23rd OCT 2023 - Evening Daily News by Radio NUG



၂၀၂၃ အောက်တိုဘာလ ၂၃ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ လူထုရဲ့သဘောထားနဲ့ လျှောက်လှမ်းနေရတဲ့ တော်လှန်ရေးဟာ လူထုရဲ့အသံကို အမြဲတမ်း နားထောင်နေဖို့ အထူးအရေးကြီးပါတယ် လို့ ယာယီသမ္မတပြောကြား

📌 ၂။ မကွေးတိုင်းတွင် စုဖွဲ့လေ့ကျင့် လက်နက်တပ်ဆင်မှု သင်တန်း အပတ်စဥ် () သင်တန်းဆင်းပွဲ ပြုလုပ်

📌 ၃။ မှော်ဘီလေတပ်စခန်းကို တိုက်ခိုက်မှု ထိခိုက်ဆုံးရှုံးမှုများနိုင်ဟု U.S.O ထုတ်ပြန်

📌 ၄။ ပဲခူးရိုးမအတွင်း ပြည်သူများကိုဖမ်းဆီးခေါ်ဆောင်လာသော စစ်ကောင်စီတပ်ကိုတိုက်ခိုက် 

📌 ၅။ ရွှေဘိုမြို့နယ် ဘုန်းဘွဲ့ကျေးရွာတွင် စစ်ကောင်စီတပ်က ပြည်သူသုံးဦး သတ်ဖြတ်သွား

📌 ၆။ ထားဝယ်အထူးစီးပွားရေးဇုန် အနီး မူးဒူးရွာက နေအိမ် ၁၇ လုံးထက်မနည်းကို  စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ လူထုရဲ့သဘောထားနဲ့ လျှောက်လှမ်းနေရတဲ့ တော်လှန်ရေးဟာ လူထုရဲ့အသံကို အမြဲတမ်း နားထောင်နေဖို့ အထူးအရေးကြီးပါတယ် လို့ ယာယီသမ္မတပြောကြား


အောက်တိုဘာ ၂၃။


အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလမှ လူထုရဲ့သဘောထားနဲ့ လျှောက်လှမ်းနေရတဲ့ တော်လှန်ရေးဟာ လူထုရဲ့အသံကို အမြဲတမ်း နားထောင်နေဖို့ အထူးအရေးကြီးတယ်လို့ ပြောကြားလိုက်ပါတယ်။


လူထုရဲ့ သဘောထားနဲ့ လျှောက်လှမ်းနေရတဲ့ တော်လှန်ရေးဟာ လူထုရဲ့ အသံကို အမြဲတမ်း နားထောင်နေဖို့ အထူး အရေးကြီးပါတယ်။ ကျွန်တော်တို့ အားလုံး ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့ စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းဖို့ အတူတူ ဝိုင်းဝန်းကြိုးစား သွားကြပါစို့လို့ တိုက်တွန်းချင်ပါတယ်။ဟု သမ္မတကြီးက ဆိုပါတယ်။


အောက်တိုဘာလ (၂၂) ရက်နေ့က လူမှုကွန်ယက် စာမျက်နှာ မှတဆင့် ပြည်သူများထံသို့ သတင်းစကားအဖြစ် အထက်ပါအတိုင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။


========================


📌📌 ၂။ မကွေးတိုင်းတွင် စုဖွဲ့လေ့ကျင့် လက်နက်တပ်ဆင်မှု သင်တန်း အပတ်စဥ် () သင်တန်းဆင်းပွဲ ပြုလုပ်


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ် () စစ်ဒေသ၊ မကွေးတိုင်း ကွပ်ကဲရေးရုံးက ဦးစီးပြုလုပ်တဲ့ စုဖွဲ့လေ့ကျင့် လက်နက်တပ်ဆင်မှု သင်တန်း အပတ်စဥ် () သင်တန်းဆင်းပွဲ အခမ်းအနားကို မကွေးတိုင်းအတွင်းရှိ စိုးမိုးနယ်မြေတနေရာတွင် ကျင်းပပြုလုပ်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန က သတင်းထုတ်ပြန် ထားပါတယ်။


အောက်တိုဘာလ (၁၉) ရက်နေ့ က ကျင်းပ ပြုလုပ်ခဲ့တဲ့ အဆိုပါ အခမ်းအနားကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) မကွေးတိုင်းတာဝန်ခံ၊ ခရိုင်ရေးထောက် တာဝန်ခံများ၊ တပ်ရင်းမှုး ဒုတပ်ရင်းမှူးများ တက်ရောက်ခဲ့ကြပါတယ်။


အခမ်းအနားတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အလံအား အလေးပြုခြင်း၊ ကျဆုံး ရဲဘော်များအား သတိရ အောက်မေ့ ငြိမ်သက်ခြင်း၊ မိန့်ခွန်း ပြောကြားခြင်း၊ လက်နက် ပေးအပ်ခြင်းအစီအစဥ်များ ဆောင်ရွက်ခဲ့ပြီး တော်လှန်ရေးသီချင်းများ သံပြိုင်သီဆိုကာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။


အဆိုပါသင်တန်းကို တပ်ရင်းတပ်ဖွဲ့ အသီးသီးမှ PDF ရဲဘော်များနှင့် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) ရဲဘော်များ တက်ရောက်သင်ကြားခဲ့တယ်လို့ သိရပါတယ်။


မကွေးတိုင်းကွပ်ကဲရေးရုံးက ဦးစီးစီစဉ်သော စုဖွဲ့လေ့ကျင့် လက်နက်တပ်ဆင်မှု သင်တန်းမှာ () ကြိမ်အထိ ပြီးမြောက်အောင်မြင်ထားပြီး သင်တန်းသား (၈၀၀) ကျော် တက်ရောက်ခဲ့ကာ PDF တပ်ရင်း (၂၉) ရင်း ကို လက်နက်များ တပ်ဆင်ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုဘတ်ဂျက်မှ ရန်ပုံငွေများ၊ လက်နက်တပ်ဆင်ရေး ပရောဂျက်များအတွက် ပြည်သူလူထုရဲ့ ထည့်ဝင်လှူဒါန်းမှုများ ဖြင့် စစ်ပညာသင်တန်းများနှင့် လက်နက်တပ်ဆင်ခြင်းများကို စဥ်ဆက်မပြတ် အားထုတ် ပြုလုပ်လျက် ရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ  အသိပေး ထားပါတယ်။


========================


📌📌 ၃။ မှော်ဘီလေတပ်စခန်းကို တိုက်ခိုက်မှု ထိခိုက်ဆုံးရှုံးမှုများနိုင်ဟု U.S.O ထုတ်ပြန်


ရန်ကုန်တိုင်း မှော်ဘီမြို့နယ်မှာရှိတဲ့ မှော်ဘီလေတပ်စခန်းကို စစ်ဆင်ရေးမဟာမိတ်အဖွဲ့တွေ ၁ဝ၇ မမ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာမှာ ထိခိုက်ပျက်စီးမှုများနိုင်တယ်လို့ Urban Special Operation U.S.O က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။ 

မှော်ဘီလေတပ်စခန်းအတွင်း လေယာဉ်ဆီ၊ လေယာဉ်ပြုပြင်ရန်ပစ္စည်းများ၊ယခင်က ပြောင်းရွှေ့ရပ်နားထားတဲ့ လေယာဉ်တွေ ဒီလေတပ်စခန်းမှာ ပြန်လည်ရပ်နားထားတယ်လို့သိရတဲ့အတွက် ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ လို့ သိရပါတယ်။

အောက်တိုဘာလ ၂၂ ရက်နေ့ နာရီအချိန်မှာ စစ်ဆင်ရေးအောက် မဟာမိတ်အဖွဲ့က ၁ဝ၇ မမ လုံးနဲ့ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဟန်ဂါတခုကို ထိမှန်ပေါက်ကွဲခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုများနိုင်တယ်လို့ဆိုပါတယ်။

မှော်ဘီလေတပ်စခန်းအတွင်း ပေါက်ကွဲသံများဆက်တိုက်ထွက်ပေါ်လာပြီးချိန်မှာ အကြမ်းဖက်စစ်ကောင်စီဘက်က ရဟတ်ယာဉ်‌တွေဟာ မှော်ဘီ၊ မင်္ဂလာဒုံ ၊လှည်းကူးမြို့နယ်တဝိုက် အနိမ့်ပျံသန်းပြီး စစ်ဆေးရှာဖွေမှုတွေလုပ်ခဲ့သလို မြေပြင်တပ်တွေကလည်း ရန်ကုန်မြို့အဝင်အထွက်နေရာတွေမှာ စစ်ဆေးမှုတွေတင်းတင်းကြပ်ကြပ်လုပ်ဆောင်ခဲ့တယ် လို့လည်း ဒေသခံပြည်သူတွေဆီကသိရပါတယ်။

အခုလို တိုက်ခိုက်ခဲ့တာဟာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက တိုင်းရင်းသားဒေသတွေနဲ့ ပြည်သူတွေကို လေကြောင်းကနေ တိုက်ခိုက်သတ်ဖြတ်နေတာကြောင့် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Urban Special Operation U.S.O က အသိပေးထုတ်ပြန်ထားပါတယ်။

နောင်မှာလည်း ပြည်သူတွေအပေါ် မတရားမှုများပြုလုပ်ရန်ကြံစည်လုပ်ဆောင်နေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဆက်လက်တိုက်ခိုက်သွားမှာဖြစ်တဲ့အပြင် စစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်နေသူများ၊ ပတ်သက်ဆက်နွယ်မှုများကို စစ်ရေးပစ်မှတ်အဖြစ် စစ်ဆင်ရေးတွေ ဆက်တိုက်လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Urban Special Operation U.S.O မြို့ပြပြောက်ကျားအဖွဲ့ဟာ ဒီအောက်တိုဘာလထဲမှာပဲ စစ်တပ်ထောက်တိုင် မြန်မာဘီယာစက်ရုံနဲ့ ထားဝယ်ချောင်းရဲစခန်းအပါအဝင် စစ်ရေးပစ်မှတ် ခုကိုလည်း ဖော်ဆောင်ခဲ့ပြီးဖြစ်ပါတယ်။


========================


📌📌 ၄။ ပဲခူးရိုးမအတွင်း ပြည်သူများကိုဖမ်းဆီးခေါ်ဆောင်လာသော စစ်ကောင်စီတပ်ကိုတိုက်ခိုက် 


ပဲခူးတိုင်း မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမထဲမှာရှိတဲ့ ဧက ၂ဝဝ ကျွန်းစိုက်ခင်းအနီး အရပ်သား ဦးကို ဖမ်းဆီး ခေါ်ဆောင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါ တယ်။

အရပ်သားပြည်သူ ဦးကို ကြိုးတုတ်ဖမ်းဆီးခေါ်ဆောင်လာ အင်အား ၂ဝ ခန့်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ က ရဲဘော်တွေ အောက်တိုဘာလ ၂၂ ရက်နေ့ မနက်ပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်ကောင်စီဘက်က တဦး ပြင်းထန်ဒဏ်ရာရသွားပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ က အသိပေးထားပါတယ်။

အခုလို ကြားဖြတ်တိုက်ခိုက်ခံလိုက်ရတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဟာ ပဲခူးရိုးမအတွင်း ဆက်မ သွားတော့ဘဲ ဒဏ်ရာရသွားတဲ့စစ်သားကိုသယ်ပြီး တပ်ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။


========================


📌📌 ၅။ ရွှေဘိုမြို့နယ် ဘုန်းဘွဲ့ကျေးရွာတွင် စစ်ကောင်စီတပ်က ပြည်သူသုံးဦး သတ်ဖြတ်သွား


အောက်တိုဘာ ၂၃။


စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဘုန်းဘွဲ့ကျေးရွာတွင် စစ်ကောင်စီတပ်က ဒေသခံပြည်သူ သုံးဦးအား သတ်ဖြတ်သွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ဆီက သိရပါတယ်။


ဘုန်းဘွဲ့ကျေးရွာတွင် ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်မှ ၂၀ ရက်အထိ ရက်ကြာ တပ်စွဲသွားသော စစ်ကောင်စီတပ်က ကျေးရွာနေ အမျိုးသား သုံးဦးကို သတ်ဖြတ်ပြီး ရုပ်အလောင်းများအား ကျေးရွာအတွင်း စွန့်ပစ်ထားခဲ့ကြောင်း ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။


"အသတ်ခံရတာ အမျိုးသားတွေချည့်ပါ။ စကစ တွေ ပြန်ထွက်သွားပြီအထင်နဲ့ ရွာထဲ ပြန်ဝင်ကြရင်း ဖြစ်တာပါ။ အသက်တွေကတော့ ၃၀ နဲ့ ၄၅ ကြားတွေ" ဟု ဇာမဏီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။


အဆိုပါ ရုပ်အလောင်းများကို စစ်ကောင်စီတပ် ထွက်ခွာသွားပြီးနောက် အောက်တိုဘာ ၂၁ ရက်တွင် ဇာမဏီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နယ်မြေခံတပ်ရင်း၊ ပကဖများ ပူးပေါင်းပြီး ဘုန်းဘွဲ့ကျေးရွာ အတွင်း နယ်မြေရှင်းလင်းရေး ဝင်ရောက်စဥ် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။


========================


📌📌 ၆။ ထားဝယ်အထူးစီးပွားရေးဇုန် အနီး မူးဒူးရွာက နေအိမ် ၁၇ လုံးထက်မနည်းကို  စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီး


အောက်တိုဘာ ၂၃။


တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် အနောက်ဘက်ခြမ်း ထားဝယ်အထူးစီးပွားရေးဇုန် အနီးတဝိုက် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က အခုလ ၂၀ ရက်၊ မနက်ပိုင်းမှာ မူးဒူးရွာက နေအိမ် ၁၇ လုံးထက်မနည်းကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။


အင်အားတစ်ရာထက် မနည်းရှိတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ မူးဒူးရွာအပါအဝင် ထားဝယ် အထူးစီးပွားရေးဇုန် အနီးရှိ ကျေးရွာတဝိုက်ကို အခုလ ၁၉ ရက်၊ မနက်ပိုင်းကတည်းက စစ်ကြောင်း သုံးကြောင်းနဲ့ ဝင်ရောက်လာခဲ့တာလို့ မူးဒူးရွာခံတဦးက ဆိုပါတယ်။


အောက်တိုဘာ ၂၂ နေ့လယ်ပိုင်း မှာတော့ အဲဒီစစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ မူးဒူးရွာနဲ့ ဆယ်မိုင်ခန့်အကွာ ဘဝါကျေးရွာဘက်ကို ရောက်ရှိနေပြီး ဒေသခံအမျိုးသား ခုနစ်ဦးခန့်ကိုလည်း ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။


ဒေသခံတွေကတော့ အဲဒီအနီးအနားတဝိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ရှိတယ်လို့ စစ်ကောင်စီတပ်က ယူဆတာကြောင့် နယ်မြေရှင်းလင်းရေး လုပ်တဲ့အနေနဲ့ အခုလို စစ်ကြောင်းထိုးတာ ဖြစ်နိုင်တယ်လို့ ပြောကြပါတယ်။


လက်ရှိမှာတော့ ထားဝယ်အထူးစီးပွားရေးဇုန် အနီးတဝိုက် ရွာတွေဖြစ်တဲ့ မူးဒူး၊ ထွက်ဝ၊ ဘဝါ၊ ပရဒတ်၊ ဧကနိ၊ ခမောင်းချောင်း ရွာတွေအပါအဝင် အနီးအနားရွာတွေက ဒေသခံ ထောင်ချီ ဘေးလွတ်ရာ တခြားရွာတွေဆီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။


ထားဝယ်မြို့နဲ့ မိုင်နှစ်ဆယ်လောက်ဝေးတဲ့ ထားဝယ်အထူး စီးပွားရေးဇုန် အနီးက အဲဒီ ကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ သြဂုတ်လတွေ အတွင်းကလည်း စစ်ကြောင်း နှစ်ကြိမ်ထိုးပြီး နေအိမ် သုံးဆယ်ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။


ဒေသအတွင်း သုတေသန အဖွဲ့တခုဖြစ်တဲ့ FE5 Tanintharyi ရဲ့ စစ်တမ်းတွေအရ တနင်္သာရီတိုင်းမှာ ၂၀၂၃ ခုနှစ် အစပိုင်းကနေ စက်တင်ဘာလ ကုန်အထိ ကိုးလအတွင်း စစ်ကောင်စီတပ်က မီးရှို့ခဲ့တဲ့ လူနေအိမ် ၆၇၀ လုံးထက်မနည်း ရှိတယ်လို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့်မင်းစစ်သွေးတို့မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment