ကရင်ရိုးရာလက်ချည်လိပ်ပြာခေါ်ယူပွဲ ထိုင်းရောက် မြန်မာတို့ ကျင်းပ



ကရင်ရိုးရာလက်ချည်လိပ်ပြာခေါ်ယူပွဲ ထိုင်းရောက် မြန်မာတို့ ကျင်းပ

Radio NUG (မကြေးမုံ)၊ ဩဂုတ် ၂၁၊ ၂၀၂၃

၂၇၆၂ နှစ်မြောက်ကရင်ရိုးရာ လက်ချည်လိပ်ပြာခေါ်ယူပွဲကို ထိုင်းနိုင်ငံရောက် ကရင်လူမျိုးတွေက ဦးဆောင်ပြီး အစဉ်အလာမပျက်ကျင်းပခဲ့ကြပါတယ်။ ဒီသတင်းကို မကြေးမုံက ပေးပို့ထားပါတယ်။  ဘာသာမရွေးပဲ ကရင်တစ်မျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ ချည်ဖြူဘွဲ့မင်္ဂလာအခမ်းအနားကို ရိုးရာအမွေအနှစ်ကို ထိန်းသိမ်းကြတဲ့အနေနဲ့ ထိုင်းနိုင်ငံရောက် ကရင်လူမျိုးတွေ စုပေါင်း ပြီး သြဂုတ်လ ၂၀ရက်နေ့၊ မနေ့က မဲဆောက်မြို နောင်ဘွားဘုန်းတော်ကြီး ကျောင်းမှာ ကျင်းပခဲ့ကြပါတယ်။ ချည်ဖြူဘွဲမင်္ဂလာအခမ်းအနားကျင်းပဖြစ်ပုံကို ထိုင်းနိုင်ငံမှာ အနှစ် နှစ်ဆယ်ကျော် နေထိုင်ခဲ့တဲ့ မွန်ပြည်နယ်၊ သထုံမြိုဇာတိ ကရင်အဘိုးအိုတစ်ဦး ကအခု လို ပြောပါတယ်။ 

အင်တာဗျူး -

“ … နှစ်စဉ်နှစ်စဉ် ကရင်ရိုးရာလက်ချည်ပွဲက နှစ်စဉ်ရှိတယ်လေ။ ဒီနှစ်က ဟို ကိုဗစ်ဖြစ်တုန်းက မဖြစ်တာ ၃၊ ၄နှစ်ရှိပြီ။ ဒီနှစ်ကပြန်ဖြစ်တယ်။ နောက်နှစ်၊ နောက်နှစ် တွေဆိုရင် ဗမာတွေ၊ ကရင်တွေ၊ မွန်တွေ၊ ကုလားတွေအကုန်လုံးပဲ လာလို့ရတယ်။ လာလို့ရပြီးတော့ ညီညီညွတ်ညွတ်နဲ့ ပျော်ပွဲရွှင်ပွဲ၊ စားသောက်ပြီး ပြန်ကြလို့ရတယ်။ ညီညီညွတ်ညွတ်နဲ့ လာကြပါ။  “


လက်ချည်ပွဲလိုလည်းခေါ်ကြတဲ့ ရိုးရာချည်ဖြူဖွဲမင်္ဂလာပွဲကို မဲဆောက်ရောက် မြန်မာစာသင်ကျောင်းတွေကလည်း ကူညီခဲ့ကြပြီး ရန်ပုံဝိုင်းဝန်းရှာဖွေပေးတာတွေ၊ ပွဲကျင်းပခွင့်ရဖိုအတွက် ထိုင်းအာဏာပိုင်တွေကို လျှောက်ထားရတာတွေ စတာတွေကို ဝိုင်းဝန်း ဆောင်ရွက် ပေးကြပါတယ်။ သွေးသစ်မြန်မာစာသင်ကျောင်းရဲ့ ကျောင်းအုပ်ကြီးက ကရင်ရိုးရာ ချည်ဖြူဖွဲမင်္ဂလာပွဲမှာ ပါဝင်ဆောင်ရွက်ဖြစ်ပုံကိုအခုလိုပြောပါတယ်။ 

အင်တာဗျူး - 

“ … ကျွန်တော်တိုက ကျောင်းဆရာဆိုတော့ ကျွန်တော်တိုဆီမှာ တက်နေတဲ့ က လေးတွေရဲ့ Culture ပေါ့နော်၊ သူတို့ရိုးရာယဉ်ကျေးမှု ဓလေ့တွေမပျောက်အောင် သက်ဆိုင်ရာလူကြီးတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီးတော့ အဓိက အကောင်ထည်ဖော်တာပေါ့ နော်။ ကျင်းပတယ်ပေါ့။ …”

ထိုင်းနိုင်ငံ၊ မဲဆောက်မြိုရောက် မြန်မာတိုင်းရင်းသား ၇၅% က ကရင်လူမျိုးတွေဖြစ်ပြီး မြန်မာနိုင်ငံအတွင်းဖြစ်ပွားဆဲ စစ်ဘေးဒုက္ခတွေ၊ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် ထိုင်းနိုင်ငံကို ပြောင်းရွှေ့လာကြသူတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် မဲဆောက်မြို့ထဲ ပျံ့ကြဲရောက်ရှိနေတဲ့ ကရင်လူမျိုးတွေက တစ်နှစ်တစ်ခါကျင်းပတဲ့ အခုလို ရိုးရာပွဲမှာ စုစုစည်းစည်း ပြန်လည်တွေ့ဆုံကြတာဖြစ်ပါတယ်။ လက်ချည်ပွဲကို တက်ရောက်လာတဲ့ ထိုင်းနိုင်ငံရောက် ကော့ကရိတ်မြိုဇာတိ ကရင်အမျိုးသားတစ်ဦးက အခု လိုပြောပါတယ်။ 

အင်တာဗျူး - 

“ … ကွာတာတော့ကွာတာပေါ့။ မြန်မာပြည်မှာကျတော့ ဒီထက်ပိုပြီး လွတ်လပ်တယ်။ နောက် လူလည်း များတယ်။ ရွာတိုင်းပေါ့နော်။ မြန်မာပြည်မှာကျတော့။ ဒီမှာကျတော့ ရွာပေါင်းစုံနေတဲ့အချိန်လည်းဖြစ်တယ်။ “ 

ကရင်ရိုးရာလက်ချည်ပွဲရဲ့ ရည်ရွယ်ချက်တွေက ကွဲကွာသွားတဲ့မိသားစု တွေပြန်လည် ဆုံဆည်းနိုင်ဖို၊ လူကြီးနဲ့ လူငယ် အမျိုးသားရေးအစဉ်အလာတွေ လက်ဆင့်ကမ်းနိုင်ဖို၊ လူငယ်ချင်းရင်းနှီးမှုတွေက တစ်ဆင့် အမျိုးသားစည်းလုံးညီညွတ်မှုရရှိဖို့၊ စကား၊ စာပေ၊ ယဉ်ကျေးမှုဓလေ့တွေကို စုပေါင်းထိန်းသိမ်းနိုင်ဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ နှစ်စဉ် ကျင်းပကြတာဖြစ်ပါတယ်။

Share:

No comments:

Post a Comment