13th AUG 2023 - Morning Daily News by Radio NUG


၂၀၂၃ သြဂုတ်လ ၁၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ရန်သူဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်ချေမှုန်းနိုင်မယ်လို့ ယာယီသမ္မတပြော

📌 ၂။ မြန်မာလူငယ်ထုရဲ့ ခိုင်ကြည်ပြီး ချိုးဖျက်မရနိုင်တဲ့ တော်လှန်ရေးစိတ်ဓာတ်ကြောင့် တော်လှန်ရေးဟာ အောင်မြင်မှာ အသေအချာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား

📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ ပြည်ပမွေးတိုးလုပ်ငန်းဗဟိုကော်မတီ အစည်းအဝေး (/၂၀၂၃) ကျင်းပ

📌 ၄။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နွေဦးဘဏ် (Spring Development Bank) လုပ်ငန်းအပါအဝင် လက်ရှိလုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဥ်များအား ရှင်းလင်း

📌 ၅။ အမေရိကန်က အကူအညီဆေးဝါး ပေ၄၀ ပေ၂၀ ကွန်တိန်နာတစ်လုံး စပို့တော့မယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးအသိပေး

📌 ၆။ ကလေးမြို့နယ်ရှိ စက္ကန့်ကျေးရွာကို စကစတပ်များ မီးရှို့ဖျက်ဆီး

📌 ၇။ ဖလမ်းမြို့အ‌ခြေစိုက် စစ်ကောင်စီတပ်ရဲ့ ခလရ (၂၆၈) တပ်ရင်းကိုCNA နဲ့ CDF-KKG ပူးပေါင်းတပ်တို့တိုက်ခိုက်ရာ စကစတပ်သား ၆ဦး သေဆုံးပြီးRPG လောင်ချာ ၂ခုနဲ့ ပွိုင့်-5 စက်သေနတ်အပါအဝင်လက်နက်များသိမ်းဆည်းရမိ

📌 ၈။ အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူသွားလာရာလမ်းတွင် ထောင်ထားသည့် M-14 နင်းမိုင်းများကို PDF ရဲဘော်များ စနစ်တကျ ဖြုတ်သိမ်းခဲ့ 

📌 ၉။ စစ်တပ်ထုတ်ကုန် အရက်၊ ဘီယာ၊ အချိုရည်၊ စီးကရက် မျိုးကို ဝယ်ယူရောင်းချ စားသုံးမှု‌တွေ မလုပ်ကြဖို့ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းအသိပညာပေး လှုပ်ရှား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ရန်သူဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်ချေမှုန်းနိုင်မယ်လို့ ယာယီသမ္မတပြော


သြဂုတ်လ၁၂ရက်

ဩဂုတ်လ (၁၂) ရက်မှာ ကျရောက်တဲ့ နိုင်ငံတကာလူငယ်များနေ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ ပြောကြားသော ဂုဏ်ပြုစကားတွင် အခုလိုဆိုပါတယ်။


"နွေဦးတော်လှန်ရေးမှာ လူငယ်မျိုးဆက်သစ် Generation - Z တွေရဲ့  အခန်းကဏ္ဍက အရေးကြီးတဲ့ နေရာမှာရှိပါတယ်။ Generation - Z တွေရဲ့ ပေးဆပ်အနစ်နာခံမှု၊ ဆန်းသစ်တီထွင်မှု၊ မြဲမြံခိုင်မာသော ယုံကြည်ချက်နဲ့ တော်လှန်ရေးမှာ တစ်သားတည်းရပ်တည်မှုတွေဟာ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်မှာ ခမ်းနားတဲ့ သမိုင်းအဖြစ် တည်ရှိနေမှာဖြစ်တယ်။ ကျနော်တို့ရဲ့ နွေဦးတော်လှန်ရေးမှာ ယခင်နဲ့ မတူတဲ့ တော်လှန်ရေး နည်းနာတွေ အမြောက်အမြား ပေါ်ထွက်လာတာကို တွေ့ရပါတယ်။ ဒါဟာ Generation - Z တွေရဲ့ အခန်းကဏ္ဍ ဘယ်လောက်အထိ ကြီးမားတယ်ဆိုတာကို ဖေါ်ပြနေတာ ဖြစ်တယ်။ မျိုးဆက်သစ်လူငယ်တွေရဲ့ စွန့်လွှတ်အနစ်နာခံမှု၊ ကျရာအခန်းကဏ္ဍကနေ တော်လှန်ရေးကို ပုခုံးထမ်းတာဝန်ယူမှုတွေကြောင့် နွေဦးတော်လှန်ရေးဟာ ရန်သူဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်ချေမှုန်းနိုင်မယ်ဆိုတာကို ယုံကြည်ပါတယ်"လို့ ဆိုပါတယ်။


၂၀၂၁ ခုနှစ် စက်တက်ဘာ၇ရက်မှာ ပြည်သူ့ခုခံတွန်းလှန်စစ်များ စတင်ရန် အမျိုးသားညီညွတ်ရေးအစိုးရကကြေညာခဲ့ပါတယ်။


ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း အကြမ်းဖက်စကစတပ်ဖွဲ့ဝင် သုံးသောင်းကျော်သေဆုံးခဲ့ပါတယ်။


========================


📌📌 ၂။ မြန်မာလူငယ်ထုရဲ့ ခိုင်ကြည်ပြီး ချိုးဖျက်မရနိုင်တဲ့ တော်လှန်ရေးစိတ်ဓာတ်ကြောင့် တော်လှန်ရေးဟာ အောင်မြင်မှာ အသေအချာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား


သြဂုတ်လ၁၂ရက်

မြန်မာလူငယ်ထုရဲ့ ခိုင်ကြည်ပြီး ချိုးဖျက်မရနိုင်တဲ့ တော်လှန်ရေးစိတ်ဓာတ်ကြောင့် တော်လှန်ရေးဟာ အောင်မြင်မှာ အသေအချာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ သြဂုတ်လ၁၂ရက်မှာ ကျရောက်တဲ့ InternationalYouth Day2023မှာ ပြောကြားလိုက်ပါတယ်။


"ဒီနေ့ဟာ မြန်မာ့နွေဦးတော်လှန်ရေးကို အကြောက်အရွံ့မရှိ ဦးဆောင်ဦးရွက်ပြုနေတဲ့ လူငယ်အားလုံးကို အလေးပြုရမယ့်နေ့ရက်ပဲဖြစ်ပါတယ်။မြန်မာလူငယ်ထုရဲ့ ခိုင်ကြည်ပြီး ချိုးဖျက်မရနိုင်တဲ့ တော်လှန်ရေးစိတ်ဓာတ်ကြောင့် တော်လှန်ရေးဟာ အောင်မြင်မှာ အသေအချာပါပဲ"လို့ဆိုပါတယ်။


လက်ရှိ နွေဦးတော်လှန်ရေးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဟာ လူငယ်များဖြစ်ကြပြီး တိုက်ရည်၊ခိုက်ရည် စွမ်းရည်များ ပြည့်ဝနေပြီဖြစ်ပါတယ်။


========================


📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ ပြည်ပမွေးတိုးလုပ်ငန်းဗဟိုကော်မတီ အစည်းအဝေး (/၂၀၂၃) ကျင်းပ


 သြဂုတ် ၁၂  ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ ပြည်ပမွေးတိုးလုပ်ငန်းဗဟိုကော်မတီ အစည်းအဝေး (/၂၀၂၃)ကို ကျင်းပခဲ့ပါတယ်။


သြဂုတ်လ၁၂ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဦးဆောင်ပြုလုပ်သော ပြည်ပရောက် မြန်မာနိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသော သား/သမီးများအား မွေးစာရင်းလက်မှတ် ထုတ်ပေးရေးလုပ်ငန်းဆိုင်ရာ ဗဟိုကော်မတီအစည်းအဝေးကို ကျင်းပခဲ့ပါတယ်။


အစည်းအဝေးမှာ ဗဟိုကော်မတီဥက္ကဌ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုတိယ ပြည်ထောင်စုဝန်ကြီး ခူးထဲဘူး မှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန တွဲဖက်အတွင်းဝန်မှ ပြည်ပရောက် မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသော သား/သမီးများအား မွေးစာရင်းလက်မှတ် ထုတ်ပေးရေး လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော ဗဟိုကော်မတီများမှ မွေးစာရင်း လက်မှတ်လျှောက်ထားလာမှုများအား ထုတ်ပေးနိုင်ရေးအတွက် အဆုံးအဖြတ်ပေးခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နွေဦးဘဏ် (Spring Development Bank) လုပ်ငန်းအပါအဝင် လက်ရှိလုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဥ်များအား ရှင်းလင်း


သြဂုတ်လ၁၂ရက်

ဩဂုတ်လ ၁၁ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃၂/၂၀၂၃) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခဲ့တယ်လို့သိရပါတယ်။


အစည်းအဝေးတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က နွေဦးဘဏ် (Spring Development Bank) တည်ထောင်ခြင်း ရည်ရွယ်ချက်များနှင့် ကနဦးကာလတွင် ရရှိနိုင်သော လုပ်ဆောင်ချက်များ၊ ဝန်ဆောင်မှုများနှင့် ဘဏ်လုပ်ငန်းဆိုင်ရာများကို အဓိက ရှင်းလင်းတင်ပြပြီးနောက် အောင်လံလွှင့်ချီ နွေဦးထီ လုပ်ငန်းနှင့် စပ်လျဥ်း၍ ရှေ့ဆက်ဖော်ဆောင်မည့် လုပ်ငန်းစဥ်များ၊ ဝန်ကြီးဌာန၏ အခြားဆောင်ရွက်ထားရှိသည့် လုပ်ငန်းစဥ်များအနေဖြင့်ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်၊ ပြည်သူ့ဘဏ္ဍာ တည်ဆောက်ဟူသည့် လူထုလှုပ်ရှားမှုကဏ္ဍများနှင့် ရှေ့လုပ်ငန်းစဥ်များအား  ဆွေးနွေးပြောကြားခဲ့ပါတယ်။


ထို့နောက် တက်ရောက်သူများက လွှတ်တော်၏ အခန်းကဏ္ဍအနေဖြင့် ပြည်သူအသိပညာပေးရေးလုပ်ငန်းများအား ချိတ်ဆက်လုပ်ဆောင်၍ ဆောင်ရွက်သွားနိုင်မည့် နည်းလမ်းများနှင့် အခြားသိရှိလိုသည်များအား  ဆွေးနွေးမေးမြန်းကာ အကြံပြုခဲ့ကြပြီး  ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင် က  ပြန်လည် ရှင်းလင်းဖြေကြားခဲ့ပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများက ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၅။ အမေရိကန်က အကူအညီဆေးဝါး ပေ၄၀ ပေ၂၀ ကွန်တိန်နာတစ်လုံး စပို့တော့မယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးအသိပေး


သြဂုတ်လ၁၂ရက်

အမေရိကန်က အကူအညီဆေးဝါးပေ၄၀ ပေ၂၀ ကွန်တိန်နာတစ်လုံး စပို့တော့မယ်လို့ သြဂုတ်လ၁၂ရက် အမေရိကန်ခရီးစဉ် ပြီးဆုံးမှုကို အသိပေးရာမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက လူမှုကွန်ရက်မှာ အသိပေးဆိုပါတယ်။


"အမေရိကန်လူမျိုးတွေ၊ လူသားချင်းစာနာခံစားတတ်ကြတဲ့ သူတွေနဲ့တွေ့ခဲ့ကြတယ်။ အခုအကူအညီဆေးဝါး ပေ၄၀ ပေ၂၀ ကွန်တိန်နာတစ်လုံး စပို့တော့မှာဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


အမေရိကန်နိုင်ငံကို အလုပ်သဘောခရီးစဥ်အဖြစ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဟာ  (၂၀--၂၀၂၃ မှ ၂၁--၂၀၂၃ အထိ)သွားရောက်ခဲ့ပါတယ်။


ခရီးစဥ်တွင် အမေရိကန်အစိုးရ၊ အမေရိကန်အစိုးရနဲ့ ဆက်စပ်လျက်ရှိတဲ့ အဖွဲ့အစည်းများနဲ့ တရားဝင်တွေ့ဆုံမှု၁၄ကြိမ်၊ ရင်းရင်းနှီးနှီးတွေ့ဆုံမှု ၆ကြိမ်ရှိခဲ့ပါတယ်။


========================


📌📌 ၆။ ကလေးမြို့နယ်ရှိ စက္ကန့်ကျေးရွာကို စကစတပ်များ မီးရှို့ဖျက်ဆီး


ဩဂုတ် ၁၂ ရက်

ကလေးမြို့နယ်ရှိ စက္ကန့်ကျေးရွာကို စကစတပ်များ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သြဂုတ်လ၁၂ရက်မှာ Chin National Defense Forceက ဖြစ်စဥ်ကို အသိပေးဆိုပါတယ်။


စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် (မြို့မှတစ်မိုင်ကျော်ခန့်) ရှိ စက္ကန့်ကျေးရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ခဲ့ကြပါတယ်။ ယမန်နေ့ကတည်းက အကြမ်းဖက် စစ်တပ်က စစ်ကြောင်းချီလာခဲ့ခြင်းဖြစ်ပြီး CNDF နှင့် ပူးပေါင်းတပ်ဖွဲ့များက တားဆီးပိတ်ဆို့ခဲ့ကြသဖြင့် ကြန့်ကြာနေခဲ့ပြီး ယနေ့တွင် ကျေးရွာအတွင်း ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ ဖျက်ဆီးနေခြင်းဖြစ်တယ်လို့ဆိုပါတယ်။ 


ဩဂုတ်လ ၁၁ ရက်နေ့ကလည်း အကြမ်းဖက်စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်များ စက္ကန့်ကျေးရွာရှိ ဘုရားကျောင်းကို ထိမှန် ပျက်စီးခဲ့ပါတယ်။


စက္ကန့်ကျေးရွာသည် အိမ်ခြေ ၈၀၀ ခန့်ရှိသည့် ချင်းလူမျိုးများ နေထိုင်ရာ ကျေးရွာဖြစ်ပြီး မနှစ်ကလည်း စကစမှ မီးတင်ရှို့ခဲ့သဖြင့် အိမ်ခြေ ၈၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။


========================


📌📌 ၇။ ဖလမ်းမြို့အ‌ခြေစိုက် စစ်ကောင်စီတပ်ရဲ့ ခလရ (၂၆၈) တပ်ရင်းကိုCNA နဲ့ CDF-KKG ပူးပေါင်းတပ်တို့တိုက်ခိုက်ရာ စကစတပ်သား ၆ဦး သေဆုံးပြီးRPG လောင်ချာ ၂ခုနဲ့ ပွိုင့်-5 စက်သေနတ်အပါအဝင်လက်နက်များသိမ်းဆည်းရမိ


ဖလမ်းမြို့အ‌ခြေစိုက် စစ်ကောင်စီတပ်ရဲ့ ခလရ (၂၆၈) တပ်ရင်းကိုCNA နဲ့ CDF-KKG ပူးပေါင်းတပ်တို့ တိုက်ခိုက်ရာ စကစတပ်သား ၆ဦး သေဆုံးပြီးRPG လောင်ချာ ၂ခုနဲ့ ပွိုင့်-5 စက်သေနတ်အပါအဝင်လက်နက်များသိမ်းဆည်းရမိခဲ့ပါတယ်။


သြဂုတ်လ၁၂ရက် နံနက်အစောပိုင်း ၁နာရီ၀န်းကျင်တွင် CNA နဲ့ CDF-KKG တပ်ဖွဲ့၀င်တွေက စစ်ကောင်စီစခန်းကို တိုက်ခိုက်ခဲ့တာလို့ သတင်းရရှိပါတယ်။


တိုက်ပွဲမှာ နံနက် ၂နာရီခွဲအထိ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး၂နာရီခွဲကြာ ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီဖက်က စစ်သား ၆ဦး သေဆုံးပြီး ၈ဦး ဒဏ်ရာရရှိခဲ့ကြပါတယ်။


ထိတွေ့တိုက်ပွဲတွင်း စစ်ကောင်စီတပ်ဖွဲ့ရဲ့ MA3 ၄လက်၊ ၆၀မမ ၃လက်၊ စက်သေနက် ၂လက်၊ RPG လောင်ချာ ၂ခုနဲ့ ပွိုင့်- စက်သေနက် ကျည်များကို CNA နဲ့ CDF-KKG တပ်ဖွဲ့၀င်တွေက သိမ်းဆည်းရရှိခဲ့ပါတယ်။


========================


📌📌 ၈။ အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူသွားလာရာလမ်းတွင် ထောင်ထားသည့် M-14 နင်းမိုင်းများကို PDF ရဲဘော်များ စနစ်တကျ ဖြုတ်သိမ်းခဲ့ 


 သြဂုတ်လ (၁၂) ရက်နေ့

အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူသွားလာရာလမ်းတွင် ထောင်ထားသည့် M-14 နင်းမိုင်းများကို PDF ရဲဘော်များ စနစ်တကျ ဖြုတ်သိမ်းခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ်က  သြဂုတ်လ၁၂ရက်မှာ အသိပေးဖော်ပြပါတယ်။


"သြဂုတ်လ (၁၀) ရက်နေ့၊ မနက်(:၄၉)နာရီခန့်တွင် စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦး မြို့နယ် နတ်ရေကန်နားမှ Jumper ကားတစ်စီး အင်အား (၂၅) ဦးခန့်ဖြင့် လာရောက်သော ရန်သူ့တပ်များက အရပ်သားပြည်သူများသွားလာရာနေရာဖြစ်သည့် ငါးယှန်ကျေးရွာအနီးတွင် နင်းမိုင်းများ လာရောက်ထောင်ထားခဲ့ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများက ရန်သူ့တပ်ထောင်ထားခဲ့သည့် M-14 နင်းမိုင်းများကို အများပြည်သူ ထိခိုက်မှုမရှိစေရန် စနစ်တကျ ဖြုတ်သိမ်းခဲ့တယ်"လို့ဆိုပါတယ်။


M-14 နင်းမိုင်းများသည် ကိုယ်ထည်မှ စ၍ အစိတ်အပိုင်းများကို ပလပ်စတစ်ဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပြီး သတ္ထုပါဝင်မှု နည်းပါးခြင်းကြောင့် အလွယ်တကူရှာဖွေရန် ခက်ခဲပြီး ၄င်းနင်းမိုင်းများသည် နင်းမိသည့်နေရာမှ အထက်ကို (၁၀) လက်မခန့်အထိ အသေးစားပေါက်ကွဲမှုဖြစ်ပေါ်စေပြီး မိုင်းနင်းမိ သူ၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဆုံးရှုံးစေတယ်လို့ဆိုပါတယ်။


စကစမိုင်းများဟာ ကိုယ်လက်အင်္ဂါမသန်စွမ်းဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ထုတ်လုပ်ထားသည့် နင်းမိုင်းအမျိုးအစားဖြစ်သဖြင့် ပြည်သူများ မိုင်းအန္တရာယ်ကင်းဝေးစေရေး အထူးသတိထားပါရန် အသိပေးကြေညာထားပါတယ်။


========================


📌📌 ၉။ စစ်တပ်ထုတ်ကုန် အရက်၊ ဘီယာ၊ အချိုရည်၊ စီးကရက် မျိုးကို ဝယ်ယူရောင်းချ စားသုံးမှု‌တွေ မလုပ်ကြဖို့ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းအသိပညာပေး လှုပ်ရှား


ဩဂုတ်လ (၁၂)ရက်

ဩဂုတ် ၁၂ ရက်နေ့မှာ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ဈေးဆိုင်တချို့သို့ သွားရောက်ပြီး စစ်တပ်ထုတ် အရက်၊ ဘီယာ၊ အချိုရည်၊ စီးကရက် ကုန်မှတ်တံ‌ဆိပ် ()မျိုးအား ဝယ်ယူရောင်းချ မစားသုံးကြဖို့ အသိပညာပေးလှုပ်ရှားမှု လုပ်ဆောင်ခဲ့တယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(ထားဝယ်ခရိုင်)က အသိပေးဆိုပါတယ်။


ယင်းအသိပညာပေးလှုပ်ရှားမှုကို ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)ရဲ့ အဖွဲ့ဝင်အင်အားစု တစ်ခုဖြစ်တဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(သရက်ချောင်းမြို့နယ်)ကော်မတီဝင်ရဲဘော်များက လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။


စစ်တပ်ထုတ်ကုန် အရက် ဘီယာ၊ စီးကရက် အမျိုးအစားများ စာရင်း-

()မြန်မာဘီယာ(Myanmar Beer)

()အက်()မန် တံဆိပ်(Andaman Gold)အရက်၊ ဘီယာ၊ အချိုရည်

()ဒဂုံ တံဆိပ်(Dragon)အရက်၊ ဘီယာ၊ အချိုရည်

()ဘလက်ရှီး စတောက်ဘီယာ(Black Shield Stout)

()မန္တလေး ဘီယာ၊ ရမ်(Mandalay)

()အာမီရမ်(Army Rum)

()Red Ruby စီးကရက်

() Premium Gold စီးကရက်တို့ပါဝင်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment