ပြည်ပက ပြောင်းမျိုးစေ့ရောင်းချသူတွေက မျိုးစေ့ဝယ်ရင် ဓာတ်မြေသြဇာကိုပါတွဲရောင်း လာလို့ မြန်မာ့ပြောင်းတောင်သူတွေ မျိုးစေ့အကြပ်အတည်းနဲ့ ရင်ဆိုင်နေရ….


ပြည်ပက ပြောင်းမျိုးစေ့ရောင်းချသူတွေက မျိုးစေ့ဝယ်ရင် ဓာတ်မြေသြဇာကိုပါတွဲရောင်း လာလို့ မြန်မာ့ပြောင်းတောင်သူတွေ မျိုးစေ့အကြပ်အတည်းနဲ့ ရင်ဆိုင်နေရ….

ဧရာဝတီမြေနုကျွန်းပေါ်က ဆောင်းသီးနှံတစ်သီးထဲကိုပဲ အားပြုစိုက်ရတဲ့ ကိုင်းတောင် သူတွေမှာ အစေ့ထုတ်ပြောင်းစိုက်ပျိုးဖို့အတွက် မျိုးစေ့အကြပ်အတည်းနဲ့ ရင်ဆိုင်နေရ တာဖြစ်ပါတယ်။ အပင်ပေါက်နှုန်းသေချာတဲ့အတွက် တောင်သူတွေကြိုက်နှစ်သက်တဲ့  စီပီကုမ္ပဏီထုတ် ၈၀၈ ပြောင်းမျိုးစေ့ကိုအခုနှစ်ဝယ်ယူရာမှာအခက်အခဲတွေနဲ့ ကြုံနေကြ ရတာဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ ကိုယ်စားလှယ်တွေက ၈၀၈ပြောင်းမျိုးစေ့ကိုဝယ်ယူရင် မြေဝိဇ္ဇာလို့အမည်ပေးထားတဲ့ နိုက်ထရိုက်ဂျင်တစ်မျိုးတည်းပါဝင်တဲ့ ဓာတ်မြေသြဇာကို ပါတွဲပြီးရောင်းချနေကြတာဖြစ်ပါတယ်။ ဒီအခြေအနေကို ဟင်္သာတမြို့နယ်မှ စိုက်ပျိုးရေး သွင်းအားစု ရောင်းချသူ တစ်ဦးကအခုလိုပြောပါတယ်။ 

 “ အခုကတောင်သူက ဓာတ်ဆားတွေ ဝယ်ပြီးနေပြီ၊ မျိုးစေ့ကို ၈၀၈ကိုစောင့်နေတဲ့ တောင်သူတွေကအများကြီးပဲ။ ဒါမယ့်အခု ကိုယ်စားလှယ်တွေကလည်း မျိုးစေ့တစ်ဧက တစ်ထုတ်ကို မြေဆီတစ်အိတ်တွဲယူရမယ် ဆိုတော့ ကျွန်တော်တို့က လည်းစဉ်း စားရ တယ်။ တောင်သူကိုမျိုးစေ့ချည်းပဲရောင်းပေး ရင်အဲ့ဓာတ်ဆားက ကျွန်တော်တို့ လက်ထဲ ပုံကျန်ခဲ့မှာ။ အခုချိန်ကမမှီတော့ဘူး။ ကျွန် တော်တို့ ခုနှစ်လပိုင်းလောက်က အဲ့ဓာတ် ဆားကိုကျွန်တော်တို့တောင်းဝယ်ခဲ့တယ်။ အိတ်ရေဘယ်လောက်၊ ဈေးနှုန်း၊ လက် ငင်းသွင်းမယ်၊ ဒါမယ့်အဲ့အချိန်မှာသူတို့ဓာတ် ဆား မပေးနိုင်ဘူး။ သူတို့ရောက် လာတဲ့ အချိန်မှာ ကိုးလပိုင်းလလယ်လောက်မှာဖြစ်နေ တယ်။ ဒါမယ့် တောင်သူတွေဆီမှာက မြင်းပျံတို့ဘာတု့ိ ဝယ်ပြီးသွားပြီ။ အဲ့အချိန်ကျတော့ ကျွန်တော်တို့က အဲ့ဓာတ်ဆားကို ကျွန်တော်တို့က ကိုင်ထားရမယ့်အနေထားဖြစ်နေ တော့ ကျွန်တော်တို့ကလည်း ဒီမျိုးကို မပေးနိုင်ဘူး။ တစ်ချို့ကျတော့ ဓာတ်ဆားကိုကိုင် ထားပြီး မျိုးစေ့ကို အမြတ်တင် ပြီး ရောင်းတယ်။ ဒါကလည်း လုပ်နည်းလုပ်ဟန်လုပ်တော့ တောင်သူတွေက အခု၈၃၀၀၀ တို့ဘာတို့ ဝယ်နေရတယ်။ ကုမ္ပဏီပေါက်ဈေးနဲ့ဆိုရင် တစ်ဧကကို တစ်သောင်း ကျော် လောက်နာသွားတယ်။ တောင်သူ။ တစ်ဧကထုတ်တစ် ထုတ်ကို တစ်သောင်း ကျော်လောက်ပေးဝယ်နေရတယ်။ အဲ့လိုအခက်အခဲ တွေဖြစ်နေတယ်။ ဒီ ဘက်မှာ ” 

ကုမ္ပဏီရဲ့ပြောင်းမျိုးစေ့နဲ့အတူ ဓာတ်မြေသြဇာကိုပါတွဲယူရမယ့် အရောင်းအဝယ်စနစ်က မျိုးစေ့လိုအပ်ချက်ရှိနေတဲ့ မြန်မာ့ပြောင်းစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းအတွက် တုန်လှုပ် ခြောက်ခြားစရာဖြစ်ပါလာပါတယ်။ စီပီကုမ္ပဏီက ပြောင်းမျိုးစေ့ရောင်းချရာမှာ ဈေးကွက် ဝယ်လိုအားရှိတဲ့ပြောင်းတွေကို ပြောင်းမျိုးအသစ်တွေနဲ့ တွဲရောင်းတတ်တဲ့အစဉ်အလာ ရှိခဲ့ဖူးပြီး အခုအခါမှာတော့ တောင်သူတွအသုံးမပြုဖူးတဲ့ ဓာတ်မြေသြဇာနဲ့တွဲပြီးရောင်းချ လာတာဖြစ်ပါတယ်။ လတ်တလောမှာ စီပီ ၈၀၈ ပြောင်းမျိုးစေ့ဈေးက ကျပ်ခုနှစ်သောင်း ခွဲလောက်ရှိနေပြီး ကျပ်ကိုးသောင်းနီးပါးရှိတဲ့ ဓာတ်မြေသြဇာနဲ့ တွဲယူဖို့ဖိအားပေးနေတာ ဖြစ်ပြီး လုံးဝမယူနိုင်ပါက မျိုးစေ့ဖိုးကို ကျပ်တစ်သောင်းထိဈေးပိုတင်ပြီးရောင်းနေတယ် လို့ သိရပါတယ်။ အစေ့ထုတ်ပြောင်း ၁၄ဧက စိုက်ပျိုးသူတောင်သူတစ်ဦးက မျိုးစေ့ဝယ် ယူရတဲ့အခက်အခဲကိုအခုလိုပြောပါတယ်။ 

“ရှင်းရှင်းပြောရရင်တောင်သူကဗျာ၊ သေချာတဲ့မျိုးပဲစိုက်ချင်တာပေါ့။ ပေါက်ပြီး သားမျိုးပဲစိုက်ချင်တယ်။ ပေါက်ပြီးသားမျိုးမဟုတ်တဲ့အခါကျတော့ တွဲယူရမယ်။ တွဲမယူ ရင်ဘယ်ဈေးဆိုတာမျိုး၊ ဘယ်မျိုးယူရင်ဘယ်လောက်၊ ခွဲယူရင်ဘယ်လောက်ဆိုတာမျိုး အခုက မြေသြဇာနဲ့ကျပြန်တော့လည်း ထိုင်းမှာ သူ့ဟာသူနာမည်ကြီးတာကြီးတာပေါ့။ တောင်သူဆိုတာကလည်း သိတဲ့အတိုင်းပဲတစ်ရာသီပဲ လုပ်စားရတာမျိုး နှစ်သီးစား၊ သုံး သီးစားလည်း မဟုတ်တဲ့ဟာမျိုးကျတော့ သေချာတဲ့ဟာမျိုးပဲလုပ်ချင်တာပေါ့” ပြောင်းအသင်းကအဖွဲ့ဝင်တွေကတော့ ၂၀၂၃ ဆောင်းရာသီအတွက် အစေ့ထုတ် ပြောင်းမျိုးစေ့အခက်အခဲရှိပုံကိုအခုလိုရှင်းပြခဲ့ပြီး မျိုးစေ့ကုမ္ပဏီအနေနဲ့ ကျင့်ဝတ်လိုက်

“အဓိကကတော့လေ ဘာပဲပြောပြော ညီမ၊ တောင်သူကြိုက်တဲ့မျိုးဆိုတာက တော့ ထိုက်သင့်တဲ့အရည်အသွေးရှိထားတာပေါ့။ နောက်ပြီးတော့ တောင်သူမှာလည်း အစွဲရှိတယ်။ ဒီမျိုးက သူတို့အတွက်က ရှေ့ကစိုက်ထားတဲ့နှစ်တွေရှိတယ်။ ရှေ့နှစ်တွေ က ထွက်နှုန်းကောင်းထားတဲ့အခါကျတော့ ဒီမျိုးလေးကိုစိုက်ချင်တယ်။ စိုက်ချင်တဲ့အခါ ကျတော့အခြားမျိုးတွေအစားထိုးဖို့ရှိလားဆိုတော့ရှိတယ်။ သို့သော် အခြားသူနဲ့အရည် အသွေးသိပ်မကွာတဲ့မျိုးတွေက မြန်မာပြည်ကိုသွင်းလာတာလျော့တယ်။ ဥပမာ Golden Tiger ပေါ့။ စီပီ ၇၂၂ ပေါ့။ ၇၂၂ ဆိုရင် သူနဲ့သိပ်ပြီးတော့အရည်အသွေးမကွာဘူး။ နောက် တစ်ခုက သြဘာက သွင်းလာတဲ့ NK 621 ဆိုတာရှိတယ်။ အဲ့ဒီကောင်ကလည်း အရည်အသွေးမကွာဘူး။ သို့သော် ဘာကွာသွားလဲဆိုတော့ ဒီနှစ်က အဲ့ဒီပြောင်းမျိုးစေ့ တွေက ဈေးကွက်ထဲကို ထူးထူးခြားခြားရောက်မလာဘူး။ ဒီအချိန်က ပြောင်းမျိုးစေ့ အ ရမ်းကိုရောင်းကောင်းတဲ့အချိန်။ အဲ့အချိန်မှာက ၆၂၁ရော၊ ၇၂၂ ရောဈေးကွက်ထဲမှာ လုံး ဝမရှိတော့ဘူးပျက်သွားတယ်။ ဝင်လာတဲ့ပမာဏကလည်း လိုအပ်တဲ့ ပမာဏရဲ့ ဆယ် ရာခိုင်နှုန်းလောက်တောင်မပြည့်ချင်ဘူး။ အဲ့ပမာလောက်ပဲရောက်လာပြီး ပြတ်သွား တယ်။ သိရတာ

ဆယ်လပိုင်းလောက်မှာတော့ ၇၂၂ ကထပ်ဝင်လာမယ်လို့တော့ပြော တယ်။ သို့သော် များများစားစားရဖို့အလားအလာမရှိဘူး။ အဲ့ဒီအခြေအနေမှာ တိုက် တိုက်ဆိုင်ဆိုင် အရည်အသွေးသိပ်မကွာတဲ့မျိုးတွေ သိပ်မဝင်တဲ့အချိန်မှာ စီပီက ဒီလိုဖြစ် တာကတော့ နည်းနည်းလေး ပြောင်းစိုက်ပျိုးထုတ်လုပ်မှုအပေါ်မှာနည်းနည်းလေးအဟန့် အတားအခက်အခဲဖြစ်စေတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တောင်သူက ဒီမျိုးကိုပဲ ြကိုက်တာပေါ့နော်။ တစ်ချို့ကျတော့လည်း သူနဲ့အရည်အသွေးတူတာကိုပဲအစားထိုး ချင်တာ။ အခြားမျိုးကျတော့ သူတို့မသုံးဖူးတာကျတော့ အစားထိုးမစိုက်ချင်ဘူးပေါ့နော်။ ဘာပဲပြောပြော တောင်သူဘက်ကလည်း ဒီမျိုးမှ မရဘူးဆိုရင်အခြားသီးနှံကိုပြန်စဉ်းစား တယ်။ ပြောင်းမစိုက်ရင်ပဲစိုက်မလားဆိုတော့ နံပါတ်တစ်ဘာဖြစ်သွားလဲဆိုတော့ ပြောင်းစိုက်ပျိုးထုတ်လုပ်မှုကို သိသိသာသာလျော့ကျသွားစေတယ်။ ဘာပဲပြောပြော မျိုးစေ့ကို ဘာပဲပြောပြော မျိုးစေ့ချည်းပဲရောင်းစေချင်တယ်။ ဓာတ်မြေသြဇာကိုလည်း ဓာတ်မြေသြဇာအဖြစ်ပဲ ရောင်းစေချင်တယ်။ တကယ်လို့ ဥပမာ ဆိုကြပါစို့၊ တစ်ဖက်က နိုင်ငံတော်မှာ တာဝန်ရှိတဲ့သူတွေအနေနဲ့လည်းဥပဒေအရ ဒါမျိုးလုပ်ခွင့်ရှိလားပေါ့။ မျိုးစေ့ဖြန့်တဲ့အခါမှာ အခြားဟာတွေနဲ့တွဲရောင်းခွင့်ရှိလားပေါ့။ ဒါကိုလည်းမေးခွန်းထုတ် စရာဖြစ်လာတယ်။ မျိုးစေ့ထုတ်တဲ့ ကုမ္ပဏီတစ်ခုအနေနဲ့ ကျင့်ဝတ်လိုက်နာရမယ်။ မျိုး စေ့ပဲထုတ်မယ်ဆိုရင်တော့ဒါမလုပ်သင့်ဘူးပေါ့။ ဒီလိုပဲတွေးလို့ရတယ်ပေါ့” 

ဘယ်ကုမ္ပဏီမှ လုပ်လေ့လုပ်ထမရှိခဲ့တဲ့ မျိုးစေ့နဲ့မြေဆီတွဲရောင်းတဲ့အစီအစဉ်က ကြိုက် နှစ်သက်ရာ၊ လွတ်လပ်စွာရောင်းဝယ်ဖောက်ကားတဲ့ ကုန်သွယ်မှုစနစ်ကို ထိခိုက်စေပြီး ထုတ်ကုန်တစ်ခုကို ထိန်းချုပ်အနိုင်ကျင့်လိုသလို ရောင်းဝယ်တဲ့ ပုံစံကျင့်သုံးလာ တာဖြစ် ပါတယ်။ စီပီကုမ္ပဏီရဲ့ရောင်းဝယ်မှုပုံစံက သွင်းအားစုရောင်းဝယ်ဖောက်ကားတဲ့ လုပ် ငန်းတွေကို သိသိသာသာထိခိုက်စေတာမရှိပမယ့် တောင်သူတွေနစ်နာရတဲ့ အခြေအ နေကို အဆိုပါ စိုက်ပျိုးရေးသွင်းအားစု ရောင်းချသူတစ်ဦးကအခု လိုဖြည့်စွက် ပြောပါ တယ်။ 

 “ ဖြစ်စေချင်တာက ကျွန်တော်ပြောတာ အခုကာလတွေကတအားကြပ်တည်း တဲ့ကာလဖြစ်နေတယ်။ ကျွန်တော်တို့ ကုန်သည်ကမထိခိုက်ဘူးအစ်မ။ သိလား။ ကျွန် တော်တို့ပြောနေတာက ဒီလက်လုပ်လက်စားတောင်သူတွေ၊ မြေကြီးနဲ့ ရင်းနေရတဲ့ တောင်သူတွေအရမ်းနစ်နာတယ်။ ဒါကတော့ လူတိုင်းသိတယ်။ သူတို့ဖြစ်ချင်တဲ့ပုံစံ ချည်းပဲမလုပ်စေချင်ဘူး။ နည်းနည်းပါးပါးလေး၊ ညှိုညှိုနှိုင်းနှိုင်းပေါ့နော်။ ဓာတ်ဆားဆိုရင် လည်းဘယ်ဈေးနဲ့ရောင်းပေးပါ။ သူတို့ကွင်းဆင်းလေ။ ဒါပေမယ့် ဒါလိုချင်ရင်ဒါပေးရမယ် ဆိုတဲ့ ပုံစံကြီးကတော့ လုံးဝမဖြစ်စေချင်ပါဘူး။ ကျွန်တေ်ာတို့မှာ လာမထိခိုက်ဘူးအစ်မ။ ဟင်္သာတာမြို့ပေါ်က ပွဲရုံ၊ ပွဲစားဘယ်သူမှမထိခိုက်ဘူး။ ဒါပေမယ့်နစ်နာမှာကတောင်သူ ပဲနစ်နာမှာ။ အဲဒါတော့သေချာတယ်။ လုံးဝ Sure ပဲ ” 

မြန်မာ့လယ်ယာလုပ်ငန်းမှာ သီးနှံအမျိုးအစားပေါင်း ၆၀လောက်ကို စီးပွားဖြစ်စိုက်ပျိုး ထုတ်လုပ်နေကြတာဖြစ်ပါတယ်။ ဈေးကွက်မျိုးကောင်းမျိုးသန့်တွေရရှိဖို့ စိုက်ပျိုးရေးသု တေသနဦးစီးဌာနက ဆောင်ရွက်နေသလို စိုက်ပျိုးရေးပညာပေးလုပ်ငန်းတွေကိုလည်း စိုက်ပျိုးရေးဦးစီးဌာနက ဆောင်ရွက်နေတာတွေရှိပါတယ်။ ဒီလိုဆောင်ရွက်နေပေမယ့် အစေ့ထုတ်ပြောင်းမျိုးစေ့မှာတော့ ပြည်တွင်းကထုတ်တဲ့ အစေ့ထုတ်ပြောင်းမျိုးစေ့ တွေက ဈေး ကွက်အတွင်း ဝင်ရောက်လာနိုင်တာမရှိပဲ ပြည်ပမျိုးစေ့တွေကိုပဲ အလုံးစုံ မှီခုိုုနေရတာဖြစ် ပါတယ်။ ဒီအနေထားကို မျိုးစေ့ကျွန်ရယ်လို့ သုံးနှှုန်းကြတာရှိပေမယ့် မျိုးစေ့ဝယ်ယူရင် ဓာတ်မြေသြဇာပါဝယ်ယူရတဲ့အနေထားကို လက်ပိုက်ကြည့်နေရတာ ကတော့ မြန်မာ့ လယ် ယာကဏ္ဍရဲ့နိမ့်ကျလှတဲ့အခြေအနေကို မျက်ဝါးထင်ထင်မြင် လာရတာ ဖြစ်ပါ တယ်။ မြန်မာ့ပြောင်း စိုက်ပျိုးထုတ်လုပ်မှုက သီးနှံကနေ နိုင်ငံခြား ငွေရှာဖွေပေးရာမှာ တတိယနေရာမှာရှိနေပြီး ဧရာဝတီတိုင်းဒေသ ကြီးရဲ့စိုက်ပျိုး ထုတ်လုပ်မှုက တစ်နှစ်ကို အစေ့ထုတ်ပြောင်းတန်ချိန် နှစ်သိန်းခွဲ လောက်ထွက်ရှိ နေတာဖြစ်ပါတယ်။

Share:

No comments:

Post a Comment