11th AUG 2023 - Morning Daily News by Radio NUG



၂၀၂၃ သြဂုတ်လ ၁၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ လက်ရှိအချိန်ဟာ စစ်အာဏာရှင်စနစ်ကို အပြီးတိုင် တိုက်ထုတ်ဖယ်ရှားရမယ့်အချိန်ဖြစ်တယ်လို့ ယာယီသမ္မတပြောကြား

📌 ၂။ အဖွဲ့အစည်းအချင်းချင်းကြား စည်းလုံး ညီညွတ်မှု မလျော့စေရန်နဲ့ ဘုံရန်သူမပျောက်ပျက်ရန် ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၃။ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားက မှတ်တမ်းပေါင်း (၂၀၀) ကို ရရှိခဲ့ပြီး  (၁၅၃)ခုကို တရားစွဲဆိုနိုင်ဖို့ ခိုင်လုံတဲ့အမှုတွေအဖြစ် စုဆောင်းနိုင်ခဲ့

📌 ၄။ NCA စာချုပ် ပျက်ပြီလို့ KNUဆို

📌 ၅။ OASIS Federal Educational Centre မှ ကျောင်းတက်ရန် ခက်ခဲနေသော နေရာဒေသများမှ ကျောင်းနေအရွယ် ကလေးသူငယ်များအတွက် ကျောင်းအပ်ခမယူဘဲ Grade-4  အထိ ကျောင်းအပ်လက်ခံ

📌 ၆။ နမ့်ခမ်းမြို့နယ်တွင် ကျေးရွာ ၁၄ ရွာအတွင်း မြေပြိုမှုဖြစ်ပွားပြီး ()နှစ်အရွယ် ကလေးငယ်တစ်ဦး မြေပိသေဆုံးပြီး ဦး ဒဏ်ရာရ

📌 ၇။ စဥ့်ကိုင်ပကဖနဲ့ ယက္ခညီနောင် PDF MDY တို့ လက်ပစ်ဗုံး ထုတ်လုပ်အောင်မြင်

📌 ၈။ အကြမ်းဖက်စစ်ကောင်စီတပ်မှ ရဲဘော် နှစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ KNLA- ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်ထံ လာရောက်ပူးပေါင်း၍ စစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောမှ တစ်ဦးလျှင် ထိုင်းဘတ်ငွေ (၅၀,၀၀၀) ငါးသောင်းချီးမြှင့်ပေးအပ်

📌 ၉။ လေကြောင်းပစ်ကူနဲ့ ၂ကြိမ်တိုင်လာရောက်ပစ်ခတ်ခဲ့တဲ့ ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းကျေးရွာတိုက်ပွဲMA1 ၈လက်၊ ငါးကြင်းမြီး စက်လက် လက်နှင့်လက်နက်များ၂၄လက်အထိသိမ်းဆည်းရမိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ လက်ရှိအချိန်ဟာ စစ်အာဏာရှင်စနစ်ကို အပြီးတိုင် တိုက်ထုတ်ဖယ်ရှားရမယ့်အချိန်ဖြစ်တယ်လို့ ယာယီသမ္မတပြောကြား


သြဂုတ်လ၁၀ရက်

ကချင်အာဇာနည်နေ့ (Kachin Martyrs’ Day) အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ၏ အောက်မေ့သတိရစာမှာ အခုလိုဆိုထားပါတယ်။


"လက်ရှိအချိန်ဟာ စစ်အာဏာရှင်စနစ်ကို အပြီးတိုင် တိုက်ထုတ်ဖယ်ရှားပြီး အမျိုးသားတန်းတူညီမှု၊ တရားမျှတမှု၊ လွတ်လပ်မှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ အပြည့်အ၀ရရှိရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်နိုင်ရေးတို့အတွက် အားလုံးစုစည်းညီညွတ်ရမယ့် အချိန်ဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့လည်း ကချင်လူမျိုးများအပါအဝင် တိုင်းရင်းသားလူမျိုးများအားလုံး လိုလားတဲ့ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဒီမိုကရေစီကို အပြည့်အ၀အာမခံတဲ့ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရန် သံန္နိဌာန်ချထားတဲ့ အစိုးရဖြစ်ပါတယ်"လို့ဆိုပါတယ်။


၂၀၂၁ ခုနှစ် စက်တင်ဘာ၇ရက်မှာ ပြည်သူ့ခုခံတွန်းလှန်စစ်များစတင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ ကြေညာခဲ့ပါတယ်။


လက်ရှိအချိန်မှာ စစ်ရေးအရှိန်ကို မြှင့်တင်လျက်ရှိပြီးတော့ ၂၀၂၃ခု နှစ်ဟာ အဆုံးသတ်အတွက် အဆုံးအဖြတ်နှစ်ဖြစ်မယ်လို့ အသိပေးဆိုထားပါတယ်။


========================


📌📌 ၂။ အဖွဲ့အစည်းအချင်းချင်းကြား စည်းလုံး ညီညွတ်မှု မလျော့စေရန်နဲ့ ဘုံရန်သူမပျောက်ပျက်ရန် ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


သြဂုတ်လ၁၀ရက်

ဩဂုတ်လ ၁၀ ရက်ကျင်းပတဲ့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးမှာ ဝန်ကြီးချုပ်က အခုလိုပြောပါတယ်။


"တူမီးနဲ့စတင်ခဲ့သည့် တော်လှန်ရေးသည်  ယခုအချိန်မှာ အတိုင်းအတာ တစ်ခုအထိ အင်အား ကောင်းလာခဲ့သလို စစ်ကောင်စီကိုလည်း ဘက်ပေါင်းစုံ နေရာပေါင်းစုံကနေ ထိုးနှက် ဖိအားပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ သို့သော်လည်း နှစ်ပေါင်း ၇၀ ကျော် တိုင်းပြည်၏ အရင်းအမြစ်တွေ အားလုံးနဲ့ စိတ်တိုင်းကျတည်ဆောက်ထားသည့် အဖွဲ့အစည်းကို ရင်ဆိုင်နေရသည်ကို အမြဲမပြတ် သတိပြုရမှာဖြစ်ပါကြောင်း၊ အဖွဲ့အစည်းအချင်းချင်းကြား စည်းလုံးညီညွတ်မှု မလျော့စေရန် ဘုံရန်သူမပျောက်ပျက်ရန် အထူးမှာကြားလိုပါကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၃၁/၂၀၂၃)တွင် ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဦးဆောင်ကာပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားက မှတ်တမ်းပေါင်း (၂၀၀) ကို ရရှိခဲ့ပြီး  (၁၅၃)ခုကို တရားစွဲဆိုနိုင်ဖို့ ခိုင်လုံတဲ့အမှုတွေအဖြစ် စုဆောင်းနိုင်ခဲ့


သြဂုတ်လ၁၀ရက်

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားက မှတ်တမ်းပေါင်း (၂၀၀)ကို ရရှိခဲ့ပြီး  (၁၅၃)ခုကို တရားစွဲဆိုနိုင်ဖို့ ခိုင်လုံတဲ့ အမှုတွေအဖြစ် စုဆောင်းနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။


မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လကနေ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လကုန်အတွင်း  ရရှိထားတဲ့ အချက်အလက်တွေကို မူတည်တဲ့ နှစ်ပတ်လည်အစီရင်ခံစာကို ဩဂုတ်လ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ 


ဒီအစီရင်ခံစာရဲ့ အချက်တွေကို မူတည်ပြီးတော့ ယန္တရားရဲ့ ဥက္ကဋ္ဌ Mr. Nicholas Koumjian ဖြစ်သူကအကြမ်းဖက်စစ်အုပ်စုဟာ စစ်ရာဇဝတ်မှုတွေကို အကြိမ်ရေတိုးမြှင့်၊ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတယ်လို့ မှတ်ချက်ချခဲ့ပါတယ်။  


"ဒီကာလအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ပုံစံ () မျိုးနဲ့ ကျူးလွန်နေတယ်လို့ ဆိုပါတယ်။ ပထမပုံစံ () ကတော့ အကြမ်းဖက်စစ်အုပ်စုဟာ အရပ်သားပြည်သူတွေကို တွေ့မြင်သမျှ သတ်ဖြတ်နေတဲ့ပုံစံဖြစ်ပါတယ်။ အရပ်သားတွေကို ပစ်ခတ် သတ်ဖြတ်တာတွေ၊ လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကို ဆိုလိုပါတယ်။ ဒုတိယပုံစံ () ကတော့ ဖမ်းဆီးရမိတဲ့ အရပ်သားတွေနဲ့ တော်လှန်ရေးသမားတွေကို ရက်ရက်စက်စက်နှိပ်စက်ပြီးတော့ သတ်ဖြတ်မှုဖြစ်ပါတယ်။ ဖမ်းဆီးပြီးသတ်ဖြတ်တဲ့ အလောင်းတွေမှာ နှိပ်စက်မှုခံရတာတွေ ခေါင်းဖြတ်၊ ရင်ခွဲ၊ အပိုင်းပိုင်းဖြတ်ပြီးတော့ သတ်ဖြတ်ခဲ့တာမျိုးဖြစ်ပါတယ်"လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက အစီရင်ခံစာကိုသုံးသပ်ပြောထားပါတယ်။


ဒီကာလအတွင်းမှာ ဆိုးဆိုးဝါးဝါးဖြစ်ခဲ့တဲ့ အမှုအနေတဲ့ နမူနာဖော်ပြတဲ့ နေရာမှာတော့ လူပေါင်း(၁၅၀)ကျော် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ ပဇီကြီးရွာ အဖြစ်အပျက်ကို ထင်ရှားစွာ ဖော်ပြထားပါတယ်။ 


စုံစမ်းစစ်ဆေးမှုယန္တရားအနေနဲ့ မျက်မြင်သက်သေတွေက ထုတ်ဖော်ပြောကြားခဲ့တဲ့ မှတ်တမ်းပေါင်း (၂၀၀) ကို ရရှိခဲ့ပြီး အဲ့ဒီထဲကမှ (၁၅၃)ခုကို တရားစွဲဆိုနိုင်ဖို့ ခိုင်လုံတဲ့အမှုတွေအဖြစ် စုဆောင်းနိုင်ခဲ့တယ်။


 အမှုပေါင်း (၂၇)ခုကိုတော့ နိုင်ငံတကာရာဇဝတ်မှု လမ်းကြောင်းတွေအတိုင်း ဆက်လက်လုပ်ဆောင်နိုင်ဖို့အတွက် ပေးပို့နိုင်ခဲ့တယ်လို့ဆိုပါတယ်။


========================


📌📌 ၄။ NCA စာချုပ် ပျက်ပြီလို့ KNUဆို


သြဂုတ်လ၁၀ရက်

သြဂုတ်လ၁၀ရက် ကျင်းပတဲ့ First 100 Days: KNU in New Era” သတင်းစာရှင်းလင်းပွဲမှာ "တစ်နိုင်ငံလုံးအပစ် အခတ် ရပ်စဲရေး NCA စာချုပ်ပျက်ပြီ"လို့ KNU အထွေထွေအတွင်းရေးမှူး ပဒိုစော တာဒိုမှူးမှ  ပြောပါတယ်။


"NCA ရဲ့ နှလုံးသားဖြစ်တဲ့ အခန်း အခြေခံမူကို နင်းချေ ဖျက်ဆီးလိုက်တာက စစ်တပ်ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် NCA ရဲ့ အခန်း က NCA တစ်ခုလုံးရဲ နှလုံးသားဖြစ်ပါတယ်။ အဲဒီနှလုံးသားကို ဖျက်ဆီး လိုက်ပြီး ဖြစ်တဲ့အတွက်ကြောင့် ဒီ NCA ဟာ မရှိတော့ဘူး"လို့ဆိုပါတယ်။


အကြမ်းဖက်စစ်အုပ်စုဟာ လက်ရှိမှာ ငြိမ်းချမ်းရေး ဆွေးနွေးသယောင် သရုပ်ပြ၍ တိုင်းရင်းသားတော်လှန်ရေးအင်အားစုအချို့ကို လှည့်ဖျားလျက်ရှိပါတယ်။


လက်ရှိ နွေဦးတော်လှန်ရေးရဲ့ ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း စကစတပ်ဖွဲ့ဝင် သုံးသောင်းကျော် သေဆုံးခဲ့ပါတယ်။


========================


📌📌 ၅။ OASIS Federal Educational Centre မှ ကျောင်းတက်ရန် ခက်ခဲနေသော နေရာဒေသများမှ ကျောင်းနေအရွယ် ကလေးသူငယ်များအတွက် ကျောင်းအပ်ခမယူဘဲ Grade-4  အထိ ကျောင်းအပ်လက်ခံ


သြဂုတ်လ၁၀ရက်

OASIS Federal Educational Centre မှ ကျောင်းတက်ရန် ခက်ခဲနေသော နေရာဒေသများမှ ကျောင်းနေအရွယ် ကလေးသူငယ်များအတွက် ကျောင်းအပ်ခမယူဘဲ Grade-4  အထိ ကျောင်းအပ်လက်ခံနေပြီလို့ သြဂုတ်လ၁၀ရက်မှာ OASIS Federal Educational Centre တည်ထောင်သူ ဦးသူရကို  ဆက်သွယ်မေးမြန်းရာမှာ အတည်ပြုပြောဆိုပါတယ်။


"ကြားကာလပညာရေးအတွက် အခမဲ့သင်ကြားပေးမှာဖြစ်ပါတယ်။ ကျွန်တော်တို့က ကျောင်းအပ်ခလည်းမယူဘူး။ ကျောင်းလခလည်း မယူပါဘူး။ အဓိကနယ်ဘက်တွေမှာ စစ်ဘေးရှောင်နေရတဲ့သူတွေအတွက်ရည်ရွယ်ပါတယ်။ ပညာရေးပရိုဂရမ်တစ်ခုဖြစ်ပါတယ်။ လွတ်လပ်တဲ့ပညာဒါနအနေနဲ့လှုပ်ရှားမှာပါ"လို့ဆိုပါတယ်။


OASIS FEC  မှ Academic Year-2023 (Batch-1) အတွက်KG မှ Grade-4  အထိ လက်ခံပေးသွားမှာ ဖြစ်ပြီးတော့ အွန်လိုင်းသင်ကြားမှုကနေ တစ်နှစ်တာ စာသင်ကာလ ငါးလသတ်မှတ်ပြီး သင်ကြားပေးသွားမှာဖြစ်ပါတယ်။


"ဒီသင်ကြားရေးမှာ စနေ၊ တနဂ်နွေမှာ ကလေးတွေအတွက် English နဲ့Japan ကိုလည်း ဘာသာစကားအနေနဲ့သင်ကြားပေးသွားမှာပါ။ တကယ်လို့ကြားထဲ ကလေးတွေ GEDဝင်ခွင့်ဖြေမယ်ဆိုလည်း ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်"လို့ OASIS Federal Educational Centre တည်ထောင်သူ ဦးသူရက ထပ်မံပြောပါတယ်။


တက်ရောက်သင်ယူခွင့်ရသော ကျောင်းသူ/သားများအား Mail ပို့ အကြောင်းကြားမည်ဖြစ်ပြီး လျှောက်ထားလိုသူများအနေဖြင့် OASIS Federal Educational Centre Face Bookစာမျက်နှာတွင် Google formများ ဖြည့်သွင်းလျှောက်ထားနိုင်မှာဖြစ်ပါတယ်။


========================


📌📌 ၆။ နမ့်ခမ်းမြို့နယ်တွင် ကျေးရွာ ၁၄ ရွာအတွင်း မြေပြိုမှုဖြစ်ပွားပြီး ()နှစ်အရွယ် ကလေးငယ်တစ်ဦး မြေပိသေဆုံးပြီး ဦး ဒဏ်ရာရ


သြဂုတ်လ၁၀ရက်

တအာင်းပြည်နယ်၊ တပ်မဟာ ()စစ်ဒေသ၊ နမ့်ခမ်းမြို့နယ်တွင်  သြဂုတ်လ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျေးရွာ(၁၄)ရွာအတွင်း မြေပြိုမှုများဖြစ်ပွားခဲ့ပြီး ထိုမြေပြိုကျမှုကြောင့် အသက် နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦး မြေပိသေဆုံးခဲ့ပြီး ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ PSLF/TNLAကဖော်ပြပါတယ်။


သြဂုတ်လ ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်ခမ်းမြို့နယ်အတွင်းရှိ မန်ကန်ရွာ၊ မန်လုံရွာ၊ နမ့်ဟွမ်ရွာ၊ ကောင်းခေရွာ၊ ပန်လောရွာ၊ ပန်ခါးရွာ၊ လွယ်မွန်းရွာ၊ ဆိုင်တောင်ရွာ၊ ဆာလူရွာ၊ မန်အောင်ရွာ၊ ဖာလင်ရွာ၊ ကြူဆိုင်းရွာ၊ ပန်ဟန်ကြီးရွာနှင့် မန်စပ်ရွာ စသည့် ကျေးရွာ (၁၄)ရွာတွင် မြေပြိုမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။


မြေပြိုမှုကြောင့် နေအိမ် (၂၆)လုံး၊ ဘုန်းကြီးကျောင်း()ကျောင်း၊ သီလရှင်ကျောင်း()ကျောင်း မြေပိပြိုကျပျက်စီးသွားခဲ့ကာကျေးရွာ()ရွာအတွင်းရှိ လမ်းများပြိုကျပျက်စီးသွားခဲ့ပြီး ပန်ခါးရွာနှင့် ပန်လောရွာသို့ ဆက်သွယ်ထားသည့် တံတား()စင်းလည်း ကျိုးကျပျက်စီးသွားခဲ့ပါတယ်။


မြေပြိုမှုကြောင့် နေအိမ်များအပြင် နေအိမ်အတွင်းရှိ အိမ်သုံးပစ္စည်းများ၊ ဆန်၊ ဆိုင်ကယ်နှင့် နေအိမ်အသုံးအဆောင်ပစ္စည်းများ မြေစာပိပြီး ပျက်စီးဆုံးရှုံးသွားခဲ့ရပြီး ကျေးရွာ (၁၄)ရွာအတွင်း ထိုကဲ့သို့ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် ကာလတန်ဖိုး ကျပ်သိန်းပေါင်း (၈၀၀)နီးပါး ဆုံးရှုံးသွားခဲ့ရပါတယ်။


========================


📌📌 ၇။ စဥ့်ကိုင်ပကဖနဲ့ ယက္ခညီနောင် PDF MDY တို့ လက်ပစ်ဗုံး ထုတ်လုပ်အောင်မြင်


သြဂုတ်လ၁၀ရက်

စဥ့်ကိုင်ပကဖနဲ့ ယက္ခညီနောင် PDF MDY တို့ လက်ပစ်ဗုံး ထုတ်လုပ်အောင်မြင်တယ်လို့ ယက္ခညီနောင် PDF MDYက ဗုံးနဲ့ပတ်သက်လို့ အသိပေးဆိုထားပါတယ်။


"မိဘပြည်သူများ၏ ကူညီထောက်ပံ့မှုဖြင့် ထုတ်လုပ်ထားသော လက်ပစ်ဗုံး /Hand Grenade (လျှက်ဆားပုလင်)များ/ ဖြစ်ပါတယ်။ မြို့နယ်အတွင်းရှိ မိဘပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးနှောက်ယှက်နေသော စစ်ကောင်စီနှင့် အပေါင်းအပါများကို ထိထိရောက်ရောက်ဆုံးမရန်အတွက် ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်"လို့ဆိုပါတယ်။


ထုတ်လုပ်မှုကုန်ကျစရိတ် ကျပ်ခြောက်သောင်းဝန်းကျင်ရှိ လက်ပစ်ဗုံးဟာ သတ္တု၊ ဘောစေ့၊ ယမ်းတို့ပါဝင်ကာ ပေသုံးဆယ် ပတ်လည်ကို ပေါက်ကွဲမှုအောင်မြင်ကြောင်းသိရပါတယ်။


========================


📌📌 ၈။ အကြမ်းဖက်စစ်ကောင်စီတပ်မှ ရဲဘော် နှစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ KNLA- ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်ထံ လာရောက်ပူးပေါင်း၍ စစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောမှ တစ်ဦးလျှင် ထိုင်းဘတ်ငွေ (၅၀,၀၀၀) ငါးသောင်းချီးမြှင့်ပေးအပ်


သြဂုတ်လ ၁၀ ရက်

သြဂုတ်လ၁၀ရက်မှာ ကေအဲန်ယူ - ဒူးပလာယာ ခရိုင်က အခုလို အသိပေးဖော်ပြပါတယ်။


အကြမ်းဖက် စစ်ကောင်စီတပ်၏ မတရားဖိနှိပ်အုပ်ချုပ်မှု စနစ်အား မနှစ်သက်သဖြင့် တော်လှန်ရေး ပြီးဆုံးသည်အထိ KNLA- ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်နှင့်အတူ အာဏာရှင်စနစ်အား တွန်းလှန်ထိုက်ထုတ် တိုက်ပွဲဝင်သွားရန် တပ်မ-၄၄ လက်အောက်ခံ ခမရ-၁၁၈ မှ ဒု-တပ်ကြပ် ဇော်မျိုးခိုင် ၃၆ နှစ် နှင့် တပ်သား အောင်မျိုးဇော် ၂၃ နှစ် တို့နှစ်ဦးမှာ KNLA - ပူးပေါင်းတပ်ဖွဲ့ထံသို့ လာရောက်ပူးပေါင်းခဲ့ကြောင်း KNLA - ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘော မှ ပြောပါတယ်။ 


၎င်းနှစ်ဦးနှင့်အတူ လက်နက်ခဲယမ်းများမှာ 60mm ကွန်မန်ဒို စိန်ပြောင်း () လက်၊ 60mm ကျည် () လုံး၊ MA-2 () လက်၊ ကျည်ဘောက် () ဘောက် နှင့် MA-2 ကျည် (၁၅၀) တောင့်တို့ ယူဆောင်လာကြောင်းသတင်းရရှိပါတယ်။


KNLA - ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်ထံသို့ လာရောက်ပူးပေါင်းသော အဆိုပါ ရဲဘော် နှစ်ဦးအား စစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘော မှ တစ်ဦးလျှင် ထိုင်းဘတ်ငွေ (၅၀,၀၀၀) ငါးသောင်းဘတ်ဖြင့် ဆုချီးမြှင့်ပေးအပ်ခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ၉။ လေကြောင်းပစ်ကူနဲ့ ၂ကြိမ်တိုင်လာရောက်ပစ်ခတ်ခဲ့တဲ့ ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းကျေးရွာတိုက်ပွဲMA1 ၈လက်၊ ငါးကြင်းမြီး စက်လက် လက်နှင့်လက်နက်များ၂၄လက်အထိသိမ်းဆည်းရမိ


သြဂုတ်လ၁၀

သြဂုတ်လ၉ရက် မွန်းလွဲ ပိုင်းKNLA/PDF အထူးကွန်မန်ဒိုတပ်ရင်း နှင့် စကစ တို့ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းကျေးရွာ မှာတိုက်ပွဲဖြစ်ပွါးခဲ့ပြီး MA1 ၈လက်၊ ငါးကြင်းမြီး စက်လက် လက်နှင့်လက်နက်များ၂၄လက်

အထိသိမ်းဆည်းရမိထားတယ်လို့ သိရှိရပါတယ်။


အခုထိရှင်းနေတုန်းပဲ လက်နက်တွေက ထပ်ရသေးတယ်၊ မနေ့က ၁၈လက်တစ်ကြိမ်ရရှိပြီး ဒီနေ့မနက် ၆လက် ထပ်မံရရှိပါတယ်။ ဆက်လက်ရှင်းလင်းနေဆဲပါ။ ကျွန်တော်တို့ဘက်ကလည်း ထိခိုက်ကျဆုံးရှိတယ်။ ရန်သူသေဆုံးမှုက ၃၀ကျော်ရှိတယ်၊ ဒဏ်ရာတော်တော်များများရသွားတယ်၊ သူတို့အလောင်းတွေကတော့ ပြန်မကောက်သေးဘူးလို့ ရှေ့တန်းရောက်ပြည်သူ့ရဲဘော်ကဆိုပါတယ်။


၉နာရီကြာ တိုက်ပွဲအတွင်း  စစ်ကောင်စီဘက်က အယောက် ၃၀ ကျော်သေကာ အများအပြားဒဏ်ရာရခဲ့ပြီး၊ ကာကွယ်ရေးဘက်က အထူးကွန်မန်ဒိုစစ်ကြောင်းကလည်း ရဲဘော်ကျော်ကြီး ဦးခေါင်း လက်နက်ငယ် ထိမှန်ကာ ကျဆုံးခဲ့ပြီး တစ်ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီအသုံးပြုတဲ့ စက်လက် ၁လက်၊ MA 1 ၈လက်၊ MA 2 ၁လက်၊ MA3 ၁လက်၊ MA 4 ၁လက်၊ မိုင်းရှာစက် ၁လုံး၊ ဒရုန်းပစ်တစ်လက်၊ ကျည်အိမ် ၁၂ခု၊ ၆၀မမ ဗုံးသီးတချို့နဲ့ ကျည်ဆန်အများအပြား ကနဦး ရရှိထားခဲ့ပါတယ်။ စုစုပေါင်းဒီမနက်ထိ ၂၄လက်ရရှိထားပြီးဖြစ်ပါတယ်။ 


အဆိုပါ တိုက်ပွဲမှာ ပိန်းဇလုပ်အခြေစိုက် ခမရ-၂၆၄ အပြင် ကျောက်တံခါးမြို့နဲ့ သူဌေးကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကနေ လက်နက်ကြီး ပစ်ကူပေးခဲ့ပြီး လေကြောင်းနဲ့ ၂ကြိမ် လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment