2nd SEP 2023 - Morning Daily News by Radio NUG



၂၀၂၃ စက်တင်ဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နွေဦးတော်လှန်ရေးတွင် ထောက်ပို့လုပ်ငန်းစဥ်ကြီးတစ်ရပ်လုံး အားလုံးအရေးကြီးပါဝင်တယ်လို့ ဆို

📌 ၂။ ဖက်ဆစ် စစ်အာဏာရှင် အကြပ်အတည်းဆိုက်နေတဲ့ကာလမှာ  စုစုစည်းစည်းနဲ့တိုက်ပွဲ ဖော်ဆောင်ဖို့ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ တိုက်တွန်းပြောကြား

📌 ၃။ လစဥ်မပြတ် ထောက်ပို့ခဲ့သော ထောက်ပို့တပ်သားများကိုလည်း ထူးချွန်သော ထောက်ပို့တပ်သားဆိုင်ရာ အသိအမှတ်ပြုတံဆိပ်များကို ထောက်ပို့တပ်သားကဒ်တွင် ထည့်သွင်းဖော်ပြသွားမည်

📌 ၄။ တော်လှန်ရေးတရပ် ဆင်နွှဲရာမှာ အရေးကြီးဆုံးက ပြည်သူကို မဆန့်ကျင်ဖို့ဖြစ်တယ်လို့ လူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းပြော

📌 ၅။ အကြမ်းဖက်စစ်တပ်အတွက် လက်နက်ရောင်းချနေသော တတိယအကြီးဆုံးနိုင်ငံ စင်ကာပူနိုင်ငံအား ဆက်လက်မရောင်းချရန် ပြည်သူများ၏ လက်မှတ်များအား ကောက်ယူစုပေါင်း၍ စင်ကာပူအစိုးရထံ အိတ်ဖွင့်ပေးစာပေးပို့သွားမည်

📌 ၆။ စင်္ကာပူနိုင်ငံမှ United Overseas Bank (UOB) သည် မြန်မာနိုင်ငံရှိ ဘဏ်များနှင့် ဆက်ဆံရေးကို စက်တင်ဘာ ရက်မှစပြီး ဖြတ်တောက်လိုက်

📌 ၇။ ကော့ကရိတ်မြို့နယ် ရွာသစ်ကုန်း၊ ကျောက်စက်အနီးတွင် တပ်စွဲထားသော တပ်မ-၂၂ လက်အောက်ခံ အကြမ်းဖက်အဖွဲ့များအား ဒရုန်းနဲ့ဗုံးကြဲချရာ ငါးဦးသေဆုံး

📌 ၈။ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ တစ်လတာကာလအတွင်း စစ်ကိုင်းတိုင်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး () ဦးနှင့် အမျိုးသား (၃၆) ဦး စုစုပေါင်း (၄၅) ဦး သေဆုံးခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နွေဦးတော်လှန်ရေးတွင် ထောက်ပို့လုပ်ငန်းစဥ်ကြီးတစ်ရပ်လုံး အားလုံးအရေးကြီးပါဝင်တယ်လို့ ဆို


စက်တင်ဘာ၁ရက်

"နွေဦးတော်လှန်ရေးတွင် ထောက်ပို့လုပ်ငန်းစဥ်ကြီးတစ်ရပ်လုံး အားလုံးအရေးကြီးပါဝင်တယ်"လို့ စက်တင်ဘာ ၁ရက်နေ့မှာ ကျင်းပတဲ့ "ဒေါင်းစစ်သည်တို့ချီလာပြီ" ကမ်ပိန်းစကားဝိုင်းဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းကဆိုပါတယ်။


"အစိုးရတစ်ရပ်ရဲ့ ရပ်တည်မှုဟာ ပြည်သူလူထုပါဝင်မှုနဲ့ပဲ ရပ်တည်ရတာဖြစ်ပါတယ်။ အခုလည်းထောက်ပို့လုပ်ငန်းပေါ့။ ဒါအင်မတန်လည်းအရေးကြီးတယ်။ ထောက်ပို့တယ်ဆိုတာ စားနပ်ရိက္ခာအတွက် ထောက်ပို့တာရှိတယ်။ လက်နက်အတွက်ထောက်ပို့တာရှိတယ်။ သို့သော်လည်း တစ်နေရာက တစ်နေရာကိုရောက်အောင် လုပ်ရတဲ့အပိုင်းတွေ၊ ပစ္စည်းကိရိယာဆိုလည်း အတိုတွေ၊ အရှည်တွေ တခြားအကြောင်းအရာတွေလည်းရှိပါတယ်။ ဒါတွေလည်းစဥ်းစားစရာပါပါတယ်။ အားလုံးကအရေးလည်းကြီးပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


"ဒေါင်းစစ်သည်တို့ချီလာပြီ" ကမ်ပိန်းဟာ သယ်ယူပို့ဆောင်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ မော်တော်ကားအပြင် အခြားသော လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် ကံစမ်းမဲလက်မှတ်များ သိန်းတစ်ထောင်ရည်မှန်းချက်ထား၍ ကံစမ်းမဲ လက်မှတ် စောင်ကို မြန်မာငွေ သောင်းကျပ်နဲ့ရောင်းချပေးလျက်ရှိပါတယ်။


"လက်နက်ခဲယမ်းနဲ့ တိုက်ရတဲ့အခါမှာ ရေရှည် ကျွန်မတို့ရဲဘော်တွေ ဘယ်လောက်တောင့်ခံနိုင်မလဲ။ အဲဒီအတွက် ဒီထောက်ပို့လုပ်ငန်းဟာ အရမ်းအရေးကြီးတာကြောင့် ဒီလိုပွဲလေးတွေလုပ်နေရတာပေါ့။ အဲဒီတော့ ထောက်ပို့ကမ်ပိန်းတွေမှာ ပြည်သူတွေရဲ့ငွေတွေ ကမ်ပိန်းမှာလိုအပ်တယ်။ ဒီ့အတွက်လည်းအခု သိန်းတစ်ထောင်ကမ်ပိန်း "ဒေါင်းစစ်သည်တွေချီလာပြီ"ဆိုတဲ့ကမ်ပိန်းကို နိုင်ငံတကာကိုယ်စားလှယ်တွေဆီမှာဝယ်ယူနိုင်ပါတယ်"လို့ ကမ်ပိန်းစကားဝိုင်းမှာ မွန်ပြည်နယ် ဘီလင်းအမတ်ဒေါ်သိရီရတနာကပြောပါတယ်။


========================


📌📌 ၂။ ဖက်ဆစ် စစ်အာဏာရှင် အကြပ်အတည်းဆိုက်နေတဲ့ကာလမှာ  စုစုစည်းစည်းနဲ့တိုက်ပွဲ ဖော်ဆောင်ဖို့ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ တိုက်တွန်းပြောကြား


စက်တင်ဘာ၁ရက်

ဖက်ဆစ် စစ်အာဏာရှင် အကြပ်အတည်းဆိုက်နေတဲ့ကာလမှာ  စုစုစည်းစည်းနဲ့တိုက်ပွဲ ဖော်ဆောင်ဖို့ ၇၆ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားတွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ ကပြောကြားခဲ့ပါတယ်။


"ဖက်ဆစ် စစ်အာဏာရှင် အကြပ်အတည်းဆိုက်နေတဲ့ကာလ နိုင်ငံရေးလမ်းပျောက်နေတဲ့အချိန်မှာ စုစု စည်းစည်းနဲ့ တိုက်ပွဲဖော်ဆောင်ပြီး မဟာလူမျိုးကြီးဝါဒီများကို အပြီးတိုင် တိုက်ထုတ်သွားကြပါစို့"လို့ဆိုပါတယ်။


လက်ရှိမှာ အကြမ်းဖက်စကစဟာ ကရင်နီဒေသ၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင် အထိနာကျရှုံးလျက်ရှိပြီး ဘဏ္ဍာရေးအကြပ်အတည်းဆိုက်နေတဲ့ကာလလည်းဖြစ်ပါတယ်။


========================


📌📌 ၃။ လစဥ်မပြတ် ထောက်ပို့ခဲ့သော ထောက်ပို့တပ်သားများကိုလည်း ထူးချွန်သော ထောက်ပို့တပ်သားဆိုင်ရာ အသိအမှတ်ပြုတံဆိပ်များကို ထောက်ပို့တပ်သားကဒ်တွင် ထည့်သွင်းဖော်ပြသွားမည်


စက်တင်ဘာ၁ရက်

လစဥ်မပြတ်ထောက်ပို့ခဲ့သော ထောက်ပို့တပ်သားများကိုလည်း ထူးချွန်သော ထောက်ပို့တပ်သားဆိုင်ရာ အသိအမှတ်ပြုတံဆိပ်များကို ထောက်ပို့ တပ်သားကဒ်တွင် ထည့်သွင်းဖော်ပြသွားမည်ဖြစ်ကြောင်းသတင်းရရှိပါတယ်။


စက်တင်ဘာလက စတင်မယ့် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် PRF 2.0 အစီအစဥ်အသစ်မှာ ထောက်ပို့ကတ်များပြန်လည်ထုတ်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။


 ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု . (PRF 2.0) အစီအစဥ်အသစ်အတွက် ထောက်ပို့တပ်သားကတ်များ ထုတ်ပေးရာတွင်လည်း မည်သည့်ဒေသအတွက် ထောက်ပံ့ပို့ဆောင်နေသည့် တပ်သားဖြစ်ကြောင်းကိုလည်း ကတ်ပြားတွင် တပါတည်း ဖော်ပြပေးသွားမည်ဖြစ်ပြီး ထောက်ပို့တပ်သားကတ်တွင် ပါဝင်သည့် QR Code ကို အသုံးပြု ဖတ်ရှူသောအခါတွင် မိမိထောက်ပို့ခဲ့သည့် မှတ်တမ်းကိုလည်း ပြန်လည်ကြည့်ရှုနိုင်မယ်လို့သိရပါတယ်။


ထို့အပြင် လစဥ်မပြတ် ထောက်ပို့ခဲ့သော ထောက်ပို့တပ်သားများကိုလည်း ထူးချွန်သော ထောက်ပို့တပ်သားဆိုင်ရာ အသိအမှတ်ပြု တံဆိပ် များကို ထောက်ပို့တပ်သားကဒ်တွင် ထည့်သွင်းဖော်ပြသွားမည် ဖြစ်တယ်လို့ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးဖော်ပြထားပါတယ်။


========================


📌📌 ၄။ တော်လှန်ရေးတရပ် ဆင်နွှဲရာမှာ အရေးကြီးဆုံးက ပြည်သူကို မဆန့်ကျင်ဖို့ဖြစ်တယ်လို့ လူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းပြော


စက်တင်ဘာ၂ရက်

တော်လှန်ရေးတရပ် ဆင်နွှဲရာမှာ အရေးကြီးဆုံးက ပြည်သူကို မဆန့်ကျင်ဖို့ဖြစ်တယ်လို့ မန္တလေးလူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းပြောကြားပါတယ်။


"တော်လှန်ရေးမှာ ပြည်သူလူထုဟာ PDF တပ်မတော်လိုပဲ အရေးကြီးတယ်။ စစ်သည်တွေ နိုင်ငံရေး အသိပညာ ပြည့်ဝရေးဟာ စစ်ရေးပညာ ကျွမ်းကျင်ရေးလိုပဲ အရေးကြီးတယ်။ အရေအတွက် ရှိရုံသာမက အ‌ရည်အချင်းလည်း ပြည့်ဝတဲ့ တပ်မတော်အဖြစ် တည်ဆောက်နိုင်ရေးဟာ ဘဏ္ဍာ‌ရန်ပုံငွေ လိုအပ်ချက်လိုပဲ အရေးကြီးတယ်။ စစ်သည်အားလုံး ကျင့်ဝတ်စည်းကမ်းပိုင်း တည့်မတ် မှန်ကန်ရေးဟာ လက်နက်ခဲယမ်း လိုအပ်ချက်လိုပဲ အရေးကြီးတယ်။ မိမိနယ်မြေမှာ ကောင်းမွန်မှန်ကန်တဲ့ ပြည်သူ့အုပ်ချုပ်မှုယန္တရား ဖော်ဆောင်နိုင်ရေးဟာ စစ်ရေးထိုးစစ် ဖော်ရေးလိုပဲ အရေးကြီးတယ်။ တော်လှန်ရေးတစ်ရပ် ဆင်နွှဲရာမှာ အရေးကြီးဆုံးက ပြည်သူကို မဆန့်ကျင်ဖို့ပဲ။ ပြည်သူကို ဆန့်ကျင်ရင် ပြည်သူက ပြန်လည် ဒဏ်ခတ်လိမ့်မယ်"လို့ဆိုပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၁ရက်နေ့ စစ်တပ်က နိုင်ငံတော်အာဏာကို လုယူပြီးနောက်ပိုင်း စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုနဲ့အတူ နွေဦးတော်လှန်ရေးပေါ်ပေါက်ခဲ့ပါတယ်။


========================


📌📌 ၅။ အကြမ်းဖက်စစ်တပ်အတွက် လက်နက်ရောင်းချနေသော တတိယအကြီးဆုံးနိုင်ငံ စင်ကာပူနိုင်ငံအား ဆက်လက်မရောင်းချရန် ပြည်သူများ၏ လက်မှတ်များအား ကောက်ယူစုပေါင်း၍ စင်ကာပူအစိုးရထံ အိတ်ဖွင့်ပေးစာပေးပို့သွားမည်


စက်တင်ဘာ၁ရက်

အကြမ်းဖက်စစ်တပ်အတွက် လက်နက်ရောင်းချနေသော တတိယအကြီးဆုံးနိုင်ငံ စင်ကာပူနိုင်ငံအား ဆက်လက်မရောင်းချရန် ပြည်သူများ၏လက်မှတ်များအား ကောက်ယူစုပေါင်း၍ စင်ကာပူအစိုးရထံ အိတ်ဖွင့်ပေးစာပေးပို့သွားမည်ဖြစ်ကြောင်းသတင်းရရှိပါတယ်။


စစ်လက်နက်များရောင်းချမှု တားဆီးပေးရေး မြန်မာပြည်သူ လူတစ်သိန်းလက်မှတ်ကို ကောက်ယူသွားမှာဖြစ်တယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု Blood Moneyက အသိပေးဖော်ပြပါတယ်။


စင်ကာပူနိုင်ငံသည် အကြမ်းဖက်စစ်တပ်အတွက် လက်နက်ရောင်းချနေသော တတိယအကြီးဆုံးနိုင်ငံဖြစ်သကဲ့သို့ အကြမ်းဖက်စစ်တပ်၏ နိုင်ငံခြားဝင်ငွေများလက်ခံသိမ်းဆည်းပေးထားသည့် ပထမအကြီးဆုံးနိုင်ငံဖြစ်ပါတယ်လို့ဆိုပါတယ်။


အကယ်၍ စင်ကာပူအစိုးရက မြန်မာစစ်တပ်ထံ လက်နက်များရောင်းချခြင်းအား ရပ်တန့်လိုက်ပါက အကြမ်းဖက်စစ်တပ်၏ စစ်ရာဇဝတ်မှုများဆက်လက်လုပ်ဆောင်နိုင်စွမ်းကို အကြီးအကျယ်ထိခိုက်သွားလိမ့်မည်ဟု ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အန်ဒရူးမှမှတ်ချက်ပြုထားပါတယ်။


ထို့ကြောင့် သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုနှင့်အတူ ပြည်တွင်းနှင့် နိုင်ငံခြားမိတ်ဖက်အဖွဲ့အစည်းများမှ စင်ကာပူအစိုးရထံ အိတ်ဖွင့် ပေးစာပေးပို့၍ စင်ကာပူနိုင်ငံမှ စစ်အုပ်စုထံ လက်နက်များရောင်းချနေခြင်းကို စင်ကာပူအစိုးရမှ ပိတ်ဆို့တားဆီးပေးရန်၊ စင်ကာပူအစိုးရမှ စစ်အုပ်စုအား စင်ကာပူဘဏ္ဍာစနစ်များသုံးစွဲခွင့်ကို ပိတ်ဆို့ပေးရန်စသည်တို့ကို တောင်းဆိုသွားမည်ဖြစ်ကြောင်းသိရပါတယ်။


လက်မှတ်ထိုးရန် linkအား သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု Blood Money Face Bookစာမျက်နှာတွင်ဖော်ပြထားပါတယ်။


========================


📌📌 ၆။ စင်္ကာပူနိုင်ငံမှ United Overseas Bank (UOB) သည် မြန်မာနိုင်ငံရှိ ဘဏ်များနှင့် ဆက်ဆံရေးကို စက်တင်ဘာ ရက်မှစပြီး ဖြတ်တောက်လိုက်


စက်တင်ဘာ၁ရက်

စင်္ကာပူနိုင်ငံမှ United Overseas Bank (UOB) သည် မြန်မာနိုင်ငံရှိဘဏ်များနှင့် ဆက်ဆံရေးကို စက်တင်ဘာ ရက်မှစပြီး ဖြတ်တောက်လိုက်တယ်လို့ CNAသတင်းဌာနက စက်တင်ဘာ၁ရက်နေ့မှာ ဖော်ပြရေးသားထားပါတယ်။


စင်္ကာပူနိုင်ငံမှ United Overseas Bank (UOB) သည် မြန်မာနိုင်ငံရှိ ဘဏ်များနှင့် ဆက်ဆံရေးကို စက်တင်ဘာ ရက်မှစပြီး ဖြတ်တောက်လိုက်ခြင်းဖြစ်ပြီး မြန်မာ့ဘဏ်လုပ်ငန်းကို ပစ်မှတ်ထားကာ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများနှင့် လိုက်လျောညီထွေဖြစ်စေတယ်လို့ဖော်ပြပါတယ်။


အရေးယူပိတ်ဆို့မှုအရ မြန်မာနိုင်ငံသို့ ငွေပေးချေမှု အဝင်အထွက်အားလုံးကို ကန့်သတ်မည်ဖြစ်ကာ  မြန်မာနိုင်ငံမှ Visa နှင့် Mastercard အရောင်းအ၀ယ်များကို တားမြစ်ပိတ်ပင်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။


အဆိုပါပိတ်ပင်ရသည့် အသေးစိတ်အချက်အလက်ကို UOBဘဏ်က ဖြေဆိုရန်ငြင်းပယ်ခဲ့တယ်လို့ CNAကဖော်ပြပါတယ်။


========================


📌📌 ၇။ ကော့ကရိတ်မြို့နယ် ရွာသစ်ကုန်း၊ ကျောက်စက်အနီးတွင် တပ်စွဲထားသော တပ်မ-၂၂ လက်အောက်ခံ အကြမ်းဖက်အဖွဲ့များအား ဒရုန်းနဲ့ဗုံးကြဲချရာ ငါးဦးသေဆုံး


စက်တင်ဘာ၁ရက်

ကော့ကရိတ်မြို့နယ် ရွာသစ်ကုန်း၊ ကျောက်စက်အနီးတွင် တပ်စွဲထားသော တပ်မ-၂၂ လက်အောက်ခံ အကြမ်းဖက်အဖွဲ့များအား ဒရုန်းနဲ့ဗုံးကြဲချရာငါးဦးသေဆုံးခဲ့တယ်လို့ စက်တင်ဘာ၁ရက်နေ့မှာ စစ်ရေးသတင်းကို ကျားဖြူစစ်ကြောင်းက အတည်ပြုဆိုပါတယ်။


ဩဂုတ်၂၉ ရက်နေ့တွင် ကော့ကရိတ်မြို့နယ် ရွာသစ်ကုန်း၊ ကျောက်စက်အနီးတွင် တပ်စွဲထားသော တပ်မ-၂၂ လက်အောက်ခံ အကြမ်းဖက်အဖွဲ့များအား ကျားဖြူစစ်ကြောင်းလုံခြုံရေးတပ်ခွဲ (Southern Eagle- PDF) ကျားဖြူတပ်ခွဲ-၄၊ ကျားဖြူတပ်ခွဲ - (Justice Soldier-PDF) Drone တပ်ဖွဲ့ မှ ပဒေသာအသီးများဖြင့် ကြဲချခဲ့တယ်လို့ဆိုပါတယ်။


တိုက်ခိုက်မှုကြောင့် စကစတပ်ဖွဲ့ဝင်ငါးဦးသေဆုံးကြောင်းသိရပါတယ်။


========================


📌📌 ၈။ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ တစ်လတာကာလအတွင်း စစ်ကိုင်းတိုင်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး () ဦးနှင့် အမျိုးသား (၃၆) ဦး စုစုပေါင်း (၄၅) ဦး သေဆုံးခဲ့


စက်တင်ဘာ၁ရက်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များကို စက်တင်ဘာ၁ရက် အသိပေးဖော်ပြပါတယ်။


၂၀၂၃ ခုနှစ်၊ ဩဂုတ်လ တစ်လတာကာလအတွင်း စစ်ကိုင်းတိုင်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး () ဦးနှင့် အမျိုးသား (၃၆) ဦး စုစုပေါင်း (၄၅) ဦး သေဆုံးခဲ့ပြီး ထိန်းသိမ်းခံရပြီးနောက် သတ်ဖြတ်ခံရသူ အရေအတွက်မှာ (၂၅) ဦးဖြင့် အများဆုံးဖြစ်တယ်လို့ဆိုပါတယ်။


ထို့ပြင်တစ်လတာအတွင်း စစ်ကိုင်းတိုင်း၌ စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ အမျိုးသမီး () ဦးနှင့် အမျိုးသား () ဦး စုစုပေါင်း (၁၁) ဦး ရှိပြီး၊ အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံ တရားရုံးများက မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရသူ အမျိုးသမီး (၁၆) ဦးနှင့် အမျိုးသား (၅၄) ဦး စုစုပေါင်း (၇၀) ဦး ရှိခဲ့ပါတယ်။


ဩဂုတ်လ ၂၈ ရက်နေ့ နေ့လယ်ပိုင်းအချိန်တွင် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ဇီးဖြူကျင်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏တပ်က ဝင်ရောက်စီးနင်း၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ နွားလှည်းဖြင့် ထွက်ပြေးတိမ်းရှောင်နေသည့် အသက် ၆၀ နှစ်ကျော်အရွယ် ဦးပေါဝ၏ ရင်ဘတ်၊ ခြေထောက်နှင့် လက်တို့ကို ကျည်စထိမှန်ကာ သေဆုံးခဲ့ရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment