လက်နက်ပစ္စည်းလုပ်မှာစိုးပြီး ဓာတ်မြေဩဇာတွေ စစ်ကောင်စီကပိတ်ဆို့လို့ ရခိုင်တောင်သူတွေ အခက်တွေ့



လက်နက်ပစ္စည်းလုပ်မှာစိုးပြီး ဓာတ်မြေဩဇာတွေ စစ်ကောင်စီကပိတ်ဆို့လို့ ရခိုင်တောင်သူတွေ အခက်တွေ့
မကြေးမုံ (Radio NUG) ဩဂုတ် ၇၊ ၂၀၂၃

လက်နက်ပစ္စည်းထုတ်လုပ်မှာ စိုးရိမ်တဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက ဓာတ်မြေသြဇာ တင်ပို့မှုကို ပိတ်ပင်ထားတဲ့အတွက် ရခိုင်ပြည်နယ်က တောင်သူတွေ မိုးစပါးစိုက်ပျိုးဖို့ အခက်အခဲဖြစ်နေပါတယ်။ ဒီသတင်းကို မကြေးမုံက ပေးပို့ထားပါတယ်။ 
ရန်ကုန်အပါအဝင် နယ်မြို့အသီးသီးက တင်သွင်းလာမယ့် ဓာတ်မြေသြဇာတွေက လက်ရှိမိုးစပါးရာသီအတွက်အဓိက လိုအပ်နေပေမယ့် ဖောက်ခွဲရေး ပစ္စည်းအဖြစ် အသုံးမချနိုင်အောင် စစ်ကောင်စီက ပိတ်ပင်ထားတာပါ။ ဒါကြောင့် မိုးစပါးကိုပဲ အဓိက အားထားစိုက်ပျိုးရတဲ့ ရခိုင်ပြည်နယ်က တောင်သူတွေအတွက် ဓာတ်မြေသြဇာ အသုံးမပြုနိုင်ရင် စပါး အထွက်နှုန်းကျပြီး တစ်ရာသီအတွက် နစ်နာသွားဖို့ ရှိနေပါတယ်။ ဒီအခြေအနေကို ရခိုင်ပြည်နယ်အခြေစိုက် သီးနှ့ဖွံဖြိုးရေးလုပ်ငန်းတွေကိုအကူအညီပေးနေ သူ တစ်ဦးက အခုလိုပြောပါတယ်။ 
အင်တာဗျူးအသံ - 
“ … အဓိကကတော့ ကျွန်တော့်တို့ ဖြစ်နေတာကတော့ ယူရီးယားလိုမြေသြဇာမျိုး ကို ကန့်သတ်ထားလိုက်မယ်၊ ဒါကတော့ အန္တရယ်ရှိမယ်ထင်ပြီး လက်နက်လုပ်လို့ရလို့။ ဒါမယ့် P K  ပေါ့နော်။ P နဲ့ K ကတော့ ခွင့်ပြုလို့ ရတယ်ပေ့ါ။ အဲ့တော့ အောက်ခြေက တားမြစ်တဲ့အဖွဲအစည်းတွေက မြေသြဇာလို့ ပဲသိတယ်။ NPK  မှာ N  ဟာ ဗုံးလုပ်လို့ရလို့ တားမြစ်သင့်တယ်။ P နဲ့ K ကတော့ ခွင့်ပြုသင့်တယ် ဆိုတဲ့ ထိုးထွင်း တွေးတောတဲ့ စိတ်မရှိပဲ ကန့်သတ်လိုက်တယ်ဆိုတဲ့ ကိစ္စပဲဖြစ်နေတယ်။ အဲ့အတွက်ကြောင့်လည်း တောင်သူတွေမှာ သွင်းအားစုတွေ အများကြီးခက်ခဲတယ်။” 
ဓာတ်မြေသြဇာတွေမှာ ပါဝင်တဲ့ ယူရီးယားက ဖောက်ခွဲရေးပစ္စည်းအဖြစ်အသုံးချတယ်လို့  စစ်ကောင်စီက ပြောနေပေမယ့် စိုက်ပျိုးသီးနှံပင်တွေအတွက်ကတော့ အကိုင်း အခက်တွေကို သန်စွမ်းကြံ့ခိုင်စေပါတယ်။ ယူရီးယားနဲ့အတူ တင်သွင်းခွင့်ပိတ်ထားတဲ့ မီးစုန်းဓာတ်လို့ ခေါ်ကြတဲ့ NPK ထဲက ဖော့စဖောရပ်စ် P က အသီးအပွင့်ကို အားကောင်းစေပြီး အမြစ် သန်စွမ်းဖို့ ထောက်ပံ့ပေးပါတယ်။ ပြာဓာတ်လို့ ခေါ်ကြပြီး ပိုတက်စီယမ်ကို အတိုကောက်ခေါ်ကြတဲ့ K ကလည်း ရေငတ်ဒဏ်၊ ပိုးမွှားဒဏ်ကို ခံနိုင်တဲ့အပြင် အပင်က အခြားအဟာရဓာတ်တွေကို အလွယ်တကူစုပ်ယူနိုင်အောင် အထောက်အပံ့ပေးပါတယ်။ ဒါကြောင့် NPK အချိုးတွေက သီးနှံပင်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အဟာရဓာတ် တွေပဲဖြစ်ပါတယ်။ ဓာတ်မြေသြဇာ သယ်ဆောင်ခွင့်ကို ပိတ်ပင်ထားတာနဲ့ ပတ်သက်ပြီး ရန်ကုန် - စစ်တွေပြေးဆွဲနေတဲ့ အဝေးပြေးယာဉ်လိုင်း မှ ယာဉ်မောင်းတစ်ဦး က အခုလို ပြောပါတယ်။ 
အင်တာဗျူးအသံ -
“ … ဘယ်လို အကြောင်းကြားလဲဆိုတော့ ဓာတ်မြေသြဇာအိတ်က ကျွန်တော်တို ဖောက်ခွဲရေးနဲ့ ဆက်စပ်တဲ့ပစ္စည်းဆိုပြီး သတ်မှတ်ထားတယ်။ အဲ့ဒါကြောင့်။  မရဘူး။ မလွယ်ဘူး။ အစ်မ။ မလွယ်ဘူး။ မလွယ်ဘူး အစ်မရေ။ ပိုတောင်ဆိုး တယ်။ အခုကလေ။ “ 
စစ်ကောင်စီက နှစ်စဉ်အမေရိကန်ဒေါ်လာ သန်း ၃၄၀ ဖိုး လောက်တင်သွင်းနေရတဲ့ ဓာတ်မြေသြဇာ တင်သွင်းစရိတ်သက်သာအောင် လယ်ယာဘေးထွက် ပစ္စည်းတွေကနေ သဘာဝမြေသြဇာထုတ်ဖို့ အားပေးနေပေမယ့် စိုက်ဧက ဆယ်သိန်းကျော် အဟာရ ဖြစ်ဖို အတွက် သဘာဝမြေသြဇာက ထိထိရောက်ရောက် အကျိုးပြုနိုင်ဖို့ မဖြစ်နိုင်ဘူးလို ကျောက်တော်မြို နယ်က ဧက တစ်ရာကျော် စပါး စိုက်ပျိုးသူတောင်သူ တစ်ဦးကပြော ပါတယ်။ 
အင်တာဗျူး အသံ- 
“ ဘိုကာရှီတိုဘာတိုကလည်း ဒီသဘာဝမြေသြဇာကလည်း လယ်ကွင်းကြီးထဲ မှာ ဘယ်သူက ထည့်နိုင်မှာလဲ။ စိုက်ဧကက သန်းနဲ့ ချီရှိနေတာကိုး။ ကျွန်တော်တို့မှာ အလဲထပ်တို့က သဘာဝမြေဆီကို ငရုပ်ခင်းတို၊ ဂေါ်ဖီခင်းတိုမှာ ထည့်တယ်။ အီးအမ်ဘိုကာရှီပဲဖြစ် အဲ့လိုထည့်ကြတယ်။ ဒါမယ့် စပါးခင်းမှာ အဲ့လောက်ထည့်ဖို မလွယ်ဘူးလေ။ တမျှော်တခေါ် မျက်စိတဆုံးရှိတဲ့လယ်ကွင်းကြီးကို။ နောက်ချေးတို၊ အီးအမ်ဘိုကာရှီတို့က မဖြစ်နိုင်ဘူး။ ဓာတုမြေဆီတွေနဲ့ပဲ သွားရမယ်။” 
ရခိုင်ကမ်းရိုးတန်းဒေသမှာ အခုလို မိုးရာသီရောက်လာရင် လယ်မြေကို ညက်ညက်ထွန်၊ ကောက်ပင်စိပ်စိပ်စိုက်ပြီး ဓာတ်မြေသြဇာ အလုံအလာက်ကျွေးနိုင်မယ်ဆိုရင် တစ်နိုင်ငံလုံး မိုးစပါးပျှမ်းမျှအထွက်နှုန်းဖြစ်တဲ့ ၆၇ တင်းထက် ပိုပြီး တင်းတစ်ရာ အထိထွက်အောင် စိုက်ပျိုး နိုင်တယ်လို အဆိုပါ လယ်သမားကြီးက ဖြည့်စွက်ပြောပါတယ်။ စစ်ကောင်စီက အခြားတစ်ဖက်မှာ ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေး၊ ပြည်ပကို ဆန်တန်ချိန် ပိုပြီး တင်ပိုနိုင်ဖို့  ပြောဆိုနေတာတွေရှိပေမယ့် တစ်ဖက်မှာလည်း ပြည်တွင်းစား နပ်ရိက္ခာ ဖူလုံရေး၊ စပါးအထွက်တိုးရေးထက် စစ်ရေးအရ အသာစီးရနိုင်ဖို့ကိုပဲ ဦးစားပေးဆောင်ရွက်နေတာ ဖြစ်တယ်လို ဒေသခံတွေက သုံးသပ်နေကြပါတယ်။
Share:

No comments:

Post a Comment