5th SEP 2023 - Morning Daily News by Radio NUG


၂၀၂၃ စက်တင်ဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်အာဏာရှင်တွေ ရဲ့ရက်စက်ကြမ်းကြုတ်မှုကြောင့် ပြည်သူတွေမှာ ဒုက္ခရောက်နေကြပြီး ဒုက္ခကနေအပြီးလွတ်မြောက်သွားအောင် အားလုံးဆောင်ရွက်ဖို့ လိုအပ်တယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဆို

📌 ၂။ စုပေါင်းအင်အားနဲ့ စစ်ကောင်စီကိုဖြုတ်ချဖို့အခြေအနေရောက်နေပြီလို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်အသိပေးဆို

📌 ၃။ ကြားကာလ ဗဟိုဘဏ်အစည်းအဝေးမှာ စစ်ကောင်စီထံသို့ ဘဏ္ဍာရေးစီးဆင်းမှုများကို တားဆီးပိတ်ပင်နိုင်ရေးအတွက် လုပ်ငန်းစဉ်များဆွေးနွေး

📌 ၄။ ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ သေးဆူလဲကျေးရွာနှင့် ပူဖားကျေးရွာတို့တွင် ခြေကုပ်ယူတပ်စွဲထားသော စစ်ကောင်စီ၏ တပ်စခန်းများ ချေမှုန်းတိုက်ခိုက်ခံရ၍ စကစအရာရှိများအပါအဝင် တပ်ဖွဲ့ဝင် (၃၀) ကျော်သေဆုံး

📌 ၅။ မတူပီမြို့အနီး မတူပီ-ပလက်ဝလမ်းဘက်ရှိ ခလရ-၃၀၄ စကစ တပ်စခန်း ဂိတ်အား CDF-Matupiဝင်ရောက်ပစ်ခတ်ခဲ့ရာ စကစဘက်မှ ၃ဦး ဒဏ်ရာရရှိ

📌 ၆။ "မြဝတီခရိုင်ရုံးအား Droneဖြင့် တိုက်ခိုက်မှုကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ နယ်မြေလုံခြုံရေးယူထားသော လက်ခတ်တောင်ဝန်းကျင်သို့ စစ်ကောင်စီက လေယာဉ်ဖြင့် () ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်

📌 ၇။ မြဝတီမြို့တွင်နေထိုင်သော ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်စွဲထားသည့် ရုံးများ တပ်စခန်းများနှင့် ဝေးရာအရပ်သို့ ရွှေ့ပြောင်းနေထိုင်ပေးကြရန် Federal Wings ဒရုန်းတပ်ဖွဲ့မှအထူး မေတ္တာရပ်ခံ

📌 ၈။ ရွှေကျင်မြို့ပေါ်သို့ ဈေးဝယ်သွားတဲ့ အရပ်သားလေးဦးကို  အကြမ်းဖက်စစ်ကောင်စီတပ်များမှ ဖမ်းဆီးပြီး ငွေကျပ်ဆယ်သိန်းနှင့်ရွေးယူခိုင်းပြီးပြန်လွှတ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်အာဏာရှင်တွေ ရဲ့ရက်စက်ကြမ်းကြုတ်မှုကြောင့် ပြည်သူတွေမှာ ဒုက္ခရောက်နေကြပြီး ဒုက္ခကနေအပြီးလွတ်မြောက်သွားအောင် အားလုံးဆောင်ရွက်ဖို့ လိုအပ်တယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဆို


စက်တင်ဘာ၄ရက်

စက်တင်ဘာ၃ရက်မှာ ကျင်းပတဲ့ လွတ်မြောက်ဖို့အတွက် လက်တွဲကူ ကမ်ပိန်းဖွင့်ပွဲမှာ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အခုလို ပြောပါတယ်။


"အခုအခါမှာ စစ်အာဏာရှင်တွေရဲ့ရက်စက်ကြမ်းကြုတ်မှုကြောင့် ကျွန်တော်တို့ပြည်သူတွေမှာ ဒုက္ခရောက်နေကြရပါတယ်။ ကျွန်တော်တို့အားလုံးဟာအတူတူပါပဲ။ ဒုက္ခသည်တွေပါ။ ကျွန်တော်တို့အားလုံး ဒီဒုက္ခတွေကနေ ရုန်းထွက်ဖို့လိုပါတယ်။ ဒီဒုက္ခမျိုးတွေ နောက်တစ်ခါ မကြုံရအောင် ဒီတစ်ချီမှာတော့ အပြီးလွတ်မြောက်သွားအောင် အားလုံးဆောင်ရွက်ဖို့လိုပါတယ်။ ရုန်းထွက်ရမှာဖြစ်ပါတယ်။ ဒီလိုရုန်းထွက်ဖို့ ကျွန်တော်တို့မှာ ခွန်အားလိုပါတယ်။ ဒီခွန်အားဟာ ကျွန်တော်တို့ရဲ့တိုင်းရင်းသားညီအကိုမောင်နှမတွေကြားမှာပဲ ရှိပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။


နိုင်ငံတစ်ဝန်းမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် ပြည်နယ်နဲ့ တိုင်းဒေသကြီး အများအပြားမှာ အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေ ထပ်မံဖြစ်ပေါ်နေပြီး  ပြင်းထန်တဲ့တိုက်ပွဲတွေနဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတို့မှာ လူပေါင်း ၅၀,၀၀၀ နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ UN OCHA Myanmarက ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။ စုပေါင်းအင်အားနဲ့ စစ်ကောင်စီကိုဖြုတ်ချဖို့အခြေအနေရောက်နေပြီလို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်အသိပေးဆို


စက်တင်ဘာ၄ရက်

စုပေါင်းအင်အားနဲ့ စစ်ကောင်စီကို ဖြုတ်ချဖို့အခြေအနေရောက်နေပြီလို့ စက်တင်ဘာ၃ရက်မှာ ကျင်းပတဲ့လွတ်မြောက်ဖို့အတွက် လက်တွဲကူ" ကမ်ပိန်းဖွင့်ပွဲမှာ ဆက်သွယ်ရေး၊သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကအသိပေးပြောပါတယ်။


"ဒါကြောင့် စုပေါင်းအင်အားနဲ့ စစ်ကောင်စီကို ဖြုတ်ချဖို့အခြေအနေရောက်နေပြီ။ ဒါကိုဆက်လက်ပြီး ကျွန်တော်တို့ NUGအစိုးရကလည်းကြိုးစားနေသလို NUGအစိုးရနဲ့ အတူတူလက်တွဲပြီး လုပ်ဆောင်နေကြတဲ့ အဖွဲ့ပေါင်းများစွာကလည်း ကြိုးစားနေတယ်။ ထို့အတူပဲ NUGအစိုးရလက်အောက်မှာ မဟုတ်ဘဲနဲ့ ကိုယ့်အသိစိတ်နဲ့ကိုယ် ကြိုးစားနေကြတဲ့အဖွဲ့တွေလည်းရှိကြတယ်။ ဒီအဖွဲ့တွေကြားတွေမှာ အချင်းချင်းစိတ်ဝမ်းမကွဲဘဲနဲ့ တစ်ယောက်နဲ့တစ်ယောက် သူ့ရဲ့ကဏ္ဍကို သူလုပ်၊ ကိုယ့်ရဲ့ကဏ္ဍကိုကိုယ်လုပ်၊ ကဏ္ဍအသီးသီးမှာ ကိုယ့်ရဲ့တာဝန်ကိုယ်ကျေကြတယ်ဆိုရင်ဖြင့် စစ်ကောင်စီအမြန်ဆုံးပြုတ်ကျလိမ့်မယ်လို့ ကျွန်တော်ကတော့ပြောချင်တယ်"လို့ဝန်ကြီးကဆိုပါတယ်။


၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ရက်နေ့မှာ ပြည်သူ့ခုခံတွန်းလှန်စစ်များစတင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ ကြေညာခဲ့ပြီး လက်ရှိ၂၀၂၃ ခုနှစ်မှာ တော်လှန်ရေးအဆုံးသတ်ကာလအတွက် အဆုံးအဖြတ်နှစ်အဖြစ်အသိပေးဆိုထားပါတယ်။


========================


📌📌 ၃။ ကြားကာလ ဗဟိုဘဏ်အစည်းအဝေးမှာ စစ်ကောင်စီထံသို့ ဘဏ္ဍာရေးစီးဆင်းမှုများကို တားဆီးပိတ်ပင်နိုင်ရေးအတွက် လုပ်ငန်းစဉ်များဆွေးနွေး


စက်တင်ဘာ၄ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလ ဗဟိုဘဏ်အစည်းအဝေး (2/2023) ကို စက်တင်ဘာ၄ရက်မှာ ကျင်းပခဲ့ပြီး စစ်ကောင်စီထံသို့ ဘဏ္ဍာရေးစီးဆင်းမှုများကို တားဆီးပိတ်ပင်နိုင်ရေးအတွက် လုပ်ငန်းစဉ်များဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။


အစည်းအဝေးတွင် စစ်ကောင်စီက ပြည်သူများအပေါ် ပြုကျင့်လျက်ရှိသော ရက်စက်အကြမ်းဖက်မှုများ ရပ်တန့်နိုင်စေရန် စစ်ကောင်စီထံသို့ ဘဏ္ဍာရေးစီးဆင်းမှုများကို တားဆီးပိတ်ပင်နိုင်ရေးအတွက် လတ်တလောနှင့် ရေရှည်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ၊ စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို အထောက်အပံ့ပြုလျက်ရှိသော ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကို ပစ်မှတ်ထားအရေးယူဆောင်ရွက်နိုင်ရေး လုပ်ဆောင်ရန်ကိစ္စရပ်များကိုဆွေးနွေးခဲ့ကြပါတယ်။


ထို့အပြင် နိုင်ငံတကာအစိုးရများ၊ သက်ဆိုင်ရာငွေရေးကြေးရေး အာဏာပိုင်အဖွဲ့အစည်းများနှင့် ထိထိရောက်ရောက်ချိတ်ဆက်၍ အကြမ်းဖက်စစ်တပ်၏ ဘဏ္ဍာရေးဆိုင်ရာ အရင်းအမြစ်များကို ဟန့်တားပိတ်ဆို့နိုင်ရေးကိစ္စအား ဆွေးနွေးဆုံးဖြတ်မှုများ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။


အစည်းအဝေးသို့ကြားကာလဗဟိုဘဏ်၏ ဒါရိုက်တာအဖွဲ့ဝင်များနှင့် ရုံးအဖွဲ့မှူးတို့ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၄။ ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ သေးဆူလဲကျေးရွာနှင့် ပူဖားကျေးရွာတို့တွင် ခြေကုပ်ယူတပ်စွဲထားသော စစ်ကောင်စီ၏ တပ်စခန်းများ ချေမှုန်းတိုက်ခိုက်ခံရ၍ စကစအရာရှိများအပါအဝင် တပ်ဖွဲ့ဝင် (၃၀) ကျော်သေဆုံး


စက်တင်ဘာ၄ရက်

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ သေးဆူလဲကျေးရွာ နှင့် ပူဖားကျေးရွာတို့တွင် ခြေကုပ်ယူတပ်စွဲထားသော စစ်ကောင်စီ၏ တပ်စခန်းများ ချေမှုန်းတိုက်ခိုက်ခံရ၍ စကစအရာရှိများအပါအဝင် တပ်ဖွဲ့ဝင် (၃၀) ကျော်သေဆုံးခဲ့တယ်လို့ စက်တင်ဘာ၄ရက်မှာ စစ်ရေးသတင်းကို KNDFက  အတည်ပြုဆိုပါတယ်။


ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ သေးဆူလဲကျေးရွာနှင့် ပူဖားကျေးရွာအတွင်း အခိုင်အမာတပ်စွဲ၍ ခြေကုပ်ယူထားသော စစ်ကောင်စီ၏ တပ်စခန်းများအား စက်တင်ဘာ() ရက်နေ့ နံနက် () နာရီခွဲအချိန်မှစ၍ ကရင်နီတပ်မတော်(KA) ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ) ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်(DMO Local PDF) အလယ်ပိုင်းတိုင်း -ကရင်နီ(ကယား) စစ်ဒေသခွဲတပ်ရင်းများ ပူးပေါင်းစစ်ကြောင်းနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တို့ပူးပေါင်း၍ တစ်ပြိုင်နက်တည်း စီးနင်းဝင်ရောက်၍ ချေမှုန်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


ထိတွေ့တိုက်ပွဲများမှာ နံနက် () နာရီခွဲအချိန်မှစ၍ ()နာရီခွဲအထိ ကြာမြင့်ခဲ့ကာ အထက်ပါနေရာများတွင် တပ်စွဲထားခဲ့သည့် စစ်ကောင်စီ၏ စကခ() လက်အောက်ခံ၊ ခလရ ()မှ ဒုတပ်ရင်းမှူး ရဲလင်းနိုင်မှာလည်း လက်အောက်ရှိ အရာရှိများနှင့် တပ်သားများအား အသေခံ၍ ခံပစ်ခိုင်းကာ ၎င်းမှာ ကိုယ်လွတ်ရုန်းထွက်ပြေးသွားခဲ့ပြီး အရာရှိများအပါအဝင် တပ်ဖွဲ့ဝင် (၃၀) ကျော်မှာ KNDFတပ်ပေါင်းစု၏ ချေမှုန်းသုတ်သင်ခြင်းခံခဲ့ရတယ်လို့ဆိုပါတယ်။


ခြေကုပ်စခန်းများအား စီးနင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်ဖွဲ့များထံမှ လက်နက်ငယ်မျိုးစုံ (၁၅)လက် (၆၀) မမ ပြောင်း () လက် RPG-7 ()လက် ငါးကြင်းမြီး ( )လက် ဆက်စပ် ခဲယမ်းမီးကျောက်များ ကျည်ဆံများ ဆက်သွယ်ရေးစက်များနှင့် အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့ပြီး လက်ရှိတွင်လည်း သေးဆူလဲ၊ ပူဖားကျေးရွာများတွင် ထိတွေ့တိုက်ပွဲများ ဆက်၍ ဖြစ်ပွားလျက်ရှိတယ်လို့သိရပါတယ်။


========================


📌📌 ၅။ မတူပီမြို့အနီး မတူပီ-ပလက်ဝလမ်းဘက်ရှိ ခလရ-၃၀၄ စကစ တပ်စခန်း ဂိတ်အား CDF-Matupiဝင်ရောက်ပစ်ခတ်ခဲ့ရာ စကစဘက်မှ ၃ဦး ဒဏ်ရာရရှိ


စက်တင်ဘာ၄ရက်

စက်တက်ဘာ၄ရက် နံနက်(၈း၃၀)အချိန်ခန့်တွင် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ(CDF-Matupi) မှ မတူပီမြို့အနီး မတူပီ-ပလက်ဝလမ်းဘက်ရှိ ခလရ-၃၀၄ စကစ တပ်စခန်းဂိတ်အား ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။


"ခလရ-၃၀၄ စကစ တပ်စခန်း ဂိတ်အား ဝင်ရောက်ပစ်ခတ်ခဲ့ရာ စကစဘက်မှ ၃ဦး ဒဏ်ရာရှိပြီး မိမိတို့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့- မတူပီမှ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်"လို့ဆိုပါတယ်။


ထို့သို့ ပစ်ခတ်တိုက်ခိုက်မှုအပြီး စကစဘက်မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မူများရှိနေသည်ဖြစ်၍ ပြည်သူများအနေဖြင့် သတိထား သွားလာနိုင်ရန်အသိပေးနှိုးဆော်ထားပါတယ်။


========================


📌📌 ၆။ "မြဝတီခရိုင်ရုံးအား Droneဖြင့် တိုက်ခိုက်မှုကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ နယ်မြေလုံခြုံရေးယူထားသော လက်ခတ်တောင်ဝန်းကျင်သို့ စစ်ကောင်စီက လေယာဉ်ဖြင့် () ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်


စက်တင်ဘာ၄ရက်

"မြဝတီခရိုင်ရုံးအား Droneဖြင့် တိုက်ခိုက်မှုကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ နယ်မြေလုံခြုံရေးယူထားသော လက်ခတ်တောင်ဝန်းကျင် သို့ စစ်ကောင်စီက လေယာဉ်ဖြင့် () ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


စက်တင်ဘာ၄ရက် မွန်းလွဲ ၁နာရီဝန်းကျင်ခန့်မှ စ၍ အကြမ်းဖက်စစ်ကောင်စီဘက်မှ Jet Fighter ဖြင့် လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တယ်လို့ ကော်ပရာစစ်ကြောင်းကအတည်ပြုဆိုပါတယ်။


"စက်တင်ဘာ၃ရက် ညနေ နာရီ ၂၀ မိနစ်တွင် မိမိတို့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ မြဝတီခရိုင်ရုံးအား Drone ဖြင့် ()ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။ ထို့ကြောင့် မိမိတို့နယ်မြေလုံခြုံရေးယူထားသော လက်ခတ်တောင်ပတ်ဝန်းကျင်အား ရန်သူ့ဘက်မှ လက်နက်ကြီး ၈၁မမ၊ ၁၂၀မမ တို့ဖြင့် အကြိမ် (၃၀) ထက်မနည်း ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။ စက်တင်ဘာ၄ရက် နေ့လည် ၁နာရီဝန်းကျင်ခန့်မှ စ၍ အကြမ်းဖက်စစ်ကောင်စီဘက်မှ Jet Fighter ဖြင့် မိမိတို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ နယ်မြေလုံခြုံရေးယူထားသော လက်ခတ်တောင်ဝန်းကျင်သို့ လေယာဉ်ဗုံးဖြင့် () ကြိမ် လာရောက် ပစ်ခတ်ခဲ့တယ်"လို့ဆိုပါတယ်။


လက်နက်ကြီးနှင့် လေယာဉ်ပစ်ခတ်မှုတွင် ကာကွယ်ရေးဘက်မှ ထိခိုက်မှု တစုံတရာမရှိခဲ့သော်လည်း စကစ၏လေယာဉ်ဗုံးများကြောင့် သာသနာအဆောက်အအုံများ ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။


========================


📌📌 ၇။ မြဝတီမြို့တွင်နေထိုင်သော ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်စွဲထားသည့် ရုံးများ တပ်စခန်းများနှင့် ဝေးရာအရပ်သို့ ရွှေ့ပြောင်းနေထိုင်ပေးကြရန် Federal Wings ဒရုန်းတပ်ဖွဲ့မှအထူး မေတ္တာရပ်ခံ


စက်တင်ဘာ၄ရက်

မြဝတီမြို့တွင်နေထိုင်သော ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်စွဲထားသည့် ရုံးများ တပ်စခန်းများနှင့် ဝေးရာအရပ်သို့ ရွှေ့ပြောင်းနေထိုင်ပေးကြရန် Federal Wings ဒရုန်းတပ်ဖွဲ့မှအထူး မေတ္တာရပ်ခံလိုက်ပါတယ်။


"ဒရုန်းတိုက်ခိုက်မှုများသည် တိကျမှုရှိသည်မှန်သော်လည်း မလိုလားအပ်သည့် ဘေးထွက်ထိခိုက်မှုများမှ ရှောင်ရှားနိုင်ရန်အတွက် မြဝတီမြို့တွင်နေထိုင်သော မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်စွဲထားသည့် ရုံးများ တပ်စခန်းများနှင့် ဝေးရာအရပ်သို့ ရွှေ့ပြောင်းနေထိုင်ပေးကြပါရန် အထူး မေတ္တာရပ်ခံ သတိပေးပန်ကြားအပ်ပါတယ်"လို့ဆိုပါတယ်။


ထို့အပြင် လက်နက်မကိုင်ထားသည့် စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုများအနေဖြင့် မိမိတို့သက်ဆိုင်ရာဌာနရုံးဌာနများ၊ ရုံးခန်းများနှင့် ဝန်ထမ်းအိမ်ရာများမှ စွန့်ခွာဖယ်ရှားပေးထားကြရန် အထူးသတိပေးအပ်ပါတယ်လို့ဆိုပါတယ်။


စစ်ကောင်စီတပ်ဖွဲ့များ အခြေချတပ်စွဲနေသည့် မြ၀တီထွေ/အုပ်ရုံးနှင့် ရဲစခန်းအား စက်တင်ဘာလ () ရက်နေ့ ညနေပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဖြစ်သည့် Cobra စစ်ကြောင်း စီမံခန့်ခွဲမှုလက်အောက်ခံ Federal Wings ဒရုန်းတပ်ဖွဲ့မှ () ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီလက်အောက်ခံတပ်မှ () ဦးသေဆုံးပြီး (၁၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။


========================


📌📌 ၈။ ရွှေကျင်မြို့ပေါ်သို့ ဈေးဝယ်သွားတဲ့ အရပ်သားလေးဦးကို  အကြမ်းဖက်စစ်ကောင်စီတပ်များမှ ဖမ်းဆီးပြီး ငွေကျပ်ဆယ်သိန်းနှင့်ရွေးယူခိုင်းပြီးပြန်လွှတ်


စက်တင်ဘာ၄ရက်

ရွှေကျင်မြို့ပေါ်သို့ ဈေးဝယ်သွားတဲ့ အရပ်သားလေးဦးကို အကြမ်းဖက်စစ်ကောင်စီတပ်များမှ ဖမ်းဆီးပြီး ငွေကျပ်ဆယ်သိန်းနှင့် ရွေးယူခိုင်းပြီးပြန်လွှတ်ခဲ့တယ်လို့ စက်တင်ဘာ၄ရက်မှာ စကစတပ်များရဲ့ လုပ်ရပ်ကို KNUဗဟိုကထုတ်ပြန်ပါတယ်။


ကေအဲန်ယူဆောထိ(ရွှေကျင်)မြို့နယ် အုပ်ချုပ်နယ်မြေအတွင်းနေထိုင်သော အင်းကနီနှင့် ကျောက်တန်းရွာသားများဖြစ်သည့် () ကိုသန်းနိုင်ဦး၊ () အငယ်လေး () ကိုဝင်းနိုင် နှင့် () ကိုအောင်မင်းသက် တို့သည် ၂၀၂၃ ခုနှစ် စက်တင်ဘာလ () ရက်နေ့တွင် ရွှေကျင်မြို့ပေါ်သို့ ဈေးဝယ်ရန် သွားနေစဉ် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်များ တပ်ချထားသော ရှမ်းရွာဂိတ်တွင် အဖမ်းခံခဲ့ရသောကြောင့် ကျေးရွာ တာဝန်ရှိ လူကြီးများမှာ သွားရောက်တွေ့ဆုံပြီး အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များ တောင်းသော ငွေ (၁၀) သိန်းကျပ်ကို ပေးပြီး ဝန်ခံကတိများထိုးပေးကာ ပြန်လည်လွတ်မြောက် လာခဲ့တယ်လို့ဆိုပါတယ်။


ထို့အပြင်(ကျောက်ကြီး)မြို့နယ် အုပ်ချုပ်နယ်မြေအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ် ခလရ၂၆၄ သည် နတ်သံကွင်းတွင်အခြေချပြီး ၁၂၀ မမ နှင့် ၈၁ မမ လက်နက်ကြီး () လုံးကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ () ရက်နေ့ နေ့လည် (၂း၄၄) မိနစ်အချိန်တွင် တရေးစီလော(နရွဲပင်)ရွာ အတွင်းသို့ ပစ်ခတ်ခဲ့ရာ ထိုလက်နက်ကြီးများထိမှန်ပြီး အစိုင်း(ခေါ်)စိုင်းသူရထွန်း (၂၇) နှစ်မှာ အပြင်းအထန် ဒဏ်ရာရရှိပြီး ညနေ () နာရီအချိန်တွင် သေဆုံးခဲ့ရပါတယ်။


စက်တင်ဘာလ () ရက်နေ့ မနက် (၁ဝး၄၄) မိနစ်အချိန်တွင် ၈၁ မမ လက်နက်ကြီး (၁၅) လုံးကို ခလရ၂၆၄ သည် ပိန်းဇလုပ်မှနေပြီး နွားရေချောင်း ကျေးရွာအတွင်းသို့ပစ်ခတ်ခဲ့ရာ ထိုလက်နက်ကြီးများထိမှန်ပြီး စောထွန်းနိုင် (၄၅) နှစ်မှာ သေဆုံးခဲ့ရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment