အကြမ်းဖက်စစ်တပ်က တောင်သူလယ်သမားကို အကြီးအကျယ်ဖိနှိပ်ထားတဲ့ စပါးအမြင့် ဆုံးဈေးကိုထုတ်ပြန်လာ..



အကြမ်းဖက်စစ်တပ်က တောင်သူလယ်သမားကို အကြီးအကျယ်ဖိနှိပ်ထားတဲ့ စပါးအမြင့် ဆုံးဈေးကိုထုတ်ပြန်လာ..

လာမယ့်ရာသီဖြစ်တဲ့ ၂၀၂၃ မိုးစပါး ရာသီမှာပေါ်ထွက်လာမယ့် စပါးအမျိုးအစားပေါ်မူ တည်ပြီး စပါးဈေးတွေကို ကုန်သည်စက်မှုအသင်းချုပ်လက်အောက်ရှိ ဆန်စပါးအသင်း တွေက စက်တင်ဘာလ ၂၁ရက်နေ့ညနေပိုင်းမှာ စုပေါင်း ထုတ်ပြန်လိုက် တာဖြစ်ပါ တယ်။ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ဆန်စပါးအသင်းချုပ်က ရည်ညွှန်းစပါး ဈေးကို ထုတ်ပြန်ရာမှာ ဧည့်မထနဲ့ငစိန်စပါးမျိုး တွေအတွက် စပါးတင်းတစ်ရာကို ကျပ် ၁၅သိန်းဈေးထက်ပိုပြီးမဝယ်ဖို့၊ ဧရာဝတီ ပေါ်ဆန်းနဲ့ ဧရာမင်း၊ ဧရာပဒေသာ စပါးအုပ်စု တွေကို ကျပ်၁၈သိန်းဈေး ထက်ပိုပေးပြီး မဝယ်ဖို့၊ ရွှေဘို ပေါ်ဆန်းစပါးတင်းတစ်ရာကို ကျပ်သိန်း၂၀ထက်ဈေးပိုပေးပြီးမဝယ်ဖို့ ထုတ်ပြန်လိုက် တာပဲဖြစ်ပါတယ်။ စပါးဝယ်ယူ သူက သတ်မှတ်ထားတဲ့ အမြင့်ဆုံး ဈေးတွေထက် ကျော်လွန်ပြီးဝယ်ယူလာရင် အဲ့ဒီ လူကို ဖော်ထုတ်တိုင်ကြားဖို့ကိုလည်း ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းဖော်ပြထား ပါတယ်။  ဒီလိုထုတ်ပြန်လာတဲ့အပေါ် ရခိုင်ဒေသကပေါ်ဆန်း စပါးဧက တစ်ရာကျော် စိုက်ပျိုးသူတောင်သူတစ်ဦးက အခုလို ပြောပါ တယ်။ 

“ဒီအခြေခံဈေးနှုန်းထိကို ဒီထက်ကိုဈေးမကျရဘူးဆိုတာတော့ တောင်သူတ အားကောင်းတယ်ဗျ။ ဒါမယ့်ဒီဈေးထက်မတက်ရဘူးဆိုတာက လယ်သမားတွေဆွေး နွေးသင့်တယ်။ ဘယ်ဈေးလောက်ဆိုရင် တွက်ခြေကိုက်မလဲဆွေးနွေးသင့်တယ်။ နောက်တစ်ခုက ၄၆ ပေါင်တစ်တင်းဆိုတာသတ်မှတ်ထားတာကိုး။ ဒီဒေသတော်တော် များများမှာ ၄၆ပေါင်အစား၊ ၅၂ပေါင်နဲ့ဝယ်တယ်။ အလေးကြီးနဲ့ဝယ်တယ်။ စပါးက ဘယ် လောက်ပဲ ခြောက်ခြောက်အရည်အသွေးကောင်းကောင်း စပါးတွေကို ၅၃ပေါင်အထိ စပါးတွေကိုချိန်ပြီးတော့ဝယ်နေကြတယ်။ အဲ့တော့ သူကနေပြီးတော့ တင်းတစ်ရာကနေ ရတယ်ဆိုရင် တင်းတစ်ရာ၊ ၈၅တင်းလောက်ပဲရှိတယ်။ ဒီလိုဟာမျိုးတွေက ဈေးကွက်ထဲ မှာခံနေရတယ်။ ဒါမယ့်သူတို့က ဘယ်လိုပဲ ထုတ်ပြန်၊ ၄၆ပေါင်အလေးချိန်နဲ့ ဝယ်ရမယ် ဆိုတာပါရမယ်။ အဲ့ဒါလည်း သဲသဲကွဲကွဲမထုတ်ပြန်ဘူး။ အဓိကတော့ လယ်သမားတွေ ကို စပါးပေါ်လာရင် ဒါစားရရုံတမယ်၊ လယ်လုပ်ရုံတမယ် လုပ်ပေးထားတဲ့သဘောဖြစ် တယ်။ ကျွန်တော့အမြင်ကလေ။ တိုးတက်မှုကိုမသွားနိုင်ဘူး။ လယ်သမား တွေ တိုးတက်မှုကိုမသွားနိုင်ဘူး။ ဒီလိုထုတ်တာကတော့ ” 

ခေတ်အဆက်ဆက်က စပါးပေါ်ချိန်မှာ  စပါးဈေးကျဆင်းတဲ့ ပြသနာကို တောင်သူ တွေ က ခါးစည်းရင်ဆိုင်ရတဲ့အတွက် ၂၀၁၈ခု နှစ် မတ်လမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခြေခံရည် ညွှန်းစပါးဈေးကို သမိုင်းဝင်ထုတ်ပြန်ပေး ခဲ့ပါ တယ်။ အခြေခံရည်ညွှန်းစပါးဈေးထုတ်ပြန်ရ တဲ့ရည်ရွယ်ချက်က စပါးစိုက်တဲ့ တောင် သူလယ်သမားတွေအတွက် ဝင်ငွေနဲ့ အကျိုးစီးပွားကိုအာမခံဖြစ်စေဖို့ အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ညွှန်ကြားချက်အရ တောင် သူလယ်သမားအခွင့်အ ရေးကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေးဦး ဆောင်အဖွဲ့က ၂၀၁၈ခုနှစ် နွေစပါးနဲ့ မိုးစပါးရာ သီမှာ စိုက်ပျိုးထုတ်လုပ်လိုက်တဲ့ စပါးသီးနှံအ တွက်အခြေခံရည်ညွှန်း စပါး ဈေးနှုန်းကိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အခြေခံရည်ညွှန်းစပါးဈေးဆိုတာကအစိုးရထုတ် ပြန်လိုက်တဲ့ စပါးဈေးထက် ဈေးကွက်ပေါက်ဈေးက နည်းနေမယ်ဆိုရင် အစိုးရက သူထုတ်ပြန်ထားတဲ့ဈေးနဲ့ ဝယ်ပေးဖို့ဖြစ်ပြီး ဈေးကွက်ပေါက်ဈေးက ရည်ညွှန်း ဈေးထက်များနေမယ်ဆိုရင် ဈေးကွက်ပေါက်ဈေး အတိုင်း လွတ်လပ်စွာရောင်းဝယ်ဖို့ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၈ခု၊ နှစ်မတ်လ ၆ရက်နေ့မှာ ပထမဆုံးထုတ်ပြန်ခဲ့တဲ့ ရည်ညွှန်းစပါးဈေးက စပါးတင်းတစ်ရာကို ကျပ်ငါးသိန်းနှုန်းစတင်သတ်မှတ်ခဲ့တာဖြစ်ပါ တယ်။ 

ဆန်စပါးအသင်းချုပ်လက်အောက်မှာ ဆန်ကုန်သည်အသင်း၊ ဆန်စက်အသင်း၊ စိုက်ပျိုးထုတ်လုပ်သူအသင်းနဲ့ မြေသြဇာ၊ မျိုးစေ့နဲ့ စိုက်ပျိုးရေးသွင်းအားစုအသင်းတွေပါ ဝင်ပါတယ်။ အသင်းချုပ်လက်အောက်မှာရှိတဲ့ စပါးစိုက်ပျိုးထုတ်လုပ်သူအသင်းကတော့ လယ်သမားနဲ့ လယ်ယာလုပ်ငန်းရေးရာတွေမှာ အထူးတလည်ပါဝင်ဆောင်ရွက်တာမ တွေ့ရပဲ အသင်းချုပ်လက်အောက်မှာ ဖွဲ့စည်းဖူးတဲ့ တောင်သူလယ်သမားအသင်းက လည်း ပြန်လည်စုစည်းနေဆဲဖြစ်တာမို့ အခုလိုစပါးဈေးသတ်မှတ်ရာမှာ စိုက်ပျိုးထုတ် လုပ်သူတောင်သူလယ်သမားတွေဘက်က ထိထိရောက်ရောက်  ဝင်ရောက်ဆွေးနွေး နိုင်တာကိုမတွေ့ရပါဘူး။


စပါဈေးကိုထုတ်ပြန်ရာမှာ မျိုး၊ ဓာတ်မြေသြဇာ၊ သဘာဝမြေသြဇာ၊ စိုက်ပျိုးစရိတ်၊ ပိုး သတ်ဆေးစရိတ်၊ ရိတ်သိမ်းစရိတ်၊ လုပ်သားစရိတ်၊ အထွေထွေစရိတ်စတဲ့ ကုန်ကျစရိတ် ဆယ်မျိုးကို ဆန်စပါးအသင်းချုပ်က တွက်ပြထားပါတယ်။ သူတို့တွက်ပြထားတဲ့ နှုန်း ထားတွေက စပါးမျိုးများအလိုက် တစ်ဧကကုန်ကျစရိတ်ကို ထုတ်ပြန်ရာမှာ ဧည့်မထ တစ်ဧကကုန်ကျစရိတ်ကို ကျပ် ၆၅၈၅၀၀၊ ဧရာဝတီပေါ်ဆန်း တစ်ဧကကုန်ကျစရိတ်ကို ကျပ်၇၆၉၅၀၀၊ ရွှေဘိုပေါ်ဆန်းတစ်ဧကကုန်ကျစရိတ်ကိုကျပ် ၈၄၀၀၀၀၊ ဧရာမင်းနဲ့ ဧရာပဒေသာစပါးအုပ်စုများကို ကျပ် ၇၁၂၅၀၀ အသီးသီးသတ်မှတ် ပြီးနောက် တစ်ဧကကုန်ကျစရိတ်ရဲ့ ငါးဆယ်ရာခိုင်နှုန်းကို အမြတ်ငွေအဖြစ်ဆောင်းပေး ပြီး ရည်ညွှန်ူးစပါးဈေးကို ထုတ်ပြန်တာဖြစ်တယ်လို့ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထား တာဖြစ်ပါတယ်။


မြန်မာတစ်နိုင်ငံလုံးမှာ စပါးစိုက်ဧကက မိုးရာသီမှာ ၁၅သန်းရှိပြီး နွေရာသီမှာ ၂.၄ သန်း ကျော်ရှိပါတယ်။ စပါးကို တစ်နိုင်ငံလုံးမှာ စိုက်ပျိုးကြပြီး ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရှမ်းပြည်နယ်စတဲ့ တောင်ကုန်းတောင်တန်းထူထပ်တဲ့ ဒေသ တွေမှာတော့ ဝမ်းစာလောက်သာ စိုက်ပျိုးကြပြီး ကျန်မြေပြန့်ဒေသနဲ့ ကမ်းရိုးတန်း ဒေသ တွေမှာတော့ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်ကြတာဖြစ်ပါတယ်။ စပါးစိုက်ပျိုးရာဒေသရဲ့ လမ်းပန်းဆက်သွယ်ရေး၊ စပါးမျိုးကောင်းမျိုးသန့်သုံးစွဲနိုင်မှု၊ ပိုးမွှားရောဂါကျရောက်မှု၊ စတဲ့စိုက်ပျိုးထုတ်လုပ်မှု ဆိုင်ရာ အချက်အလက်တွေပေါ်မှာမူတည်ပြီး တစ်ဧက ကုန်ကျ စရိတ်က ဒေသတစ်ခုနဲ့ တစ်ခုတူညီနိုင်တဲ့အခြေအနေမှာမရှိပါဘူး။ စစ်တပ်က အာဏာ သိမ်းပြီးတဲ့နောက်ပိုင်း အထွေထွေကုန်ဈေးနှုန်းကြီးမြင့်လာတာ၊ လမ်းပန်းဆက်သွယ် ရေးခက်ခဲလာတာ၊ ဒေသတစ်ခုမှ တစ်ခုသို့ ဓာတ်မြေသြဇာသယ်ဆောင်တာကို ဟန့် တားနှောင့်ယှက်လာတာစတဲ့အခြေအနေတွေကြားမှာ  စပါးတစ်ဧက ကုန်ကျစရိတ်ပို ပြီး မြင့်တက်လာတာနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်က ပေါ်ဆန်းစိုက်ပျိုးသူ လယ်သမား တစ်ဦးက အခုလိုပြော ပါတယ်။ 

“၁၈သိန်းဆိုရင်တော့သိပ်မကိုက်ချင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အထွေထွေ ကုန်ဈေးနှုန်းကတက်လာတော့ တွက်ခြေမကိုက်ဘူး။ လာမယ့်နှစ်မှာ စိုက်ဧကလည်း လျော့လာမယ်။ စပါးထွက်ဖို့ သိပ်မလုပ်တော့ဘူးဖြစ်လာမယ်။ နွေစပါးတို့ဘာတို့လည်း စိုက်သူနည်းလာလိမ့်မယ်။ 

မကိုက်တာက ဆိုပါစို့ စက်ဝယ်ပြီးလယ်ထွန်မယ်ဆိုရင် အရင်ခါစက်တစ်လုံး ကို သုံးရာကျော်ရှိတယ်။ အခု ၈၀၀လောက်ရှိတယ်။ နှစ်ဆလောက်ဈေးတက်သွားတယ်။  နောက်ပြီးတော့အငှားထွန်မယ်ဆိုရင်လည်း တစ်ဧကကို အရင်က နှစ်သောင်းခွဲလောက် ရှိတယ်။ အခုကခုနှစ်သောင်းလောက်ဖြစ်သွားပြီ။ ရိတ်တာလည်းဒီလိုပဲ၊ အကုန်လုံးက လယ်ယာကိုအခြေခံတဲ့ စက်ပစ္စည်းတွေက ဈေးတက်တယ်။ ရိတ်သိမ်းခ၊ ထွန်ယက်ခ တွေလည်းဈေးတက်တယ်။ ဒီတော့ သူတို့ပေးတဲ့ဈေးက ကျွန်တေ်ာတို့ ထုတ်လုပ်မှုရလာ တဲ့ဈေးနဲ့ကအမြတ်မရနိုင်ဘူး။ အရင်းတောင်မှ အနိုင်နိုင်ပေါ့။ စပါးအထွက်ကောင်းရင် တော့ အရင်းသာသာလောက်ရတယ်။ ဒါမယ့်အထွက်မကောင်းဘူးဆိုရင် ဒါကရှုံးတယ်။ ဒီသဘောတရားပေါ့ ” 

အခြေခံရည်ညွှန်းစပါးကို သမိုင်းဝင်သတ်မှတ်ခဲ့တဲ့ ၂၀၁၈ခုနှစ်မှာ ပြည်ပကိုဆန်တန်ချိန် ၃သန်းကျော်ပြန်လည်တင်ပို့နိုင်ခဲ့ပါတယ်။ ဒီအခြေအနေက၁၉၃၄ခုနှစ်မှာဆန်တန်ချိန် ၃ သန်းကျော်နောက်ဆုံးတင်ပို့ခဲ့ပြီးတဲ့နောက်ပထမဆုံး တန်ချိန် ၃သန်းကျော်ပြန်လည် တင်ပို့နိုင်ခဲ့ တာပဲဖြစ်ပါတယ်။ အဲ့ဒီနှစ်မှာ တန်ချိန် ၃သန်းကျော်ပြန် လည်တင် ပို့နိုင်ပြီး တဲ့နောက် မြန် မာ့စိုက်ပျိုးစီးပွားပညာရှင်တွေက ၂၀၂၁ခုနှစ်မှာ ပြည်ပကို ဆန်တန်ချိန် ၄သန်းတင်ပို့နိုင် ဖို့ ရည်ရွယ်ထားခဲ့ပြီး အဲ့ဒီကနေ အမေရိကန်ဒေါ်လာ တစ်ဘီလီ ယံကျော်(သန်း ၁၅၀၀) အထိ ရရှိဖို့ ရည်မှန်းထားခဲ့ပေမယ့် စစ်တပ်ရဲ့ အကြမ်း ဖက်လုပ် ရပ်တွေကြားမှာ မြန်မာ့ ဆန်တင်ပို့မှုဟာ လက်ရှိအချိန်မှာဆက်တိုက်ကျ ဆင်းလာ သလို ဆန်ကရတဲ့ဝင်ငွေ ကလည်း ကျဆင်းလို့လာနေပါတယ်။ လတ်တလော ဆန် စပါး အသင်းချုပ်က ထုတ် ပြန်လာတဲ့ ရည်ညွှန်းဈေးနဲ့ပတ်သက်ပြီး ဆိုးရွားတဲ့အခြေအနေကို စိုက်ပျိုးစီးပွား ပညာ ရှင်က တစ်စုံတစ်ရာ သုံးသပ် ပေးတယ်ဆိုတာထက် အခုလို မှတ်ချက်ပြုခဲ့ပါတယ်။ 

“လောလောဆယ်တော့ ထုတ်တဲ့အဖွဲ့အစည်းက ဗိုက်အငှားနဲ့ ဓားထိုးခံရတဲ့ သဘောပါ။ သူတု့ိကထုတ်ချင်လို့ ထုတ်ရတာမဟုတ်ဘူး။ ဟိုကောင်တွေအကြိုက်လိုက် ထုတ်ရတာ”


ကျေးလက်ဒေသတွေမှာ နေထိုင်ကြတဲ့ စပါးစိုက်ပျိုးသူတောင်သူတွေမှာ လျှပ်စစ်မီးမရရှိ တာ၊ လမ်းပန်းဆက်သွယ်ရေး ညံ့ဖျင်းတာကစလို့ စာသင်ကျောင်းနဲ့ ဆေးပေးခန်းတွေ ခိုင်ခိုင်ခံ့ခံ့မရှိတာ၊ ဆရာမရှိတာ၊ ဆေးဝါးမပြည့်စုံတာ၊ လူမှုဖူလုံရေးအထောက်အပံ့တွေ နဲ့အလှမ်းဝေးတာ စတဲ့ ချို့တဲ့မှုပေါင်းများစွာနဲ့ နေထိုင်ကြရတာဖြစ်ပါတယ်။ ဒါကြောင့် နေပျော်စရာမကောင်းတဲ့ ပတ်ဝန်းကျင်မှာ မြေကြီးနဲ့ဖက်ရုန်းရတဲ့ တောင်သူလယ်သမား တွေအဖို့ စပါးအထွက်နဲ့ အရည်အသွေးကောင်းဖို့ မျိုးကောင်းမျိုးသန့်တွေမရရှိတာ၊ အဆင့်မြင့်လယ်ယာတွေဖော်ထုတ်နိုင်တာမရှိတဲ့အတွက် စပါးအထွက်နှုန်းနဲ့အ ရည်အ သွေးညံ့ဖျင်းတာ၊ အချိန်ခါမှီစိုက်ပျိုးရိတ်သိမ်းဖို့ လိုအပ်တာ၊  ပိုးမွှားနဲ့ရောဂါတွေကို စနစ် တကျ ကာကွယ်ဖို့ လိုအပ်တာ၊ ပိုးသတ်ဆေးနဲ့ ဓာတ်မြေသြဇာတွေအရည်အသွေး မပြည့်မှီတာ၊ အလေးတင်းတောင်းအချိန်အတွယ်တွေမမှန်ကန်တာစတဲ့ လိုအပ်ချက် တွေရှိနေပါတယ်။ ဒီလို လိုအပ်ချက်တွေကိုဝိုင်းဝန်းပြုပြင်ပေးနိုင်တာမရှိပဲ  စပါးထွက် လာအောင် တောင်သူလယ်သမားက ရုန်းကန်ပြီးကာမှ  စပါးထွက်ချိန်မှာ စပါးဈေးကို လွတ်လပ်စွာရောင်းချခွင့်မပေးပဲ အမြင့်ဆုံး ဈေးသတ်မှတ်လိုက်တာက တောင်သူ လယ် သမားတွေအတွက် ရက်စက်ယုတ်မာ တဲ့ဖိနှိပ် မှုသမိုင်းဝင်ဖြစ်ရပ်ဖြစ်ပြီး ဆန်စပါး အသင်းချုပ်မှာလည်း အကြမ်း ဖက်စစ်တပ်ရဲ့ လက်ကိုင်တုတ်ဖြစ်လာတဲ့ အကြမ်းဖက် အသင်းအဖွဲ့အဖြစ်ရပ်တည်လာတာဖြစ်ပါတယ်။

Share:

No comments:

Post a Comment