26th AUG 2023 - Morning Daily News by Radio NUG



၂၀၂၃ သြဂုတ်လ ၂၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေ သေချာပေါက်ကို အသစ်ပြန်လည်ရေးဆွဲရမယ်လို့ NUGနိုင်ငံခြားရေးဝန်ကြီးပြော

📌 ၂။ အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုက ဘဏ္ဍာရေးစစ်မျက်နှာကို အဓိကဖြစ်အောင် ဆောင်ရွက်နေတယ်လို့ ပြည်ထဲရေး ဝန်ကြီးအသိပေး

📌 ၃။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ပြီး ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်ရှိတဲ့ ပြည့်ဝတဲ့နိုင်ငံတစ်ခု ထူထောင်နိုင်လိမ့်မယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးပြောကြား

📌 ၄။ စစ်ကောင်စီရဲ့ အဓိကလမ်းမကြီးများနဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးများနားကို ကာကွယ်ရေးတပ်နဲ့ မဟာမိတ်တပ်ပေါင်းစုတွေ ချဥ်းကပ်ဝင်ရောက်နိုင်ပြီလို့ ကာကွယ်ရေးဒုအတွင်းဝန်ဆို

📌 ၅။ အမေရိကန်ပြည်ထောင်စုသည် မြန်မာပြည်သူအားလုံးအတွက် တရားမျှတမှုနှင့် တာဝန်ခံမှု မြှင့်တင်ရန် သန္နိဋ္ဌာန်ချထား

📌 ၆။ စည်းရိုး Project"မှ ရရှိခဲ့သော လက်နက်များကို KNDFဗျူဟာ ()အောက်မှ တပ်ရင်းများကိုလက်နက် အပ်နှင်းပွဲ အခမ်းအနားကျင်းပ

📌 ၇။ ကရင်နီပြည်ရဲတပ်ဖွဲ့မှ ၂၀၂၂ -၂၀၂၃ ခုနှစ်တွင် ရဲစခန်း၁ခုနှင့်လုံခြုံရေးရဲကင်း ၂ခုထပ်မံတိုးချဲဖွင့်လှစ်နိုင်ခဲ့ပြီး အမှုပေါင်း ၁၂၇မှုဖမ်းဆီးအရေးယူနိူင်ခဲ့

📌 ၈။ ခင်ဦးတွင် စကစတပ် စစ်ကြောင်း()ခုကြောင့် ဒေသခံ(၈၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရ

📌 ၉။ ကရင်နီပြည်၊ ရှားတော့မြို့နယ်က  စစ်ကောင်စီတပ်ကို ရိက္ခာလာပို့တဲ့ ခမရ (၅၁၉) စစ်ကြောင်းကိုကရင်နီKAတပ်တော်နဲ့ ပူးပေါင်းတပ်များ တိုက်ခိုက်ရာ စကစဘက်က အရာရှိနှစ်ဦးအပါအဝင်အများအပြားသေဆုံးကာ လက်နက်များသိမ်းဆည်းရရှိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေ သေချာပေါက်ကို အသစ်ပြန်လည်ရေးဆွဲရမယ်လို့ NUGနိုင်ငံခြားရေးဝန်ကြီးပြော


သြဂုတ်လ၂၅ရက်

၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေ သေချာပေါက်ကို အသစ်ပြန်လည်ရေးဆွဲရမယ်လို့ သြဂုတ်လ၂၅ရက်မှာ ကျရောက်တဲ့ နှစ်မြောက် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု အောက်မေ့ဖွယ်နေ့အခမ်းအနား ဆွေးနွေးပွဲမှာ နိုင်ငံခြားရေးပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ကပြောပါတယ်။


"ခေတ်ပြောင်း၊ စနစ်ပြောင်းကို သွားမှသာလျှင်ပေါ့။ ရိုဟင်ဂျာလူမျိုးစုတွေ အပါအဝင်အခြားသော လူမျိုးစုတွေ ခွဲခြား ဆက်ဆံခံရတာတွေ၊ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေတာဟာ ကျွန်မတို့လူ့အဖွဲ့အစည်းထဲမှာ ဘယ်လောက်အထိပေါ့။ ခွဲခြားဆက်ဆံမှုနဲ့ အမုန်းတရားတွေဖြစ်နေလဲဆိုတာကို ဖော်ပြနေတာဖြစ်တယ်။ ဒါကြောင့် တော်လှန်ရေးနဲ့ တစ်ဆက်တည်း ပြန်ချိတ်ဆက်ရမယ်ဆိုရင် ၈၂ နိုင်ငံသားဥပဒေဆိုတာ သေချာပေါက်ကို အသစ်ပြန်လည်ရေးဆွဲရမှာဖြစ်တယ်။


ဒါ့အပြင် ခေတ်အဆက်ဆက်တွင် ခွဲခြားဆက်ဆံခံရသော ဖြစ်စဥ်များကို အသိအမှတ်ပြုကာ သမိုင်းသင်ခန်းစာအဖြစ် မှတ်ယူကြောင်းလည်း ဝန်ကြီးကဆိုပါတယ်။


========================


📌📌 ၂။ အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုက ဘဏ္ဍာရေးစစ်မျက်နှာကို အဓိကဖြစ်အောင် ဆောင်ရွက်နေတယ်လို့ ပြည်ထဲရေး ဝန်ကြီးအသိပေး


သြဂုတ်လ၂၅ရက်

သြဂုတ်လ၂၅ရက်မှာ ပြုလုပ်တဲ့ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်လုံခြုံရေးတပ်ဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲမှာ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က အခုလိုပြောပါတယ်။


"ဩဂုတ်လ ၂၄ ရက်နေ့၌ အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့မှ အမိန့်ကြော်ငြာစာအမှတ်(၀၂/၂၀၂၃)ဖြင့် စစ်ကောင်စီထုတ်ဝေသော တရားမဝင်နှစ်သောင်းတန်ငွေစက္ကူများကို ပုဂ္ဂလိကဘဏ်များနှင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများတွင် သုံးစွဲခြင်းမပြုလုပ်ရန် တားမြစ်မိန့်ထုတ်ပြန်ခဲ့ပါကြောင်း၊ ကြားကာလဗဟိုဘဏ်မှလည်း တရားမဝင်သည်ကို ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီအား ကဏ္ဍ ရပ်နဲ့ ဟန်ချက်ညီညီ တိုက်ထုတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုက ဘဏ္ဍာရေးစစ်မျက်နှာကို အဓိကဖြစ်အောင် ဆောင်ရွက်နေပြီးဖြစ်ကြောင်း၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်လုံခြုံရေးတပ်ဖွဲ့များမှလည်း လုပ်ငန်းဆောင်ရွက်မှုတွင် ပြည်သူများနှင့် ထိပ်တိုက် တွေ့ဆုံမှု မဖြစ်စေဘဲ အသိပညာပေးခြင်း၊ စည်းရုံးရေး အမြင်ဖြင့်သာ အဓိကထားဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း"ဝန်ကြီးကဆိုပါတယ်။


အစည်းအဝေးသို့  ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်မှ ဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန ရုံးအဖွဲ့ဝင်များ၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ တနင်္သာရီ၊ ဧရာဝတီ၊ မန္တလေး၊ ရန်ကုန်တိုင်းဒေသကြီးများရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်လုံခြုံရေးတပ်ဖွဲ့များမှ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ပြီး ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်ရှိတဲ့ ပြည့်ဝတဲ့နိုင်ငံတစ်ခု ထူထောင်နိုင်လိမ့်မယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးပြောကြား


သြဂုတ်လ၂၅ရက်

သြဂုတ်လ၂၅ရက်မှာ ကျင်းပတဲ့အိမ်နံရံမှာ သမိုင်းနေ့စွဲတွေ ချိတ်ဆွဲ ဝေဟင်ယံမှာ ဒရုန်းတောင်ပံတွေ ပြန့်ကြဲ”Campaign ဖွင့်ပွဲ အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီးက အခုလိုပြောပါတယ်။


"ကျွန်တော်တို့တော်လှန်ရေးဟာ သေချာပေါက်အောင်မြင်မှာဖြစ်ပါတယ်။ ကျွန်တော်ထင်ပါတယ်။ သာယာဝပြောတဲ့ အားလုံးအတူယှဥ်တွဲနေထိုင်နိုင်တဲ့၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်တဲ့ ၊ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်ရှိတဲ့ လူနည်းစုရော လူတိုင်း၊လူတိုင်းပြည့်ဝတဲ့နိုင်ငံတစ်ခု ထူထောင်နိုင်လိမ့်မယ်လို့ အကြွင်းမဲ့ယုံကြည်ပါတယ်။ ဒီလူငယ်တွေရဲ့ပါဝင်မှုတွေ၊ စကားသံတွေ၊ နည်းပညာတွေ ဒါတွေအားလုံးဟာ ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်ကို တွေ့နေရတာဖြစ်ပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ ဖက်ဒရယ်ချာတာအတိုင်း လျှောက်လှမ်းနေပြီး တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနဲ့လည်း နိုင်ငံရေး၊ စစ်ရေးကို အတူတကွပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၄။ စစ်ကောင်စီရဲ့ အဓိကလမ်းမကြီးများနဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးများနားကို ကာကွယ်ရေးတပ်နဲ့ မဟာမိတ်တပ်ပေါင်းစုတွေ ချဥ်းကပ်ဝင်ရောက်နိုင်ပြီလို့ ကာကွယ်ရေးဒုအတွင်းဝန်ဆို


သြဂုတ်လ၂၅ရက်

သြဂုတ်လ၂၅ရက်မှာ ကျင်းပတဲ့လူထုအားနဲ့ ရုန်းမယ့် Cobra"စကားဝိုင်းမှာ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက အခုလိုပြောပါတယ်။


"၂၀၂၃ခုနှစ်မှာဆိုရင် သိသာထင်ရှားတဲ့ အောင်မြင်မှုတွေအများကြီးရလာပါပြီ။ အဓိကစစ်ကောင်စီရဲ့ ကုန်သွယ်လမ်းမကြီးတွေ ဖြစ်တဲ့ ပြည်ထောင်စုလမ်းမကြီးဆိုလည်း စနစ်တကျထိန်းချုပ်ပြီး စိုးမိုးလာနိုင်ပြီဖြစ်ပါတယ်။ စစ်တောင်းမြစ်ဝှမ်းဒေသမှာဆိုလည်း အရှေ့ဘက်ခြမ်း၊ အနောက်ခြမ်း ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ရန်ကုန်-မန္တလေးအမြန်လမ်း အဲဒီနေရာတွေမှာလည်း တော်လှန်ရေးအင်အားစုတွေ၊ မဟာမိတ်တပ်ပေါင်းစုတွေက ထိုးဖောက်ဝင်ရောက်ပြီး တချို့နေရာတွေကို စိုးမိုးထားနိုင်ပြီး တချို့နေရာတွေမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နားကို ကပ်လာနိုင်ပါပြီ"လို့ဆိုပါတယ်။


အမှတ်() စစ်ဒေသ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း တိုက်ပွဲပေါင်း (၄၃၉) ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ (၄၀၀) ဦး သေဆုံး၍ (၅၇၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ရန်သူ့ထံမှ လက်နက်မျိုးစုံ (၂၆)လက် အပါအဝင် ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းဆည်းရမိခဲ့တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ အမေရိကန်ပြည်ထောင်စုသည် မြန်မာပြည်သူအားလုံးအတွက် တရားမျှတမှုနှင့် တာဝန်ခံမှု မြှင့်တင်ရန် သန္နိဋ္ဌာန်ချထား


သြဂုတ်လ၂၅ရက်

ဩဂုတ်လ ၂၅ ရက်၊ ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ခြောက်နှစ်ပြည့်မြောက်သည့်နေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အခုလို ထုတ်ပြန်ကြေညာခဲ့ပါတယ်။


ဩဂုတ်လ ၂၅ ရက်၊ ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ခြောက်နှစ်ပြည့်မြောက်သည့်နေ့တွင် အမေရိကန်ပြည်ထောင်စုသည် ဒုက္ခသည်များနှင့် အသက်ရှင်ကျန်ရစ်သူများနှင့်အတူ မြန်မာစစ်တပ်၏ ရက်စက်ယုတ်မာမှုများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှုရရှိရန် ကျွန်ုပ်တို့၏ ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့တယ်လို့ဖော်ပြပါတယ်။


ရိုဟင်ဂျာဒုက္ခသည် တစ်သန်းနီးပါးကို ခိုလှုံခွင့်ပေးခဲ့တဲ့ အစိုးရနဲ့ ဘင်္ဂလားဒေ့ရှ် ပြည်သူတွေကို အထူးပင် ကျေးဇူးတင်ရှိပြီး အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နှင့် ဒေသတွင်းရှိ အကျပ်အတည်းကြောင့် ဒုက္ခရောက်နေသူများအား ကူညီရန် အမေရိကန်ဒေါ်လာ . ဘီလီယံကျော် ထောက်ပံ့ပေးခဲ့ကာ ၂၀၁၇ ခုနှစ်မှ စတင်ကာ အကြမ်းဖက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူများအတွက် အသက်ကယ်လူသားချင်းစာနာထောက်ထားမှု အကူအညီအများဆုံး တစ်ခုတည်းသော ထိပ်တန်းအလှူရှင်အဖြစ် ကျန်ရှိနေခဲ့တယ်လို့ဆိုပါတယ်။


 နိုင်ငံတစ်ဝှမ်း အကြမ်းဖက်မှုများ တိုးလာခြင်းသည် အထူးသဖြင့် ရိုဟင်ဂျာများ အပါအဝင် တိုင်းရင်းသားနှင့် ဘာသာရေး လူနည်းစုဝင်များအတွက် ဆိုးရွားသော လူသားချင်းစာနာမှု အခြေအနေများကို ပိုမိုဆိုးရွားစေတယ်လို့ဆိုပါတယ်။


အမေရိကန် ပြည်ထောင်စုသည် မြန်မာပြည်သူအားလုံးအတွက် တရားမျှတမှုနှင့် တာဝန်ခံမှု မြှင့်တင်ရန် သန္နိဋ္ဌာန်ချထားပြီး ဒီမိုကရေစီနည်းကျ၊ အားလုံးပါဝင်ပြီး ငြိမ်းချမ်းသော အနာဂတ်အတွက် ၎င်းတို့၏ မျှော်မှန်းချက်အတိုင်း မြန်မာပြည်သူပြည်သားများနှင့် စည်းလုံးညီညွတ်စွာ ဆက်လက်ရပ်တည်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။


========================


📌📌 ၆။ စည်းရိုး Project"မှ ရရှိခဲ့သော လက်နက်များကို KNDFဗျူဟာ ()အောက်မှ တပ်ရင်းများကိုလက်နက် အပ်နှင်းပွဲ အခမ်းအနားကျင်းပ


သြဂုတ်လ၂၅ရက်

စည်းရိုး Project" မှ ရရှိခဲ့သော လက်နက်များကို KNDF ဗျူဟာ () အောက်မှ တပ်ရင်းများကို လက်နက်အပ်နှင်းပွဲ အခမ်းအနား"ကျင်းပခဲ့တယ်လို့ စည်းရိုး TheFenceက သြဂုတ်လ၂၅ရက်မှာ အသိပေးဆိုထားပါတယ်။


"စည်းရိုး Project"မှ ရရှိခဲ့သော လက်နက်များကို KNDF ဗျူဟာ () အောက်မှ တပ်ရင်းများဖြစ်သော တပ်ရင်း () တပ်ရင်း () တပ်ရင်း () နှင့် တပ်ရင်း () တို့ကိုပေးအပ်ခဲ့ပါတယ်။ ဤကဲ့သို့ လိုအပ်သောလက်နက်များ ဖြည့်တင်းနိုင်ရေးအတွက် "စည်းရိုး" တည်ဆောက်ရာတွင် အဖက်ဖက်မှ ကူညီအားဖြည့်ပံ့ပိုးပေးခဲ့သော တော်လှန်ပြည်သူများ၊ Influencer များ နှင့် နိုင်ငံအသီးသီးမှ Fundraisers များသာမက OFP (Official Fundraising Program) ကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်"လို့ဆိုထားပါတယ်။


အခမ်းအနားတွင် ဗျူဟာ() ရဲဘော်များမှ စစ်ရေးပြသခဲ့ပြီး၊ KNDF ဌာနအသီးသီးမှ တာဝန်ရှိသူများ၊ ဗျူဟာ() မှ တပ်ရင်းမှူး၊ တပ်ခွဲမှူးများ၊ ရဲဘော်များနှင့် မြေပြင်ရှိ Fundraiser များတက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၇။ ကရင်နီပြည်ရဲတပ်ဖွဲ့မှ ၂၀၂၂ -၂၀၂၃ ခုနှစ်တွင် ရဲစခန်း၁ခုနှင့်လုံခြုံရေးရဲကင်း ၂ခုထပ်မံတိုးချဲဖွင့်လှစ်နိုင်ခဲ့ပြီး အမှုပေါင်း ၁၂၇မှုဖမ်းဆီးအရေးယူနိူင်ခဲ့


သြဂုတ်လ၂၅ရက်

ကရင်နီပြည်ရဲတပ်ဖွဲ့မှ ၂၀၂၂ -၂၀၂၃ ခုနှစ်တွင် ရဲစခန်း၁ခု နှင့်လုံခြုံရေးရဲကင်း ၂ခုထပ်မံတိုးချဲဖွင့်လှစ်နိုင်ခဲ့ပြီး အမှုပေါင်း ၁၂၇မှု ဖမ်းဆီးအရေးယူနိုင်ခဲ့တယ်လို့ ကရင်နီပြည်ရဲဌာန ()နှစ်ပြည့်အစီရင်ခံစာမှာ ဖော်ပြအသိပေးထားပါတယ်။


"ယခင်နှစ်တွင် ကရင်နီပြည်ရဲတပ်ဖွဲ့သည် အမှုပေါင်း၂၅၃မှု ဖမ်းဆီးအရေးယူနိုင်ခဲ့ပါတယ်။၂၀၂၂ -၂၀၂၃ ခုနှစ်တွင် ရဲစခန်း ၁ခု နှင့် လုံခြုံရေး ရဲကင်း ၂ခုထပ်မံတိုးချဲဖွင့်လှစ်နိုင်ခဲ့ပြီး အမှုပေါင်း ၁၂၇မှု ဖမ်းဆီးအရေးယူနိုင်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။


ဒါ့အပြင် ကရင်နီပြည် ရဲများစွမ်းရည်ထက်မြက်ပြည့်ဝစေရန် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက်နိုင်ခဲ့ပြီး လေ့လာသင်ယူမှုများ ထပ်မံတိုးချဲ့လုပ်ဆောင်နိုင်ခဲ့ပါတယ်။


========================


📌📌 ၈။ ခင်ဦးတွင် စကစတပ် စစ်ကြောင်း()ခုကြောင့် ဒေသခံ(၈၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရ


သြဂုတ်လ၂၅ရက်

စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ်တွင် အကြမ်းဖက်စကစမှ စစ်ကြောင်း()ခု တစ်ပြိုင်တည်း ခြေလျင် စစ်ကြောင်းထိုးနေမှုကြောင့် ဒေသခံ(၈၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက သြဂုတ်လ၂၅ရက်မှာ ဆိုပါတယ်။


"ခြေလျင်စစ်ကြောင်း()ခုသည် ခင်ဦးမြို့ပေါ် ယမန်နေ့က ပြန်လည်ရောက်ရှိလာသော ခမရ(၃၆၁)စစ်ကြောင်းဖြစ်ပြီး ယမန်နေ့ညကတည်းက မြို့ပေါ်မှ ထွက်လာရာ ယခု ပင်တင်းရွာအနီး ရောက်ရှိနေသောကြောင့် ပင်တင်းရွာဒေသခံများ အပါအဝင် အနီးဝန်းကျင်ရှိ ကျေးရွာ()ရွာမှ ဒေသခံ(၃၀၀၀)ကျော်ဟာ ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်"လို့ဆိုပါတယ်။


နောက်ထပ်ခြေလျင်စစ်ကြောင်းတစ်ခုသည် ရွှေဘိုနယ် မြင်စီးပျူရွာရောက်ရှိသော ရေဦးမှ ထွက်လာသည့် အင်အား(၁၀၀)ကျော်ပါ စစ်ကြောင်းဖြစ်ပြီး ရွှေဘိုနယ် သရက်ပင်ဝန်းကျေးရွာမှ ခင်ဦးနယ် အနောက်တောင်ခြမ်းရှိ ကျေးရွာများဆီ လက်နက်ကြီးငယ်များပစ်ခတ်လာသောကြောင့် ရွှေဘို-ခင်ဦးနယ်စပ် ကြာပင်အိုင်/သရက်ပင်ဝန်း/ညောင်ပင်ကြီးစု/သိမ်တော်စသည့် ကျေးရွာများမှ ဒေခံ(၅၀၀၀)ကျော်ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။


========================


📌📌 ၉။ ကရင်နီပြည်၊ ရှားတော့မြို့နယ်က  စစ်ကောင်စီတပ်ကို ရိက္ခာလာပို့တဲ့ ခမရ (၅၁၉) စစ်ကြောင်းကိုကရင်နီKAတပ်တော်နဲ့ ပူးပေါင်းတပ်များ တိုက်ခိုက်ရာ စကစဘက်က အရာရှိနှစ်ဦးအပါအဝင်အများအပြားသေဆုံးကာ လက်နက်များသိမ်းဆည်းရရှိ


သြဂုတ်လ၂၅ရက်

ကရင်နီပြည်၊ ရှားတော့မြို့နယ်က  စစ်ကောင်စီတပ်ကို ရိက္ခာလာပို့တဲ့ ခမရ (၅၁၉) စစ်ကြောင်းကို ကရင်နီKAတပ်တော်နဲ့ပူးပေါင်းတပ်များ တိုက်ခိုက်ရာ စကစဘက်က အရာရှိနှစ်ဦးအပါအဝင် အများအပြားသေဆုံးကာ လက်နက်များသိမ်းဆည်းရရှိခဲ့ပါတယ်။


ကရင်နီပြည်နယ်၊ ရှားတော့မြို့နယ်က  စစ်ကောင်စီတပ်ကို ရိက္ခာလာပို့တဲ့ ခမရ (၅၁၉) စစ်ကြောင်းကို ဩဂုတ်လ ၂၃ ရက်နေ့က KAပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့တာလို့ ကရင်နီ စစ်ဘက်သတင်းအရင်းအမြစ်က အသိပေးဆိုထားပါတယ်။


ဖြစ်စဥ်မှာ စစ်တပ် အရာရှိ ဦးအပါအ၀င် စကစတပ်က အယောက်၃၀နီးပါးသေဆုံးခဲ့တယ်လို့သိရပါတယ်။


စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာမှာ လက်နက်အများအပြားသိမ်းဆည်းရမိခဲ့ပြီး လက်နက် ငယ် ၁၄ လက်၊ ငါးကြင်းမြီး စက်လတ် တစ်လက်၊ စိန်ပြောင်း လက်နက်ကြီး လက် အပါအ၀င် ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တာလို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment