16th OCT 2023 - Morning Daily News by Radio NUG


၂၀၂၃ အောက်တိုဘာလ ၁၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

📌 ၂။ ပျက်ပြယ်ပြီးဖြစ်သော NCA အပါအဝင် ၂ဝဝ၈ အခြေခံဥပဒေကိုဖိအားပေးပြုလုပ်နေသော ဆွေးနွေးပွဲများကို လုံးဝမယုံကြည်ဟု KNPP ဆို

📌 ၃။ တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင် ၂၁,ဝဝဝ ကျော်ရှိပြီး စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး လိုအပ်ချက်တွေ ရှိနေ

📌 ၄။  ဖက်ဒရယ်စမ်းရေးစီမံကိန်းမှ မြေကွက်များ တပတ်အတွင်း ကန်ဒေါ်လာ ၂ဒသမ သန်းကျော်ဖိုး ရောင်းချနိုင်ခဲ့

📌 ၅။ ကော့ကရိတ်တွင် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်သောကြောင့် စာမေးပွဲဖြေပြီးပြန်လာသူတဦးသေဆုံး ဦး ဒဏ်ရာရ

📌 ၆။ မြန်မာနိုင်ငံတွင် အနောက်တိုင်း ပလတ်စတစ်အမှိုက်များ တရားမဝင်စွန့်ပစ်မှုတို့ရှိလာ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်


အောက်တိုဘာ ၁၅။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၃၃/၂၀၂၃) ကို ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


အောက်တိုဘာလ ၁၅ ရက်နေ့ မနက် ၁၀ နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့တဲ့ အဆိုပါ အစည်းအဝေးကို ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ () နိုင်သုဝဏ္ဏမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။


ထိုနောက် အစည်းအဝေး (၃၂/၂၀၂၃) က ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့် ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာန အသီးသီးမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ဆောင်ရွက်ခဲ့ပါတယ်။


အဆိုပါတွေ့ဆုံပွဲကို ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြိုနယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ၁၂ နာရီ ခွဲခန့်တွင် အစည်းအဝေးကို ရပ်နားခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၂။ ပျက်ပြယ်ပြီးဖြစ်သော NCA အပါအဝင် ၂ဝဝ၈ အခြေခံဥပဒေကိုဖိအားပေးပြုလုပ်နေသော ဆွေးနွေးပွဲများကို လုံးဝမယုံကြည်ဟု KNPP ဆို


အောက်တိုဘာ ၁၅။

အကြမ်းဖက်စစ်ကောင်စီက ၎င်းတို့ကိုယ်တိုင် ဖျက်ဆီးခဲ့၍ ပျက်ပြယ်ပြီးဖြစ်သော NCA အပါအဝင် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုအခြေပြုကာ ဖိအားပေးပြုလုပ်နေသော ဆွေးနွေးပွဲများကို လုံးဝမယုံကြည်ဘူးလို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP က ထုတ်ပြန်လိုက်ပါတယ်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ဟာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ် မူတည်ပြီး ပြင်ဆင်ရေးဆွဲထားတဲ့ သဘောတူစာချုပ်တခုဖြစ်တဲ့အတွက် တိုင်းပြည်အာဏာကို အကြမ်းဖက်စစ်တပ်က သိမ်းယူလိုက်ခြင်းဟာ NCA အပါအဝင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၎င်းတို့ကိုယ်တိုင် ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။


အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်မယ့် NCA နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကနေ မည်သည့်နိုင်ငံရေးသဘောတူ ညီချက်ကိုမျှ ချမှတ်နိုင်မှာမဟုတ်ဘဲ ၎င်းတို့ဖိအားများလျော့ကျသွားစေရန် ရည်ရွယ်ကျင်းပတဲ့အခမ်းအနားတခုသာ ဖြစ်ကြောင်းနဲ့ နိုင်ငံတကာကို လိမ်လည်လှည့်ဖြားတဲ့ပွဲတခုသာဖြစ်တယ်လို့ အသိပေးလိုက်ပါတယ်။


စစ်ကောင်စီဟာ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးလို့ပြောနေပြီး ဖက် အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေးထိုးထားပေမယ့် ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခြင်း၊ ဆွေးနွေးသဘောတူထားတဲ့အတိုင်း အကောင်အထည် မဖော်ခြင်းတို့ဟာ အပြောတမျိုး အလုပ်ဖြစ်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။


ဒါအပြင် အကြမ်းဖက်စစ်ကောင်စီဟာ အာဏာသိမ်းမှုကို လက်မခံနိုင်လို့ ဆန္ဒပြခဲ့ကြတဲ့ ပြည်သူလူထုကို အကြမ်းဖက် ဖြိုခွင်းတာ၊ စစ်ဘေးရှောင်တွေကို ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းကနေ အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်တာ၊ ပြည်သူလူထုနေထိုင်ရာနေရာတွေနဲ့ စာသင်ကျောင်းတွေ ဆေးခန်းတွေကို ပစ်ခတ်တိုက်ခိုက်နေတာတွေဟာ နှစ်ပေါင်း ၇ဝ ကြာမြင့်နေပြီဖြစ်တဲ့ နိုင်ငံရေးပဋိပက္ခကို ရေရှည်ဖြစ်ပေါ်စေရန် လုပ်ဆောင်နေတာဖြစ်တယ်လို့လည်းပါရှိပါတယ်။ 


ဒါ့ကြောင့် KNPP အနေနဲ့ စစ်ကောင်စီကလုပ်မယ့် NCA နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို တက်ရောက်မှာမဟုတ်ဘဲ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် နိုင်ငံရေးဘုံသဘောတူညီမှုတခုတည်း အောက်ကနေ အခြားသောအင်အားစုတွေနဲ့အတူ ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ 

KNPP ဟာ NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားခြင်းမရှိပေမယ့် လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးခဲ့ဖူးတဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တခုဖြစ်ပြီး အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတဲ့ အဖွဲ့တခုလည်းဖြစ်ပါတယ်။


========================


📌📌 ၃။ တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင် ၂၁,ဝဝဝ ကျော်ရှိပြီး စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး လိုအပ်ချက်တွေ ရှိနေ


အောက်တိုဘာ ၁၅။

တနင်္သာရီတိုင်းတွင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် ၂၁,ဝဝဝ ကျော်ရှိတယ်လို့ ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့က အောက်တိုဘာလ ၁၄ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။


စက်တင်ဘာလအတွင်း တနင်္သာရီဒေသတခုလုံးတွင် စစ်ဘေးရှောင် ဦးရေ ၅ဝ,ဝဝဝ နီးပါးခန့် ရှိခဲ့ပြီး စက်တင်ဘာလ နောက်ဆုံးပတ်အထိ မြေပြင်စစ်ဘေးရှောင် ဦးရေ ၂၁,ဝဝဝ ကျော် ကျန်ရှိနေဆဲ ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။


ထားဝယ်ဒေသ၊ အရှေ့တောနယ်တွင် စစ်ဘေးရှောင် ,ဝဝဝ ကျော်၊ ရေဖြူမြို့နယ်တွင် ,ဝဝဝ ကျော်၊ သရက်ချောင်းမြို့နယ်တွင် ,ဝဝဝ ခန့်နှင့် လောင်းလုံး မြို့နယ်တွင် ,၅ဝဝ ခန့် ရှိတယ်လို့ ဆိုပါတယ်။


တိုက်ပွဲတွေကြောင့် ယာယီစစ်ဘေးရှောင်ခဲ့ရတဲ့ စစ်ဘေးရှောင်တွေကိုပါ ထည့်တွက်ထားတာ ဖြစ်ပြီး စစ်ကြောင်းထိုးတာနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်း မရှိတော့တဲ့ ဒေသတွေမှာတော့ ပြည်သူတွေအနေနဲ့ နေရပ်ပြန်နေကြပြီး အမြဲတမ်းစစ်ရှောင် ၂၁၀၀၀ ကျော် ကျန်ရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။


စစ်ဘေးရှောင်တွေအနေနဲ့ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး လိုအပ်ချက်တွေရှိနေဆဲ ဖြစ်ပြီး ရာသီအကူးအပြောင်းကာလဖြစ်တာကြောင့် ရာသီတုပ်ကွေး ဖြစ်ပွားခြင်း၊ ဖျားနာခြင်း စသည့် ရောဂါများ ယခုထက်ပို ဖြစ်ပွားလာနိုင်ခြေ ရှိကြောင်း စစ်ရှောင်အရေး ကူညီပေးနေသူများက ပြောပါတယ်။


အချို့သော လမ်းများတွင် စစ်ကောင်စီတပ်ဖွဲ့က ဆေးဝါးများ သယ်ယူခွင့် တားဆီးပိတ်ပင် နေတာတွေ ရှိနေတာကြောင့် စစ်ရှောင်များအတွက် ကျန်းမာရေး ကူညီပေးရန် အခက်အခဲရှိနေတယ်လို့လည်း သိရပါတယ်။


========================


📌📌 ၄။  ဖက်ဒရယ်စမ်းရေးစီမံကိန်းမှ မြေကွက်များ တပတ်အတွင်း ကန်ဒေါ်လာ ၂ဒသမ သန်းကျော်ဖိုး ရောင်းချနိုင်ခဲ့


အောက်တိုဘာ ၁၅။

မန္တလေးတိုင်း ပြင်ဦးလွင်မြို့က တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းဝင်းအနီးမှာ ဖော်ဆောင်ခဲ့တဲ့ ဖက်ဒရယ် စမ်းရေအိမ်ရာမြေကွက်တွေကို ရောင်းချခဲ့တာမှာ တပတ်အတွင်း အမေရိကန်ဒေါ်လာ ၂ဒသမ၇ သန်းကျော်ဖိုး ရောင်းချပေးခဲ့ပြီးဖြစ်တယ်လို့ The End of Dictatorship က ထုတ်ပြန်လိုက်ပါတယ်။ 


ပြင်ဦးလွင်မြို့နယ်ကို ဖြတ်သွားတဲ့ မန္တလေး-လားရှိုးလမ်းမဘေး တပ်မတော်နည်းပညာတက္ကသိုလ်အနီးက စစ်တပ်ပိုင် မြေဧက ၃ဝဝ ခန့်ကို ဖက်ဒရယ်စမ်းရေစီမံကိန်းအဖြစ် စီးပွားရေးလုပ်ငန်းသုံးနဲ့ လူနေအိမ်ရာတွေတည်ဆောက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရက အောက်တိုဘာလ ရက်နေ့မှာ စတင်ရောင်းချခဲ့တာပါ။ 


ဒီမြေကွက်တွေကို ဝယ်ယူသူတွေအနေနဲ့ တော်လှန်ရေးကာလအတွင်းမှာ သတ်မှတ်တန်ဖိုးရဲ့ ၄ဝ ရာခိုင်နှုန်းသာ ပေးသွင်းရမှာဖြစ်ပြီး ကျန်တဲ့ ၆ဝ ရခိုင်နှုန်းကိုတော့ တော်လှန်ရေးကာလပြီးလို့ စီမံကိန်းပြင်ဆင်ချိန်မှသာ ပေးသွင်းရမှာ ပါ။ ဒါ့အပြင် The End of Dictatorship- EOD က ဖော်ဆောင်နေတဲ့ စီမံကိန်းအသီးသီးက ကွန်ဒိုတွေနဲ့အိမ်ရာတွေ၊ မြေကွက်တွေကိုလည်း ဆက်လက်ဝယ်ယူကြဖို့ အသိပေးထားပါတယ်။ 


နွေဦးတော်လှန်ရေးဟာ သမိုင်းတလျှောက် တခါမှမရဖူးတဲ့ ညီညွတ်မှုတွေရနေပါတယ်။ အပေါ်ယံမှာ လှိုင်းကြက်ခွပ်တွေသာ မြင်ရပေမယ့် အောက်ခြေမှာ အဟုန်ပြင်းလှတဲ့ ဆူနာမီလှိုင်းကြီးကဲ့သို့ ရွှေ့လျားနေပါတယ်။ ကမ်းခြေကို ရောက်တာနဲ့ စစ်အာဏာရှင်စနစ်ဆိုးကြီးကို အမြစ်ကနေ ပုတ်ရိုက်ဖယ်ရှားပစ်မှာပါ။ ပေးဆပ်ခဲ့ရမှုတွေအားလုံးနဲ့ ထိုက်တန်လှတဲ့ နိုင်ငံသစ်တစ်ခုဟာ သေချာပေါက် ပေါ်ထွန်းလာပါလိမ့်မယ်။ မျိုးဆက်သစ်တွေအတွက် ခေါင်းမော့ ရင်ကော့ပြီး ကမ္ဘာကိုရင်ဘောင်တန်းနိုင်မယ့် နိုင်ငံသစ်ပါ။ ဒါကြောင့် တော်လှန်ပြည်သူအပေါင်းအနေနဲ့ မဆုတ်မနစ်တဲ့ စိတ်ဓာတ်များနဲ့ တော်လှန်ရေးမှာ အရေးကြီးလိုအပ်နေတဲ့ ဘဏ္ဍာရန်ပုံငွေများ ဆက်လက်ဖြည့်ဆည်းကြဖို့ EOD က တိုက်တွန်းထားပါတယ်။


လက်ရှိမှာ EOD ဟာ ဖက်ဒရယ်စမ်းရေ အိမ်ရာစီမံကိန်းအပြင် ရဲရင့်နွေဦးကွန်ဒိုအိမ်ရာစီမံကိန်း၊ နွေဦးအင်းလျားကွန်ဒို၊ နွေဦးစံရိပ်မွန်အိမ်ရာ စီမံကိန်းတွေက အိမ်ရာတွေက ကျန်ရှိနေတဲ့ အိမ်ရာတွေကို ဆက်လက်ရောင်းပေးလျက်ရှိပါတယ်။


========================


📌📌 ၅။ ကော့ကရိတ်တွင် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်သောကြောင့် စာမေးပွဲဖြေပြီးပြန်လာသူတဦးသေဆုံး ဦး ဒဏ်ရာရ


အောက်တိုဘာ ၁၅။

ကရင်ပြည်နယ် ကော့ကရိတ်အခြေစိုက် စကခ-၁၂ လက်အောက်ခံ အမြောက်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် စာမေးပွဲဖြေပြီးပြန်လာတဲ့ ကျောင်းသူတဦးသေဆုံးခဲ့ပြီး ဦး ဒဏ်ရသွားတယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။ 

အောက်တိုဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်မှာ စစ်ကောင်စီ အမြောက်တပ်ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ဟာ ကော့ကရိတ်မြို့ အမှတ် ရပ်ကွက်မှာရှိတဲ့ အခြေခံပညာအထက်တန်းကျောင်းခွဲ အနီးပတ်ဝန်းကျင်မှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နှစ်ဝက်စာမေးပွဲဖြေပြီးပြန်လာတဲ့ ကျောင်းသူလေးတဦး ထိခိုက်ခဲ့တာလို့ဆိုပါတယ်။

ဒီကျောင်းသူ ၄ဦးထဲက တဦးဟာ အဲဒီနေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တာလို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။


သေဆုံးခဲ့သူဟာ ကော့ကရိတ်မြို့နယ် ရေလယ်မြိုင်အုပ်စု နန်းကော်တိုးကျေးရွာက အသက် ၁၂ နှစ်အရွယ် Grate-4 ကျောင်းသူ နော်မိုးမိုးအေးဖြစ်ပြီး ခန္ဓာကိုယ်အနှံ့ ကျည်စထိမှန်ခဲ့တာကြောင့် သေဆုံးခဲ့တာလို့သိရပါတယ်။ ဒါ့အပြင် အသက် နှစ်အရွယ် Grate-1 ကျောင်းသူ နော်ဝေဝေနှင်းမှာ လည်ပင်း၊ခြေထောက်နဲ့လက်တွေမှာ ကျည်စ ထိမှန်ခဲ့ပြီး အသက် ၁၂ နှစ်အရွယ် Grate-4 ကျောင်းသူ နော်ခုခုဖောမှာ ခြေသလုံးကျည်ထိမှန်ဒဏ်ရာကြောင့် ဆေးရုံပို့ ဆောင်ခဲ့ရပြီး အသက် ၁၆ နှစ်အရွယ် Grate-9 ကျောင်းသူ နော်ဆုယဉ်အေးမှာ ပေါင် ဖက်လုံး ကျည်စထိမှန်ထားတဲ့ အတွက် အရေးပေါ် ဆေးရုံသို့ ပို့ဆောင်ခဲ့ရတယ်လို့လည်း အသိပေးထားပါတယ်။


ဒူးပလာယာခရိုင်အတွင်းမှာ လှုပ်ရှားနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ အပြစ်မဲ့ပြည်သူလူထုကို အကြောင်းမဲ့ ဖမ်းဆီး ညှင်းပန်းနှိပ်စက်ခြင်း၊ ပြည်သူနေအိမ်များအား ဝင်ရောက်မွှေနှောက်ဖျက်ဆီးပြီး ပစ္စည်းများယူဆောင်သွားခြင်းနှင့် ပြည်သူလူထုနေထိုင်ရာ ကျေးရွာများကို လက်နက်ကြီးများနဲ့ ရည်ရွယ်ချက်ရှိရှိပစ်ခတ်တာ၊ ရမ်းသမ်းပစ်ခတ်တာစတဲ့ ဂျနီဗာကွန်ဗန်းရှင်းနဲ့ အပြည်ပြည်ဆိုင်ရာဥပဒေအရ စစ်ရာဇဝတ်မှုတွေကို နေ့စဥ်နဲ့အမျှ ကျူးလွန်နေတယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၆။ မြန်မာနိုင်ငံတွင် အနောက်တိုင်း ပလတ်စတစ်အမှိုက်များ တရားမဝင်စွန့်ပစ်မှုတို့ရှိလာ


အောက်တိုဘာ၁၅ရက်

မြန်မာနိုင်ငံတွင် အနောက်တိုင်း ပလတ်စတစ်အမှိုက်များ တရားမဝင်စွန့်ပစ်မှုတို့ရှိလာတယ်လို့သတင်းရရှိပါတယ်။


အောက်တိုဘာလအတွင်းမှာ Lighthouse Reports နှင့် လုပ်ဖော်ကိုင်ဖက် ခြောက်ဦးတို့က ယခုသီတင်းပတ်အတွင်း ထုတ်ပြန်ခဲ့သည့် စုံစမ်းစစ်ဆေးမှုကို ကိုးကား၍ AFPသတင်းဌာနက ဖွင့်ချရေးသားဖော်ပြလိုက်ပါတယ်။


ရန်ကုန်မြို့၏ အလုပ်သမားလူတန်းစားရပ်ကွက် ရွှေပြည်သာမြို့နယ်တစ်ဝိုက်တွင် အဆိုပါ အမှိုက်များကိုတွေ့ရှိရတယ်လို့ဆိုထားပါတယ်။


ရွှေပြည်သာတွင် တစ်ချိန်က ဘောလုံးကွင်းဖွင့်ရန် ရည်မှန်းထားသည့် ဧရိယာသည် ပလတ်စတစ်အမှိုက်အဖြစ်သို့ ပြောင်းလဲသွားကြောင်း မြို့ခံတစ်ဦးက AFPကိုပြောကြားထားပါတယ်။


United Nations Comtrade data အရ မြန်မာနိုင်ငံ၏ ပလတ်စတစ်အမှိုက် အများစုသည် ထိုင်းနိုင်ငံမှ တင်သွင်းလာခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် တန်ချိန် 7500 နီးပါးဝင်ရောက်ခဲ့ပြီး ပြီးခဲ့သည့်နှစ်က ကိန်းဂဏန်းများအရ သိရတယ်လို့ AFPကဖော်ပြပါတယ်။


တရုတ်နိုင်ငံသည် နိုင်ငံခြားပလတ်စတစ်အမှိုက်များကို ၂၀၁၈ ခုနှစ်တွင် လက်ခံခြင်းမှ ရပ်ဆိုင်းပြီးနောက်တားမြစ်ကန့်သတ်ချက်များထုတ်ပြန်ခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment