ကနီမြို့နယ်၊နွားခြံကုန်းကျေးရွာအတွင်း တပ်စွဲနေထိုင်သော စကစတပ် ရှေ့ပြေးစစ်ကြောင်းနှင့် ULF(တပ်ပေါင်းစု)တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ တပ်စိတ်မှူးတစ်ဦးအရှင်ဖမ်းမိပြီး ကျည်ဆံနဲ့ ဗုံးသီးများသိမ်းဆည်းရမိ
===============
သြဂုတ်လ၂၂ရက်
ကနီမြို့နယ်၊နွားခြံကုန်းကျေးရွာအတွင်း တပ်စွဲနေထိုင်သော စကစတပ် ရှေ့ပြေးစစ်ကြောင်းနှင့် ULF(တပ်ပေါင်းစု)တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ တပ်စိတ်မှူးတစ်ဦးအရှင်ဖမ်းမိပြီး ကျည်ဆံနဲ့ ဗုံးသီးများသိမ်းဆည်းရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။
သြဂုတ်လ၂၂ရက်မှာ UnionLiberationFront_ULFကစစ်ရေးသတင်းကိုအသိပေးဆိုပါတယ်။
"ဩဂုတ်လ(၂၀)ရက်နေ့ ကနီမြို့နယ်၊နွားခြံကုန်းကျေးရွာအတွင်း တပ်စွဲနေထိုင်နေသော စကစစစ်ကြောင်း၏ရှေ့ပြေးကင်းထောက် (၂၅)ဦးသည် နွားခြံကုန်းတောပြင်အတွင်းရောက်ရှိလာစဉ် ULF(တပ်ပေါင်းစု)၏ ကင်းပုန်းတပ်စုနှင့်ထိပ်တိုက်တိုးပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်"လို့ဆိုပါတယ်။
ပစ်ခတ်မှုကြာချိန် (၂၅)မိနစ် အတွင်းမှာ စကစတပ်ကတစ်ဦးသေဆုံးပြီး တပ်စိတ်မှူးထွန်းဝင်းအားအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။
ULF(တပ်ပေါင်းစု)မှ ရဲဘော်များ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ပြီး တပ်စိတ်မှူးထွန်းဝင်းစီမှ 40(MM)ဗုန်းသီး (၂)လုံး၊စခကျည် (၂၅၀)၊နှင့် ကျည်ဘောက် နှစ်ဘောက်ရရှိခဲ့ပါတယ်။
ယင်းမစ်ရှင်ကို ULF(တပ်ပေါင်းစု) မှ
Comrade စစ်ကြောင်း၊ KLG စစ်ကြောင်း နှင့်
Alpha စစ်ကြောင်းတို့မှ မစ်ရှင်ဆောင်ရွက်ခဲ့ပါတယ်။
No comments:
Post a Comment