20th SEP 2023 - Morning Daily News by Radio NUG


၂၀၂၃ စက်တင်ဘာလ ၂၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ NUG က တစ်နိုင်ငံလုံး အတိုင်းအတာ COC တည်ဆောက်မယ့်အပေါ် စစ်ကောင်စီကကြောက်ရွံနေ

📌 ၂။ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ  တွေဆုံဆွေးနွေး

📌 ၃။ အမေရိကန်လွှတ်တော် Congressional Briefing မှာ မြန်မာစစ်တပ်ကို အရေးယူမှုတွေ အမြန်ဆုံးစတင်လုပ်ဆောင်ပေးဖို့လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးအောင်ကျော်မိုးကတိုက်တွန်းပြောဆို

📌 ၄။ ဗြိတိန်နိုင်ငံက မြန်မာနိုင်ငံရှိ တိုင်းနှင့် ပြည်နယ် ခုကို ခရီးသွားလာခြင်း မပြုရန် ထုတ်ပြန်ရာမှာ တနင်္သာရီတိုင်း ထပ်တိုးပါဝင်လာ

📌 ၅။ မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်အဖြစ် သံအမတ်ကြီးဦးကျော်မိုးထွန်းကိုထောက်ခံပေးဖို့ကုလသမဂ္ဂဆိုင်ရာ ပိုလန်သံအမတ်ကြီးကို ပြောကြားခဲ့

📌 ၆။ ချင်းတွင်းမြစ်ကြောင်းတွင်း တောင်ဖြူရွာမှ စုန်ဆင်းလာသော စစ်သင်္ဘောများထဲမှ အမြန်ယာဥ်တစ်စင်းသည် မောက္ကထော်အောက်ဖက် ရှဲနတ်တောင်ခြေအနီးတွင် တိမ်းမှောက်နစ်မြုပ်မှုဖြစ်ပွား

📌 ၇။ 338 Sniper နဲ့ ကျည် အတောင့် ၅၀ ယူဆောင်လာတဲ့ စကစ တပ်သား စောသက်နိုင်ထွန်းကို ကော်ဘရာစစ်ကြောင်းရဲ့ စစ်ကြောင်းမှူး ဗိုလ်ကြီး ဒါဘောက ဂုဏ်ပြုဆုငွေ ဘတ်တစ်သိန်း ချီးမြှင့်ခဲ့

📌 ၈။ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း(ပျူ)ရွာတွင် ခြေကုပ်ယူထားသော စစ်ကောင်စီ အဖွဲ့ဝင်များ ၁၂၀- မမ လက်နက်ကြီးများနှင့်ပစ်ခတ်၍ ပြည်သူ()ဦး လက်နက်ကြီးစထိမှန်ခဲ့ပြီး သုံးဦးသေဆုံး

📌 ၉။ ကမ္မရဲစခန်းအပြင်ဖက်ရှိ ဘန်ကာအတွင်းမှနေပြီး ခရီးသွားပြည်သူလူထုကို ဒုက္ခေပေးနေသော စကစ အဖွဲ့ဝင်များအား  ဒေသတွင်းမဟာမိတ်အဖွဲ့တို့ လက်ဖြောင့်စနိုက်ပါသေနတ်များနဲ့ပစ်ခတ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ NUG က တစ်နိုင်ငံလုံး အတိုင်းအတာ COC တည်ဆောက်မယ့်အပေါ် စစ်ကောင်စီကကြောက်ရွံနေ


စက်တင်ဘာ၁၉ရက်

NUG က တစ်နိုင်ငံလုံး အတိုင်းအတာ COC တည်ဆောက်မယ့်အပေါ် စစ်ကောင်စီကကြောက်ရွံနေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က စက်တင်ဘာ၁၉ရက်မှာ သုံးသပ်ပြောကြားထားပါတယ်။


"စကစက လူအင်အားလည်း နည်းလာပြီ၊ သူ့ကို ထောက်ခံတဲ့ ပြည်သူဆိုတာလဲ ပြောပလောက်အောင်မရှိတော့ဘူး။သူတို့ထဲမှာတောင် အချင်းချင်း ကွဲပြဲနေတဲ့ အခြေအနေမှာ ဘယ်လိုကြောင့်ရပ်တည်နိုင်တာလဲတဲ့။ အဓိက က ခိုင်မာတဲ့ Chain of Command (COC) အင်စတီကျူးရှင်း (Institution) တစါခု တည်ဆောက်ထားနိုင်လို့ ဖြစ်ပါတယ်။ စကစ ဆိုတာ အချဉ်တော့မဟုတ်၊ သူတို့မှာနှစ်ပေါင်းများစွာ ရှိရှိသမျှ နိုင်ငံ့ ဘဏ္ဍာငွေနဲ့ ရင်းနှီးထားတဲ့ အတွေ့အကြုံ၊ ပညာရပ်တွေရှိတယ်။ COC ဘယ်လောက်အရေးကြီးတယ်ဆိုတာ ကောင်းကောင်းသိတယ်။ ဒါကြောင့်လဲ NUG က တစ်နိုင်ငံလုံး အတိုင်းအတာ COC တည်ဆောက်မယ် ဆိုတဲ့အခါ သူတို့ကြောက်လာတယ်"လို့ဝန်ကြီးကဆိုပါတယ်။


ပြည်သူ့ခုခံတွန်းလှန်စစ် () နှစ်ပြည့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားထားရာတွင်လည်း အဆုံးသတ်တိုက်ပွဲကို ဆင်နွှဲဖို့စဥ်းစားပြင်ဆင်ရန်နဲ့ COC အောက်ရောက်ပြီးသား တပ်ဖွဲ့တွေရဲ့ တိုက်စွမ်းရည်ကို မြှင့်တင်ဖို့ကိုပြောကြားခဲ့ပါတယ်။


========================


📌📌 ၂။ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ  တွေဆုံဆွေးနွေး


စက်တင်ဘာလ  ၁၉ ရက်

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ဆဋ္ဌမအကြိမ်တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာလ ၁၉ရက်၊ အင်္ဂါနေ့ နေ့လည်  (၁၃ :၀၀)နာရီအချိန်တွင် ကျင်းပခဲ့တယ်လို့သိရပါတယ်။


အခမ်းအနားအား အစီအစဉ်()ရပ်ဖြင့် ကျင်းပ၍ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခြင်း၊ အထွေထွေဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပြီး နေ့လည် ( ၀၂:၃၀)နာရီအချိန်တွင် တွေ့ဆုံဆွေးနွေးပွဲအား ရုတ်သိမ်းခဲ့ပါတယ်။


========================


📌📌 ၃။ အမေရိကန်လွှတ်တော် Congressional Briefing မှာ မြန်မာစစ်တပ်ကို အရေးယူမှုတွေ အမြန်ဆုံးစတင်လုပ်ဆောင်ပေးဖို့လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးအောင်ကျော်မိုးကတိုက်တွန်းပြောဆို


စက်တင်ဘာ၁၉ရက်

အမေရိကန်လွှတ်တော် Congressional Briefing မှာ မြန်မာစစ်တပ်ကို အရေးယူမှုတွေ အမြန်ဆုံးစတင်လုပ်ဆောင်ပေးဖို့လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးအောင်ကျော်မိုးက တိုက်တွန်းပြောဆိုခဲ့ပါတယ်။


မြန်မာနိုင်ငံအတွင်း အကြမ်းဖက်စစ်တပ်ကနေ လူနည်းစုဘာသာဝင်များ၊ လူနည်းစုဘာသာများမှ ဘာသာရေးခေါင်းဆောင်များကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား အကြမ်းဖက်ဖိနှိပ်တာတွေ၊ ဖမ်းဆီးနှိပ်စက်တာတွေ၊ သတ်ဖြတ်တာတွေနဲ့ လူနည်းစု ဘာသာဝင်များရဲ့ ဘာသာရေးအဆောက်အဦးများကို လေကြောင်းကတဆင့် ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်တာတွေ မြေပြင်မှာ ဝင်ရောက်မီးရှို့ဖျက်စီးတာတွေ၊ လက်နက်ကြီးများနှင့် ပစ်ခတ်တာတွေလုပ်ဆောင်လျက်ရှိတဲ့ အကြမ်းဖက်မြန်မာစစ်တပ်ကို အရေးယူမှုတွေ အမြန်ဆုံးစတင်လုပ်ဆောင်ပေးဖို့နဲ့ ခရစ်ယာန်လူနည်းစုတွေပေါ် ကျုးလွန်လျက်ရှိနေတဲ့ ရာဇဝတ်မှုများက Crimes against Humanity နှင့်War Crimes အဖြစ်ကြေငြာပေးဖို့ပြောကြားခဲ့တယ်လို့ဆိုပါတယ်။


Chin Association of Maryland က ဦးဆောင်ပြုလုပ်တဲ့  အမေရိကန်လွှတ်တော် Congressional Briefing မှာ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးအောင်ကျော်မိုးက စက်တင်ဘာ၁၈ရက်နေ့ကမိန့်ခွန်းပြောကြားခဲ့တာဖြစ်ပါတယ်။


========================


📌📌 ၄။ ဗြိတိန်နိုင်ငံက မြန်မာနိုင်ငံရှိ တိုင်းနှင့် ပြည်နယ် ခုကို ခရီးသွားလာခြင်း မပြုရန် ထုတ်ပြန်ရာမှာ တနင်္သာရီတိုင်း ထပ်တိုးပါဝင်လာ


စက်တင်ဘာ၁၉ရက်

ဗြိတိန်နိုင်ငံခြားရေး၊ ဓနဿဟာရနှင့် ဖွံ့ဖြိုးမှုရုံး(FCDO)က စက်တင်ဘာ ၁၉ ရက်မှာ ခရီးသွားလာခွင့်တားမြစ်တဲ့နေရာများကို အသိပေးထုတ်ပြန်ခဲ့ပါတယ်။


ထုတ်ပြန်ချက်အရ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊၊ ချင်းပြည်နယ်၊ ကရင်နီပြည်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းအပါအဝင် ယခုထုတ်ပြန်ရာတွင် တနင်္သာရီတိုင်းထပ်တိုးပါဝင်ခဲ့ပါတယ်။


စစ်ရေးပဋိပက္ခများစွာဖြစ်ပေါ်နေသည့်အတွက် အထက်ပါနေရာများသို့သွားလာခြင်းမပြုရန်တားမြစ်ထားပါတယ်။


ရှမ်းပြည်နယ်၊ မန္တလေးတိုင်းနှင့် ရခိုင်ပြည်နယ်အလယ်ပိုင်းဒေသများကို မဖြစ်မနေသွားရမည်ဆိုပါက သွားလာနိုင်သော်လည်း ဖြစ်နိုင်ပါကခရီးသွားလာခြင်းမပြုရန်ဆိုထားပါတယ်။


========================


📌📌 ၅။ မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်အဖြစ် သံအမတ်ကြီးဦးကျော်မိုးထွန်းကိုထောက်ခံပေးဖို့ကုလသမဂ္ဂဆိုင်ရာ ပိုလန်သံအမတ်ကြီးကို ပြောကြားခဲ့


စက်တင်ဘာ၁၉ရက်

မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်အဖြစ် သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံပေးဖို့ ကုလသမဂ္ဂဆိုင်ရာ ပိုလန်သံအမတ်ကြီးကို ပြောကြားခဲ့တယ်လို့ Burma Community Services တည်ထောင်သူ ဦးစတီဗင်စန်းယုက စက်တင်ဘာ၁၉ရက်မှာ အသိပေးဆိုထားပါတယ်။


"ပြီးခဲ့တဲ့ ပတ်ကျော်တုန်းကတည်းက မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်းကို ထောက်ခံပေးဖို့နဲ့ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေများအကြောင်း ကုလသမဂ္ဂဆိုင်ရာ ပိုလန်သံအမတ်ကြီး Ambassador Krzysztof Szczerski ကို အမေရိကန်အစိုးရတာဝန်ရှိသူမှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးပါကြောင်း"လို့ဆိုပါတယ်။


လက်ရှိမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်ထားရေး မြန်မာပြည်သူများကလည်း ထောက်ခံ ဆန္ဒထုတ်ဖော်ပွဲများ နေ့စဥ်ကျင်းပလျက်ရှိပါတယ်။


========================


📌📌 ၆။ ချင်းတွင်းမြစ်ကြောင်းတွင်း တောင်ဖြူရွာမှ စုန်ဆင်းလာသော စစ်သင်္ဘောများထဲမှ အမြန်ယာဥ်တစ်စင်းသည် မောက္ကထော်အောက်ဖက် ရှဲနတ်တောင်ခြေအနီးတွင် တိမ်းမှောက်နစ်မြုပ်မှုဖြစ်ပွား


စက်တင်ဘာ၁၉

ချင်းတွင်းမြစ်ကြောင်းတွင်း တောင်ဖြူရွာမှ စုန်ဆင်းလာသော စစ်သင်္ဘောများထဲမှ အမြန်ယာဥ်တစ်စင်းသည် မောက္ကထော်အောက်ဖက် ရှဲနတ်တောင်ခြေအနီးတွင် တိမ်းမှောက်နစ်မြုပ်မှုဖြစ်ပွားခဲ့တယ်လို့ စက်တင်ဘာ၁၉ရက်မှာ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F)ကအသိပေးဆိုထားပါတယ်။


စက်တင်ဘာလ(၁၉)ရက် မနက်(၁၀)နာရီဝန်းကျင်တွင် တောင်ဖြူရွာမှ စုန်ဆင်းလာသော စစ်သင်္ဘောများထဲမှ အမြန်ယာဥ်တစ်စင်းသည် မောက္ကထော်အောက်ဖက် ရှဲနတ်တောင်ခြေအနီးတွင် တိမ်းမှောက်မှု့ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါအမြန်ယာဥ်ပေါ်တွင်  စစ်ကောင်စီတပ်သားများအပြင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ လိုက်ပါလာကြောင်း သိရှိရပြီး ရေယာဥ်ပေါ်တွင် လိုက်ပါလာသော ညွှန့်မှူးနှင့်တကွ ရေတပ်သား ငါးယောက်နှင့် ပျူမိသားစုဝင်များ အပါအဝင် စုစုပေါင်း(၁၀၀)ကျော်ခန့် သေဆုံးနိုင်တယ်"လို့သိရှိရပါတယ်။


ဒါ့အပြင်လက်နက်ကြီး အလက် (၂၀)ခန့်နှင့် ကျောက်တန်ချိန် (၁၀၀)ခန့်လည်း ရေယာဥ်နှင့်အတူ နစ်မြုပ်သွားခဲ့တယ်လို့ဆိုပါတယ်။


ယာဉ်မောင်းတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသာ လွှတ်မြောက်ခဲ့ပြီး ၄င်းယာဉ်မောင်းမှာ တောင်ဖြူရွာမှ ပျူစောထီးခေါင်းဆောင် နိုင်ဝင်းဇော်ဖြစ်ပြီး လက်ကျိုးသွားသဖြင့်  ဆေးကုသမှု့ခံယူနေကြောင်း သိရှိရပါတယ်။


========================


📌📌 ၇။ 338 Sniper နဲ့ ကျည် အတောင့် ၅၀ ယူဆောင်လာတဲ့ စကစ တပ်သား စောသက်နိုင်ထွန်းကို ကော်ဘရာစစ်ကြောင်းရဲ့ စစ်ကြောင်းမှူး ဗိုလ်ကြီး ဒါဘောက ဂုဏ်ပြုဆုငွေ ဘတ်တစ်သိန်း ချီးမြှင့်ခဲ့


စက်တင်ဘာ၁၉

338 Sniper နဲ့ ကျည်အတောင့် ၅၀ ယူဆောင်လာတဲ့ စကစ တပ်သား စောသက်နိုင်ထွန်းကို ကော်ဘရာစစ်ကြောင်းရဲ့ စစ်ကြောင်းမှူး ဗိုလ်ကြီး ဒါဘောက ဂုဏ်ပြုဆုငွေ ဘတ်တစ်သိန်း ချီးမြှင့်ခဲ့ပါတယ်။


တပ်မ ၄၄  လက်အောက်ခံ ခမရ () က တပ်သားစောသက်နိုင်ထွန်းက ပြည်သူ့ရင်ခွင်ကို ခိုလှုံလိုတဲ့အတွက်  338 Sniper နဲ့ ကျည်တွေယူလာပြီးအလင်းဝင်ခဲ့ပြီး ကော်ဘရာစစ်ကြောင်းရဲ့ စစ်ကြောင်းမှူး ဗိုလ်ကြီး ဒါဘောက ကြိုဆိုလက်ခံခဲ့တယ်လို့သိရပါတယ်။


၄င်းစကစတပ်သားဟာ တောင်ပိုင်းတိုင်း၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ PDF တပ်ရင်းဆီကို အလင်းဝင်ရောက်ခဲ့တာဖြစ်ပါတယ်။


========================


📌📌 ၈။ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း(ပျူ)ရွာတွင် ခြေကုပ်ယူထားသော စစ်ကောင်စီ အဖွဲ့ဝင်များ ၁၂၀- မမ လက်နက်ကြီးများနှင့်ပစ်ခတ်၍ ပြည်သူ()ဦး လက်နက်ကြီးစထိမှန်ခဲ့ပြီး သုံးဦးသေဆုံး


စက်တင်ဘာ၁၉ရက်

စက်တင်ဘာ၁၉ရက်မှာ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အတည်ပြုဆိုပါတယ်။


"ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း(ပျူ)ရွာတွင် ခြေကုပ်ယူထားသော စစ်ကောင်စီအဖွဲ့ဝင်များသည် ၁၂၀- မမ လက်နက်ကြီးကျည်ရောက်ရှိနိုင်သည့် ကျေးရွာများအား စစ်ရေးပစ်မှတ်မဟုတ်ဘဲ နေ့စဉ်ရက်ဆက် ပစ်ခတ်လျက်ရှိပါတယ်။၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၁၆)ရက်နေ့တွင် မြောက်ခင်ရန်းကျေးရွာမှ ၁၂၀-မမ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဂန့်ဂေါမြို့နယ်၊ မြင်သားကျေးရွာအတွင်းရှိ ပြည်သူနေအိမ်ပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့ပါတယ်"လို့ဆိုပါတယ်။


 ၎င်းလက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် ကလေးငယ်များအပါအဝင် အပြစ်မဲ့ပြည်သူ()ဦး လက်နက်ကြီးစထိမှန်ခဲ့ပြီး အသက် (၂၃) နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက်(၂၀)အရွယ်အမျိုးသမီးတစ်ဦး နေရာတွင်ပင်သေဆုံးခဲ့ရပြီး ရင်ဘတ်နှင့် ညာဘက်ပေါင်သို့ လက်နက်ကြီးစထိမှန်ထားသည့် အသက်(၆၉)နှစ်အရွယ် အမျိုးသမီးတစ်ဦး ယနေ့တွင် ဆေးကုသမှုခံယူရင်း ထပ်မံသေဆုံးခဲ့ပါတယ်။


ထို့အပြင် အသက်()နှစ်အရွယ် မိန်းကလေးငယ်၏ ညာခြေသို့လက်နက်ကြီးစထိမှန် ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ပြီး အသက်()နှစ်အရွယ် ကလေးငယ်တစ်ဦး၏ ညာခြေသို့လက်နက်ကြီးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) နှင့် အသက်(၁၁)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး၏ ဘယ်ခြေထောက်သို့ လက်နက်ကြီးစထိမှန်ဒဏ်ရာ(မစိုး ရိမ်ရ)ရရှိခဲ့ပါတယ်။


========================


📌📌 ၉။ ကမ္မရဲစခန်းအပြင်ဖက်ရှိ ဘန်ကာအတွင်းမှနေပြီး ခရီးသွားပြည်သူလူထုကို ဒုက္ခေပေးနေသော စကစ အဖွဲ့ဝင်များအား  ဒေသတွင်းမဟာမိတ်အဖွဲ့တို့ လက်ဖြောင့်စနိုက်ပါသေနတ်များနဲ့ပစ်ခတ်


စက်တင်ဘာ၁၉ရက်

ကမ္မရဲစခန်းအပြင်ဖက်ရှိ ဘန်ကာအတွင်းမှနေပြီး ခရီးသွားပြည်သူလူထုကို ဒုက္ခေပေးနေသော စကစ အဖွဲ့ဝင်များအား  ဒေသတွင်းမဟာမိတ်အဖွဲ့တို့ လက်ဖြောင့်စနိုက်ပါသေနတ်များနဲ့ပစ်ခတ်ခဲ့တယ်လို့ စက်တင်ဘာ၁၉ရက်မှာ စစ်ရေးသတင်းကို မြိုင်- ပကဖ က အသိပေးဆိုပါတယ်။


"စက်တင်ဘာလ ၁၁ရက်နေ့ ညနေ ၆နာရီ ၂မိနစ် ခန့်တွင် တစ်ကြိမ်   စက်တင်ဘာလ ၁၂ရက်ရက်နေ့ နေ့လည် ၁၁နာရီ (၂၂မိနစ်- ၅၃မိနစ်)တွင် တစ်ကြိမ် ကမ္မရဲစခန်းအပြင်ဖက်ရှိ ဘန်ကာအတွင်းမှနေပြီး ခရီးသွားပြည်သူလူထုကို ဒုက္ခေပေးနေသော စကစ အဖွဲ့ဝင်များအား  ဒေသတွင်းမဟာမိတ်အဖွဲ့တို့နှင့် ပူပေါင်း၍ လက်ဖြောင့်စနိုက်ပါသမားတို့ဖြင့် စုစုပေါင်း ၁၁ချက် သွားရောက် ပစ်ခတ်ခဲ့တယ်"လို့ဆိုပါတယ်။


ပစ်ခတ်မှုကြောင့် စက်တင်ဘာ ၁၁ရက်နေ့တွင် စကစ အဖွဲ့ဝင် တစ်ဦးသေဆုံးပြီး စက်တာဘာ ၁၂ရက်နေ့တွင် သုံးဦးသေဆုံးနှင့် နှစ်ဦး ဒဏ်ရာရရှိသွားကြောင်းသိရပါတယ်။


အထက်ပါတိုက်ခိုက်မှုများကို မြိုင်ပကဖ တပ်ရင်း၁ -တပ်ခွဲ မြစ်ခြေ-ကျွန်းချောင်းကာကွယ်ရေးတပ်ဖွဲ့(MCKCDF) နှင့် ကမ္မတပ်ပေါင်းစုအဖွဲ့ဝင်များဖြစ်သော  ကမ္မကာကွယ်ရေးတပ်ဖွဲ့(KMDF)    ကမ္မပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF-Kamma ) တို့က အတူတကွပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment