25th SEP 2023 - Evening Daily News by Radio NUG



၂၀၂၃ စက်တင်ဘာလ ၂၅ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲ (Inclusive Humanitarian Conference Myanmar 2023)ယာယီသမ္မတနှင့်လူဦးရေ ၂၀၀ ကျော်တက်ရောက်

📌 ၂။ တော်လှန်ရေးအောင်မြင်ဖို့ ရန်ပုံငွေလိုအပ်ချက်ဟာ အရှိတရားဖြစ်တယ်လို့ဆို

📌 ၃။ လူ့အဖွဲ့အစည်းအတွင်းမှာ "လူ" ကောင်းဖို့လိုသလို"လူ" တော်ဖို့လည်းလိုအပ်တယ်လို့ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ပြောကြား

📌 ၄။ ကော့ကရိတ်မြို့နယ်မှာ စစ်ကောင်စီတပ်များမှ ပြည်သူလုထုများနေထိုင်ရာ ကျေးရွာအတွင်းသို့လက်နက်ကြီးပစ်ခတ်မှု နှင့် လူနေအိမ်များအား မီးတင်ရှို့ ဖျက်ဆီးမှုများကြောင့် ပြည်သူပိုင် နေအိမ်များနှင့် ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးခဲ့ရ

📌 ၅။ ကချင်ပြည်နယ် မြစ်ကြီးနားလေတပ်စခန်းကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရမှုမှာ လေတပ်ဆက်သွယ်ရေးတာဝါတိုင်နှင့် လေယာဉ်စက်ပြင် ဂိုလ်ဒေါင်ထိအပါအဝင် အရာရှိဆောင်တို့ ထိခိုက်ပျက်စီးတယ်လို့သတင်းထုတ်ပြန်

📌 ၆။ ယင်းမာပင်ဆားလင်းကြီးက ရွာပေါင်းစုံသပိတ်မှ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာသံအမတ်ကြီးအဖြစ် ဆက်လက် အသိအမှတ်ပြုဖို့ လူထုသပိတ်ဆင်နွှဲ

📌 ၇။ အမေရိကန်ပြည်ထောင်စု Marylandမှာပြသခဲ့တဲ့The Way  ရုံအပြည့်အားပေး၍ လေလံတင်ပစ္စည်းများပါရောင်းချရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲ (Inclusive Humanitarian Conference Myanmar 2023)ယာယီသမ္မတနှင့်လူဦးရေ ၂၀၀ ကျော်တက်ရောက်


စက်တင်ဘာ (၂၅) ရက်နေ့


လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲကိုပြာပုံကြားက မြန်မာပြည်သူ စာနာမှုနဲ့ ဝိုင်းလို့ကူခေါင်းစဉ်ဖြင့် (၂၃..၂၀၂၃) ရက်နေ့မှ (၂၆..၂၀၂၃)ရက်နေ့အထိ Zoom Video Conferencing System ဖြင့် ကျင်းပလျက်ရှိတယ်လို့သတင်းရရှိပါတယ်။


နှီးနှောဖလှယ်ပွဲပထမရက်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလမှ တက်ရောက်ပြောကြားရာ

 အတိဒုက္ခခံစားနေရတဲ့ ပြာပုံကြားက ပြည်သူတွေက အမေ့လျော့ခံတွေ၊ ပစ်ပယ်ခံထားရသူ တွေ မဟုတ်ဘူးဆိုတာကို ဒီနေ့ဆွေးနွေးပွဲက သက်သေပြနေပါတယ်။ နှီးနှောဖလှယ်ပွဲမှာ လူသားချင်းစာနာမှု ဆိုင်ရာ အကျပ်အတည်း၊ အခက်အခဲတွေကို လက်တွေ့ကျကျ ထိထိရောက်ရောက် ဖြေရှင်းဆောင်ရွက်နိုင် မယ့် နည်းလမ်းတွေကို အတူပူးပေါင်းရှာဖွေနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ပြည်တွင်းပြည်ပက လူသားချင်း စာနာမှုရှိတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းမှာ ဝိုင်းဝန်းပူးပေါင်းကူညီပေးကြဖို့ ထပ်မံတိုက်တွန်းလိုပါတယ်လို့ဆိုပါတယ်။


အဆိုပါ နှီးနှောဖလှယ်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားစာနာဝန်ကြီးဌာနက အဖွဲ့ဝင်အဖြစ် ပါဝင်သော အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ (JCC-HA)  အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်း ရေးအင်အားစု (GSCB) နှင့် အခြားသောတော်လှန်ရေးအင်အားစုများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။


နှီးနှောဖလှယ်ပွဲ () ရက်တာကာလအတွင်း နိုင်ငံရေးအကျဉ်းသားများ၊ စစ်ဘေးရှောင် ပြည်သူများ၊ အကြမ်းမဖက်လူထုလှုပ်ရှားမှုတွင်ပါဝင်ခဲ့သူများနှင့် တော်လှန်ရေးကာလအတွင်း လက်နက်ကိုင် ပဋိပက္ခများကြောင့် ထိခိုက်/ကျဆုံး သူရဲကောင်းများ ဟူ၍ နေ့တနေ့ ခေါင်းစဉ်တစ်ခု ချင်းစီအလိုက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြမှာဖြစ်ပါတယ်။


အခမ်းအနားကိုပထမရက်တွင် လူဦးရေ (၂၀၅) ဦး တက်ရောက်ခဲ့ပြီး၊ ဒုတိယရက်တွင်လည်း (၂၀၂)ဦးတက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ တော်လှန်ရေးအောင်မြင်ဖို့ ရန်ပုံငွေလိုအပ်ချက်ဟာ အရှိတရားဖြစ်တယ်လို့ဆို


စက်တင်ဘာ၂၅ရက်


တော်လှန်ရေးအောင်မြင်ဖို့ ရန်ပုံငွေလိုအပ်ချက်ဟာ အရှိတရားဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်မှ စက်တင်ဘာ၂၅ရက်မှာ သုံးသပ်ပြောကြားထားပါတယ်။


"တော်လှန်ရေးအောင်မြင်ဖို့ ဆိုရင် ရံပုံငွေလိုအပ်ချက်ဟာလဲ အရှိတရားပါ"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာကာကွယ်ရေးဝန်ကြီးဌာနက PRF ထောက်ပို့တပ်သားအဖြစ် တာဝန်ထမ်းဆောင်ရန် ခေါ်ယူထားပြီးပြည်သူ့ကာကွယ်ရေးတပ်သားတွေကို ထောက်ပို့နိုင်ဖို့  တလလျှင်

- မြန်မာငွေဖြင့် ကျပ် သုံး သောင်း

- ထိုင်း‌ငွေဖြင့် ဘတ် သုံးရာ  

- နိုင်ငံခြားငွေဖြင့် ဒေါ်လာ နှစ်ဆယ် အနည်းဆုံးဖြင့် တာဝန်ထမ်းဆောင်နိုင်ပြီဖြစ်ပါတယ်။


========================


📌📌 ၃။ လူ့အဖွဲ့အစည်းအတွင်းမှာ "လူ" ကောင်းဖို့လိုသလို"လူ" တော်ဖို့လည်းလိုအပ်တယ်လို့ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ပြောကြား


စက်တင်ဘာ၂၅ရက်


လူ့အဖွဲ့အစည်းအတွင်းမှာ "လူ" ကောင်းဖို့လိုသလို"လူ" တော်ဖို့လည်းလိုအပ်တယ်လို့စက်တင်ဘာ၂၅ရက်မှာပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်မှ ၎င်း၏လူမှုကွန်ယက် စာမျက်နှာမှတစ်ဆင့် ရေးသားပြောဆိုထားပါတယ်။


"လူ့အဖွဲ့အစည်းမှာ မရှိမဖြစ်တဲ့ လူအချို့ရှိပါတယ်။ အဲဒီလူတော်တွေ လူကောင်းတွေ မရှိတော့ဘူးဆိုတာနဲ့ အဲဒီလူ့အဖွဲ့အစည်းဟာ ဆုတ်ယုတ်​​ခြင်း၊ ပျက်ဆီးခြင်း၊ ပျက်သုဥ်းခြင်းနဲ့ ကြုံရတာပါပဲ။ "လူ" ကောင်းဖို့လိုသလို "လူ" တော်ဖို့လိုတယ်"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ အကြမ်းဖက်စစ်အုပ်စုဟာ ပညာရှင်အချို့ကိုမက်လုံးပေးစည်းရုံးထားပြီး မြို့တွင်းရှိလူငယ်၊လူရွယ်များကို ပျော်ပွဲစားရုံများတွင် မူးယစ်ဆေးဝါးအသုံးပြုခွင့်ကိုပါ ခွင့်ပြုပေးလျက်ရှိပါတယ်။


========================


📌📌 ၄။ ကော့ကရိတ်မြို့နယ်မှာ စစ်ကောင်စီတပ်များမှ ပြည်သူလုထုများနေထိုင်ရာ ကျေးရွာအတွင်းသို့လက်နက်ကြီးပစ်ခတ်မှု နှင့် လူနေအိမ်များအား မီးတင်ရှို့ ဖျက်ဆီးမှုများကြောင့် ပြည်သူပိုင် နေအိမ်များနှင့် ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးခဲ့ရ


စက်တင်ဘာလ (၂၅) ရက်၊ 


စက်တင်ဘာ၂၅ရက်မှာ ကေအဲန်ယူဗဟိုမှ အခုလိုအသိပေးထုတ်ပြန်ထားပါတယ်။


"ကေအဲန်ယူ - ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ဖိုးချိမူတပ်စခန်းတွင် အခြေစိုက်သော စကခ(၁၃) လက်အောက်ခံ ခမရ(၅၅၈) ခမရ(၅၆၁) နှင့် ခလရ(၉၉၃) တပ်ရင်းများ မှ ဗိုလ်ကြီး ရဲသွေး၊ ဗိုလ်ကြီး ဆန်းမောင်မောင် နှင့် ဗိုလ်ကြီးမျိုးမင်းအောင်တို့ ဦးဆောင်သော တပ်ရင်းမှ အင်အား (၂၀) ဦးဖြင့် ကေအဲန်ယူ - အုပ်ချုပ်နယ်မြေ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် မယ်တလဲ ကျေးရွာတွင်းသို့ ၂၀၂၃ ခုနှစ် စက်တင်ဘာလ () ရက်နေ့ နံနက် (၁ဝး၀၀) အချိန်ခန့်၌ ဝင်ရောက်ကာ ကျောင်းဆရာမ တစ်ဦး၏ နေအိမ် အပါအဝင် လူနေအိမ် () လုံးကို မီးတင်ရှို့ ဖျက်ဆီးခဲ့ပြီး ထိုအိမ်များအတွင်းရှိ ကား နှင့် ဆိုင်ကယ်များမှာလဲ အိမ်နဲ့အတူ မီးလောင် ပျက်စီးခဲ့ရပါတယ်"လို့ဆိုပါတယ်။


 တစ်ချိန်တည်းတွင်အကြမ်းဖက်စစ်ကောင်စီတပ် မှ ၁၂၀ မမ လက်နက်ကြီးများကို ရည်ရွယ်ချက်ရှိရှိ မယ်တလဲ ကျေးရွာအတွင်း ပစ်တ်ခတ်ခဲ့ရာ ထိုလက်နက်ကြီးများ ကျရောက်ပေါက်ကွဲပြီး ပြည်သူပိုင် ကားတစ်စီး ထပ်မံ ပျက်စီးခဲ့ရပါတယ်။


ထို အကြမ်းဖက် စစ်ကောင်စီတပ်များမှ ၎င်း ကျေးရွာအတွင်းရှိ ပြည်သူများအား မိမိတို့၏နေအိမ်၌သာ နေထိုင်သွားရန်ပြောဆိုခဲ့ပြီး မိမိတို့၏နေအိမ်အား စွန့်ခွာ တိမ်းရှောင်ထွက်ပြေးမည်ဆိုပါက ၎င်းတို့ ပိုင်သော အိမ်များအား ဒီထက်မက ထပ်မံ မီးတင်ရှို့သွားမည်ဖြစ်ကြောင်း ကျေးရွာနေ ပြည်သူများအား ခြိမ်းခြောက် ပြောဆိုခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ၅။ ကချင်ပြည်နယ် မြစ်ကြီးနားလေတပ်စခန်းကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရမှုမှာ လေတပ်ဆက်သွယ်ရေးတာဝါတိုင်နှင့် လေယာဉ်စက်ပြင် ဂိုလ်ဒေါင်ထိအပါအဝင် အရာရှိဆောင်တို့ ထိခိုက်ပျက်စီးတယ်လို့သတင်းထုတ်ပြန်


စက်တင်ဘာ၂၅ရက်


စက်တင်ဘာ ၂၄ရက် နံနက် နာရီ  ၄၀ မိနစ်တွင်  ကချင်ပြည်နယ် အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့မှ ၁၀၇ မမ ၂လုံး၊ ၉၀ မမ ၂လုံးဖြင့် ပစ်ခတ်ခဲ့တဲ့ဖြစ်စဥ်ကို မြောက်ပိုင်းညီနောင်များအဖွဲ့  -NB-PDF ကသတင်းထုတ်ပြန်ထားပါတယ်။


ထိခိုက်ပျက်စီးမှုတွင် စစ်ကောင်စီ F7 နှစ်စီး မီးလောင်ပျက်စီးနေပုံကိုပါ Google Map မှ ဖမ်းယူရရှိသော ပုံဖြင့်ထပ်မံထုတ်ပြန်ထားပါတယ်။


တိုက်ခိုက်မှုတွင်ရဲဘော်များထိခိုက်မှုမရှိပြန်လည်ဆုတ်ခွာနိူင်ခဲ့ပါတယ်။


စကစရဲ့လေတပ်စခန်းများနဲ့ဌာနချုပ်များကို ၂၀၂၃ ခုနှစ်မှာ မကြာခဏတော်လှန်ရေးအင်အားစုများကတိုက်ခိုက်နိူင်ခဲ့ပါတယ်။


========================


📌📌 ၆။ ယင်းမာပင်ဆားလင်းကြီးက ရွာပေါင်းစုံသပိတ်မှ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာသံအမတ်ကြီးအဖြစ် ဆက်လက် အသိအမှတ်ပြုဖို့ လူထုသပိတ်ဆင်နွှဲ


စက်တင်ဘာ၂၅ရက်


စက်တင်ဘာ၂၅ရက်မနက်ပိုင်းမှာ ယင်းမာပင်ဆားလင်းကြီးမှ ရွာပေါင်းစုံသပိတ် (၉၁၇) ရက်မြောက်နေ့အဖြစ် ချီတက်ခဲ့ပါတယ်။


ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့‌သာမက ကမ္ဘာ့နိုင်ငံတနိုင်ငံချင်းစီကလည်း ပြည်သူ့ အစိုးရဖြစ်တဲ့ NUG အစိုးရကိုသာ မြန်မာ့တရားဝင် အစိုးရအဖြစ် လက်ခံဖို့၊ ပြည်သူ့သဘောဆန္ဒနဲ့အညီ ရပ်တည်ပြီး NUG ရဲ့ ဦးဆောင်မှုနဲ့ချီတက်နေတဲ့ ဦးကျော်မိုးထွန်းကိုသာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆက်လက် အသိအမှတ်ပြုဖို့ မြန်မာပြည်သူတရပ်လုံးက အလေးအနက် တောင်းဆိုအပ်ပါတယ်လို့ ယင်းမာပင်ဆားလင်းကြီးက ရွာပေါင်းစုံသပိတ်ကဆိုထားပါတယ်။


ဒါ့အပြင်သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုဝန်းရံပေးကြဖို့ ပြည်သူလူထုကိုလည်းတိုက်တွန်းကြောင်းဆိုထားပါတယ်။


========================


📌📌 ၇။ အမေရိကန်ပြည်ထောင်စု Marylandမှာပြသခဲ့တဲ့The Way  ရုံအပြည့်အားပေး၍ လေလံတင်ပစ္စည်းများပါရောင်းချရ


စက်တင်ဘာ၂၅


အမေရိကန်ပြည်ထောင်စု Marylandမှာပြသခဲ့တဲ့The Way  ရုံအပြည့်အားပေး၍ လေလံတင်ပစ္စည်းများပါရောင်းချရခဲ့တယ်လို့ဆိုပါတယ်။


စက်တင်ဘာ ၂၅ ရက်မှာ The Way ဆိုရှယ်မီဒီယာကအသိပေးဖော်ပြပါတယ်။


"ဒီပွဲကို admin team က အရမ်းစိုးရိမ်ခဲ့ရတာ။ ပွဲနေ့မှာ မုန်တိုင်းရှိတယ် ကြားတော့ အဆင်မှ ပြေပါ့မလားပေါ့။ ပွဲလုပ်ခွင့် ပိတ်သွားမလားပေါ့။ မိုးသည်းသည်းထဲ လူတွေ လာကြပါ့မလားပေါ့။ US ကတော့ US ပါပဲ ပွဲစခါနီး မိုးတွေ သည်းလာတဲ့ အချိန်မှာတောင် လူအပြည့် ရုံအပြည့်ပါတဲ့ရှင်။ တော်လှန်သွေးတွေ နီနေလိုက်ပုံများ ဘယ်အရာကမှ မြန်မာ့တော်လှန်စိတ်ဓာတ်ကို ထိန်းချုပ်ထားလို့မရဆိုတာကို သက်သေပြသွားတာပါ။ Proud of You ပါနော်။ ရုပ်ရှင်ကိုလည်း နှစ်ခြိုက်စွာ အားပေးခဲ့ကြတဲ့အပြင် The Way လေလံပွဲမှာလည်း အပြိုင်အဆိုင် လေလံတွေ ဝင်ဆွဲကြတာ အားတက်ဖွယ်ရာပါပဲ"လို့ဆိုထားပါတယ်။


The Way Artistတွေ လက်မှတ်ရေးထိုးထားတဲ့ The Way အိတ်ကို $700 The Way အင်္ကျီကို $ 1,850 Russell က The Way Film ထဲမှာ သူဝတ်ဆင်ရိုက်ကူးခဲ့တဲ့ Costume တွေနဲ့အတူ ထရီဇာကိုယ်တိုင် ဖန်တီးထားတဲ့ ဖိနပ်ကိုပါ လေလံတင်ရာ $ 700 ရခဲ့ကြပြီး နောက်ဆုံး လေလံပစ္စည်း ဖြစ်တဲ့ ကိုလင်းရဲ့ လက်ရေးနဲ့ ရေးထားတဲ့စာသားလေးပါတဲ့ ပိုစ့်ကတ်လေးရယ်၊ ထရီဇာနဲ့ကိုလင်း အမှတ်တရလက်မှတ်ရေးထိုးထားတဲ့ The Way Themes Songs တွေပါတဲ့ USB Flash Driveဘောင်သွင်းထားတဲ့ Special Item လေးကတော့ $2000 မြန်မာငွေ သိန်း၇၀ ကျော် ရရှိသွားခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment