14th SEP 2023 - Evening Daily News by Radio NUG



၂၀၂၃ စက်တင်ဘာလ ၁၄ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။သယံဇာတစီမံအုပ်ချုပ်မှုမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ တော်လှန်ရေး အင်အားစုတွေမှာ ကိုယ်ကျိုးရှာ အမြတ်ထုတ်မှုတွေ မရှိရအောင် စောင့်ကြပ်ဖို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၂။ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး တစ်စုံ တစ်ရာချို့ယွင်းမှုသာမက အသက်အန္တရာယ်ကိုပါ ထိခိုက်မှုဖြစ်ပေါ်လာပါက အာဏာသိမ်းစစ်ကောင်စီတွင်သာ တာဝန် ရှိမယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ သတိပေးထုတ်ပြန်

📌 ၃။ NUG အဓိက ကိုင်ဆွဲနေတဲ့ Federal Charter အကြောင်း တော်တော်များများ မသိကြသေးတဲ့အတွက်လေ့လာဖတ်ရှုရန် ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်တိုက်တွန်း

📌 ၄။ NUGက လုံခြုံစိတ်ချရတဲ့ Networkနဲ့အင်တာနက်ပေးရန် လုပ်ငန်းစီမံချက်တွင် ကိုယ်ပိုင် ဆင်းကတ်တွေ သုံးနိုင်ဖို့အထိပါဝင်

📌 ၅။ မြန်မာပြည်သူလူထုရဲ့အောင်ပွဲသည် တရုတ်ပြည်ရဲ့ အောင်ပွဲလည်းဖြစ်မယ်လို့ တရုတ်နိူင်ငံကို သြစတြေးလျနိူင်ငံ NUG ကိုယ်စားလှယ်သတင်းစကားပါး

📌 ၆။ လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေတွေနဲ့ ပတ်သက်ပြီး အမေရိကန်အောက်လွှတ်တော်မှာ မြန်မာ့အရေးကြားနာ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။သယံဇာတစီမံအုပ်ချုပ်မှုမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ တော်လှန်ရေး အင်အားစုတွေမှာ ကိုယ်ကျိုးရှာ အမြတ်ထုတ်မှုတွေ မရှိရအောင် စောင့်ကြပ်ဖို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


စက်တင်ဘာ၁၄ရက်


စက်တင်ဘာလ  (၁၃) ရက်နေ့မှာကျင်းပတဲ့ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ ( /၂၀၂၃) အစည်းအဝေးကျင်းပရာမှာ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းမှ အခုလိုပြောပါတယ်။


"သယံဇာတကရရှိတဲ့ အခွန်ဒဏ်ကြေးတွေကလည်း ပိုမိုရရှိလာကာ တော်လှန်ရေးအတွက် စနစ်တကျ သုံးစွဲနိုင်ရေး ဆက်လက်ကြီးကြပ်လျက်ရှိပါကြောင်း၊ တစ်ဖက်မှာ ကောင်းမွန်တဲ့ တိုးတက်မှုတွေ ရှိနေသလို အခက်အခဲ စိန်ခေါ်မှုတွေလည်း အမြဲမပြတ် ကြုံတွေ့နေရပါ ကြောင်း၊ သယံဇာတစီမံအုပ်ချုပ်မှုမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ တော်လှန်ရေး အင်အားစုတွေမှာ ကိုယ်ကျိုးရှာ အမြတ်ထုတ်မှုတွေ မရှိရအောင်လည်း ချမှတ်ထားတဲ့ မူဝါဒ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်တွေအတိုင်း လိုက်နာဖို့ အမြဲမပြတ် တွန်းအားပေး စောင့်ကြပ်နေဖို့ လိုအပ်ပါကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။


နယ်မြေစိုးမိုးမှုရှိတဲ့ ဒေသတွေမှာ သယံဇာတစီမံအုပ်ချုပ်မှုကို တင်းပြည့်ကျပ်ပြည့် လုပ်ကိုင်ခြင်းကနေ အခွန် ဒဏ်ကြေး အမြောက်အများ ရရှိနေတာ ကောင်းမွန်တဲ့ တိုးတက်မှုဖြစ်သလို တစ်ဖက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရဟာ ပြည်သူ့အစိုးရဖြစ်တဲ့အတွက် သယံဇာတလုပ်ငန်း တွေကြောင့်ဖြစ်ပေါ်လာတဲ့ ပတ်ဝန်းကျင် ပျက်စီးမှုကို စီမံကွပ်ကဲဖို့လည်း လိုအပ်လာတယ်လို့ဝန်ကြီးချုပ်ကထပ်လောင်းပြောပါတယ်။


အစည်းအဝေးသို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့မှ ဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ အတွင်းဝန်များ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့် ရုံးအဖွဲ့များ၊ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူးရုံး အဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး တစ်စုံ တစ်ရာချို့ယွင်းမှုသာမက အသက်အန္တရာယ်ကိုပါ ထိခိုက်မှုဖြစ်ပေါ်လာပါက အာဏာသိမ်းစစ်ကောင်စီတွင်သာ တာဝန် ရှိမယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ သတိပေးထုတ်ပြန်


စက်တင်ဘာ၁၄ရက်နေ့မှာ သတင်းထုတ်ပြန်ချက်အမှတ် (၁၁/၂၀၂၃) ကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီမှ ထုတ်ပြန်ခဲ့ပါတယ်။


စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ၎င်းတို့ ဆက်လက်ရပ်တည်နိုင်ရေးအတွက် ကြားခံ တစ်ဦးအဖြစ် ပြန်ပေးဆွဲထားသလို လျှို့ဝှက်ထားသောနေရာများတွင် နိုင်ငံရေးအကျဉ်းသားတစ်ဦး ရပိုင်ခွင့် အခွင့်အရေးကိုမျှမပေးပဲ ချုပ်နှောင်ထားပါတယ်လို့ဆိုပါတယ်။ 


ထိုမျှမက လုံလောက်သောကျန်းမာရေး စောင့်ရှောက်မှု   မရရှိသည့်အပြင် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာနှင့်နေရာထိုင်ခင်းတို့ကို သင့်တင့်မျှတအောင် ဆောင်ရွက်မထားပဲ အသက်အန္တရာယ်ရှိစေရန် ရည်ရွယ်ဖန်တီးထားသည့်အတွက် အထူးပင်စိုးရိမ်ပူပန်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး တစ်စုံ တစ်ရာချို့ယွင်းမှုသာမက အသက်အန္တရာယ်ကိုပါ ထိခိုက်မှုဖြစ်ပေါ်လာပါက အာဏာသိမ်းစစ်ကောင်စီတွင်သာ လုံးဝတာဝန် ရှိပါတယ်လို့ဖော်ပြပါတယ်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ () ရက်နေ့ကတည်းက ယနေ့ချိန်ထိ () နှစ်ခွဲကျော်ကာလတိုင် အကြမ်းဖက်စစ်ကောင်စီကဖမ်းဆီးထားပါတယ်။


 ဒေါ်အောင်ဆန်းစုကြည်ကိုဥပဒေမဲ့မတရားဖမ်းဆီးထားပြီး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်ခုခံချေပခွင့် ကောင်းစွာမရရှိ သည့်အပြင် အများလူထုရှေ့မှောက်တွင် ပွင့်လင်းမြင်သာသည့် တရားစီရင်ရေးစနစ်ကို လုံးဝမကျင့်သုံးပဲ လူထုမျက်ကွယ်တွင် မတရားပြစ်ဒဏ်များ ချမှတ်ခံထားရပါတယ်။


 ထိုသို့ မတရားပြစ်ဒဏ်များ ချမှတ်ခံထားရသော်လည်း မြန်မာပြည်သူလူထုသာမက နိုင်ငံတကာ ခေါင်းဆောင်များကပါ ဒေါ်အောင်ဆန်းစုကြည်သည် ပြစ်ဒဏ်များကို လုံးဝ မကျူးလွန်ကြောင်း အပြည့်အဝယုံကြည်ထားကြတယ်လို့ အဖွဲ့ချုပ်ကထုတ်ပြန်ဖော်ပြပါတယ်။


========================


📌📌 ၃။ NUG အဓိက ကိုင်ဆွဲနေတဲ့ Federal Charter အကြောင်း တော်တော်များများ မသိကြသေးတဲ့အတွက်လေ့လာဖတ်ရှုရန် ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်တိုက်တွန်း


စက်တင်ဘာ၁၄ရက်


စက်တင်ဘာ၁၄ရက်မှာ ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်မှ အခုလိုတိုက်တွန်းထားပါတယ်။


"ဒီချိန်မှာ NUG အတွက်အတိုက်အခံများနေတာသည် အပြောင်းအလဲ ကြီးကြီးမားမား လာနေပြီ ဆိုတဲ့ လက္ခဏာပါ။ ဟိုနေ့က မြေပြင်ကွင်းဆင်း ဆန်းစစ်ချက်ပြုလုပ်ခဲ့တဲ့ အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဘာတွေ့ရလဲ ဆိုတော့ NUG အဓိက ကိုင်ဆွဲနေတဲ့ Federal Charter အကြောင်း တော်တော်များများ မသိကြသေးဘူး ဆိုတဲ့အချက် ဖြစ်ပါတယ်။ ဒါကြောင့်လဲ NUG မှာ ဘာ မူ မှ မရှိဘူး ဆိုပြီးဝေဖန်နေကြသူတွေကို အရင်က အံ့ဩနေတာ ခုမှ ရှင်းတော့တယ်။ သာမန်မသိတာလောက်က ရှင်းပြလို့ရတယ်။ရှင်းပြဖို့အစီအစဉ်လဲ ဆွဲထားကြပါပြီ"လို့ဆိုပါတယ်။


ဖက်ဒရယ် ချာတာ မဖတ်ရသေးသူများ app down ယူဖို့ QR code နဲ့ ချာတာကိုလည်းဝန်ကြီးကဖော်ပြထားပါတယ်။


"ဒီချိန်မှာ NUG ဖက်က ဘယ်လောက် အပြုသဘော ရှင်းပြရှင်းပြ၊ အကောင်းမမြင်တဲ့ အုပ်စုတွေက သီးသန့်ရှိနေတာ တချို့ သတိထားမိပါလိမ့်မယ်။ ဒါက အားတက်စရာပါ။ ငါတို့ အပြောင်းအလဲ လုပ်နိုင်လာပြီ ဆိုတဲ့ သဘောပဲ"လို့ဝန်ကြီးဒေါက်တာတူးခေါင်ကပြောပါတယ်။


========================


📌📌 ၄။ NUGက လုံခြုံစိတ်ချရတဲ့ Networkနဲ့အင်တာနက်ပေးရန် လုပ်ငန်းစီမံချက်တွင် ကိုယ်ပိုင် ဆင်းကတ်တွေ သုံးနိုင်ဖို့အထိပါဝင်


စက်တင်ဘာ၁၄ရက်


NUGက လုံခြုံစိတ်ချရတဲ့ Networkနဲ့အင်တာနက်ပေးရန် လုပ်ငန်းစီမံချက်တွင် ကိုယ်ပိုင် ဆင်းကတ်တွေ သုံးနိုင်ဖို့အထိပါဝင်တယ်လို့ ဆက်သွယ်ရေး၊သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်မှ စက်တင်ဘာလအတွင်း တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ပြောကြားထားပါတယ်။


"ကျွန်တော့် ခန့်မှန်းခြေ အရ ကျွန်တော်တို့ ဆွဲထားတဲ့ စီမံချက်အရဆိုရင်တော့ လနဲ့ လကြားထဲမှာ လူထုကို အင်တာနက်ပေးနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ဘယ်နယ်တွေမှာလဲ ဆိုတာတော့ ကျွန်တော့်အနေနဲ့ ပြောဖို့ ခက်ပါတယ်။ စစ်ကောင်စီရန်သူက သိသွားမှာမျိုးကို ကျွန်တော်တို့ မလိုလားဘူး။ ဒါကြောင့်မို့လို့ ဘယ်နယ်မှာလဲဆိုတာတော့ ထုတ်မပြောပါရစေနဲ့။ NUG ရဲ့ နယ် တော်တော်များများမှာတော့ ကျွန်တော်တို့ရဲ့ လုံခြုံစိတ်ချရတဲ့ Network ကို သုံးပြီးတော့ အင်တာနက်သုံးလို့ရတဲ့ အနေအထားတွေ ဖြစ်လာပါလိမ့်မယ်"လို့ဆိုပါတယ်။


လက်ရှိမှာ စကစဟာ စစ်ကိုင်းတိုင်း၊မကွေးတိုင်းနဲ့ အခြားပြည်နယ်နှင့်တိုင်းများတွင် စစ်ကြောင်းထိုးသည့်နေရာများကို အင်တာနက်နဲ့ဆက်သွယ်ရေးစနစ်များဖြတ်တောက်ထားပါတယ်။


"ကျွန်တော်တို့ plan ထဲမှာတော့ ကျွန်တော်တို့ ကိုယ်ပိုင် ဆင်းကတ်တွေ သုံးနိုင်ဖို့လည်း ပါပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ အခက်အခဲကတော့ ဘတ်ဂျက်အခက်အခဲပေါ့။ ဘတ်ဂျက်က အဓိကအားဖြင့် မျှဝေ သုံးစွဲနေရတယ်။ ကာကွယ်ရေးအသုံးစရိတ်က ပိုပြီးတော့ မြှင့်တင်ထားတယ်။ စစ်ကောင်စီကို အထူးသဖြင့် ကာကွယ်ရေးဘက်ကနေပြီးတော့  pressure ပေးနေစဉ်မှာ ကာကွယ်ရေးကို အဓိက သုံးနေတဲ့အတွက် ဒီဘက်မှာ သုံးစွဲနိုင်မှုမှာ နည်းနည်း အားနည်းတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က ဘတ်ဂျက်ကို ရအောင် ရေရှည်ရပ်တည်နိုင်ဖို့အတွက်လည်း အဆင်ပြေအောင် လက်ရှိရှိနေတဲ့ network တွေအပေါ်မှာ ချဲ့ထွင်ပြီးတော့ ဘယ်လိုသွားမလဲဆိုတာ ကိုက်ညီအောင် ကျွန်တာ်တို့ အဲဒီ plan ကိုလည်း ထပ်ပြီးတော့ ရေးဆွဲတာရှိတယ်"လို့ ပြည်ထောင်စုဝန်ကြီးကထပ်မံဆိုပါတယ်။


========================


📌📌 ၅။ မြန်မာပြည်သူလူထုရဲ့အောင်ပွဲသည် တရုတ်ပြည်ရဲ့ အောင်ပွဲလည်းဖြစ်မယ်လို့ တရုတ်နိူင်ငံကို သြစတြေးလျနိူင်ငံ NUG ကိုယ်စားလှယ်သတင်းစကားပါး


စက်တင်ဘာ၁၄ရက်


တရုတ်နိူင်ငံကို မြန်မာပြည်သူလူထုရဲ့အောင်ပွဲသည် တရုတ်ပြည်ရဲ့ အောင်ပွဲလည်းဖြစ်မယ်လို့ စက်တင်ဘာလအတွင်း သြစတြေးလျနိူင်ငံ ဆစ်ဒနီတွင်ကျင်းပသော လူထုတွေ့ဆုံပွဲတွင် သြစတြေးလျနိူင်ငံ NUG ကိုယ်စားလှယ်ဒေါက်တာထွန်းအောင်ရွှေကပြောပါတယ်။


"တရုတ်ပြည်ကိုအဓိကပေးချင်တဲ့ messages ကမြန်မာပြည်သူလူထုရဲ့အောင်ပွဲသည် တရုတ်ပြည်ရဲ့ အောင်ပွဲလည်းဖြစ်မယ်ဆိုတဲ့ messagesပေးချင်ပါတယ်။ကျနော်တို့နိူင်တာသည်တရုတ်နိူင်တာပဲ။ ဘာကြောင့်လဲဆိုတော့ စစ်ကောင်စီရဲ့အောက်မှာ သူတို့ဘယ်လောက်ရင်းနှီးမြုပ်နှံပါစေ။သူတို့အတွက်မအောင်မြင်နိူင်ဘူး။ရလဒ်ကောင်းတွေမထွက်နိူင်ဘူး။တိုင်းပြည်တည်ငြိမ်အေးချမ်းမှ သူတို့ရဲ့ အောင်မြင်မှုရရှိမယ်လို့ကျနော်messagesပေးပါတယ်"လို့ ဆိုပါတယ်။


ဒါ့အပြင် တရုတ်နိူင်ငံနှင့်အမျိုးသားညီညွတ်ရေးအစိုးရသည်ပုံမှန်ဆက်ဆံမှုနှင့်သတင်းဖလှယ်မှုများရှိနေတယ်လို့လည်းသိရပါတယ်။


========================


📌📌 ၆။ လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေတွေနဲ့ ပတ်သက်ပြီး အမေရိကန်အောက်လွှတ်တော်မှာ မြန်မာ့အရေးကြားနာ


စက်တင်ဘာ၁၄ရက်


လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေတွေနဲ့ ပတ်သက်ပြီး အမေရိကန်အောက်လွှတ်တော်မှာ မြန်မာ့အရေးကြားနာပွဲတစ်ရပ်ကျင်းပခဲ့ပါတယ်။


စက်တင်ဘာ ၁၃ရက်မှာ အမေရိကန်အောက်လွှတ်တော်ရဲ့ တွမ် လန်းတို့စ် လူ့အခွင့်အရေးကော်မရှင် (Tom Lantos Human Rights Commission) က ဦးစီးပြုလုပ်တဲ့ ကြားနာစစ်ဆေးမှုထဲက ပထမဆွေးနွေးခန်းမှာ အမေရိကန်နိုင်ငံခြားရေးဌာန၊ အရှေ့အာရှနဲ့ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မလီဆာ ဘရောင်း (Melissa A. Brown) အမေရိကန်အစိုးရ လူသားချင်းစာနာမှု အကူအညီပေးရေး USAID အဖွဲ့ အာရှရေးရာဗျူရို၊ လက်ထောက် စီမံခန့်ခွဲရေးအရာရှိ မိုက်ကယ် ရှီဖာ (Michael Schiffer) အမေရိကန် နိုင်ငံခြားရေးဌာန၊ ဒီမိုကရေစီလူ့အခွင့်အရေးနဲ့ လုပ်သားရေးရာ ဗျူရိုလက်ထောက်အတွင်းဝန် အဲရင် ဘာကလေ (Erin Barclay) အမေရိကန်နိုင်ငံခြားရေးဌာန၊ နိုင်ငံတကာရာဇဝတ်မှုနဲ့တရားမျှတရေးဆိုင်ရာ သံအမတ်ကြီး ဘာ့သ် ဗန် ရှာအက် (Beth Van Schaack) တို့ တက်ရောက်ဆွေးနွေးခဲ့ပါတယ်။


ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာတွမ်အင်ဒရူး (Tom Andrews) က အမေရိကန်ပြည်ထောင်စုအနေနဲ့ ဥရောပသမဂ္ဂနဲ့ပူးပေါင်းပြီး မြန်မာစစ်တပ်ရဲ့ ဝင်ငွေအရင်းအမြစ်ဖြစ်တဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကို ပိတ်ဆို့အရေးယူဖို့၊ မြန်မာစစ်တပ်အတွက် လက်နက်နဲ့လေယာဉ်ဆီတွေ မရရှိအောင် ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ အတိုက်အခံအင်အားစုတွေအတွက် လက်နက်မဟုတ်တဲ့ အကူအညီတွေနဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေ တိုးမြှင့်ပေးအပ်ဖို့ အချက်တွေကိုပြောကြားသွားခဲ့ပါတယ်။


ဒီကြားနာပွဲကနေ ကောင်းမွန်တဲ့ရလဒ်များမကြာမီထံက်ပေါ်လာနိူင်တယ်လို့လည်းတော်လှန်ရေးအင်အားစုအချို့က သုံးသပ်ဆိုကြပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment