် သေဆုံးတာအပါအဝင် ထိခိုက် ဒဏ်ရာရသူ ၃၀ ကျော်နိုင်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

 

ပြင်းထန်တိုက်ပွဲ ရက်ဆက်နေတဲ့ ကန်ပက်လက်မှာ ပြည်သူတွေရဲ့ ပါဝင်ပံ့ပိုးမှုလိုအပ်နေတယ်လို့ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) က အသိပေးနှိုးဆော်ပါတယ်။

 

========================

 

📌📌 ၂။ မင်းတပ်‌မြို့ပေါ်မှာ စစ်ကောင်စီတပ်က အမျိုးသား ဦးကို ထပ်မံ ဖမ်းဆီးသတ်ဖြတ်

 

မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်း စစ်ကောင်စီတပ်က ဒေသခံ အမျိုးသား ဦးကို စွပ်စွဲဖမ်းဆီး သတ်ဖြတ်ခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

 

သူတို့ ဦးဟာ ဇူလိုင် ၁၆ ရက်နေ့ကတည်းက ဖမ်းဆီးခံရတာလို့ သိရပြီး အသက် ၄၅၊ ၅၀ နဲ့ ၆၀ ဝန်းကျင်တွေဖြစ်သလို စစ်ဘေးရှောင်စခန်း (ဘုရားကျောင်း) မှာ လအတော်ကြာ နေထိုင်လာကြသူတွေလို့ သိရပါတယ်။

 

အခုလို ဒေသခံ အမျိုးသား ဦးကို ခလရ ၂၇၄ တပ်ရင်းက သတ်ဖြတ်တာမျိုး ၂၀၂၂ ဒီဇင်ဘာလတုန်းက မင်းတပ်တက္ကသိုလ်ကျောင်းဝန်းအနီးမှာ ဖြစ်ပွားခဲ့ဖူးသလို လဝန်းကျင်အကြာမှာ ဒါမျိုး နောက်တကြိမ် ထပ်ဖြစ်လာ တာပါ။

 

၂၇၄ တပ်ရင်းက မူးမူးရူးရူးနဲ့ ဖမ်းသွားကြတာလို့ ကြားတယ်၊ ဆိုင်ကယ်များတာကို အကြောင်းပြပြီး ဖမ်းသွားတာ။လို့ ဖြစ်စဉ်သိရှိထားသူက The Mindat Post ကို ပြောပါတယ်။

 

အဲဒီအမျိုးသား ဦးဟာ စွပ်စွဲဖမ်းဆီးခံရပြီးတဲ့နောက် ၁၀ ရက်အကြာမှာ သူတို့သေဆုံးကြောင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက အကြောင်းကြားလာတာလို့ အသက်ဆုံးရှုံးရသူနဲ့ ဆွေမျိုးတော်စပ်တဲ့ (ပြည်ပမှာနေထိုင်သူ) ကလည်း  ပြောပါတယ်။

 

အဖမ်းခံရတဲ့ နေ့ကတည်းက လိုက်စုံစမ်းတယ်၊ သူတို့ ခလရ ၂၇၄ တပ်ရင်းမှာ မရှိဘူး၊ မသိဘူးပဲ ငြင်းနေကြတာ လေ။ ဒီနေ့မှ ကွဲကွဲပြားပြား သိရတာ။လို့ ဆိုပါတယ်။

 

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) ဘက်က တစုံတရာ ထုတ်ပြန်တာမရှိသေးပေမယ့် ပြည်သူတွေ စစ်ကောင်စီရန် သတိပြုဖို့နဲ့ သူတို့အထိုင်ဂိတ်တွေမှာ ဝင်ထွက်သွားလာတာမျိုး ရှောင်ကြဉ်ဖို့ ဆက်တိုက် တိုက်တွန်းနေပါတယ်။

 

========================

 

📌📌 ၃။ စစ်ကောင်စီက ကျပ်‌ငွေ ၂၀,၀၀၀ တန် ထုတ်ဝေသွားမယ်

 

မြန်မာ ကျပ်‌ငွေ ၂၀,၀၀၀ တန် အကန့်အသတ်နဲ့ စတင်ထုတ်ဝေသွားမယ်လို့ စစ်ကောင်စီထိန်းချုပ်နေတဲ့ ဗဟိုဘဏ်က ဇူလိုင် ၂၃နေ့က ကြေညာပါတယ်။

 

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နေပြည်တော်မှာ တည်ထားတဲ့မာရဝိဇယဗုဒ္ဓရုပ်ပွားတော် တည်ဆောက်ပြီးစီးမှု အထိမ်းအမှတ်၊ ဆင်ဖြူတော်ရဌနန္ဒကရဲ့ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အနေနဲ့ ကျပ်ငွေ ၂၀,၀၀၀ တန် ထုတ်ဝေရ တာလို့ ပြောပါတယ်။ 

 

ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ကြေညာချက်အရ ကျပ်ငွေ ၂၀,၀၀၀ တန်ကို ၂၀၂၃ ဇူလိုင် ၃၁ ရက်နေ့ကနေ စတင် ဖြန့်ဝေတော့မှာပါ။ 

 

ပြည်တွင်းမှာ လှည့်လည်သုံးစွဲငွေတွေထဲက ဟောင်းနွမ်းပြီး သုံးဖို့မသင့်တော့တဲ့ ငွေသားတွေနဲ့ တန်ဖိုးတူလဲလှယ်ပေးဖို့အတွက်ဖြစ်တယ် လို့လည်း ဆိုထားပါတယ်။

 

========================

 

📌📌 ၄။ အွန်လိုင်း အလုပ်အကိုင်အားလုံး မှတ်ပုံတင်ဖို့ စစ်ကောင်စီ ကြေညာ

 

ပြည်တွင်းမှာ အွန်လိုင်းကနေ ရောင်းချတဲ့ လုပ်ငန်းမှန်သမျှ မှတ်ပုံတင်ရမယ်လို့ စစ်ကောင်စီ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၂၁နေ့က ကြေညာလိုက်ပါတယ်။

 

အမိန့်ကြေညာပြီးတဲ့ ခြောက်လအတွင်း မှတ်ပုံတင်ရမှာဖြစ်ပြီး ပျက်ကွက်ရင် စစ်ကောင်စီချမှတ်တဲ့ အနည်းဆုံး ထောင်ဒဏ် ခြောက်လကနေ သုံးနှစ်အထိ ချမှတ်ခံရမှာပါ။ 

 

ဒါအပြင် ငွေဒဏ် ငါးသိန်း ချမှတ်နိုင်တဲ့ အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေပုဒ်မကနေ အရေးယူမယ်လို့လည်း စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ခြိမ်းခြောက်ထားပါတယ်။

 

တဖက်မှာ ဒီလိုလုပ်လိုက်လို့ အခွန်နှုန်းတိုးလာတာ၊ တရားမဝင်ကုန်ပစ္စည်းရောင်းဝယ်ဖောက်ကားတာမျိုးမရှိအောင် လုပ်ရတာလို့ စစ်ကောင်စီဘက်ကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။

 

အာဏာသိမ်းပြီးနောက်ပိုင်း ဆက်သွယ်ရေး တယ်လီဖုန်းအပါအဝင်၊ အင်တာနက်အသုံးပြုမှုတွေကိုပါ ကန့်သတ်ထားပြီး အခုတခါ အွန်လိုင်းကနေ ရတဲ့အခွင့်အလမ်းတွေကိုပါ စစ်ကောင်စီက ထပ်မံကန့်သတ်လာတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

Related Posts:

No comments:

Post a Comment