19th AUG 2023 - Evening Daily News by Radio NUG



၂၀၂၃ သြဂုတ်လ ၁၉ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်ကောင်စီဟာ ဘဏ္ဍာရေးစစ်မျက်နှာမှာ အထိနာ ကျရှုံးနေပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား

📌 ၂။ နွေဦးတော်လှန်ရေးအပေါ်မှာ တစ်ဦးတစ်ယောက်ချင်းစီက သစ္စာရှိပြီး ရန် ငါ ပြတ်တဲ့အခြေအနေရောက်နေပြီလို့ ဒုဝန်ကြီး David Gum Awng ဆို

📌 ၃။ "အောင်ဇေယျပြည့်သူကာကွယ်ရေးအဖွဲ့" အား "ဝရဇိန် ထုတ်လုပ်ရေးနှင့်ပြုပြင်ရေးအဖွဲ့" မှ လက်နက်များတပ်ဆင်ပေးလျက်ရှိ

📌 ၄။ ပုသိမ်-မုံရွာလမ်းပေါ်ရှိ မင်းတုန်းတံတား (ကန်လည်တံတား) စစ်ဆေးရေးဂိတ် နှင့် () မိုင် ဂိတ် စစ်ဆေးရေးဂိတ်ကို တနာရီကျော် တိုက်ခိုက်ခဲ့

📌 ၅။ စင်ကာပူအစိုးရအနေနဲ့ မြန်မာစစ်အုပ်စုဆီ လက်နက်နဲ့ စစ်ဘက်အရပ်ဘက်နှစ်မျိုးသုံး ထောက်ပံ့ရေးပစ္စည်းတွေ တင်ပို့နေမှုကို ရပ်တန့်ဖို့ JusticeForMyanmar က ကမ်ပိန်းအနေနဲ့လှုပ်ရှားနေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်ကောင်စီဟာ ဘဏ္ဍာရေးစစ်မျက်နှာမှာ အထိနာ ကျရှုံးနေပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား


စစ်ကောင်စီဟာ ဘဏ္ဍာရေးစစ်မျက်နှာမှာ အထိနာ ကျရှုံးနေပြီလို့ "ပြည်သူမှ ပြည်သူသို့" အစီအစဥ်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

"တစ်ဘက်က စကစက ဘဏ္ဍာရေး တော်တော်ကို ထိနေပြီ။ အရေးယူပိတ်ဆို့ခံရတယ်။ သူတို့ရဲ့ဘဏ်တွေကို ထိတယ်။ စင်ကာပူမှာဆိုရင် UOB ပေါ့။ အဲဒါတွေက စကစကို တော်တော်လေးကို ထိခိုက်စေတယ်။ သူတို့ဘက်က နှစ်သောင်းတန်အသစ် ထုတ်လိုက်တဲ့ ခြေလှမ်းအမှားတွေပေါ့။ NUG ဘက်ကတော့ နွေဦးဖွံဖြိုးရေးဘဏ် ပေါ်လာတယ်။ NUG Pay ပေါ်လာတယ်။ ဒါ့အပြင် လူထုပါဝင်တဲ့ ဘဏ္ဍာရေးတိုက်ပွဲ ဒါတွေကဘဏ္ဍာရေးစစ်မျက်နှာမှာ ထူးထူးခြားခြားကိုအောင်မြင်နေတယ်"လို့ ဝန်ကြီးက ဆိုပါတယ်။

သြဂုတ်လအတွင်းဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင် Sonali ဘဏ်က မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့၏ စာရင်းများကိုပိတ်ဆို့အရေးယူလိုက်ရာ အမေရိကန်ဒေါ်လာ . သန်း အရေးယူပိတ်ဆို့ခံလိုက်ရပါတယ်။


========================


📌📌 ၂။ နွေဦးတော်လှန်ရေးအပေါ်မှာ တစ်ဦးတစ်ယောက်ချင်းစီက သစ္စာရှိပြီး ရန် ငါ ပြတ်တဲ့အခြေအနေရောက်နေပြီလို့ ဒုဝန်ကြီး David Gum Awng ဆို


သြဂုတ်လ ၁၈ ရက်နေ့က ကျင်းပတဲ့ မြို့ပေါ်က အညတြသူရဲကောင်းများ Live Talk Showမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး David Gum Awng က အခုလိုပြောပါတယ်။

"နွေဦးတော်လှန်ရေးမှာ ငွေကြေးအပိုင်း၊ အသိအမှတ်ပြုမှုအပိုင်း၊ စစ်ရေးအရှိန် စတဲ့အရာတွေကို အရှိန်မြင့်အောင်လုပ်နေတယ်။

ကျနော်တို့အားလုံးကလည်း တော်လှန်ရေးမှာပါဝင်တဲ့ ပေးဆပ်တော်လှန်နေတဲ့ တော်လှန်ရေးရဲဘော်တွေရော၊ အမျိုးသားညီညွတ်ရေးအစိုးရက တာဝန်ရှိသူတစ်ယောက်ချင်းစီရော သစ္စာ ရှိဖို့၊ တာဝန်ကျေပွန်စွာ ထမ်းဆောင်နေပါတယ်။ ဒီတော်လှန်ရေးအပေါ်မှာလည်း ကျနော်တို့တစ်ဦးတစ်ယောက်ချင်းစီကသစ္စာရှိတယ်။ပြီးလို့ရှိရင် ရန်ငါပြတ်ပါတယ်"လို့ ဆိုပါတယ်။

လက်ရှိမှာ တော်လှန်ရေးဟာ စစ်ရေးအရှိန်မြှင့်တင်လျက်ရှိပြီး ၂၀၂၃ ခုနှစ်ဟာ အဆုံးသတ်တိုက်ပွဲအတွက် အဆုံးအဖြတ်နှစ်လို့ အသိပေးကြေညာထားပါတယ်။


========================


📌📌 ၃။ "အောင်ဇေယျပြည့်သူကာကွယ်ရေးအဖွဲ့" အား "ဝရဇိန် ထုတ်လုပ်ရေးနှင့်ပြုပြင်ရေးအဖွဲ့" မှ လက်နက်များတပ်ဆင်ပေးလျက်ရှိ


"အောင်ဇေယျပြည့်သူကာကွယ်ရေးအဖွဲ့" အား လက်နက်များတပ်ဆင်ပေးလျက်ရှိတယ်လို့ သြဂုတ်လ ၁၉ ရက်မှာ 'ဝရဇိန် ထုတ်လုပ်ရေးနှင့်ပြုပြင်ရေးအဖွဲ့' မှ အသိပေးဆိုပါတယ်။

ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာကာကွယ်ရေးနှင့် ပြည်သူ့လုံခြုံရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန်အတွက် 'အောင်ဇေယျ ပြည့်သူကာကွယ်ရေးအဖွဲ့' အား 'ဝရဇိန် ထုတ်လုပ်ရေးနှင့်ပြုပြင်ရေးအဖွဲ့ 'မှ လက်နက်များတပ်ဆင်ပေးလျက်ရှိပါတယ်လို့ ဆိုပါတယ်။

wayazein_production ဟာ လက်နက်များတပ်ဆင်ထုတ်လုပ်ရေးကို အဓိကထားလုပ်ဆောင်၍ ကျေးရွာကာကွယ်ရေးအဖွဲ့များထံ ပြန်လည်တပ်ဆင်ပေးလျက်ရှိပါတယ်။


========================


📌📌 ၄။ ပုသိမ်-မုံရွာလမ်းပေါ်ရှိ မင်းတုန်းတံတား (ကန်လည်တံတား) စစ်ဆေးရေးဂိတ် နှင့် () မိုင် ဂိတ် စစ်ဆေးရေးဂိတ်ကို တနာရီကျော် တိုက်ခိုက်ခဲ့


ပုသိမ်-မုံရွာလမ်းပေါ်ရှိ မင်းတုန်းတံတား(ကန်လည်တံတား) စစ်ဆေးရေးဂိတ် နှင့် () မိုင် ဂိတ် စစ်ဆေးရေးဂိတ်ကို တစ်နာရီကျော် တိုက်ခိုက်ခဲ့ရာရန်သူ့တပ်သား () ဦးသေဆုံး၊ () ဦး ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) (စစ်ရုံးချုပ်) က သြဂုတ်လ (၁၉) ရက်မှာ  အသိပေးဆိုပါတယ်။

၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်နေ့ ညနေ () နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ် () စစ်ဒေသ၊ သရက်ခရိုင်ကွပ်ကဲမှုဖြင့် သရက်ခရိုင်တပ်ရင်း () ကျောင်းသားလက်ရုံး တပ်တော် (Student Armed Force-SAF) နှင့် လွတ်မြောက်ရေးအင်အားစု စစ်သည်တော်များတပ်ဖွဲ့ (Warriors of Liberation Force-WOLF) တို့ ပူးပေါင်းကာ ရန်သူ့တပ်အင်အား(၂၅) ဦးကျော် တပ်စွဲထားသည့် မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ဗူးတောင်းကျေးရွာအနီး ပုသိမ်-မုံရွာလမ်းပေါ်ရှိ မင်းတုန်းတံတား(ကန်လည်တံတား) စစ်ဆေးရေးဂိတ် နှင့် () မိုင် ဂိတ် စစ်ဆေးရေးဂိတ်ကို တပြိုင်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ () နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း ရန်သူ့တပ်မှ စစ်ကူ၊ ပစ်ကူမပေးပို့ဘဲ ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ရန်သူ့တပ်သား () ဦးသေဆုံးကာ () ဦးဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် ပူးပေါင်းတပ်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သတင်းရရှိပါတယ်။


========================


📌📌 ၅။ စင်ကာပူအစိုးရအနေနဲ့ မြန်မာစစ်အုပ်စုဆီ လက်နက်နဲ့ စစ်ဘက်အရပ်ဘက်နှစ်မျိုးသုံး ထောက်ပံ့ရေးပစ္စည်းတွေ တင်ပို့နေမှုကို ရပ်တန့်ဖို့ JusticeForMyanmar က ကမ်ပိန်းအနေနဲ့လှုပ်ရှားနေ


စင်ကာပူအစိုးရအနေနဲ့ မြန်မာစစ်အုပ်စုဆီ လက်နက်နဲ့ စစ်ဘက်အရပ်ဘက်နှစ်မျိုးသုံး ထောက်ပံ့ရေးပစ္စည်းတွေ တင်ပို့နေမှုကို ရပ်တန့်ဖို့JusticeForMyanmarက ကမ်ပိန်းအနေနဲ့လှုပ်ရှားနေတဲ့အကြောင်းကို JusticeForMyanmar က သြဂုတ်လအတွင်းမှာ အသိပေးဆိုပါတယ်။

"စင်ကာပူက ရောင်းနေတာတွေက လက်နက်တွေပဲ ဖြစ်တယ်။၂၀၂၁ ခုနှစ်ကစပြီး စင်ကာပူကုမ္ပဏီတွေဟာ ကြေးနီဘောစေ့တွေ၊ ရေဒီယိုတွေ၊ မီးစက်တွေနဲ့ မြန်မာပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ စစ်ဆင်ရေးတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို ထောက်ပံ့တဲ့အနေနဲ့ ကုန်ပစ္စည်းတွေကို ဒေါ်လာသန်းရာနှင့်ချီပြီး ရောင်းချပေးခဲ့ပါတယ်။ တကယ်လို့ စင်ကာပူအစိုးရဟာ အကြမ်းဖက်မြန်မာစစ်အုပ်စုနဲ့ ကုန်သွယ်နေမှုအားလုံးကို သူတို့ရဲ့တရားစီရင်ပိုင်ခွင့်ထဲကနေ အောင်အောင်မြင်မြင် ရပ်တန့်လိုက်ရင် စစ်ရာဇ၀တ်မှု ကျူးလွန်နိုင်မှုတွေကို သိသိသာသာ ဟန့်တားသွားနိုင်မှာဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့မကြာသေးခင်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။စင်ကာပူအစိုးရအနေနဲ့ မြန်မာစစ်အုပ်စုဆီ လက်နက်နဲ့ စစ်ဘက်အရပ်ဘက်နှစ်မျိုးသုံး ထောက်ပံ့ရေးပစ္စည်းတွေ တင်ပို့နေမှုကို ရပ်တန့်ဖို့ ပိုမိုအားစိုက်လုပ်ဆောင်ရမှာဖြစ်ပါတယ်" လို့ ဆိုပါတယ်။

လက်ရှိမှာ စင်ကာပူအစိုးရက မြန်မာကို စစ်လက်နက်ပစ္စည်းများရောင်းချထားတာမရှိဘူးလို့တော့ ငြင်းဆိုထားပါတယ်။


အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာဖြစ်ပါတယ်။



#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment