7th AUG 2023 - Morning Daily News by Radio NUG



၂၀၂၃ သြဂုတ်လ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး

📌 ၂။ CRPHပညာရေးကော်မတီ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့ဝင်များနှင့်  တွေ့ဆုံဆွေးနွေး

📌 ၃။ 'ဗိုလ်တထောင်group' ဒေသခံကာကွယ်ရေးအဖွဲ့အား  ဝရဇိန် ထုတ်လုပ်ရေးနှင့်ပြုပြင်ရေးအဖွဲ့ မှ လက်နက်များတပ်ဆင်ပေး

📌 ၄။ တပ်စခန်းနေရာကို ဆုတ်ခွာခိုင်းလို့ လဲချားမြို့နယ်မှာ  စစ်ကောင်စီတပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ ( SSPP/SSA )တို့ထိတွေ့တိုက်ပွဲ ဖြစ်

📌 ၅။ ဧရာဝတီမြစ်မှ ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာသည့် လက်နက်၊ ခဲယမ်း စားနပ်ရိက္ခာများ တင်ဆောင်လာသော စကစ ရေယာဥ်များကို ပစ်ခတ်တိုက်ခိုက်

📌 ၆။ ကောလင်းမြို့တွင်း စကစများ အထိုင်ချရာ မြို့မရဲစခန်း နှင့် ထွေအုပ်ရုံးအတွင်းပစ်ခတ်ခံရ

📌 ၇။ ဆိုးလ်မြို့ စကစစစ်သံရုံးရှေ့တွင်၈၈၈၈ ၃၅-နှစ်ပြည့် မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးနေ့ ဆန္ဒပြပွဲကျင်းပ



ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး


ဩဂုတ်     ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေး (၂၈/၂၀၂၃)ကို သြဂုတ်လ၆ရက်က ကျင်းပခဲ့ပါတယ်။


 အစည်းအဝေးမှာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ()နိုင်သုဝဏ္ဏမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ထို့နောက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့် ပတ်သက်၍  သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ပြီးနောက် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ‌ဇော်ဝေစိုးမှ နိဂုံးချုပ်စကားပြောကြားခဲ့ပါတယ်။


အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းမှ မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ CRPHပညာရေးကော်မတီ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့ဝင်များနှင့်  တွေ့ဆုံဆွေးနွေး


သြဂုတ်လ၆

ဩဂုတ်လ ရက်၊ CRPH ပညာရေးကော်မတီသည် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီမှ ကိုယ်စားလှယ်များနှင့်အတူ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့ဝင်များနှင့် မြေပြင်တွင် ဆောင်ရွက်ထားရှိသည့် ပညာရေးဆိုင်ရာအခြေအနေများနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။


တွေ့ဆုံဆွေးနွေးပွဲတွင် ပညာရေးကော်မတီဥက္ကဋ္ဌမှ မြို့နယ်ပညာရေးဘုတ်အဖွဲ့ဝင်များအနေနှင့် အခက်အခဲကြားမှ တက်ရောက်ပေးသည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ရှမ်းပြည်နယ်၊ ကျိုင်းတုံပညာရေးဘုတ်အဖွဲ့တာဝန်ခံက  မြို့နယ်ပညာရေးဘုတ်အဖွဲ့များ၏ ဖွဲ့စည်းထားရှိမှု အခြေအနေများအား တင်ပြဆွေးနွေးခဲ့ပါတယ်။


ထို့နောက် တက်ရောက်လာကြသော ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့ဝင်များက ဖက်ဒရယ်ပညာရေးကဏ္ဍ ပိုမိုအကောင်အထည် ပေါ်လာစေရေးအတွက် လိုအပ်နေသည့်အရင်းအမြစ်များ၊ ဖမ်းဆီးခံ ဆရာ၊ ဆရာမများ၊ မြေပြင်ဖက်ဒရယ်ကျောင်းများအပါအဝင် နိုင်ငံခြားဘာသာစကား သင်ကြားနိုင်ရေးတို့အတွက် အထောက်အပံ့ဖြစ်စေမည့် ကူညီမှုများ ဆောင်ရွက်ပေးနိုင်ရေး တင်ပြဆွေးနွေးခဲ့ရာ CRPH ပညာရေးကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ပြန်လည်ဆွေးနွေးခဲ့ပါတယ်။


တွေ့ဆုံဆွေးနွေးပွဲသို့ ပညာရေးကော်မတီ ဥက္ကဋ္ဌ ဦးရောဘတ်ညေးရယ်နှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီမှ ကိုယ်စားလှယ်များနှင့် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၃။ 'ဗိုလ်တထောင်group' ဒေသခံကာကွယ်ရေးအဖွဲ့အား  ဝရဇိန် ထုတ်လုပ်ရေးနှင့်ပြုပြင်ရေးအဖွဲ့ မှ လက်နက်များတပ်ဆင်ပေး


သြဂုတ်လ၆

'ဗိုလ်တထောင်group' ဒေသခံကာကွယ်ရေးအဖွဲ့အား  ဝရဇိန် ထုတ်လုပ်ရေးနှင့်ပြုပြင်ရေးအဖွဲ့ မှ လက်နက်များတပ်ဆင်ပေးလျက်ရှိတယ်လို့ သြဂုတ်လ၆ရက်မှာ wayazein_productionက အသိပေးဖော်ပြပါတယ်။


"အနောက်မြောက်လွင်ပြင်ဒေသအတွင်းရှိ ကျေးရွာကာကွယ်ရေးနှင့် ပြည်သူ့လုံခြုံရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန်အတွက်  'ဗိုလ်တထောင်group' ဒေသခံကာကွယ်ရေးအဖွဲ့အား  ဝရဇိန် ထုတ်လုပ်ရေးနှင့်ပြုပြင်ရေးအဖွဲ့ မှ လက်နက်များ တပ်ဆင်ပေးလျက်ရှိပါတယ်"လို့ဆိုပါတယ်။


wayazein_productionဟာ လက်နက်များထုတ်လုပ်တပ်ဆင်ရေးကို အဓိကဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၄။ တပ်စခန်းနေရာကို ဆုတ်ခွာခိုင်းလို့ လဲချားမြို့နယ်မှာ  စစ်ကောင်စီတပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ ( SSPP/SSA )တို့ထိတွေ့တိုက်ပွဲ ဖြစ်


တပ်စခန်း နေရာကို ဆုတ်ခွာခိုင်းလို့ လဲချားမြို့နယ်မှာ  စစ်ကောင်စီတပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ ( SSPP/SSA )တို့ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။


" သြဂုတ်လ ရက်နေ့ မနက် :၁၅ နာရီအချိန်မှာ ဟိုင်းဆိုင်အုပ်စု  ခိုင်းဖက်နမ် နမ့်ပေါက် ကျေးရွာအနီးရှိ SSPP/SSA ရဲ့ တပ်စခန်းကို အာဏာသိမ်းစစ်ကောင်စီ ဘက်က အင်အား ၇၀ ဖြင့် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့လို့ နှစ်ဖက်ထိတွေ့တိုက်ပွဲအပြင်းအထန်  စတင်ဖြစ်ပွားခဲ့ပါတယ်"လို့SSPPInfoကဆိုပါတယ်။


ပြီးခဲ့တဲ့ သြဂုတ်လ ၄ရက်နဲ့ ၅ရက်မှာ အာဏာသိမ်းစစ်ကောင်စီဘက်မှ မန်ကျန်ရွာမှ နေပြီး ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် ( SSPP/SSA ) တို့ တပ်စခန်းရှိရာဘက်သို့ လက်နက်ကြီးတွေ.နဲ့ ဆယ်ကြိမ်ထက်မနည်း ရန်စပစ်ခတ်ခဲ့ပါတယ်။


အာဏာသိမ်း စစ်ကောင်စီဘက်မှ လဲချားမြို့နယ်အတွင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် ( SSPP/SSA ) ရဲ့တပ်စခန်း (၁၀) နေရာကို  အကြိမ်ကြိမ် ဆုတ်ခွာခိုင်းခဲ့ဖူးပြီး ရှမ်းပြည် တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် ( SSPP/SSA ) အနေဖြင့်လည်း ဌာနချုပ် လုံခြုံရေးအတွက်ကြောင့် မည်သည့်အကြောင်းပြချက်နှင့်မှ တပ်ပြန်လည် မဆုတ်ပေးနိုင်ကြောင်း အာဏာသိမ်းစစ်ကောင်စီဖက်ကို ခိုင်မာစွာအကြောင်းပြန်ခဲ့ပြီး ဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ၅။ ဧရာဝတီမြစ်မှ ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာသည့် လက်နက်၊ ခဲယမ်း စားနပ်ရိက္ခာများ တင်ဆောင်လာသော စကစ ရေယာဥ်များကို ပစ်ခတ်တိုက်ခိုက်


သြဂုတ်လ၆

ဧရာဝတီမြစ်မှ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် လက်နက်၊ခဲယမ်း စားနပ်ရိက္ခာများတင်ဆောင်လာသော စကစရေယာဥ်များကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


သြဂုတ်လ၅ရက် မွန်းလွဲ၁ နာရီ ၁၃ မိနစ်မှာ မဟာမိတ်တပ်များနဲ့အတူတိုက်ခိုက်ခဲ့တာလို့ ဗန္ဓုလနှင့်အဖွဲ့သားများ LDFကအတည်ပြုပါတယ်။


"ဧရာဝတီမြစ်မှ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် လက်နက်၊ ခဲယမ်း စားနပ်ရိက္ခာများတင်ဆောင်လာသော ခွေးအုပ်စုပိုင်မော်တော်ယာဥ် စီးနှင့် စစ်ဘက်သုံးမော်တော်ယာဥ် စီး စုစုပေါင်း ၃စီးအနက် လက်နက်ရိက္ခာတင်ဆောင်လာသည့် မော်တော်ယာဥ်တစ်စီးနှင့် စကစမော်တော်တစ်စီးအား ဗန္ဓုလနှင့်အဖွဲ့သားများ LDF နှင့်မဟာမိတ်ညီနောင်များဖြစ်ကြသော PEREGRINE People's Defence Force/ လင်းယုန်လေးအဖွဲ့တို့မှ ရှေ့ထွက်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


ထိတွေ့မှုမှာ အထိခိုက်သေဆုံးမှုများနိုင်ပြီး သေဆုံးမှုကို ဆက်လက်အတည်ပြုနေတယ်လို့သိရပါတယ်။


အဆိုပါတိုက်ခိုက်မှုမှာ- ဗန္ဓုလနှင့်အဖွဲ့သားများ LDF PEREGRINE People's Defence Force လင်းယုန်လေးအဖွဲ့ တို့မှ ပူပေါင်းတိုက်ခိုက်ခဲ့ပါတယ်။


========================


📌📌 ၆။ ကောလင်းမြို့တွင်း စကစများ အထိုင်ချရာ မြို့မရဲစခန်း နှင့် ထွေအုပ်ရုံးအတွင်းပစ်ခတ်ခံရ


သြဂုတ်လ၆ရက်

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့တွင်း စကစများ အထိုင်ချရာ မြို့မရဲစခန်းနှင့် ထွေအုပ်ရုံးအတွင်းသို့ ပစ်ခတ်ခံရတယ်လို့ သြဂုတ်လ ၆ရက်မှာ စစ်ရေးသတင်းကို ကောလင်းတော်လှန်ရေးအင်အားစုကအတည်ပြုထားပါတယ်။


"သြဂုတ်လ၅ရက် ကောလင်းမြို့တွင်း စကစများ အထိုင်ချရာ မြို့မရဲစခန်းနှင့် ထွေအုပ်ရုံးအတွင်းသို့ ပစ်ခတ်မှုများရှိခဲ့တယ်လို့သိရပါတယ်။ရဲစခန်းအတွင်း၌ ဒုရဲအုပ်တစ်ဦးနှင့် ရဲမေတစ်ဦးသေဆုံးပြီး အချို့မှာ ထိခိုက်ဒဏ်ရာရတယ်လို့သိရပါတယ်"လို့ဆိုပါတယ်။


အဆိုပါပစ်ခတ်မှုတွင် ကောလင်းခရိုင်တပ်ရင်း - ၁၊ ကောလင်းခရိုင်တပ်ရင်း - ၂၊ ကောလင်းမြို့နယ် .က. နှင့်THE SECRET WARRIOR အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ၇။ ဆိုးလ်မြို့ စကစစစ်သံရုံးရှေ့တွင်၈၈၈၈ ၃၅-နှစ်ပြည့် မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးနေ့ ဆန္ဒပြပွဲကျင်းပ


သြဂုတ်လ၆

သြဂုတ်လ၆ရက် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီ(ကိုရီးယား)မှ စီစဉ်ပြီး ကိုရီးယားအခြေစိုက် မြန်မာ တော်လှန်ရေးအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ခဲ့တယ်လို့သိရပါတယ်။


၈၈၈၈ ၃၅-နှစ်ပြည့် မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးနေ့ ဆန္ဒပြပွဲ၊ သတင်းစာရှင်းလင်းပွဲနှင့် ဆုတောင်းပွဲကို ဆိုးလ်မြို့ စစ်သံရုံးရှေ့တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီ(ကိုရီးယား)မှ စီစဉ်ပြီး ကိုရီးယားအခြေစိုက် မြန်မာ တော်လှန်ရေးအဖွဲ့အစည်းများ ပူးပေါင်းပါဝင်သည့် ကိုရီးယားအဖွဲ့အစည်းများ အပါအဝင် အင်အား (၂၀၀)ကျော် ပူးပေါင်း ပါဝင်ခဲ့ကာ ဩဂုတ်လ ၆ရက် နံနက် ၁၁:၃၀ မှ မွန်းလွဲ နာရီအထိ ကျင်းပခဲ့တယ်လို့သိရတယ်။


ထို ဆန္ဒပြပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းမှ မိန့်ခွန်းပြောကြားပြီး၊ တော်လှန်ရေးအဖွဲ့အစည်းများ၏ ထုတ်ပြန်ကြေညာချက်ကို စစ်သံရုံးသို့ ပေးပို့ခဲ့ပါတယ်။


 ၄င်းအပြင် ရှစ်လေးလုံးအရေးတော်ပုံမှစ၍ ဒီမိုကရေစီရေးအတွက် ခေတ်အဆက်ဆက် အသက်ပေးခဲ့ကြသော ပြည်သူ့သူရဲကောင်းများအတွက် အောက်မေ့ သတိရရင်း မပြီးဆုံးသေးသော တိုက်ပွဲအား အဆုံးအထိ ဆက်လက်တိုက်ပွဲဝင်သွားမည့်အကြောင်း၊ ဒီမိုကရေစီ ရှင်သန်သည့် တောင်ကိုရီးယားနိုင်ငံတွင် ပြည်သူ့အခွန်နှင့် ပြည်သူကို ပြန်လည်ဒုက္ခပေးနေသော စစ်သံရုံးအား အမြန်ဆုံး ပြည်နှင်ခွင့်ရရှိရန် ကြိုးပမ်းလျှက် ရှိကြောင်းအားလည်း ကတိပြုပြောကြားကာ ကြွေးကြော်သံများ သံပြိုင် ဟစ်ကြွေးခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment