5th SEP 2023 - Evening Daily News by Radio NUG



၂၀၂၃ စက်တင်ဘာလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ CDM လှုပ်ရှားမှုဟာ စစ်အာဏာရှင်စနစ်ကို ချေမှုန်းတဲ့ နေရာမှာ ထိရောက်တဲ့ လူထုလှုပ်ရှားမှုကြီးဖြစ်လို့ဆက်လက် ချဲ့ထွင်ဖို့ကိုစဥ်းစားကြရမယ်လို့ ယာယီသမ္မတတိုက်တွန်း

📌 ၂။ ဘဏ္ဍာရေးစစ်မျက်နှာကလည်း မြိုင်မြိုင်ဆိုင်ဆိုင် ထိုးစစ်ဆင်နေပြီလို့ ဝန်ကြီး ဦးတင်ထွန်းနိူင်ပြောကြား

📌 ၃။ ထိုင်းဝန်ကြီးချုပ်သစ်ကို မြန်မာနိုင်ငံမှာလက်ရှိဖြစ်နေတဲ့ အကျပ်အတည်းကို ဖြေရှင်းရာမှာ ပိုမိုခိုင်မာတဲ့ ရပ်တည်ချက်တစ်ရပ်ကို ခံယူဖို့မျှော်လင့်တယ်လို့  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာပြောကြား

📌 ၄။ ဩစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့၌ ကျင်းပပြုလုပ်သော မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲသို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး တက်ရောက်

📌 ၅။ တီမောနိူင်ငံကို စစ်ကောင်စီမှသံတမာန်ရေးရာဖြတ်တောက်မှုဟာ မိုက်ရူးရဲဆန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ NUGလူ့အခွင့်ရေးရာဝန်ကြီးပြောကြား

📌 ၆။ မူးယစ်ဆေးဝါးသုံးစွဲသူများကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှဖမ်းဆီး၍ WY စိတ်ကြွရူးသွပ်ဆေးပြား (၁၀၃၀)လုံးအားမီးရှို့ဖျက်ဆီး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ CDM လှုပ်ရှားမှုဟာ စစ်အာဏာရှင်စနစ်ကို ချေမှုန်းတဲ့ နေရာမှာ ထိရောက်တဲ့ လူထုလှုပ်ရှားမှုကြီးဖြစ်လို့ဆက်လက် ချဲ့ထွင်ဖို့ကိုစဥ်းစားကြရမယ်လို့ ယာယီသမ္မတတိုက်တွန်း


စက်တင်ဘာ၅ရက်


စက်တင်ဘာ၅ရက်နေ့တွင်ကျင်းပပြုလုပ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရ၏ ၃၀ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင်  ယာယီသမ္မတ ဒူဝါလရှီးလမှ အခုလိုပြောကြားလိုက်ပါတယ်။


"အခု နွေဦးတော်လှန်ရေးအတွင်းမှာလည်း CDM လှုပ်ရှားမှုဟာ စစ်အာဏာရှင်စနစ်ကို ချေမှုန်းတဲ့ နေရာမှာ ထိရောက်တဲ့ လူထုလှုပ်ရှားမှုကြီးဖြစ်ပါတယ်။ ဒါကို တော်လှန်ရေးမှာ လက်တွေ့ကျအောင် ဘယ်လို ဆက်လက်ချဲ့ထွင်မလဲဆိုတာ စဉ်းစားသုံးသပ်ကြဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် CDM  လှုပ်ရှားမှုမှာပါဝင်တဲ့ ပြည်သူ့ဝန်ထမ်းတွေနဲ့ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ လူ့စွမ်းအားအရင်းအမြစ် မပြုန်းတီးအောင် ဝိုင်းဝန်းကြိုးစားကြဖို့ တိုက်တွန်းလိုပါတယ်"လို့ ယာယီသမ္မတကဆိုပါတယ်။


ဒါ့အပြင် CDM လှုပ်ရှားမှုဆိုတာဟာ အကြမ်းမဖက်သော လူထုတိုက်ပွဲနဲ့ နယ်ပယ် ကဏ္ဍတိုင်းမှာ အကျယ်ကျယ်ပြန့်ပြန့် တော်လှန်နိုင်တဲ့ တော်လှန်ရေးစွမ်းရည်မျိုး ရှိနေတာတွေ့ရတယ်လို့ယာယီသမ္မတကထပ်လောင်းပြောပါတယ်။


========================


📌📌 ၂။ ဘဏ္ဍာရေးစစ်မျက်နှာကလည်း မြိုင်မြိုင်ဆိုင်ဆိုင် ထိုးစစ်ဆင်နေပြီလို့ ဝန်ကြီး ဦးတင်ထွန်းနိူင်ပြောကြား


စက်တင်ဘာ၅ရက်


စက်တင်ဘာ၄ရက်တွင်ကျင်းပ‌သော အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလ ဗဟိုဘဏ်၏ အစည်းအဝေး (2/2023)မှာစီမံကိန်း၊ဘဏ္ဍာ‌ ရေးနှင့်ရင်နှီးမြုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိူင်မှ တော်လှန်ရေးနှင့်ပတ်သက်ပြီး "ဘဏ္ဍာရေးစစ်မျက်နှာကလည်း မြိုင်မြိုင်ဆိုင်ဆိုင် ထိုးစစ်ဆင်နေပါတယ်"လို့ဆိုပါတယ်။


အဆိုပါအစည်းအဝေးတွင် နိုင်ငံတကာအစိုးရများ၊ သက်ဆိုင်ရာငွေရေးကြေးရေး အာဏာပိုင်အဖွဲ့အစည်းများနှင့် ထိထိရောက်ရောက်ချိတ်ဆက်၍ အကြမ်းဖက်စစ်တပ်၏ ဘဏ္ဍာရေးဆိုင်ရာ အရင်းအမြစ်များကို ဟန့်တားပိတ်ဆို့နိုင်ရေးကိစ္စအား ဆွေးနွေးဆုံးဖြတ်မှုများ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ၃။ ထိုင်းဝန်ကြီးချုပ်သစ်ကို မြန်မာနိုင်ငံမှာလက်ရှိဖြစ်နေတဲ့ အကျပ်အတည်းကို ဖြေရှင်းရာမှာ ပိုမိုခိုင်မာတဲ့ ရပ်တည်ချက်တစ်ရပ်ကို ခံယူဖို့မျှော်လင့်တယ်လို့  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာပြောကြား


စက်တင်ဘာ၅ရက်


ထိုင်းဝန်ကြီးချုပ်သစ်ကို မြန်မာနိုင်ငံအတွက်ရပ်တည်ချက်နှင့်ပတ်သက်ပြီး စက်တင်ဘာ၅ရက်တွင် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာမှ ၎င်း၏Twitterမှာအခုလိုဆိုထားပါတယ်။


"ထိုင်းနိုင်ငံရဲ့ နိုင်ငံတကာ အဆင့်အတန်းကို ပြန်လည်ထူထောင်ဖို့ ဝန်ကြီးချုပ် Thavisin ရဲ့ ရည်ရွယ်ချက်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ဒါဟာ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အကျပ်အတည်းကို ဖြေရှင်းရာမှာ ပိုမိုခိုင်မာတဲ့ ရပ်တည်ချက်တစ်ရပ်ကို ခံယူဖို့ မျှော်လင့်ပါတယ်လို့ ဝန်ကြီးကဆိုပါတယ်။


ထိုင်းနိူင်ငံ ရွေးကောက်ပွဲတွင် ဒုတိယမဲအများဆုံးနှင့်အနိူင်ရရှိခဲ့သောဖြူထိုင်းပါတီမှThavisinဟာ ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခံခဲ့ရပြီး စက်တင်ဘာ၅ရက်မှာ ကျမ်းသစ္စာကျိန်ဆိုမှာဖြစ်ပါတယ်။


========================


📌📌 ၄။ ဩစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့၌ ကျင်းပပြုလုပ်သော မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲသို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး တက်ရောက်


စက်တင်ဘာ၅ရက်


အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးနှင့် NUG အစိုးရ၏ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေတို့သည် စက်တင်ဘာလ () ရက်နေ့၊ ညနေပိုင်းတွင် ဩစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့၊ Granville Community Centre CRPH / NUG Support Group - NSW (New South Wales) က ကျင်းပပြုလုပ်သော မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲ (Town hall meeting) သို့ တက်ရောက်ခဲ့တယ်လို့သိရပါတယ်။


တွေ့ဆုံပွဲတွင် မြန်မာမိသားစုများနှင့် ရင်းနှီးနွေးထွေးစွာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။


အဆိုပါ လူထုတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် ဒေါက်တာထွန်းအောင်ရွှေတို့က မြန်မာ့နွေဦးတော်လှန်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြပြီး  တက်ရောက်လာသူများ၏ မေးမြန်းမှုများကို ပြည်ထောင်စုဝန်ကြီးနှင့် ဒေါက်တာထွန်းအောင်ရွှေတို့က ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဖြေကြားခဲ့ပါတယ်။


ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသူများက မြန်မာ့နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြတယ်လို့သိရပါတယ်။


========================


📌📌 ၅။ တီမောနိူင်ငံကို စစ်ကောင်စီမှသံတမာန်ရေးရာဖြတ်တောက်မှုဟာ မိုက်ရူးရဲဆန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ NUGလူ့အခွင့်ရေးရာဝန်ကြီးပြောကြား


စက်တင်ဘာ၅ရက်


"NUG အပေါ် တီမောနိုင်ငံက သံတမန်ဆက်သွယ်မှုကို အကြမ်းဖက်စစ်တပ်က သွေးရူးသွေးတန်းဖြစ်ပြီး တုံ့ပြန်လိုက်တာဖြစ်ပါတယ်။  သံတမန်ရေးမှာ အဘက်ဘက်ကကျရှုံးပြီး နာမည်ပျက်နေတဲ့ အကြမ်းဖက်စစ်တပ်ဟာ ရင်ထဲက လှိုက်လှိုက်ပြီး နာတဲ့ အနာကို ဖြေဖျောက်တဲ့အနေနဲ့ရော၊ တီမောလို နိုင်ငံငယ်လေးကို အထင်သေးတဲ့ အနေနဲ့ရော ဒီလို သံတမန်အရေးအရ အန္တရာယ်များပြီး မိုက်ရူးရဲဆန်တဲ့ လုပ်ရပ်ကို လုပ်ခဲ့တာဖြစ်တယ်"လို့စက်တင်ဘာလအတွင်း တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ NUGလူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းမှပြောကြားခဲ့ပါတယ်။


တီမောလက်စတေးနိူင်ငံဟာ အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားကို တီမောသမ္မတကိုယ်တိုင် NUGအစိုးရကိုယ်စားလှယ် ဝန်ကြီးဒေါ်ဇင်မာအောင်နဲ့ ချက်နိူင်ငံNUGကိုယ်စားလှယ်ဦးလင်းသန့်တို့ကိုဖိတ်ကြားခဲ့ပါတယ်။


၄င်းနောက်စစ်ကောင်စီက မြန်မာနိူင်ငံရှိတီမောသံရုံးအား သံတမာန်ရေးကို စက်တင်ဘာ၁ရက်နေ့မှစတင်ကာဖြတ်တောက်ခဲ့ပါတယ်။


========================


📌📌 ၆။ မူးယစ်ဆေးဝါးသုံးစွဲသူများကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှဖမ်းဆီး၍ WY စိတ်ကြွရူးသွပ်ဆေးပြား (၁၀၃၀)လုံးအားမီးရှို့ဖျက်ဆီး


စက်တင်ဘာ၅ရက်


စက်တင်ဘာ၅ရက်မှာ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ ဖြစ်စဥ်ကိုအခုလို အသိပေးဆိုပါတယ်။


ကျွန်းစုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တပ်ဖွဲ့ဝင်များနှင့် တနင်္သာရီမြို့နယ်၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့(ပကဖ)တပ်ဖွဲ့ဝင်များပူပေါင်း၍ ကျွန်းစုမြို့နယ်၊ ကော်ဇယာကျေးရွာအုပ်စု၊ ကော့ကနင်းကျေးရွာတွင် WY စိတ် ကြွရူးသွပ်ဆေးပြားများ ရောင်းဝယ်ဖြန့်ဖြူးသုံးစွဲနေကြောင်း သတင်းရရှိ၍ သွားရောက်စုံစမ်းဖမ်းဆီးခဲ့ရာ သြဂုတ်လ၃၁ရက်နေ့တွင် ကော့ကနင်းကျေးရွာနေ အဘ ဦးစိုးတင့်၏သား ကိုအောင်ကိုလတ် ထံမှ WY စိတ်ကြွရူးသွပ်ဆေးပြား (၁၀၁၀)လုံး နှင့်အတူ သိမ်းဆည်းရမိခဲ့ပါတယ်"လို့ဆိုပါတယ်။ 


ထိုနည်းတူစွာ ကျွန်းစုမြို့နယ်၊ ဘန္ဒနဲကျေးရွာအုပ်စု၊ မြိုင်သာကျေးရွာနေ ကိုစိုးသန်းနှင့် ကိုသန်းထိန်()ကုလား ထံမှ WY စိတ်ကြွရူးသွပ်ဆေးပြား (၂၀)လုံးအား သိမ်းဆည်းရမိခဲ့ပါတယ်။


၎င်းတရားခံ()ဦးအား ထိုက်သင့်သောအပြစ်ဒဏ်ပေး၍ နောက်နောင် မူးယစ်ဆေးဝါးများ ရောင်းဝယ်၊ ဖြန့်ဖြူး သုံးစွဲခြင်းများ လုံးဝ (လုံးဝ) မပြုလုပ်ရန် ပြင်းထန်စွာ သတိပေးဆုံးမခဲ့ပြီး ၎င်းတို့ထံမှ သိမ်းဆည်း ရမိခဲ့သော WY စိတ်ကြွရူးသွပ်ဆေးပြား (၁၀၃၀)လုံးအား ၎င်းတို့ ()ဦး ရှေ့မှောက်၌ ကျွန်းစုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တပ်ဖွဲ့ဝင်များနှင့် တနင်္သာရီမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တပ်ဖွဲ့ဝင် များမှ မီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment