23rd AUG 2023 - Morning Daily News by Radio NUG



၂၀၂၃ သြဂုတ်လ ၂၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ လူထုတော်လှန်ရေးကို ဦးဆောင်နေတဲ့အတွက် လူထုနဲ့ တစ်သားတည်း နေထိုင်ကြဖို့ ယာယီသမ္မတပြောကြား

📌 ၂။ စစ်ကောင်စီလက်အောက်မှာ ဆက်လက်တာဝန်မထမ်းဆောင်လိုတော့လို့ ထွက်ပြေးလာကြတဲ့ တပ်မတော်သားတွေ ဧပြီလကနေ ဇူလိုင်လအထိ အတွင်း ဒုရင်းမှူးအဆင့် ဗိုလ်မှူး ဦးအပါအဝင် ၅၀၀ နီးပါးရှိ

📌 ၃။ လက်နက်ကိုင်တိုက်ပွဲနှင့် လူထုတိုက်ပွဲကို မဟာဗျူဟာမြောက် ပေါင်းစပ်၊ ပုံဖော် ဆင်နွှဲနိုင်ရေး စီမံချက် အစိုးရ ကက်ဘိနက်တွင် တင်ပြ

📌 ၄။ ကရင်နီတော်လှန်ရေးအင်အားစုများ စစ်ကောင်စီရဲ့ တင့်ကား ရရှိမှုအပေါ် NUGက ဆုကြေးငွေ ချီးမြှင့်ဖို့အဆင်သင့်ရှိနေပြီလို့ဆို

📌 ၅။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်

📌 ၆။ မလုပ် မရှုပ် မပြုတ်ဆိုတာ အာဏာရှင်ခေတ်ရဲ့ နောက်လိုက်ကောင်းတွေဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ဆို

📌 ၇။ နွေဦးဖွံဖြိုးရေးဘဏ်တွင်  စာရင်းဖွင့်လှစ်ပြီး လိုသလောက် USD ဝယ်ယူ၍ လုံခြုံစိတ်ချစွာ သိမ်းဆည်းထားပြီး ဆန္ဒရှိတဲ့ အချိန်မှာ လွယ်ကူစွာ ပြန်လည်ရောင်းချနိုင်

📌 ၈။ မြိုင်မြို့နယ် ထန်းဘုန်းတောကျေးရွာကိုဝင်ရောက်တဲ့စကစတပ်စစ်ကြောင်းက နေအိမ် ၃၉ လုံးကို မီးရှို့ဖျက်ဆီးခဲ့

📌 ၉။ မကွေးတိုင်း ပေါက်မြို့နယ် ရေပြာကျေးရွာ စစ်ဆေးရေးဂိတ်အား '”နောင်ရိုး စစ်ဆင်ရေးအဖြစ် အနီးကပ်ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ရဲတစ်ဦးသေဆုံးပြီး G3 သေနတ်တစ်လက်နဲ့ ကျည်ဆန်များသိမ်းဆည်းရရှိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ လူထုတော်လှန်ရေးကို ဦးဆောင်နေတဲ့အတွက် လူထုနဲ့ တစ်သားတည်း နေထိုင်ကြဖို့ ယာယီသမ္မတပြောကြား


သြဂုတ်လ၂၂ရက်

သြဂုတ်လ၂၂ရက်မှာ ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ၂၈ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ယာယီသမ္မတကပြောကြားပါတယ်။


"ကျွန်တော်တို့ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးမှာ ဘယ်ခြေနဲ့ ညာခြေကို အညီအညွတ် လျှောက်လှမ်းနိုင်မှ ဖြစ်ပါလိမ့်မယ်။ လူထုတော်လှန်ရေးလမ်းစဉ်နဲ့ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ဟာ သီးခြားဖြစ်တည်နေလို့ မရပါဘူး။ သိမ်မွေ့စွာ ပေါင်းစပ်ဖို့ အထူးလိုအပ်ပါတယ်။ လူထုတိုက်ပွဲဖြစ်တဲ့ နိုင်ငံရေးနည်းနဲ့ ခုခံတော်လှန်စစ်ဖြစ်တဲ့ လက်ကိုင်တိုက်ပွဲဟာ ရန်ဖက်တွေ မဟုတ်ပါဘူး။ မိတ်ဖက်တွေဖြစ်ကြောင်း နားလည်ဖို့ လိုပါတယ်။ လူထုတိုက်ပွဲဟာ စစ်ရေးခုခံမှုကို အထောက်အကူပြုရမှာ ဖြစ်သလို၊ လက်နက်ကိုင်တိုက်ပွဲကလည်း လူထုတော်လှန်ရေးကို အထောက်အကူပြုရမှာ ဖြစ်ပါတယ်။ လူထုတော်လှန်ရေးကို ဦးဆောင်နေတဲ့အတွက် လူထုနဲ့ တစ်သားတည်း နေထိုင်ကြဖို့နဲ့ လူထုကို ဦးဆောင်ရာမှာ ဖြောင့်ဖြောင့်မတ်မတ် ရှိကြဖို့လိုတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် လူထုထောက်ခံမှုကို အစဉ်အမြဲ ရနေဖို့အတွက် အလုပ်နဲ့သက်သေပြကြဖို့ ယာယီသမ္မတကပြောပါတယ်။


========================


📌📌 ၂။ စစ်ကောင်စီလက်အောက်မှာ ဆက်လက်တာဝန်မထမ်းဆောင်လိုတော့လို့ ထွက်ပြေးလာကြတဲ့ တပ်မတော်သားတွေ ဧပြီလကနေ ဇူလိုင်လအထိ အတွင်း ဒုရင်းမှူးအဆင့် ဗိုလ်မှူး ဦးအပါအဝင် ၅၀၀ နီးပါးရှိ


သြဂုတ်လ၂၂ရက်

ဩဂုတ်လ (၂၂) ရက်အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၂၈/၂၀၂၃ တွင်‌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အခုလို ပြောပါတယ်။


"ဘက်ပေါင်းစုံက ပြိုလဲနေတဲ့ စစ်ကောင်စီကတော့ အခုဆိုရင် Non CDM ဝန်ထမ်းတွေ အားလုံးကို စစ်တပ်ရဲ့ အရန်အင်အားအဖြစ် တပ်ရင်းအသွင် ဖွဲ့စည်းတာဝန်ပေးဖို့ ညွှန်ကြားရသည်အထိ ပြိုလဲနေပြီဖြစ်ပါတယ်။ အကြမ်းဖက် စစ်ကောင်စီလက်အောက်မှာ ဆက်လက် တာဝန် မထမ်းဆောင်လိုတော့လို့ ထွက်ပြေးလာကြတဲ့ တပ်မတော်သားတွေလည်း ဩဂုတ်တစ်လတည်းမှာကို ၅၀ ကျော်ရှိပြီး ဧပြီလကနေ ဇူလိုင်လအထိ အတွင်းမှာဆိုရင် စာရင်းအရ ဒုရင်းမှူးအဆင့် ဗိုလ်မှူး ဦးအပါအဝင် ခန့်မှန်း ၅၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။ ဒါဟာ ကျွန်တော်တို့ကို ချိတ်ဆက်လာတဲ့ အရေအတွက်ပဲ ဖြစ်ပြီး မချိတ်လာကြသေးတာလည်း ရှိနေနိုင်တာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် ဘဏ္ဍာရေးတိုက်ပွဲမှာ အရှိန်ပြင်းပြင်းနဲ့ စစ်ကောင်စီကို အလဲထိုးနိုင်ဖို့ ဘက်စုံကြိုးပမ်းနေကြတာဟာလည်း အားရစရာ အလွန်ကောင်းတယ်လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။


========================


📌📌 ၃။ လက်နက်ကိုင်တိုက်ပွဲနှင့် လူထုတိုက်ပွဲကို မဟာဗျူဟာမြောက် ပေါင်းစပ်၊ ပုံဖော် ဆင်နွှဲနိုင်ရေး စီမံချက် အစိုးရ ကက်ဘိနက်တွင် တင်ပြ


သြဂုတ်လ၂၂ရက်

လက်နက်ကိုင်တိုက်ပွဲနှင့် လူထုတိုက်ပွဲကို မဟာဗျူဟာမြောက် ပေါင်းစပ် ပုံဖော် ဆင်နွှဲနိုင်ရေး စီမံချက်ကို သြဂုတ်လ၂၂ရက်မှာ ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေးမှာ တင်ပြခဲ့တယ်လို့ သိရပါတယ်။


အစည်းအဝေးမှာ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လူသားချင်းစာနာကူညီရေးနှင့် ဘေးအန္တရာယ် တုန့်ပြန်ရေးကော်မရှင်မှာ ဝန်ကြီးဌာနများ ထပ်မံဖြည့်စွက် ဖွဲ့စည်းအတည်ပြုနိုင်ရေးနဲ့ Emergency Operation Coordination Committee (EOCC) structure အတည်ပြုနိုင်ရေး တင်ပြတာ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နီက သပိတ်အင်အားစုကိုယ်စား လက်နက်ကိုင်တိုက်ပွဲနှင့် လူထုတိုက်ပွဲကို မဟာဗျူဟာမြောက် ပေါင်းစပ်၊ ပုံဖော် ဆင်နွှဲနိုင်ရေး စီမံချက် တင်ပြ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၈ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၄။ ကရင်နီတော်လှန်ရေးအင်အားစုများ စစ်ကောင်စီရဲ့ တင့်ကား ရရှိမှုအပေါ် NUGက ဆုကြေးငွေ ချီးမြှင့်ဖို့အဆင်သင့်ရှိနေပြီလို့ဆို


သြဂုတ်လ၂၂ရက်

ကရင်နီတော်လှန်ရေးအင်အားစုများ စစ်ကောင်စီရဲ့ တင့်ကား ရရှိမှုအပေါ် NUGက ဆုကြေးငွေ ချီးမြှင့်ဖို့အဆင်သင့်ရှိနေပြီလို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က အသိပေးဆိုပါတယ်။


သြဂုတ်လအတွင်း ကျင်းပတဲ့ နွေဦးတော်လှန်ရေးစကားဝိုင်းမှာ ကရင်နီဘက်မှ တင့်ကားများ ထပ်မံရရှိမှုအပေါ် ဦးမင်းကိုနိုင်က ပြောကြားရာမှာ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ဆုချီးမြှင့်နိုင်မှုအနေအထားကိုပြောပြခဲ့ပါတယ်။


"ကျနော်တို့ပေးမှာပါ။ ပေးဖို့လည်းအလုံအလောက်ရှိတယ်။ ရှေ့မှာလည်း ချင်းပြည်နယ်က တင့်ကားနှစ်စီးဖျက်ဆီးနိုင်တဲ့အတွက်ဆိုပြီးပေးခဲ့ပါတယ်။ ငွေအတွက်နဲ့ကတော့ အနေမခက်နဲ့လို့ပြောချင်ပါတယ်။ ဆုချီးမြှင့်ဖို့ကတော့ ကျနော်တို့ဘက်က တာဝန်ယူပါတယ်။ ပိုက်ဆံလည်းရှိပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။


ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာအနီး တိုက်ပွဲ၌ အကြမ်းဖက် စစ်တပ်၏ သံချပ်ကာ ကား စီးကို ချင်းပြည်နယ်တော်လှန်ရေးအင်အားစုများက ဖျက်ဆီးနိုင်ခဲ့ပြီး သက်သေနှင့်တကွ တင်ပြအကြောင်းကြား၍ အမျိုးသားညီညွတ်ရေးအစိုးရက ငွေကျပ် သိန်း ၄၀၀၀ ချီးမြှင့်ခဲ့ပါသေးတယ်။


========================


📌📌 ၅။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်


ဩဂုတ်   ၂၂ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၁၆/၂၀၂၃)ကို သြဂုတ်လ၂၂ရက်မှာ ကျင်းပခဲ့ပါတယ်။


အစည်းအဝေးမှာ ကြားကာလဒေသန္တရ ပြည်သူ့ အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာကြသော မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့် ပတ်သက်၍  သိရှိလိုသည်များကို‌ မေးမြန်း‌ဆွေးနွေးခဲ့ကြကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူအသီးသီးမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


အဆိုပါတွေ့ဆုံပွဲသို့  ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းမှ မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၆။ မလုပ် မရှုပ် မပြုတ်ဆိုတာ အာဏာရှင်ခေတ်ရဲ့ နောက်လိုက်ကောင်းတွေဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ဆို


သြဂုတ်လ၂၂ရက်

မလုပ် မရှုပ် မပြုတ်ဆိုတာ အာဏာရှင်ခေတ်ရဲ့ နောက်လိုက်ကောင်းတွေဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကဆိုပါတယ်။

"ပြဿနာ ရှိတယ်ဆိုတာ လူ့လောကရဲ့ သဘာဝပါ။ လူဆိုတာရှိရင် ပြဿနာရှိတယ်၊ အဲ့ဒါကြောင့်ပဲ ပြဿနာများကို ဖြေရှင်းဖို့ အခြေခံဥပဒေတွေ၊ ရာဇဝတ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေတွေ၊ ထုံးတမ်းစဉ်လာအရ လိုက်နာဆောင်ရွက်ကြတဲ့ ကျင့်ထုံးဥပဒေတွေ၊ နည်းဥပဒေတွေထုတ်ထားပြီး အဲ့ဒီဥပဒေတွေကို ဥပဒေအတိုင်း ထိန်းကြောင်းမဲ့ ယန္တရားတွေတည်ဆောက်ကြတာကိုး၊ အဲ့ဒီ ယန္တရား အားလုံးကို ခြုံပြီး အစိုးရ ရေလို့ခေါ်ကြပါတယ်။ ပြဿနာတိုင်းကို စိန်ခေါ်မှုလို့မြင်တယ်။ ပြဿနာတစ်ခုဖြေရှင်းပြီးတိုင်း ကျနော်တို့ ပိုပြည့်စုံလာတယ်။ စိတ်ပျက်စရာမဟုတ်၊ ပြဿနာတွေကြောင့် ရင့်ကျက်လာတာပါ။ အလုပ်လုပ်တဲ့ လူတိုင်းမှာ ပြဿနာရှိတယ်၊ မလုပ်မရှုပ်မပြုတ်ဆိုတာ အာဏာရှင်ခေတ်ရဲ့ နောက်လိုက်ကောင်းတွေပဲ"လို့ ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ စစ်ကောင်စီဟာ ၄င်းခန့်အပ်ထားသော ဝန်ထမ်းများကို ရာထူးမှ ဖြုတ်ခြင်း၊ နေရာပြောင်းရွှေ့ခြင်းတို့ ဆက်တိုက်လုပ်ဆောင်နေပါတယ်။


========================


📌📌 ၇။ နွေဦးဖွံဖြိုးရေးဘဏ်တွင်  စာရင်းဖွင့်လှစ်ပြီး လိုသလောက် USD ဝယ်ယူ၍ လုံခြုံစိတ်ချစွာ သိမ်းဆည်းထားပြီး ဆန္ဒရှိတဲ့ အချိန်မှာ လွယ်ကူစွာ ပြန်လည်ရောင်းချနိုင်


သြဂုတ်လ၂၂ရက်

နွေဦးဖွံဖြိုးရေးဘဏ်တွင်  စာရင်းဖွင့်လှစ်ပြီး လိုသလောက် USD ဝယ်ယူ၍ လုံခြုံစိတ်ချစွာ သိမ်းဆည်းထားပြီး ဆန္ဒရှိတဲ့ အချိန်မှာ လွယ်ကူစွာ ပြန်လည် ရောင်းချနိုင်တယ်လို့ သြဂုတ်လ၂၂ရက်မှာ နွေဦးဖွံဖြိုးရေးဘဏ်က အသိပေးကြေညာပါတယ်။


"USD လက်ဝယ် သိမ်းထားဖို့ စိတ်မချရဘူးလား။ USD ကို အလွယ်တကူ ဝယ်ယူဖို့ နေရာ မရှိဘူး ဖြစ်နေသလား။ နွေဦးဘဏ်တွင် စာရင်း ဖွင့်လှစ်ပြီး လိုသလောက် USD ဝယ်ယူ၍ လုံခြုံစိတ်ချစွာ သိမ်းဆည်းထားပြီး မိမိဆန္ဒရှိတဲ့ အချိန်မှာ လွယ်ကူစွာ ပြန်လည် ရောင်းချနိုင်ပါတယ်။ MMK မှ အခြားငွေကြေးများ နှင့် Gold token ကိုလဲ လက်ညှိုးတထောက်ဖြင့် Real-Time Exchange အတိုင်း လဲလှယ်နိုင်ပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ နွေဦးဖွံဖြိုးရေးဘဏ်ဟာ  အမေရိကန်ဒေါ်လာ၊ ထိုင်းဘတ်ငွေ၊ စင်ကာပူဒေါ်လာ၊ မြန်မာကျပ်တို့ကို သတ်မှတ်ပေးလျက် ဝန်ဆောင်မှုပေးနေပါတယ်။


========================


📌📌 ၈။ မြိုင်မြို့နယ် ထန်းဘုန်းတောကျေးရွာကိုဝင်ရောက်တဲ့စကစတပ်စစ်ကြောင်းက နေအိမ် ၃၉ လုံးကို မီးရှို့ဖျက်ဆီးခဲ့


သြဂုတ်လ၂၂ရက်

မြိုင်မြို့နယ် ထန်းဘုန်းတောကျေးရွာကို ဝင်ရောက်တဲ့ စကစတပ်စစ်ကြောင်းက နေအိမ် ၃၉ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သြဂုတ်လ၂၂ရက်မှာ Myaing Villages Revolution Frontက အသိပေးဆိုပါတယ်။


သြဂုတ်လ၂၁ရက် ကန်နီရွာမှ ခန့်မှန်းအင်အား၈၀ နှင့်စစ်ကြောင်းသည် ထန်းဘုန်းတောကျေးရွာသို့ မနက် နာရီ မိနစ်၂၀ခန့်၌ ဝင်ရောက်လာရာတွင်  MVRFနှင့် မဟာမိတ်တပ်ပေါင်းစုမှ ကင်းတပ်နှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားရာ စကစဘက်က ၅ယောက်ဒဏ်ရာရ၍ ၂ယောက်ကျဆုံးခဲ့ပါတယ်။ မနက်   နာရီအချိန်တွင် ထန်းဘုန်းတောကျေးရွာအား ဝင်ရောက် မွှေနှောက်၍ စကစများက နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်"လို့ဆိုပါတယ်။


ထို့နောက်MVRFနှင့် ​​မဟာမိတ်တပ်ပေါင်းစုမှ ဒရုန်းနဲ့ဗုံးကျဲချ၍ ဝင်ရောက်ရှင်းလင်းခဲ့ရာ စကစများမှာ ကန်နီကျေးရွာဘက်သို့ပြန်ဆုတ်ခွာသွားခဲ့ပါတယ်။


မဟာမိတ်တပ်ပေါင်းစုမှာ အထိခိုက်အကျဆုံးမရှိသော်လည်း ထန်းဘုန်းတောကျေးရွာမှာ နေအိမ် ၃၉ လုံးကို မီးရှို့ဖျက်ဆီသွား၍ ၅လုံးခန့် ပြာကျဆုံးရှုံးခဲ့ရတယ်လို့ဆိုပါတယ်။


========================


📌📌 ၉။ မကွေးတိုင်း ပေါက်မြို့နယ် ရေပြာကျေးရွာ စစ်ဆေးရေးဂိတ်အား '”နောင်ရိုး စစ်ဆင်ရေးအဖြစ် အနီးကပ်ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ရဲတစ်ဦးသေဆုံးပြီး G3 သေနတ်တစ်လက်နဲ့ ကျည်ဆန်များသိမ်းဆည်းရရှိ


သြဂုတ်လ၂၂ရက်

မကွေးတိုင်းပေါက်မြို့နယ် ရေပြာကျေးရွာ စစ်ဆေးရေးဂိတ်အား '”နောင်ရိုး စစ်ဆင်ရေးအဖြစ် အနီးကပ်ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ရဲတစ်ဦးသေဆုံးပြီး G3 သေနတ်တစ်လက်နဲ့ ကျည်ဆန်များသိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင်ပကဖက အတည်ပြုဆိုပါတယ်။


"သြဂုတ်လ၂၂ရက် နံနက်ပိုင်း မြိုင်ပကဖနှင့် မဟာမိတ်ရဲဘော်များမှ ရေပြာကျေးရွာ စစ်ဆေးရေးဂိတ်အား '”နောင်ရိုး စစ်ဆင်ရေးအဖြစ် အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်မှုဖြစ်စဉ်အတွင်း  ရဲတစ်ဦးသေဆုံးပြီး G3 သေနတ်တစ်လက်၊ ကျည် ၁၇၁တောင့်နှင့် ဖုန်းတစ်လုံး၊ ဆိုင်ကယ်၂စီး၊ စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပါတယ်။


ကျန်ရှိသည့် ရဲများထွက်ပြေးသွားသဖြင့် လိုက်လံရှာဖွေခဲ့သော်လည်း တိုက်ပွဲအချိန်ကြောင့် ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ဆိုပါတယ်။


ယင်းတိုက်ခိုက်မှုအား ASTF (Pauk)တပ်ဖွဲ့၊ မြိုင် ပကဖ ရင်း၁ - စိတ် ၁၈၊ NPRF တပ်ဖွဲ့၊ Fire Revolution Group (ခရိုင်ရင်း ၁၆) ပခုက္ကူမြို့ပြပျောက်ကြားတပ်ဖွဲ့၊ ဗိုလ်ဗျတ္တနှင့် နွေဦးလေပွေတပ်ဖွဲ့၊ Justic Fighter တပ်ဖွဲ့၊ ကင်ဒိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အဆိုတော်တပ်ဖွဲ့ ဆိုင်ကလုန်းပျောက်ကြားတပ်ဖွဲ့၊ ဗိုလ်လရောင်တပ်ဖွဲ့တို့မှ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment