24th SEP 2023 - Evening Daily News by Radio NUG


၂၀၂၃ စက်တင်ဘာလ ၂၄ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အနိုင်ကျင့်တဲ့လုပ်ရပ်တွေကို ကိုယ်တိုင်ပြန်မလုပ်မိကြဖို့ တော်လှန်ရေးအင်အားစုတွေကိုပြည်ထောင်စုဝန်ကြီးချုပ်သတင်းစကားပါး

📌 ၂။ လူသားချင်းစာနာထောက်ထားမှု့ရေးရာ တာဝန်ခံ ဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် အရှေ့တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူးအပါအဝင် ဥရောပနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှတာဝန်ရှိသူများတွေ့ဆုံ

📌 ၃။ လူသားချင်းစာနာထောက်ထားမှုအကူအညီအတွက် အမေရိကန်ဒေါ်လာ ၁၁၆ သန်း ပေးအပ်သည့် အမေရိကန် ပြည်ထောင်စုကို

အလေးအနက် ကျေးဇူးတင်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာပြောကြား

📌 ၄။ "ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့   "ရိုဟင်ဂျာမူဝါဒ"တစ်ရပ်ကို ချမှတ်ပြီး တစိုက်မတ်မတ် အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ပြောကြား

📌 ၅။ ကနေဒါ တိုရွန်တိုတက္ကသိုလ်တွင် ကနေဒါဓာတ်ပုံသတင်းထောက်မှ PDFများအကြောင်း မှတ်တမ်းပြသပွဲအခမ်းအနားသို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်တက်ရောက်

📌 ၆။ ဒူးပလာယာခရိုင်၊ တပ်မဟာ () သြဂုတ်လ တစ်လတာ တိုက်ပွဲများအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့် ရှိသူ () ဦး၊ တပ်ကြပ် () ဦး နှင့် တပ်ကြပ်အဆင့် ရှိသူ နယ်ထိန်းရဲမှူး () ဦး အပါ အဝင် (၁၉၁) ဦး သေဆုံးခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အနိုင်ကျင့်တဲ့လုပ်ရပ်တွေကို ကိုယ်တိုင်ပြန်မလုပ်မိကြဖို့ တော်လှန်ရေးအင်အားစုတွေကိုပြည်ထောင်စုဝန်ကြီးချုပ်သတင်းစကားပါး


စက်တင်ဘာ၂၄ရက်


အနိုင်ကျင့်တဲ့လုပ်ရပ်တွေကို ကိုယ်တိုင် ပြန်မလုပ်မိကြဖို့တော်လှန်ရေးအင်အားစုတွေကိုပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းမှ စက်တင်ဘာ၂၄ရက်မှာ သတင်းစကားပါးဆိုလိုက်ပါတယ်။


"လက်နက်ကိုင်ပြီး ပြည်သူကို နှစ်ပေါင်းများစွာ အနိုင်ကျင့်လာတဲ့ အကြမ်းဖက်စစ်ကောင်စီကို တော်လှန်နေကြတဲ့ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေဟာ ကျွန်တော်တို့ မကြိုက်တဲ့ အလုပ်ကို ကိုယ်တိုင် ပြန်မလုပ်မိကြဖို့ အထူးအရေးကြီးပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ ကာကွယ်ရေးဝန်ကြီးဌာနကလည်း တိုင်ကြားမှုယန္တရားတစ်ရပ်ကို ထူထောင်ထားပြီး ပြည်သူလူထုနဲ့တော်လှန်ရေးအင်အားစုများ၏ တိုင်ကြားစာများကိုလက်ခံဖြေရှင်းပေးလျက်ရှိပါတယ်။


========================


📌📌 ၂။ လူသားချင်းစာနာထောက်ထားမှု့ရေးရာ တာဝန်ခံ ဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် အရှေ့တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူးအပါအဝင် ဥရောပနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှတာဝန်ရှိသူများတွေ့ဆုံ


စက်တင်ဘာ၂၄ရက်


NUG အစိုးရ၏ လူသားချင်းစာနာထောက်ထားမှု့ရေးရာ တာဝန်ခံ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် အရှေ့တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူးအပါအဝင် ဥရောပနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှတာဝန်ရှိသူများတွေ့ဆုံခဲ့ကြောင်းကိုစက်တင်ဘာ၂၃ရက် Twitterမှာပြင်သစ်နိူင်ငံ NUGကိုယ်စားလှယ်ရုံးကအသိပေးထုတ်ပြန်ပါတယ်။


NUG အစိုးရ၏ လူသားချင်းစာနာထောက်ထားမှု့ရေးရာ တာဝန်ခံ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား အရှေ့တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် ဥရောပနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အကျပ်အတည်းဖြေရှင်းရေးနှင့် ထောက်ပံ့ရေး ဗဟိုဌာနတို့ဟာဇွန်လ -နေ့ကလည်းတွေ့ဆုံခဲ့ပါသေးတယ်။


ယခုတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ပြင်သစ်နိူင်ငံ NUGကိုယ်စားလှယ် ဒေါ်နန်းဆုမွန်အောင်၊ တာဝန်ရှိသူများတက်ရောက်ခဲ့ပါတယ်။


========================


📌📌 ၃။ လူသားချင်းစာနာထောက်ထားမှုအကူအညီအတွက် အမေရိကန်ဒေါ်လာ ၁၁၆ သန်း ပေးအပ်သည့် အမေရိကန် ပြည်ထောင်စုကိုအလေးအနက် ကျေးဇူးတင်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာပြောကြား


စက်တင်ဘာ၂၄ရက်


စက်တင်ဘာ၂၃ရက်မှာ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာမှ အမေရိကန် ပြည်ထောင်စုကို အလေးအနက် ကျေးဇူးတင်ကြောင်း ထုတ်ပြန်အသိပေးဆိုပါတယ်။


"မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နှင့် ပိုမိုကျယ်ပြန့်သော ဒေသရှိ ထိခိုက်လွယ်သော လူဦးရေများအတွက် နောက်ထပ် လူသားချင်းစာနာထောက်ထားမှု အကူအညီ ဒေါ်လာ ၁၁၆ သန်းကျော်ကို အမေရိကန် အစိုးရ၏ မကြာသေးမီက ကြေငြာချက်အား လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ ဤထူးခြားသော ရက်ရောမှုလုပ်ရပ်သည် စစ်အာဏာရှင်စနစ်၏ ဖိနှိပ်ချုပ်ချယ်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှုအောက်တွင် မရေမတွက်နိုင်သော ဆင်းရဲဒုက္ခများကို ကြံ့ကြံ့ခံပြီး ခံနိုင်ရည်ရှိသော မြန်မာပြည်သူများအတွက် မျှော်လင့်ချက်မီးရှူးတန်ဆောင်ဖြစ်ပါတယ်။လူသားချင်းစာနာမှု၊ ရက်ရောမှုနှင့် မယိမ်းယိုင်မယိမ်းယိုင်သော ကတိကဝတ်များအတွက် အမေရိကန်ပြည်ထောင်စုအစိုးရနှင့် ၎င်း၏ပြည်သူများအား ကြှနျုပျတို့၏ အလေးအနက် ကျေးဇူးတင်ကြောင်း ထပ်လောင်း ပြောကြားလိုပါတယ်"လို့ဆိုပါတယ်။


၂၀၁၇ ခုနှစ် သြဂုတ်လကတည်းက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဖိနှိပ်မှုခံနေရတဲ့ ရိုဟင်ဂျာ၇၄၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အမေရိကန် ပြည်ထောင်စုက အမေရိကန်ဒေါ်လာ 2.2 ဘီလီယံကျော် အကူအညီပေးခဲ့ပါသေးတယ်။


========================


📌📌 ၄။ "ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့   "ရိုဟင်ဂျာမူဝါဒ"တစ်ရပ်ကို ချမှတ်ပြီး တစိုက်မတ်မတ် အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ပြောကြား


စက်တင်ဘာ၂၄ရက်


"ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့   "ရိုဟင်ဂျာမူဝါဒ"တစ်ရပ်ကို ချမှတ်ပြီး တစိုက်မတ်မတ် အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ လူ့အခွင့်ရေးဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးမှပြောကြားလိုက်ပါတယ်။


"ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့   "ရိုဟင်ဂျာမူဝါဒ"တစ်ရပ်ကို ချမှတ်ပြီး တစိုက်မတ်မတ် အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ အဲ့သည်လိုပဲ ()ရိုဟင်ဂျာပြည်သူများ ပြည်တော်ပြန်နိုင်ရေး အထောက်အကူပြုရန် အခြေအနေများ ဖန်တီးခြင်း၊ ()တရားမျှတမှုနှင့် တာဝန်ယူမှု တည်ဆောက်ခြင်း၊ ()ဥပဒေအရနှင့် လက်တွေ့အရ တန်းတူညီမျှမှုပေးနိုင်ရန် ကြိုးပမ်းခြင်းအစရှိတဲ့ အချက်()ချက်ကိုလည်း တပြိုင်နက်ထဲ လုပ်ဆောင်နေပါတယ်။ 

တဆက်တည်းမှာပဲ ရိုဟင်ဂျာအပါအဝင် လူနည်းစုဘာသာဝင်တွေကို ပစ်မှတ်ထားတဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအပါအဝင် မမျှတတဲ့ ဥပဒေ၊ နည်းဥပဒေတွေကိုလည်း ပယ်ဖျက်ပြီး အသစ်အစားထိုးဖို့ရာ ဆွေးနွေးလုပ်ဆောင်နေတာတွေလည်း ရှိနေပါတယ်"လို့ဆိုပါတယ်။


အကောင်အထည်ဖော်မှုအပိုင်းတွေမှာ လိုအပ်ချက်၊ အားနည်းချက်တွေ ရှိနေတာကိုလည်း အခါအားလျော်စွာ ပြည်သူတွေဆီ အသိပေးနေသလို ပြည်သူတွေနဲ့အတူ အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ တက်ကြွလှုပ်ရှားသူများ၊ ဒီမိုကရေစီဝိုင်းတော်သားများ၊ နွေဦးတော်လှန်ရေး ရဲဘော်ရဲဘက်များ အစရှိတဲ့ ကဏ္ဍအသီးသီးရဲ့ အသံ၊  အကြံပြုချက်၊ ထောက်ပြဝေဖန်မှုတွေကိုလည်း အလေးအနက် ခံယူပြီး ပြုပြင်ပြောင်းလဲနေတယ်လို့ ဒုဝန်ကြီးကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၅။ ကနေဒါ တိုရွန်တိုတက္ကသိုလ်တွင် ကနေဒါဓာတ်ပုံသတင်းထောက်မှ PDFများအကြောင်း မှတ်တမ်းပြသပွဲအခမ်းအနားသို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်တက်ရောက်


စက်တင်ဘာ၂၄ရက်


ကနေဒါတိုရွန်တိုတက္ကသိုလ်တွင် ကနေဒါဓာတ်ပုံသတင်းထောက်မှ PDFများအကြောင်း မှတ်တမ်းပြသပွဲအခမ်းအနားသို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်တက်ရောက်ခဲ့တယ်လို့စက်တင်ဘာ၂၄ရက်တွင် Twitterမှတစ်ဆင့် အသိပေးဖော်ပြထားပါတယ်။


ကနေဒါဓာတ်ပုံသတင်းထောက် Bryan Dickie မှ မြန်မာ့ရဲရင့်သော PDF များအကြောင်း တိုရွန်တိုတက္ကသိုလ်တွင်ပြသခဲ့ပါတယ်လို့ဆိုပါတယ်။


 "မြန်မာ့တော်လှန်ရေး-နိုင်ငံတစ်နိုင်ငံ၏ အနစ်နာခံမှုကို မှတ်တမ်းတင်ခြင်း" ဂုဏ်ပြုစကားပြောဆိုခဲ့ပါတယ်လို့ဆိုပါတယ်။ 


========================


📌📌 ၆။ ဒူးပလာယာခရိုင်၊ တပ်မဟာ () သြဂုတ်လ တစ်လတာ တိုက်ပွဲများအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့် ရှိသူ () ဦး၊ တပ်ကြပ် () ဦး နှင့် တပ်ကြပ်အဆင့် ရှိသူ နယ်ထိန်းရဲမှူး () ဦး အပါ အဝင် (၁၉၁) ဦး သေဆုံးခဲ့


စက်တင်ဘာ၂၄


စက်တင်ဘာလအတွင်းမှာ ကေအဲန်ယူ ဗဟိုကစစ်ရေးသတင်းကို အခုလိုအသိပေးဆိုပါတယ်။


၂၀၂၃ ခုနှစ်၊ သြဂုတ်လ ရက် မှ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၃၁ ရက် အတွင်း ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ ဒူးပလာယာခရိုင်၊ တပ်မဟာ () တွင် ကြေးနန်းမှတ်တမ်း နှင့် မြေပြင် သတင်းပေးပို့ချက်အရ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A), ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ များနှင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲကြီး တိုက်ပွဲငယ်ပေါင်း (၇၀) ကြိမ် ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။


ဒူးပလာယာခရိုင်၊ တပ်မဟာ () သြဂုတ်လ တစ်လတာ တိုက်ပွဲများအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့် ရှိသူ () ဦး၊ တပ်ကြပ် () ဦး နှင့် တပ်ကြပ်အဆင့် ရှိသူ နယ်ထိန်းရဲမှူး () ဦး အပါ အဝင် (၁၉၁) ဦး သေဆုံးခဲ့ပြီး တပ်ရင်းမှူး () ဦး နှင့် ဒု-ရင်းမှူး () ဦး အပါအဝင် (၁၆၃) ဦး ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။


အာဏာသိမ်း စစ်ကောင်စီတပ်မှ သေဆုံး ဒဏ်ရာရ ဦးရေများပြားလာသည်နှင့်အမျှ စခန်းတွင်းရှိ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ တပ်သားများမှာလည်း အထက်အရာရှိများ၏ ဖိနှိပ်အုပ်ချုပ်မှုကြောင့် စိတ်ဓာတ်ပိုင်းအရ သော်လည်းကောင်း ကျဆင်းလျှက်ရှိကာ အာဏာဖြင့် အကြမ်းဖက်အုပ်ချုပ်နေသော ၎င်းတို့၏ တပ်အား စွန့်ခွာထွက်ပြေး၍ KNU - ကရင်အမျိုးသားအစည်းအရုံး နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ထံသို့ လာရောက်ပူးပေါင်းခဲ့ခြင်းများစွာလည်း ရှိနေတယ်လို့ဆိုပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment