21st SEP 2023 - Evening Daily News by Radio NUG


၂၀၂၃ စက်တင်ဘာလ ၂၁ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ တော်လှန်ရေးအောင်ပွဲကို အမြန်ရယူကြဖို့ ယာယီသမ္မတတိုက်တွန်း

📌 ၂။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနလက်ထောက်နိုင်ငံခြားရေးဝန်ကြီးနှင့် NUG ဝန်ကြီးများ တွေ့ဆုံဆွေးနွေး

📌 ၃။ "IDP အမျိုးသမီးများရဲ့ စက်သင်တန်း ကျောင်းဆင်းပွဲ" ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးတက်ရောက်

📌 ၄။ ဘုရားသုံးဆူမြို့တွင် စစ်ကောင်စီတပ်များ အပြင်မထွက်ရဲတော့ဘူးလို့ပြောကြား

📌 ၅။ အမှတ် () စစ်ဒေသ၊ မကွေးတိုင်းကွပ်ကဲရေးရုံးက ဦးစီးသော စစ်ပညာမွမ်းမံသင်တန်း အပါတ်စဥ် () သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့

📌 ၆။ ပြည်ပရောက်မြန်မာမိသားစု၀င်များအတွက်မြန်မာနိုင်ငံသား မွေးစာရင်း NUG မှာ လျှောက်ထားနိုင်ပြီ

📌 ၇။ အီတလီနိုင်ငံ၊ မီလန်မြို့ Piazza Dei Mercanti မှာ  သံအမတ်ကြီး ဦးကျော်မိုးထွန်းကုလသမဂ္ဂတွင် မြန်မာနိုင်ငံကိုယ်စားပြု ပြည်သူ့ သံအမတ်ကြီး ဆက်လက်ရှိရေး လူထုထောက်ခံပွဲ ကျင်းပ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တော်လှန်ရေးအောင်ပွဲကို အမြန်ရယူကြဖို့ ယာယီသမ္မတတိုက်တွန်း


စက်တင်ဘာ ၂၁ ရက်


အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် အစည်းအဝေး ( / ၂၀၂၃) မှာ တော်လှန်ရေးအောင်ပွဲကို အမြန် ရယူကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလမှ ပြောကြားခဲ့ပါတယ်။


"ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ တော်လှန်ရေးတပ်ဦးနေရာကနေ ဦးဆောင် ပဲ့ကိုင်သူတွေ ဖြစ်ပေမယ့် လူထုရဲ့ အခန်းကဏ္ဍကို ဘယ်သောအခါမှ မမေ့ပျောက်ကြဖို့ လိုကြောင်း ပြောချင်ပါတယ်။ ဒါ့အပြင် ပြည်သူလူထုရဲ့ နေ့စဉ်ဘဝကို ကိုယ်ချင်းစာနာစိတ်နဲ့ (လူထုအပေါ် ရေလို ကျင့် / ရန်သူ စစ်ကောင်စီအပေါ်ကို မီးလိုကျင့်) ပြီး တော်လှန်ရေးအောင်ပွဲကို အမြန် ရယူကြဖို့ တိုက်တွန်းလိုပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် နွေဦးတော်လှန်ရေးမှာ တော်လှန်ရေးအင်အားစုအားလုံးရဲ့ အခြေခံ ပဋိညာဉ်မူဘောင်ဖြစ်တဲ့ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အပိုင်း () နဲ့ ()” အပေါ်မှာ ဆုံချက်ထားပြီး လုပ်ဆောင်ကြဖို့နဲ့သက်ဆိုင်ရာ ပြည်နယ်အလိုက် / သက်ဆိုင်ရာ လူမျိုးစုအလိုက် ရည်မှန်းထားတဲ့ အမျိုးသားရေးဦးတည်ချက်တွေနဲ့ ဖီလာဆန့်ကျင်ဘက် ဖြစ်နေတာမျိုးကို အထူးသတိပြု ရှောင်ရှား ကြဖို့ကိုလည်း ယာယီသမ္မတကထပ်လောင်းပြောပါတယ်။


========================


📌📌 ၂။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနလက်ထောက်နိုင်ငံခြားရေးဝန်ကြီးနှင့် NUG ဝန်ကြီးများ တွေ့ဆုံဆွေးနွေး


စက်တင်ဘာ၂၀ရက်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးမိုးဇော်ဦးနှင့် ဦးအောင်ကျော်မိုးတို့သည် အမေရိကန်ပြည်ထောင်စု နယူးယောက်မှာတွေ့ဆုံ‌  ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ 


တွေ့ဆုံမှုအရ ပူးပေါင်းဆောင်ရွက်ရေး၊ စစ်တပ်ကို တာဝန်ခံစေရေးကိစ္စများဆွေးနွေးခဲ့ပါတယ်"လို့လူ့အခွင့်ရေးဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးမှ ပြောကြားထားပါတယ်။


အာဏာသိမ်း စစ်တပ်ရဲ့ရက်စက်ကြမ်းကြတ်မှုတွေနဲ့ ပတ်သက်လို့ အရေးယူနိုင်ရေးကို တိုးမြှင့် လုပ်ဆောင်သွားဖို့နဲ့ မြန်မာပြည်သူတွေအပေါ် ထားရှိတဲ့ အမေရိကန်အစိုးရရဲ့ မယိမ်းယိုင်တဲ့ ကတိကဝတ်တွေကို ထပ်မံ အတည်ပြု ပြောကြားခဲ့တယ်လို့လည်း အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Joseph Kritenbrinkကလည်းဆိုထားပါတယ်။


========================


📌📌 ၃။ "IDP အမျိုးသမီးများရဲ့ စက်သင်တန်း ကျောင်းဆင်းပွဲ" ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးတက်ရောက်


စက်တင်ဘာ၂၁ရက်


"IDP အမျိုးသမီးများရဲ့ စက်သင်တန်း ကျောင်းဆင်းပွဲ" ကိုစက်တင်ဘာ၂၁ရက်မှာ အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးတက်ရောက်ခဲ့တယ်လို့သိရပါတယ်။


"အခွင့်အရေးရရင် မိုးပေါ်အထိ တက်မယ့် သမီးတွေပါ။သင်တန်းကာလ လအတွင်း ထွက်ပေါ်လာတဲ့ လက်ရာ လေးများကတော့ အံ့မခန်းပါဘဲ။ဒီသင်တန်း များကိုဆက်တိုက်လုပ်သွားမှာဖြစ်လို့ပံ့ပိုးကူညီကြပါဦး"လို့ဝန်ကြီးကဆိုပါတယ်။


အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနဟာ လက်ရှိမှာ စစ်ဘေးရှောင်များကိုကူညီပံခြင်းနဲ့ လူငယ်၊လူရွယ်များကို သက်မွေးပညာများ သင်ကြားပေးလျက်ရှိပါတယ်။


========================


📌📌 ၄။ ဘုရားသုံးဆူမြို့တွင် စစ်ကောင်စီတပ်များ အပြင်မထွက်ရဲတော့ဘူးလို့ပြောကြား


စက်တင်ဘာ၂၁ရက်


ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် စစ်ကောင်စီတပ်များ အပြင်မထွက်ရဲတော့ဘူးလို့စက်တင်ဘာလအတွင်း KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစော တောနီးမှ မေးမြန်းခန်းတစ်ခုမှာ ပြောကြားထားပါတယ်။


"ဘုရားသုံးဆူမြို့ထဲမှာ စကစ တပ်တွေကလည်း ရှိတယ်။ အခြားလက် နက်ကိုင်အဖွဲ့တွေကလည်းရှိပါတယ်။ PC တို့ DKBA တို့ မွန်ပြည်သစ် ပါတီ၊ BGF တို့လည်း ရှိပါတယ်။ အဲဒီလိုရှိနေတဲ့အထဲမှာ စကစရဲ့ အုပ်ချုပ်ရေးက လုံး၀ ပျက်စီးသွားပြီ။ စကစ တပ်တွေက လည်း မရုပ်သေးပါဘူး။ မြို့ထဲတည့်တည့်မှာ တော့ စကစ တပ်တွေ မရှိပေမယ့် ရပ်ကွက်တစ်ခုနဲ့ ကပ်လျက်မှာ ရှိနေတယ်။ ဒါပေမယ့် စကစ တပ်တွေက အပြင် လည်း မထွက်ရဲတော့ဘူး"လို့ဆိုပါတယ်။


ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်နေ့က ဘုရားသုံးဆူမြို့က အကြမ်းဖက် စစ်ကောင်စီရဲ့ရုံး ၄ရုံးကို တော်လှန် ရေးပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက် ရှင်းလင်းနိုင်ခဲ့ပါတယ်။


========================


📌📌 ၅။ အမှတ် () စစ်ဒေသ၊ မကွေးတိုင်းကွပ်ကဲရေးရုံးက ဦးစီးသော စစ်ပညာမွမ်းမံသင်တန်း အပါတ်စဥ် () သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့


စက်တင်ဘာ (၂၁) ရက်နေ့ 


၂၀၂၃ ခုနှစ် စက်တင်ဘာလ(၁၉)ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ် () စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးရုံးက ဦးစီး ကျင်းပသည့် စစ်ပညာမွမ်းမံသင်တန်း အပတ်စဥ်() သင်တန်းဆင်းပွဲကို စိုးမိုး ထိန်းချုပ်ထားသည့် မကွေးတိုင်း တနေရာတွင် ကျင်းပခဲ့ပါတယ်။


သင်တန်းဆင်းအခမ်းအနားသို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မကွေးတိုင်း တာဝန်ခံနှင့်တကွ ခရိုင်ရေးထောက် တာဝန်ခံများ၊ တပ်ရင်းမှုး၊ ဒုတပ်ရင်းမှူးများတက်ရောက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်မတော် အလံတော်အား အလေးပြုခြင်း၊ ကျဆုံးရဲဘော်များအား သတိရအောက်မေ့ ငြိမ်သက်ခြင်း၊ မိန့်ခွန်းပြောကြားခြင်း၊ ကဏ္ဍအလိုက်ထွန်းချွန်ဆုရသူများအား ဆုချီးမြှင့်ခြင်းအစီအစဥ်များ ဆောင်ရွက် ခဲ့ပြီး တော်လှန်ရေးသီချင်းများ သံပြိုင်သီဆိုကာ အခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့ပါတယ်။


အဆိုပါမွမ်းမံသင်တန်းသို့ မကွေးတိုင်းကွပ်ကဲရေးရုံးတွင် တာဝန်ထမ်းဆောင်နေကြသော ရဲဘော်များ တက်ရောက်ခဲ့ပြီး သင်တန်းကာလအတွင်း PDFရဲဘော်များလိုက်နာရမည့် စစ်ဖက်ဆိုင်ရာစည်းမျဥ်း စည်းကမ်းများ(Code of Conduct) များ သင်ကြားခြင်း၊ စစ်ရေးပြနှင့် လက်နက်ငယ်၊ လက်နက်ကြီး ပစ်ခတ်ခြင်းများကို သင်ကြားခဲ့ပါတယ်။


========================


📌📌 ၆။ ပြည်ပရောက်မြန်မာမိသားစု၀င်များအတွက်မြန်မာနိုင်ငံသား မွေးစာရင်း NUG မှာ လျှောက်ထားနိုင်ပြီ


စက်တင်ဘာ၂၁ရက်


ပြည်ပရောက်မြန်မာမိသားစု၀င်များအတွက်မြန်မာနိုင်ငံသား မွေးစာရင်း NUG မှာ လျှောက်ထားနိုင်ပြီလို့စက်တင်ဘာ၂၁ရက်မှာ ချက်သမ္မတနိူင်ငံ NUGကိုယ်စားလှယ်ဦးလင်းသန့်မှ အသိပေးဖော်ပြထားပါတယ်။


"ပြည်ပရောက်မြန်မာမိသားစု၀င်များအတွက် NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ပြန်လည်ပြင်ဆင်ဖြည့်စွက်ထားသော မွေးစာရင်းလျှောက်လွှာပုံစံအသစ် ထုတ်ပေးနေပါပြီ။"လို့ဆိုပါတယ်။


လျှောက်ထားလိုသူများအနေနှင့်ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီးရုံးသတင်းစာမျက်နှာ Website ကတဆင့် မွေးစာရင်းလျှောက်လွှာပုံစံမှာ ဖြည့်ပြီးတောင်းယူနိုင်ပြီဖြစ်ပါတယ်။


လျှောက်လွှာဖြည့်ပြီး 10 ဒေါ်လာနဲ့ညီမျှသောငွေကြေးအား DMMK  ဖြင့်ပေးသွင်းနိုင်သလို အခကြေးသွင်းရန်အခက်ခဲရှိပါကလည်းအကျိုးကြောင်းရှင်းပြထားနိုင်ပြီး၁၀ ဒေါ်လာ မတတ်နိုင်ပါကလည်း  ကင်းလွတ်ခွင့် ပေးမှာ ဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ၇။ အီတလီနိုင်ငံ၊ မီလန်မြို့ Piazza Dei Mercanti မှာ  သံအမတ်ကြီး ဦးကျော်မိုးထွန်းကုလသမဂ္ဂတွင် မြန်မာနိုင်ငံကိုယ်စားပြု ပြည်သူ့ သံအမတ်ကြီး ဆက်လက်ရှိရေး လူထုထောက်ခံပွဲ ကျင်းပ


စက်တင်ဘာ၂၁ရက်


အီတလီနိုင်ငံ၊ မီလန်မြို့ Piazza Dei Mercanti မှာ  သံအမတ်ကြီး ဦးကျော်မိုးထွန်းကုလသမဂ္ဂတွင် မြန်မာနိုင်ငံကိုယ်စားပြု ပြည်သူ့ သံအမတ်ကြီး ဆက်လက်ရှိရေး လူထုထောက်ခံပွဲကို  စက်တင်ဘာ  ၁၉ ရက်‌နေ့က ကျင်းပခဲ့တာဖြစ်ပါတယ်။


78th UN CREDENTIALS CAMPAIGN အဖြစ် ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကိုယ်စားပြု ပြည်သူ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရှိရေး လူထုထောက်ခံပွဲ ကျင်းပခဲ့တယ်လို့ ကမ္ဘာလုံးဆိုင်ရာမြန်မာ့နွေဦးတော်လှန်ရေးမှ ထုတ်ပြန်ထားပါတယ်။


လက်ရှိမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းအားလူထုထောက်ခံပွဲများနိူင်ငံတကာနှင့်ပြည်တွင်းတွင်နေ့စဥ်ကျင်းပလျက်ရှိနေပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment