29th AUG 2023 - Morning Daily News by Radio NUG


၂၀၂၃ သြဂုတ်လ ၂၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲပြည်ထောင်စုဝန်ကြီးများတက်ရောက်

📌 ၂။ အားလုံးအိမ်ပြန်နိုင်အောင် နွေဦးတော်လှန်ရေးမှာ ဝိုင်းဝန်းကြိုးစားနေကြတာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးဦးထင်လင်းအောင် ပြော 

📌 ၃။ ရှေးဟောင်းအမွေအနှစ်နေရာတွေကို ဖျက်ဆီးတဲ့ စစ်ကောင်စီကို နိုင်ငံတကာ တရားရုံးတွေမှာ အပြစ်ပေးနိုင်တဲ့အထိ အောင်မြင်အောင် ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းပြော

📌 ၄။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး

📌 ၅။ Spring Development Bank - နွေဦးဘဏ်မှာ Singapore Dollar များကို မိမိတို့လိုအပ်တဲ့ ပမာဏများအတိုင်း လွယ်ကူ ခေတ်မီစွာ ငွေလဲလှယ်၊ ဝယ်ယူလို့ရ

📌 ၆။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီနှင့် ဂျပန်လွှတ်တော်အမတ်နှစ်ဦးတွေ့ဆုံ၍ မြန်မာ့နိုင်ငံရေး အခြေအနေအရပ်ရပ်ကို ဆွေးနွေးခဲ့

📌 ၇။ တော်လှန်နှုတ်ခမ်းနီ ပရောဂျက်- က ရရှိတဲ့ ထောက်ပို့ငွေများနဲ့ ကျည်ဆန်များ ကျပ်သိန်းသုံးရာကျော်ဖိုးဝယ်ယူပြီးစီး

📌 ၈။ ထီးချိုင့်မြို့နယ်တွင် ကုန်ကားများကို စစ်ဆေးနေစဥ် လွိုင်ကော်မှ တနိုင်းသို့ တပ်ပြောင်းရွှေ့ လာသော ရန်သူ့တပ် ဗိုလ်မှူးချုပ် မြတ်မင်းမိုး၏ တပ်သုံးပစ္စည်းများနှင့် အိမ်ထောင်သုံးပစ္စည်းများကို ထီးချိုင့်ပကဖ သိမ်းဆည်းရမိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲပြည်ထောင်စုဝန်ကြီးများတက်ရောက်


ဩဂုတ် ၂၈  ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၃၄/၂၀၂၃)ကို သြဂုတ်လ၂၈ရက်မှာ ကျင်းပခဲ့ပါတယ်။


အစည်းအဝေးတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ()နိုင်သုဝဏ္ဏနှင့် လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့မှ  အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ဝန်ကြီးဌာနများမှ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍  သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနအသီးသီးမှ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ အားလုံးအိမ်ပြန်နိုင်အောင် နွေဦးတော်လှန်ရေးမှာ ဝိုင်းဝန်းကြိုးစားနေကြတာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးဦးထင်လင်းအောင် ပြော 

 

သြဂုတ်လ၂၈ရက်

ဩဂုတ်လ ၂၆ ရက်တွင် အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် ဘတ်ဖဲလိုးမြို့၌ ကျင်းပသည့် မြန်မာ့နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံ မှာ ပြည်ထောင်စုဝန်ကြီးက အခုလိုဆိုပါတယ်။


"ဒီကနေ့ မြေပြင်မှာလည်း စွန့်လွှတ်ခဲ့ရသည့် မိသားစုများရှိကြောင်း၊ ဘယ်သောအခါမှ ပြန်မတွေ့နိုင်တော့အောင် စွန့်လွှတ်ခဲ့ကြသည့် မိသားစုဝင်များလည်းရှိကြောင်း၊ ကျွန်တော်တို့ အားလုံးအိမ်ပြန်နိုင်အောင် ဒီကနေ့ ဝိုင်းဝန်းကြိုးစားနေကြတာဖြစ်ကြောင်း"ဝန်ကြီးကဆိုပါတယ်။


ယင်းညီလာခံသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) မှတာဝန်ရှိသူများ၊ အမေရိကန်နိုင်ငံနှင့် ကနေဒါနိုင်ငံရောက် မြန်မာ့အရေးလှုပ်ရှားသူများလည်း တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ ရှေးဟောင်းအမွေအနှစ်နေရာတွေကို ဖျက်ဆီးတဲ့ စစ်ကောင်စီကို နိုင်ငံတကာ တရားရုံးတွေမှာ အပြစ်ပေးနိုင်တဲ့အထိ အောင်မြင်အောင် ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းပြော


သြဂုတ်လ၂၈ရက်

ရှေးဟောင်းအမွေအနှစ်နေရာတွေကိုဖျက်ဆီးတဲ့ စစ်ကောင်စီကို နိုင်ငံတကာ တရားရုံးတွေမှာ အပြစ်ပေးနိုင်တဲ့အထိ အောင်မြင်အောင်ဆောင်ရွက်သွားမယ်လို့ အမွေအနှစ်ဆိုင်ရာကြားကာလစီမံအုပ်ချုပ်မှုဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းကပြောပါတယ်။


"တော်လှန်ရေးအောင်မြင်ဖို့ စစ်ရေးကို ဦးစားပေးရတယ်ဆိုပေမယ့် ဒီဘက်မှာ အကြမ်းဖက်စစ်တပ်ကို နိုင်ငံတကာတရားရုံးမှာ အရေးယူဖို့ဆိုတာလည်းရှိပါတယ်။ ၁၉၅၄ သယ်ဟိတ်ကွန်ဗန်းရှင်းမှာလည်း ရှေးဟောင်းအမွေအနှစ်တွေကို ဖျက်ဆီးခြင်းက စစ်ရာဇဝတ်မှုမြောက်တယ်လို့လည်း ပြဌာန်းပါတယ်။ ကမ္ဘာမှာလည်း အမွေအနှစ်ဖျက်ဆီးသူကို ဘယ်လိုပြစ်ဒဏ်ပေးတယ်ဆိုတာ ဥပမာကောင်းတွေရှိပါတယ်။ ဥပမာ ဘာသာရေးနဲ့ရှေးဟောင်းအဆောက်အအုံတွေကို တိုက်ခိုက်ဖို့အမိန့်ပေးတဲ့ အာမက်အယ်ဖာတီကို နိုင်ငံတကာတရားရုံးမှာ၂၀၁၆ ခုနှစ်က နမူနာကောင်းတွေလည်းရှိတော့ ကျွန်တော်တို့ ဒါကိုအောင်မြင်အောင် သေချာပေါက်ဆောင်ရွက်သွားမှာပဲ ဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


အကြမ်းဖက်စစ်ကောင်စီတပ်များဟာ ထန်တလန်မြို့က ရှေးဟောင်းဘုရားကျောင်းအပါအဝင် ရခိုင်ပြည်နယ်မြောက်ဦးရှိ ရှေးဟောင်းမွေနှစ်ဆိုင်ရာ နယ်မြေတွင်ပစ်ခတ်ဖျက်ဆီးမှု၊ ဟံလင်း ပျူမြို့ဟောင်းက ကျေးရွာတချို့အပါအဝင် ရေဦးမြို့နယ် ချမ်းသာရွာမှ ရှေးဟောင်းဘုရားကျောင်း စုစုပေါင်း၆ခုကို ဖျက်ဆီးခဲ့ပါတယ်။


========================


📌📌 ၄။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး


ဩဂုတ်   ၂၈ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှုအစည်း အဝေး (၁၇/၂၀၂၃)ကို သြဂုတ်လ၂၈ရက်က ကျင်းပခဲ့ပြီး ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ တွဲဖက်အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ တွဲဖက်အမြဲတမ်းအတွင်းဝန်မှ(၁၆/၂၀၂၃) အစည်းအဝေး၌ ဆောင်ရွက်ပြီးစီးမှုရှေ့လုပ်ငန်းစဉ်နှင့် လုပ်ငန်း‌ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ မြေပြင်အုပ်ချုပ်ရေးဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများကို မေးမြန်းဆွေးနွေးရာ ဝန်ကြီးဌာန တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


အစည်းအဝေးသို့ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း‌ထောက်လှမ်းရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းရှိမြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ဝင်များ  တက်ရောက်ခဲ့ကြပါတယ်။


========================


၅။ Spring Development Bank - နွေဦးဘဏ်မှာ Singapore Dollar များကို မိမိတို့လိုအပ်တဲ့ ပမာဏများအတိုင်း လွယ်ကူ ခေတ်မီစွာ ငွေလဲလှယ်၊ ဝယ်ယူလို့ရ


သြဂုတ်လ၂၈ရက်

Spring Development Bank - နွေဦးဘဏ် မှာ Singapore Dollar များကို မိမိတို့လိုအပ်တဲ့ ပမာဏများအတိုင်း လွယ်ကူ ခေတ်မီစွာ ငွေလဲလှယ်၊ ဝယ်ယူလို့ရပြီလို့ Spring Development Bankက သြဂုတ်လ၂၈ရက်မှာ အသိပေးဖော်ပြပါတယ်။


"စင်္ကာပူနိုင်ငံမှာ ကျောင်းတက်ဖို့အတွက် SGD လဲဖို့လိုအပ်နေသူများ၊ အလုပ်အကိုင်အခွင့်အလမ်းအတွက် ငွေလဲဖို့ စဥ်းစားနေသူများနှင့် အလည်အပတ်ခရီးအတွက် SGD လဲဖို့ စဥ်းစားနေသူများအတွက်Spring Development Bank - နွေဦးဘဏ်မှာ Singapore Dollar များကို မိမိတို့လိုအပ်တဲ့ ပမာဏများအတိုင်း လွယ်ကူ ခေတ်မီစွာ ငွေလဲလှယ်၊ ဝယ်ယူလို့ရနေပြီ ဖြစ်ကြောင်း သတင်းကောင်းပါးချင်ပါတယ်"လို့ဆိုပါတယ်။


Step 1 အနေနဲ့ နွေဦးဘဏ်မှာ ကိုယ်ပိုင်အကောင့် ဖွင့်လှစ်ပြီး Step 2 မိမိသည် မြန်မာနိုင်ငံက ဖြစ်ပါက သက်ဆိုင်ရာနိုင်ငံ RM များထံမှာ ဆက်သွယ်ပြီး နွေဦးဘဏ် အကောင့်ထဲသို့ အရင်ဆုံး မြန်မာကျပ်ငွေ ထည့်သွင်းဖို့လိုအပ်မှာဖြစ်ပါတယ်။


Step 3တွင် မိမိ လိုအပ်သလောက် SGD များကို နွေဦးဘဏ်အကောင့်ထဲမှာပဲ ကိုယ်တိုင် လက်ညှိုးတစ်ထောက်ဖြင့် Real-Time Exchange အတိုင်း ဝယ်ယူ၊လဲလှယ်၊ စုဆောင်းနိုင်မှာဖြစ်ပါတယ်။


========================


📌📌 ၆။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီနှင့် ဂျပန်လွှတ်တော်အမတ်နှစ်ဦးတွေ့ဆုံ၍ မြန်မာ့နိုင်ငံရေး အခြေအနေအရပ်ရပ်ကို ဆွေးနွေးခဲ့


သြဂုတ်လ၂၈ရက်

ဩဂုတ်လ ၂၇  ရက်နေ့တွင်  ဂျပန်နိုင်ငံ Constitutional Democratic Party  မှ အောက်လွှတ်တော်အမတ် Shoichi Kondo (Mr.) နှင့် အထက်လွှတ်တော်အမတ် Michihiro Ishibashi (Mr.) တို့အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီမှ ဒေါက်တာခင်ဆောင်နှင့်  ဦးထွန်းမြင့်တို့က လက်ခံတွေ့ဆုံခဲ့ရာ နိုင်ငံတကာဆက်ဆံရေးအကြံပေး ဦးဘိုဘိုဦးလည်း တက်ရောက်ခဲ့ပြီး မြန်မာ့နိုင်ငံရေး အခြေအနေအရပ်ရပ်ကို ဆွေးနွေးခဲ့ကြပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ရက်နေ့ အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများ ယနေ့တိုင်တိုးမြှင့်လာလင့်ကစား မြန်မာ့အရေးစိတ်ဝင်စားမှု လျော့ပါးလာခြင်းကို ဂရုစိုက်၍ နိုင်ငံတကာအား မြန်မာ့အရေးဆောင်ရွက်မှု တိုးမြှင့်နိုင်ရန်လိုအပ်ကြောင်း အဓိကဆွေးနွေးခဲ့ကြပါတယ်။


========================


📌📌 ၇။ တော်လှန်နှုတ်ခမ်းနီ ပရောဂျက်- က ရရှိတဲ့ ထောက်ပို့ငွေများနဲ့ ကျည်ဆန်များ ကျပ်သိန်းသုံးရာကျော်ဖိုးဝယ်ယူပြီးစီး


သြဂုတ်လ၂၈ရက်

တော်လှန်နှုတ်ခမ်းနီ ပရောဂျက်- က ရရှိတဲ့ ထောက်ပို့ငွေများနဲ့ ကျည်ဆန်များ ကျပ်သိန်းသုံးရာကျော်ဖိုးဝယ်ယူပြီးစီးကြောင်း သြဂုတ်လ၂၈ရက်မှာ တော်လှန်နှုတ်ခမ်းနီက အသိပေးဖော်ပြပါတယ်။


"တော်လှန်နှုတ်ခမ်းနီ ပရောဂျက်- က ရရှိတဲ့ ထောက်ပို့ငွေများနဲ့ ဝယ်ယူထားတဲ့ နှုတ်ခမ်းနီတောင့်များပါဗျ။ ကြိုတင်ဝယ်ထားတဲ့ နှုတ်ခမ်းနီဖိုးများပေးချေပြီးကြောင်းနှင့် ပရောဂျက်မှာပါဝင်ပေးသူ တစ်ဦးတစ်ယောက်စီတိုင်းကို ကျေးဇူးတင်ပါကြောင်း ဂန့်ဂေါခရိုင် ရင်း (၁၃) The Youth Force - Saw and Kyaukhtu မှ ဓါတ်ပုံများ မျှဝေချင်ပါတယ်"လို့ဆိုထားပါတယ်။


တော်လှန်နှုတ်ခမ်းနီ ပရောဂျက်-၁မှ စုစုပေါင်းထောက်ပို့ငွေ ၃၁၄သိန်းကျော်ရရှိခဲ့ပြီး ပါဝင်အားဖြည့်သူများကို ကျေးဇူးတင်ရှိကြောင်းကာကွယ်ရေးဝန်ကြီးက မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်ခဲ့ပါတယ်။


========================


📌📌 ၈။ ထီးချိုင့်မြို့နယ်တွင် ကုန်ကားများကို စစ်ဆေးနေစဥ် လွိုင်ကော်မှ တနိုင်းသို့ တပ်ပြောင်းရွှေ့ လာသော ရန်သူ့တပ် ဗိုလ်မှူးချုပ် မြတ်မင်းမိုး၏ တပ်သုံးပစ္စည်းများနှင့် အိမ်ထောင်သုံးပစ္စည်းများကို ထီးချိုင့်ပကဖ သိမ်းဆည်းရမိ


သြဂုတ်လ၂၈ရက်

သြဂုတ်လ၂၈ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) (စစ်ရုံးချုပ်) က တရားဝင်သတင်းထုတ်ပြန်ပါတယ်။


၂၀၂၃ ခုနှစ်၊ သြဂုတ်လ () ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ် () စစ်ဒေသ၊ ကသာခရိုင်ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ထီးချိုင့်-ပကဖ)က ထီးချိုင့်မြို့နယ်တွင် ကုန်ကားများကို စစ်ဆေးနေစဥ်  လွိုင်ကော်မှ တနိုင်းသို့ တပ်ပြောင်းရွှေ့ လာသော ရန်သူ့တပ် ဗိုလ်မှူးချုပ် မြတ်မင်းမိုး၏ တပ်သုံးပစ္စည်းများနှင့်အိမ်ထောင်သုံးပစ္စည်းများကို သိမ်းဆည်းရမိခဲ့တယ်လို့ဖော်ပြပါတယ်။


ဗိုလ်မှူးချုပ်မြတ်မင်းမိုးသည် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လွိုင်ကော်) ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူး(ဒကစမှူး) အဖြစ်မှ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (တနိုင်း)သို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူး(ဒကစမှူး)အဖြစ် ရွှေ့ပြောင်းလာရခြင်း ဖြစ်တယ်လို့သိရပါတယ်။


သိမ်းဆည်းရမိသော စစ်သုံးဆောင်ပစ္စည်းများမှာ-စစ်ယူနီဖောင်း(၇၀)စုံ၊ 5.56 ကျည်(၄၆၅)တောင့်၊ လက်ပစ်ဗုံး()လုံး၊ ၁၂ ဘီးကား()စီး Skynet()လုံး၊ ဓာတ်မြေသြဇာ(၁၅၀)အိတ်၊ Sony အမျိုးအစား Camera()လုံး၊ Fax စာပို့စက်()လုံး၊ Jammer အကြီး()လုံး၊ Jammer အသေး()လုံး၊ PC Computer()လုံး၊ TYT ဆက်သွယ်ရေးစက်()လုံး၊ Inverter()လုံး၊ Equipment()စုံ၊ စစ်ဖိနပ်() ရံ၊ ဆုတံဆိပ်()ခု၊ TV()လုံး၊ ကော်ရည်လောင်းစက်()ခု၊ ကတ်ထရစ် ()ခုတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment