9th AUG 2023 - Evening Daily News by Radio NUG


၂၀၂၃ သြဂုတ်လ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နွေဦးတော်လှန်ရေးမှာ လူထုနဲ့ လက်တွဲမဖြုတ်ဘဲ လူထုတော်လှန်ရေး အောင်မြင်ပြီးမြောက်သည်အထိ ဆက်လက်ချီတက်မယ်လို့ ယာယီသမ္မတ ကတိပြုပြောကြား

📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်

📌 ၃။ ၂၀၂၀ - ၂၀၂၁ ခု ပညာသင်နှစ်၊ ကွန်ပျူတာတက္ကသိုလ်၊ ကွန်ပျူတာနှင့်နှီးနွယ်တက္ကသိုလ်များ၏ နောက်ဆုံးနှစ်ကျောင်းသားများအား နောက်ဆုံးနှစ်ပြီးမြောက်ကြောင်း လက်မှတ်ထုတ်ယူနိုင်ရေး စီစဥ်

📌 ၄။ ကရင်နီပြည်နယ်တွင် လူသုံးသိန်းကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး လူအများအပြား  ဆေးကုသရန် လိုအပ်နေသော်လည်း အားလုံးမှာ အကြောက်တရားဖြင့် နေထိုင်နေရ

📌 ၅။ ဒီပဲယင်းမြို့နယ်အတွင်းအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးနေ

📌 ၆။ ပုလဲမြို့ ရဲစခန်းအား  မောင်းသူမဲ့ လေယာဉ်များနဲ့ ဝေဟင်မှတိုက်ခိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နွေဦးတော်လှန်ရေးမှာ လူထုနဲ့ လက်တွဲမဖြုတ်ဘဲ လူထုတော်လှန်ရေး အောင်မြင်ပြီးမြောက်သည်အထိ ဆက်လက်ချီတက်မယ်လို့ ယာယီသမ္မတ ကတိပြုပြောကြား


သြဂုတ်လ၉


ဩဂုတ် () ရက်ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ်နေ့ အခမ်းအနားမှာ အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတ ဒူဝါလရှီးလမှ အခုလို ပြောကြားခဲ့ပါတယ်။


"ကျွန်တော်တို့ဟာ ဒီမိုကရေစီရေးအတွက် ကြိုးပမ်းခဲ့ကြသူအပေါင်းရဲ့ မျက်နှာကို ငဲ့ကွက်ပြီး စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးမှာ မဖောက်မပြန် မြဲမြံတဲ့သစ္စာနဲ့ ရှေ့ဆက်ဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့ဟာ နွေဦးတော်လှန်ရေးကို ဒီမိုကရေစီရေးအတွက် ရင့်မှည့်သော တော်လှန်ရေးအဆင့်တစ်ခုအနေနဲ့ ကြည့်မြင်ရပါလိမ့်မယ်။ ဒီနွေဦးတော်လှန်ရေးမှာလည်း လူထုနဲ့လက်တွဲမဖြုတ်ဘဲ လူထုတော်လှန်ရေး အောင်မြင် ပြီးမြောက်သည်အထိ ဆက်လက်ချီတက်မယ်လို့ ကတိပြုပါတယ်"လို့ဆိုပါတယ်။


၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ၁ရက်နေ့ စစ်တပ်က နိူင်ငံတော်အာဏာကို လုယူပြီးနောက်ပိုင်း စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုနဲ့အတူ နွေဦးတော်လှန်ရေးဟာ ပေါ်ပေါက်ခဲ့ပါတယ်။


========================


📌📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်


ဩဂုတ်


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၁၅/၂၀၂၃)ကို သြဂုတ်လ၈ရက်ကျင်းပခဲ့ပါတယ်။


အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့ အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ကြားကာလဒေသန္တရ ပြည်သူ့ အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်၊ ဖက်ဒရယ်ပြည်ထောင်စု ရေးရာဝန်ကြီးဌာန ဒုဝန်ကြီး 

ဦးချစ်ထွန်းမှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး(၁၄/၂၀၂၃)တွင် ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆောင်ရွက်မှု အခြေအနေများအပေါ် ရှင်းလင်းပြောကြားခဲ့ပါတယ်။


ထို့နောက် တက်ရောက်လာကြသော မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍  သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ပါတယ်။


တွေ့ဆုံပွဲသို့  ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းမှ မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ ၂၀၂၀ - ၂၀၂၁ ခု ပညာသင်နှစ်၊ ကွန်ပျူတာတက္ကသိုလ်၊ ကွန်ပျူတာနှင့်နှီးနွယ်တက္ကသိုလ်များ၏ နောက်ဆုံးနှစ်ကျောင်းသားများအား နောက်ဆုံးနှစ်ပြီးမြောက်ကြောင်း လက်မှတ်ထုတ်ယူနိုင်ရေး စီစဥ်


သြဂုတ်လ၈ရက်


သြဂုတ်လအတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန၊ ကွန်ပျူတာတက္ကသိုလ်များ ကြားကာလပညာရေးဘုတ်အဖွဲ့မှအခုလို အသိပေးထုတ်ပြန်ထားပါတယ်။


ကွန်ပျူတာတက္ကသိုလ်များ ကြားကာလ ပညာရေးဘုတ်အဖွဲ့ မှ ၂၀၂၀ - ၂၀၂၁ ခု ပညာသင်နှစ်၊ ကွန်ပျူတာတက္ကသိုလ်များ၊ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် (MIT) မှ (Computer Science Engineering. Electronic and Communication Engineering) နှင့် ရတနာပုံဆိုက်ဘာစီးတီးတက္ကသိုလ် မှ (Information Science and Technology, Computer Engineering) အထူးပြုဘာသာရပ်များတွင် နောက်ဆုံးနှစ် သင်တန်းတက်ရောက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား နောက်ဆုံးနှစ် ပြီးမြောက်ကြောင်းလက်မှတ် ထုတ်နိုင်အောင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်လို့ဆိုပါတယ်။


အသေးစိတ်အချက်အလက်များကို သက်ဆိုင်ရာကျောင်းအသီးသီး၏ ကျောင်းသားသမဂ္ဂများကိုဆက်သွယ်၍ ပူးတွဲပါ ကြေညာချက် အစီအစဉ်များအတိုင်း အဆင့်လိုက်ပြုလုပ်ဆောင်ရွက်နိုင်တယ်လို့သိရပါတယ်။


========================


📌📌 ၄။ ကရင်နီပြည်နယ်တွင် လူသုံးသိန်းကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး လူအများအပြား  ဆေးကုသရန် လိုအပ်နေသော်လည်း အားလုံးမှာ အကြောက်တရားဖြင့် နေထိုင်နေရ


သြဂုတ်လ၉ရက်


သြဂုတ်လအတွင်းမှာ ကရင်နီပြည်နဲ့ပတ်သက်လို့ Free Burma Rangers က အခုလို ဆိုထားပါတယ်။


"ချစ်ခင်ရပါသော မိတ်ဆွေများ ဆေးဘက်ဆိုင်ရာ ပြည်သူများ အသက်ရှင် ရပ်တည်နိုင်စေရန်၊ သူတို့အား အကာအကွယ်နေရာများ ရှာဖွေကာ ကူညီပေးနိုင်ရန်၊ ဆေးရုံဆေးခန်းများကို အသစ်တဖန် ပြန်လည်တည်ဆောက်ကာ ပြည်သူများအသက် ဆက်လက်ကယ်ဆယ် စောင့်ရှောက်နိုင်စေရန်အတွက် ဆုတောင်းပေးကြပါ။ ရာနှင့်ချီသော ရွာသားများသည် နေရပ်ဒေသခုခံရင်း အသတ်ခံခဲ့ရပြီး ထောင်ပေါင်းများစွာ ဒဏ်ရာရလို့ အကူအညီများ လိုအပ်နေပါတယ်။ ကရင်နီပြည်နယ်တွင် လူသုံးသိန်းကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး လူအများအပြား  ဆေးကုသရန် လိုအပ်နေသော်လည်း အားလုံးမှာ အကြောက်တရားဖြင့် နေထိုင်နေကြရပါတယ်"လို့ဆိုပါတယ်။


ထို့အပြင် ဆရာဝန်များကို ပစ်မှတ်အဖြစ်ထား- ဆေးဘက်ဆိုင်ရာ အဆောက်အအုံများကို စစ်ကောင်စီ တိုက်ခိုက်ရာတွင် အများအပြားသေဆုံးမှုများလည်းရှိတယ်လို့ဆိုပါတယ်။


========================


📌📌 ၅။ ဒီပဲယင်းမြို့နယ်အတွင်းအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးနေ


သြဂုတ်လ၉ရက်


စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်အတွင်းအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးနေတယ်လို့ သြဂုတ်လ၉ရက်မနက်ပိုင်းမှာ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က အသိပေးဆိုထားပါတယ်။


ရေဦးမှ အကြမ်းဖက်စကစတပ်များဟာ ဒုတိယအကြိမ်မြောက် ဒီပဲယင်းမြို့နယ်အတွင်း ပြန်လည်ဝင်ရောက်ကာ စစ်ကြောင်းထိုးလျှက်ရှိနေပါတယ်။တပ်မအသီးအသီးမှ စကစများ အပြောင်းအလဲပြုလုပ်ကာ တပ်ရင်းမှူးတစ်ဦးပါ ချိန်းပြီး လက်နက်ခဲယမ်းအင်အားဖြည့်တင်းပြီး ဒီပဲယင်းကိုပြန်လည်ဝင်ရောက် စစ်ကြောင်းထိုး‌လျှက်ရှိနေပါတယ်"လို့ဆိုပါတယ်။


စစ်ကြောင်းဦးတည်နိုင်ရာ ကျေးရွာများဟာ  ဘေးလွတ်ရာသို့ တိမ်းရှောင်လျှက်ရှိနေပြီး ဦးတည်မှုအပြောင်းအလဲများလည်း ရှိနေသည့်အတွက် ပြေပြင်သတင်း နှိုးဆော်မှုများကိုသတိပြုရန် လူထုကိုအသိပေးထားပါတယ်။


========================


📌📌 ၆။ ပုလဲမြို့ ရဲစခန်းအား  မောင်းသူမဲ့ လေယာဉ်များနဲ့ ဝေဟင်မှတိုက်ခိုက်


သြဂုတ်လ၉ရက်


သြဂုတ်လ၈ရက်နေ့မှာ စစ်ကိုင်းတိုင်း ပုလဲမြို့ ရဲစခန်းအား  Shar Htoo Waw Drone နည်းပညာ မောင်းသူမဲ့ လေယာဉ်များဖြင့် ၆၀မမ အဖူးများအပါအဝင် စုစုပေါင်း ဗုံးသီး လေး လုံး အသုံးပြုကာ ဝေဟင်မှတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်" လို့ Salingyi Special Task Force ကအတည်ပြုပါတယ်။


စစ်ဆင်ရေးတွင်Salingyi Special Task Force - SSTF {Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team(4)} Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team(3) PDAF ၊နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှပူပေါင်း ဆောင်ရွက်ခဲ့ပါတယ်။


သြဂုတ်လ၆ရက်နေ့ကလည်း ကျားတက်ရဲစခန်းအား Salingyi Special Task Force - SSTF { Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team (4)} မှ 2.5 kgဗုံးသီးဖြင့် ဝေဟင်တိုက်ခိုက်မှုပြုလုပ်ခဲ့ပါသေးတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment