21st AUG 2023 - Evening Daily News by Radio NUG



၂၀၂၃ သြဂုတ်လ ၂၁ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ရန်ကုန်ကို မြို့ပြပြောက်ကျားမှတဆင့် တက်ပြီး PDF တပ်ဖွဲ့ဝင်များအနေနှင့် တိုက်ပွဲဝင်နိူင်ဖို့ပြင်ဆင်နေကြပြီလို့ ကာကွယ်ရေးဝန်ကြီးအသိပေးပြောကြား

📌 ၂။ တီမောနိုင်ငံတွင် ကျင်းပ‌သော Diplomacy Training Program သင်တန်းအခမ်းအနားမှာ NUGလူ့အခွင့်ရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြား

📌 ၃။ စကစရဲ့ မဆင်မခြင် ပြည်သူပိုင်ငွေတွေကို တန်ဖိုးလျော့အောင် လုပ်တဲ့လုပ်ရပ်တွေကြောင့်ပိုင်ဆိုင်မှုတွေကို စိတ်မချရရင်Spring Development Bank ကိုပြောင်းအပ်ဖို့ အကောင်းဆုံးပဲလို့ ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်တိုက်တွန်း

📌 ၄။ အာဆီယံဘုံသဘောတူညီချက်ကို စစ်ကောင်စီမလိုက်နာပါက နောက်ဆက်တွဲအရေးယူမှုပါဝင်ရန် NUGအစိုးရအနေနဲ့လိုလား

📌 ၅။ ဂန့်ဂေါမြို့နယ် မင်းရွာနယ်မြေ ရဲစခန်းတိုက်ပွဲမှာ ရဲငါးဦးသေဆုံး

📌 ၆။ နေပြည်တော်တပ်ကုန်းမြို့နယ်အနီး စကစတပ်နဲ့ကာကွယ်ရေးတပ်တွေ အပြန်အလှန် ထိတွေ့တိုက်ပွဲ ဖြစ်ပွား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ရန်ကုန်ကို မြို့ပြပြောက်ကျားမှတဆင့် တက်ပြီး PDF တပ်ဖွဲ့ဝင်များအနေနှင့် တိုက်ပွဲဝင်နိူင်ဖို့ပြင်ဆင်နေကြပြီလို့ ကာကွယ်ရေးဝန်ကြီးအသိပေးပြောကြား


သြဂုတ်လ၂၁ရက်


သြဂုတ်လ၂၀ရက်တွင်ကျင်းပပြုလုပ်သော ရန်ကုန်အတွက်အလင်းစက်ကမ်ပိန်းပိတ်ပွဲအခမ်းအနားမှာ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်မှ အခုလိုထည့်သွင်းပြောကြားခဲ့ပါတယ်။


"ရန်ကုန်နဲ့ပတ်သက်ရင် အားလုံးသိတဲ့အတိုင်းပဲ မြို့ပြပြောက်ကျားကနေ လှုပ်ရှားခဲ့တာဖြစ်တယ်။အခုအချိန်မှာတော့ မြို့ပြပြောက်ကျားကတဆင့်တက်ပြီး PDF တပ်ဖွဲ့ဝင်များအနေနဲ့တိုက်ပွဲဝင်နိူင်ဖို့ပြင်ဆင်နေကြပြီ။ရန်ကုန်အတွက်အလင်းစက်ကမ်ပိန်းသည်ပင်လျင် ရန်ကုန်အတွက်အားဖြည့်ဖို့ဖြစ်တယ်လို့ ပြောချင်တယ်။ရန်ကုန်ကို အားဖြည့်ဖို့အရေးကြီးတယ်။ဒါသည်ပင်လျင် ကျနော်တို့ရဲ့မဟာဗျူဟာပထမအဆင့်ဖြစ်တယ်"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ စကစဟာ ရန်ကုန်မြို့အတွင်း ဘန်ကာအဆောက်အအုံများပြင်ဆက်လျက်ရှိပြီး စစ်တပ်ဝန်းကျင်နားသို့ အရပ်သားကပ်ခွင့်မပေးရဲတဲ့အခြေအနေ ဖြစ်နေပါတယ်။


========================


📌📌 ၂။ တီမောနိုင်ငံတွင် ကျင်းပ‌သော Diplomacy Training Program သင်တန်းအခမ်းအနားမှာ NUGလူ့အခွင့်ရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြား


သြဂုတ်လ၂၁ရက်


တီမောနိုင်ငံတွင် ကျင်းပ‌သောDiplomacy Training Program သင်တန်းအခမ်းအနားမှာ NUGလူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းမှ တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့တယ်လို့သြဂုတ်လ၂၁ရက်မှာ ၎င်းမှအသိပေးဆိုထားပါတယ်။


"Diplomacy Training Program မှာတက်ရောက်သူသင်တန်းသား အနေနဲ့ရော၊ သင်တန်းစီစဥ်သူအနေနဲ့ရော၊ သင်တန်းပို့ချသူအနေနဲ့ရော လုပ်ဆောင်ခဲ့ဘူးပါတယ်။ဒီနှစ် တီမောနိုင်ငံမှာ ကျင်းပတဲ့သင်တန်းမှာတော့ NUG အစိုးရရဲ့လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီးအနေနဲ့ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာလူအခွင့်အရေးကြေညာစာတမ်း၇၅ နှစ်မြောက်ပြည့်တဲ့နှစ်ရယ် မြန်မာပြည်သူတွေနဲ့ဖြတ်သန်းမှုတူတဲ့ တီမောနိုင်ငံမှာ ကျင်းပခြင်းဟာ ထူးခြားချက်ပါဘဲ"လို့ဝန်ကြီးကဆိုပါတယ်။


တီမောနိူင်ငံဟာ မြန်မာနိူင်ငံ ဒီမိုကရေစီအရေးကို တက်ကြွစွာပါဝင်ထောက်ခံနေတဲ့မိတ်ဘက်နိူင်ငံတစ်နိူင်ငံလည်း ဖြစ်ပါတယ်။


========================


📌📌 ၃။ စကစရဲ့ မဆင်မခြင် ပြည်သူပိုင်ငွေတွေကို တန်ဖိုးလျော့အောင် လုပ်တဲ့လုပ်ရပ်တွေကြောင့်ပိုင်ဆိုင်မှုတွေကို စိတ်မချရရင်Spring Development Bank ကိုပြောင်းအပ်ဖို့ အကောင်းဆုံးပဲလို့ ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်တိုက်တွန်း


သြဂုတ်လ၂၁ရက်


"လက်ရှိ စကစရဲ့ မဆင်မခြင် ပြည်သူပိုင်ငွေ ကို တန်ဖိုးလျော့အောင် လုပ်တဲ့ လုပ်ရပ်တွေဖြစ်တဲ့ပို့ကုန် ရငွေ ဒေါ်လာကို ထိန်းချုပ်ခြင်း၊ ၂၀၀၀၀ ကျပ်တန် ကို အဆင်ခြင်မဲ့ ထုတ်ဝေခြင်း၊ စတာတွေကြောင့် ကုန်စျေးနှုန်း အဆမတန်တက်ပြီး၊ ကျပ်ငွေတန်ဖိုး မဲ့လာတာကြောင့် မိမိရဲ့ ပိုင်ဆိုင်မှုကို စိန်ချရတဲ့ ရွှေ၊ နိုင်ငံခြားငွေနဲ့ ပြောင်းစုထားချင်ရင်Spring Development Bank က အကောင်းဆုံးပါပဲ။နောက်ဆို စိတ်ချရတဲ့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေကိုပါ ဝယ်နိုင်လာမှာပါ။စကစကို ငွေကြေးနဲ့ တော်လှန်ရင်း အကျိုးအမြတ်ရမယ့် အစီအစဉ်လေးပါပဲ"လို့ ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်ကသုံးသပ်ပြောဆိုထားပါတယ်။ 


လက်ရှိမှာ နွေဦးဖွံဖြိုးရေးဘဏ်တွင် စင်ကာပူဒေါ်လာ၊ အမေရိကန်ဒေါ်လာ၊ထိုင်းဘတ်ငွေ၊ မြန်မာကျပ်ငွေကြေးလေးမျိုးကို စတင်ဝန်ဆောင်မှု ပေးနေပြီး သြဂုတ်လ ၁၇ ရက်နေ့မှ စတင်ကာ waiting list တွင် စောင့်ဆိုင်းနေသူများအနက်မှ beta activation ပမာဏ ၁၀၀၀ စီအား တရက်ခြား၍ () ရက် လျှင် () ကြိမ်စီ ထပ်မံတိုးမြှင့်ပေးသွားမည့် အစီအစဥ်ကိုလည်း လုပ်ဆောင်လျက်ရှိနေပါတယ်။


========================


📌📌 ၄။ အာဆီယံဘုံသဘောတူညီချက်ကို စစ်ကောင်စီမလိုက်နာပါက နောက်ဆက်တွဲအရေးယူမှုပါဝင်ရန် NUGအစိုးရအနေနဲ့လိုလား


သြဂုတ်လ၂၁ရက်


သြဂုတ်လ၂၁ရက်နေ့တွင် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်မှ အာဆီယံနဲ့ပတ်သက်လို့ အာဆီယံဘုံသဘောတူညီချက်ကို စစ်ကောင်စီမှ မလိုက်နာပါက နောက်ဆက်တွဲအရေးယူမှုပါဝင်ရန် NUGအစိုးရအနေနှင့်လိုလားတယ်လို့ Radio NUGကိုအခုလိုပြောပြလာပါတယ်။



 ((((ဦးကျော်ဇော်-သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ))))



လက်ရှိမှာ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း အာဆီယံထိပ်သီးအစည်းအဝေးကျင်းပနိူင်ဖွယ်ရှိပြီး မြန်မာအရေးနှင့်ပတ်သက်လို့ ဆုံးဖြတ်ချက်တစ်စုံတစ်ရာ ထွက်ပေါ်လာဖို့လည်း မျှော်လင့်ရပါတယ်။


========================


📌📌 ၅။ ဂန့်ဂေါမြို့နယ် မင်းရွာနယ်မြေ ရဲစခန်းတိုက်ပွဲမှာ ရဲငါးဦးသေဆုံး


သြဂုတ်လ၂၁ရက်


မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မင်းရွာနယ်မြေ ရဲစခန်းတိုက်ပွဲမှာ ရဲငါးဦးသေဆုံးခဲ့တယ်လို့ သြဂုတ်လ၂၁ရက်မှာ စစ်ရေးသတင်းကို ABSDF စစ်ကြောင်း၃ကအသိပေးဆိုပါတယ်။


"ဂန့်ဂေါမြို့နယ် မင်းရွာနယ်မြေ ရဲစခန်းကို ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၅း၀၀ နာရီဝန်းကျင်မှာ  ABSDF အမှတ် (၁၂) တပ်ရင်းနဲ့ ဂန့်ဂေါခရိုင် PDF တပ်ရင်း() ၊တပ်ရင်း () တပ်ရင်း (၁၁) တပ်ရင်း (၁၂) ၊တပ်ရင်း(၁၄) မင်းဘူးခရိုင် PDF တပ်ရင်း ဂန့်ဂေါမြို့နယ်ပ.က.ဖ၊ ထီးလင်းမြို့နယ် .က.  တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်"လို့ဆိုပါတယ်။


တိုက်ပွဲဖြစ်ပွားစဉ်အတွင်း စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ပေါင် ၃၀၀ဗုံး ၅လုံး လာရောက်ဗုံးကြဲခြင်း ဂန့်ဂေါမြို့ အမြှောက်တပ်ရင်းမှ  အမြှောက်များဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ပြီး ဂန့်ဂေါမြို့မှတဆင့် မြစ်သာမြစ်အရှေ့ဘက်ကမ်း အတိုင်း ခန့်မှန်းအင်အား ၁၀၀ဖြင့် စစ်ကူလာရောက်ခြင်းများကြောင့် တပ်ပေါင်းစုမှ နံနက် နာရီမှာ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့သတင်းရရှိပါတယ်။


၎င်းတိုက်ပွဲကြောင့် စစ်ကောင်စီ လက်အောက်ခံ ရဲ ဦးသေဆုံးခဲ့ပြီး  ပူးပေါင်းတပ်ဖွဲ့မှ PDF ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့ပြီး ကျဆုံးသူ မရှိခဲ့ဟု စစ်မြေပြင်သတင်းအရ သိရပါတယ်။


========================


📌📌 ၆။ နေပြည်တော်တပ်ကုန်းမြို့နယ်အနီး စကစတပ်နဲ့ကာကွယ်ရေးတပ်တွေ အပြန်အလှန် ထိတွေ့တိုက်ပွဲ ဖြစ်ပွား


သြဂုတ်လ၂၁ရက်


သြဂုတ်၂၀ရက် မွန်းလွဲ၁၂ နာရီ (၅၀) မိနစ်တွင် နေပြည်တော်တိုင်းဒေသကြီး၊ တပ်ကုန်းမြို့နယ်၊ ရွှေမကျီးကျေးရွာ နှင့် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ရိုးကူးကျေးရွာအကြားမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ OPRF - PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစုမှ အသိပေးဆိုပါတယ်။


တိုက်ပွဲကြာချိန် မိနစ် (၃၀) ကျော်ကြာမြင့်ခဲ့ပြီး ရန်သူ စကစ တပ်သား () ဦး ထိခိုက်ဒဏ်ရာရရှိကာ ဦးအပြင်းအထန် ဒဏ်ရာ ရရှိကြောင်း ကနဦး သိရှိရပါတယ်။


 ရန်သူ စကစ ထံမှ ဆိုင်ကယ် စီး၊ .၅၆ ကျည်ဆံ (၂၅) တောင့်၊ .၅၆ ကျည်ဆံသုံး ကျည်ဘောက်တစ်ခု သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment