4th SEP 2023 - Evening Daily News by Radio NUG


၂၀၂၃ စက်တင်ဘာလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ဒီအချိန်မှာ မိစ္ဆာတစ်သိုက်မောင်းထုတ်ရေးပဲ အာရုံရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ပြောကြား

📌 ၂။ မြို့နယ်ဥပဒေတာဝန်ခံများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာနတွေ့ဆုံဆွေးနွေး

📌 ၃။ စစ်အုပ်စုဟာTECHNOLOGYရဲ့ အရေးပါမှုကို နားမလည်ဘူးလို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ပြောကြား

📌 ၄။ နွေဦးတော်လှန်ရေး အောင်ပွဲ ဆီသွားမယ့် လမ်းမထက်မှာ ခရီးပြင်းနှင်နေပြီလို့ ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်ပြောကြား

📌 ၅။ "နိူင်ငံတကာက စစ်ကောင်စီအပေါ် အရေးယူပိတ်ဆို့မှုတွေရှိလာတဲ့အခါမှာ ဘဏ္ဍာရေးစစ်မျက်နှာကိုလည်း နာနာဖိတိုက်နိူင်ရမယ်လို့ ဦးမင်းကိုနိူင်ဆို

📌 ၆။ CNO/CNDF တပ်မဟာ() အခြေခံစစ်သင်တန်းအပတ်စဉ်()သင်တန်းဆင်းပွဲ ကျင်းပ

📌 ၇။ မြန်မာ့ဆန်တင်ပို့မှု ကာလတူတင်ပို့မှုထက် တန်ချိန် ၅သိန်းကျော်လျော့နည်းနေပြီး ဆန်ကရတဲ့ဝင်ငွေကလည်း သန်းတစ်ရာ့သုံးဆယ်ကျော်လျော့နည်းလာ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ဒီအချိန်မှာ မိစ္ဆာတစ်သိုက်မောင်းထုတ်ရေးပဲ အာရုံရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ပြောကြား


စက်တင်ဘာ၄ရက်


စက်တင်ဘာ၄ရက်နေ့တွင်  ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်မှ ၎င်း၏လူမှုကွန်ယက်စာမျက်နှာမှတစ်‌ဆင့် အခုလိုဆိုလိုက်ပါတယ်။


"တခါတလေ တော့ NUG ကို ပြောချင်ရာပြောနေနိုင်တဲ့ လူတွေရဲ့ ဘဝတွေကို အားကျမိတယ်။ ပြည်သူ့အစိုးရနဲ့ အာဏာရှင်ကွာတာ အဲ့ဒါပဲ။ NUG ဆိုရင်တော့ တော်လှန်ရေး ဘက်တော်သားပဲ သေချာပါစေ၊ မင်းအောင်လှိုင် လက်တံနဲ့ဝေးရာမှာနေရင် ကြိုက်တာပြောပဲ။ ဘာမှ မဖြစ်စေရဘူး၊ လုံခြုံတယ်လေ။ အမှန်တော့ NUG မှာ ပါဝင်နေတဲ့ လူတိုင်းကတော့ စုပေါင်းခေါင်းဆောင်မှုမူအောက်မှာ အရမ်းကြီး ကျေနပ်နေတာမျိုးတော့ မဟုတ်ဘူး။ အကန့်အသတ်တွေအများကြီးကြားထဲမှာ လက်တွေ့ လုပ်နေရတဲ့ အဖွဲ့သားများရဲ့ အခက်အခဲကို ကိုယ်တိုင်မြင်နေတာဖြစ်တဲ့အတွက် ကိုယ့်ဌာနနဲ့ပတ်သက်တဲ့ အားနည်းချက်တွေအကြောင်းတစုံတယောက်ပြောလာရင် ကိုယ်ကတော့ ခံနိုင်ရည်ရှိပေမယ့် လက်တွေ့လုပ်နေတဲ့ ကိုယ်အဖွဲ့သားတွေ စိတ်ပျက်သွားမှာ အရမ်းစိုးရိမ်တာတော့အမှန်ပါ။ဒီချိန်မှာတော့ မိစ္ဆာတသိုက်မောင်းထုတ်ရေး အာရုံပဲရှိတယ်"လို့ဆိုပါတယ်။


လက်ရှိမှာအမျိုးသားညီညွတ်ရေးအစိုးရဟာ ဝေဖန်ထောက်ပြမှုများကို ကြိုဆိုလျက်ရှိပြီးတော့အစိုးရအဖွဲ့ထံ အကြံပြုချက်များကိုလည်း လက်ခံလျက်ရှိနေပါတယ်။


========================


📌📌 ၂။ မြို့နယ်ဥပဒေတာဝန်ခံများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာနတွေ့ဆုံဆွေးနွေး


စက်တင်ဘာ၄ရက်


အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန နှင့် မြို့နယ်ဥပဒေတာဝန်ခံများ တွေ့ဆုံဆွေးနွေးခြင်း အစည်းအဝေးအမှတ်စဥ် (၁၁/၂၀၂၃) အခမ်းအနားကို စက်တင်ဘာ၂ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။


တရားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးကိုယ်စား အမြဲတမ်းအတွင်းဝန် ဒေါ်မေအောင်သူမှ အမှာစကားပြောကြားရာတွင်ဥပဒေရုံးများ၏ ငွေလုံးငွေရင်း ဘတ်ဂျက်ကိစ္စများနှင့်ပတ်သက်၍ မိမိလက်လှမ်းမီသမျှသာ ဖြေကြားခဲ့သည် ကို နားလည်ခွင့်လွှတ်ပေးစေလိုကြောင်း၊ တရားရေးဝန်ကြီးဌာနသည် ဝန်ကြီးဌာန()ခုရှိ တရားသူကြီးများ၊ ဥပဒေအရာရှိများနှင့် ရှေ့နေရှေ့ရပ်များပေါင်းစပ် ဖွဲ့စည်းထားပြီး လမ်းချင်း တူ၍လူချင်းတွေ့ကြသူများဖြစ်ကြပြီး ဝမ်းကွဲမဟုတ်ဘဲ တစ်မိတည်းသားချင်းများဖြစ်သော ကြောင့် အားလုံး၏ဘုံရန်သူဖြစ်သော စကစ ကို စည်းလုံးညီညွတ်စွာဖြင့် အတူတကွ တော်လှန်သွားကြမည်ဖြစ်ကြောင်း၊ မြေပြင်ရှိဥပဒေတာဝန်ခံများအနေဖြင့် မိမိတို့၏ အခက်အခဲများကို ရင်ဖွင့်၍ပွင့်ပွင့်လင်းလင်း ပြောကြားပေးသည့်အတွက် ကျေးဇူးတင် ကြောင်း"ဆိုခဲ့ပါတယ်။


အခမ်းအနားသို့ တရားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဒေါ်မေအောင်သူ၊ တရားဥပဒေစိုးမိုးရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်းသိန်း၊  တာဝန်ရှိဝန်ထမ်းများ၊ မြေပြင်ဆက်သွယ်ရေး တာဝန်ခံများနှင့် မြို့နယ်(၁၉)မြို့နယ်မှ ဥပဒေတာဝန်ခံ(၂၂) ဦးတို့လည်း တက်ရောက်ခဲ့ကြ ပါတယ်။


========================


📌📌 ၃။ စစ်အုပ်စုဟာTECHNOLOGYရဲ့ အရေးပါမှုကို နားမလည်ဘူးလို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ပြောကြား


စက်တင်ဘာ၄ရက်


စက်တင်ဘာ၄ရက်မှာ ဆက်သွယ်ရေး၊သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်မှ ၎င်း၏လူမှုကွန်ယက်စာနှာမှာ အခုလိုပြောကြားထားပါတယ်။


"နလပိန်းတုန်းတွေနားမလည်တာကTECHNOLOGYရဲ့ အရေးပါမှု"လို့ဆိုထားပါတယ်။


စက်တင်ဘာ ၃ရက်  နာရီခန့်က မြဝတီရဲစခန်းနဲ့ခရိုင်အုပ်ချုပ်ရေးမှူးရုံး  ဒရုံးနဲ့ ၆၀မမဗုံးသီးများဗုံးကြဲတိုက်ခိုက်ခံရပြီးနောက်

 မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ PSO ထွေအုပ်ဦးစီး ဦးထွန်းထွန်းငြိမ်း၊ ပြည့်ဖြိုးအောင်၊ ယာဉ်ထိန်းဒုရဲမှူး နေလင်းစိုးတို့အပါအဝင် နောက်ထပ်တစ်ဦး သေဆုံးခဲ့ကာ ၁၁ ဦး အပြင်းအထန်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားရာတွင် တော်လှန်ရေးရန်ပုံငွေများကို စုစည်းကာ တိုင်းနှင့်ပြည်နယ်အသီးသီးသို့ Drone အစင်းရေ (၄၀၀) ကျော် ဖြန့်ကျက် ပို့ဆောင်ထားပြီး

 Droneများသည် ရှေ့တန်းစစ်မြေပြင်များတွင် ထောက်လှမ်းရေး၊တိုက်ခိုက်ရေးနှင့် ဝါဒဖြန့်ချီရေးတာဝန်များကို ရဲရဲဝံ့ဝံ့ တာဝန်ထမ်းဆောင်နေကြပြီ ဖြစ်တယ်လို့ဆိုထားပါတယ်။


========================


📌📌 ၄။ နွေဦးတော်လှန်ရေး အောင်ပွဲ ဆီသွားမယ့် လမ်းမထက်မှာ ခရီးပြင်းနှင်နေပြီလို့ ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်ပြောကြား


စက်တင်ဘာ၄ရက်


စက်တင်ဘာ၄ရက်တွင်ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်မှ မခုလိုပြောကြားလိုက်ပါတယ်။


"မြေပြင်မှာ သိသာတဲ့ အောင်ပွဲတချို့ရလာတော့ ဝမ်းသာတယ်။အဲ့ဒီ ဝမ်းသာတာနဲ့ အတူ ပြောပြချင်တာက ဒီလိုဒရုန်း တွေ နဲ့ မြေပြင်စခန်းသိမ်း လုပ်နိုင်တာတွေဟာ မနေ့ တနေ့ကလုပ်လို့ ဖြစ်လာတာ မဟုတ်ပါဘူး။ ရေသောက်မြစ်က စီဒီအမ် ကျောင်းသားတွေ၊ ဆရာတွေ ၂၀၂၁ မှာ တော်လှန်ရေးထဲ ပါဝင် လာပြီး လက်နက်ကိုင် တော်လှန် ရေးလုပ်ကြမယ် ဆိုပြီး လိုင်းကျကတည်းက စခဲ့တဲ့ မျိုးစေ့တွေ အပင်ပေါက်လာတာ ဖြစ်ပါတယ်။အောင်ပွဲ နီးပြီ လို့ သုံးသပ်မယ့် အချက်အလက် ကျနော့ မှာ မရှိလို့ ဘယ်အချိန် လဲ ဆိုတာ မပြော နိုင်ပေမယ့် အောင်ပွဲ ဆီသွားမယ့် လမ်းမထက်မှာ ခရီးပြင်းနှင်နေပြီဆိုတာ ခံစားရကြောင်းပြောလိုပါတယ်"လို့ဆိုပါတယ်။


မြေပြင်စစ်ရေးအောင်နိူင်မှုများဟာ ကလစ်ခဲ့သူတွေ၊ ဘွန်းဝယ်၊ မြေဝယ်၊ မဲဝယ်၊ သပိတ်မှောက်၊ ထီထိုး တော်လှန်ပြည်သူအားလုံးရဲ့ ပါဝင်မှုတွေဖြစ်တယ်လို့လည်းဆိုပါတယ်။


အမှတ်() စစ်ဒေသ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း တိုက်ပွဲပေါင်း (၄၃၉) ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ (၄၀၀) ဦး သေဆုံး၍ (၅၇၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။


========================


📌📌 ၅။ "နိူင်ငံတကာက စစ်ကောင်စီအပေါ် အရေးယူပိတ်ဆို့မှုတွေရှိလာတဲ့အခါမှာ ဘဏ္ဍာရေးစစ်မျက်နှာကိုလည်း နာနာဖိတိုက်နိူင်ရမယ်လို့ ဦးမင်းကိုနိူင်ဆို


စက်တင်ဘာ၄ရက်


စက်တင်ဘာ၃ရက်မှာကျင်းပတဲ့ ထင်းစည်းပရော့ဂျက် အခမ်းအနားမှာ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်ဦးမင်းကိုနိူင်မှ တော်လှန်ရေးနှင့်ပတ်သက်လို့အခုလိုပြောပါတယ်။


"နိူင်ငံတကာက စစ်ကောင်စီအပေါ် အရေးယူပိတ်ဆို့မှုတွေရှိလာတဲ့အခါမှာ ဘဏ္ဍာရေးစစ်မျက်နှာကိုလည်းနာနာဖိတိုက်နိူင်ရမယ်။ဒီလောက်အရေးကြီးနေတဲ့အချိန်မှာ စစ်မျက်နှာလေးခုလုံးမှာပြည်သူတွေပါဝင်ကြမယ်။ဘယ်လိုနည်းနဲ့ပါဝင်မလဲဆိုရင်ဘဏ္ဍာရေးမှာ တော်လှန်ရေးဘက်ကိုအိတ်ဖောင်းအောင်လုပ်သလို ဖက်ဆစ်တပ်ကို ဝင်ငွေပြားချပ်အောင် သွေးစွန်းငွေ ဖြတ်တောက်ရအောင် လုပ်ကြရမယ်"လို့ဆိုပါတယ်။


လက်ရှိမှာ ဘဏ္ဍာရေးတိုက်ပွဲအနေနဲ့ စစ်တပ်ထုတ်ကုန် ဖြစ်သည့်

()မြန်မာဘီယာ(Myanmar Beer)

()အက်()မန် တံဆိပ်(Andaman Gold)အရက်၊ ဘီယာ၊ အချိုရည်

()ဒဂုံ တံဆိပ်(Dragon)အရက်၊ ဘီယာ၊ အချိုရည်

()ဘလက်ရှီး စတောက်ဘီယာ(Black Shield Stout)

()မန္တလေး ဘီယာ၊ ရမ်(Mandalay)

()အာမီရမ်(Army Rum)

()Red Ruby စီးကရက်

() Premium Gold စီးကရက်တို့ကိုလူထုက ဝယ်ယူသုံးစွဲ ခြင်းမပြုဖို့ တိုက်တွန်းထားပါတယ်။


========================


📌📌 ၆။ CNO/CNDF တပ်မဟာ() အခြေခံစစ်သင်တန်းအပတ်စဉ်()သင်တန်းဆင်းပွဲ ကျင်းပ


စက်တင်ဘာ၄ရက်


ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ -CNO/CNDF ထိန်းချုပ်နယ်မြေ  တပ်မဟာ() တွင် အခြေခံစစ်သင်တန်း အပတ်စဉ်( ) သင်တန်းအောင်မြင်စွာ ပြီးဆုံးသဖြင့် သင်တန်းဆင်းပွဲ ကျင်းပခဲ့ကြောင်း(စက်တင်ဘာ ရက်)နေ့တွင် တပ်မဟာ () မှ  သတင်းထုတ်ပြန်ပါတယ်။


 ၎င်းစစ်သင်တန်းကို တပ်မဟာ() ရှိ NA camp တွင် ကျင်းပပြုလုပ်ပြီး သင်တန်းတက်ရောက်သူ ၁၉ ယောက် ရှိကြောင်း သိရပါတယ်။


========================


📌📌 ၇။ မြန်မာ့ဆန်တင်ပို့မှု ကာလတူတင်ပို့မှုထက် တန်ချိန် ၅သိန်းကျော်လျော့နည်းနေပြီး ဆန်ကရတဲ့ဝင်ငွေကလည်း သန်းတစ်ရာ့သုံးဆယ်ကျော်လျော့နည်းလာ


ဆန်လက်ကျန်အလုံအလောက်ရှိတယ်လို့ ဆန်အသင်းတွေကထုတ်ပြန်ထားပေမယ့် ပြည်တွင်းဆန်ရောင်းဝယ်ရေးလုပ်ငန်းတွေကို စစ်တပ်က ထိန်းချုပ်လာသလို ပြည်ပဆန် တင်ပို့မှုမှာလည်း လျော့ကျလာနေတာဖြစ်ပါတယ်။ ဆန်တင်ပို့မှုက ၅လတာအတွင်း မနှစ်က ကာလတူ တင်ပို့မှုထက် တန်ချိန်အားဖြင့် ၅၁၀,၆၀၇ တန်လျော့နည်းနေသလို၊ ဝင်ငွေအားဖြင့် လည်း အမေရိကန်ဒေါ်လာ ၁၃၆ သန်းလျော့နည်းနေတာဖြစ်ပါတယ်။ 


ပြည်တွင်းစားသုံးမှုများတဲ့ ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း၊ တောင်ပျံ စတဲ့ ဆန်အမျိုး အစားတွေကို ကျပ် တစ်သိန်းကနေ ၁၂၅၀၀၀ ထက်ပိုမရောင်းဖို့နဲ့ ဧည့်မထအုပ်စုဆန် တွေကို ကျပ် ၇၂၀၀၀ ထက်ပိုမရောင်းဖို့ ထုတ်ပြန်ထားပါတယ်။ ဆန်ဈေးကွက်ကို ချုပ်ကိုင်ထားသလို  ပြည်တွင်းစား သုံးမှု၊ သိုလှောင်လက်ကျန်နဲ့ ပြည်ပတင်ပို့မှုပမာဏ တွေကို သိရှိဖို့အတွက်လည်း သက်ဆိုင်ရာ ဆန်စက်တွေ၊ ဆန်သိုလှောင်သူတွေကို ဥပ ဒေအရ ဆန်စာရင်းတွေပေးပို့နိုင်အောင် ဆန်စပါးဥပဒေကို ပြဌာန်းသွားဖို့ ဆောင်ရွက်နေ ပါတယ်။ 


တစ်နိုင်ငံလုံးရဲက စပါးစိုက်ဧကက  မိုးရာသီမှာ ၁၅သန်း၊ နွေရာသီမှာ ၂သန်းရှိပေမယ့် ပြည်သူ့ကာကွယ် ရေးတပ်တွေ စိုးမိုးထားတဲ့ဒေသတွေမှာ စိုက်ပျိုးနည်းပညာပေးလုပ် ငန်းတွေကို ဆောင်ရွက်နိုင်တာမရှိသလို ဆန်စပါးထွက်ရှိမှုစာရင်းကိုလည်း စစ်တပ်က ရယူနိုင် တာမရှိပါဘူး။ ဒါ ကြောင့် အဲ့ဒီဒေသတွင်းက ဆန်စက်တွေနဲ့ သိုလှောင်သူ တွေ ဆီ ရောက်ရှိလာတဲ့ ဆန်စပါးတွေရဲ့ပမာဏတွေကို သိရှိရဖို့ ဆန်သိုလှောင်ခွင့် မှတ်ပုံ တင်လုပ်ငန်းကို ဥပဒေပြဌာန်းပြီး  အတင်းအကြပ်ဆောင်ရွက်လာတာပဲဖြစ်ပါတယ်။ 


မကြာခင်လပိုင်းမှာ စပါးသစ်(စပယ်သစ်)တွေပေါ်လာမှာဖြစ်ပြီး ထွက်ရှိလာတဲ့ စပါးပေါ် မူတည်ပြီး ဆန်တင်ပို့ခွင့်လုပ်ငန်းကို ပြန်လည်ခွင့်ပြုပေးဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ မြန်မာ့ဆန် တင်ပို့မှုကမျှော်မှန်းထားသလိုတန်ချိန် .၅သန်းနဲ့ ဆန်ကရတဲ့ဝင်ငွေက မေရိကန်ဒေါ်လာ တစ်ဘီလီယံအထိရနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဆန်တင်ပို့တဲ့လုပ်ငန်းက မျှော်မှန်းသလို တင်ပို့နိုင်တာမရှိပဲ တင်ပို့မှုဟာ ကျ ဆင်းသ ထက်ကျဆင်းလာ မယ်ဆိုရင်တော့ စစ်တပ်ရဲ့ဖျတ်ဆီးမှုအောက်မှာ မြန်မာ့ လယ်ယာ လုပ်ငန်းဟာ မကြုံဖူးလောက်တဲ့ ထိခိုက်ပျက်စီးမှုတွေနဲ့ ရင်ဆိုင်လာရဖွယ်ရှိ နေပါ တယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment