29th OCT 2023 - Evening Daily News by Radio NUG


၂၀၂၃ အောက်တိုဘာလ ၂၉ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ မြောက်ပိုင်းမဟာမိတ်၃ဖွဲ့၏ Operation 1027 ရည်ရွယ်ချက်များကို NUCC ထောက်ခံ၊ လက်နက်မဲ့ လူထုတိုက်ပွဲများတွင် အင်အားအပြည့်ပါဝင်သွားကြရန် တိုက်တွန်း

📌 ၂။ မန်ချက်စတာမြို့တွင် UK ရောက် မြန်မာများနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး တွေ့ဆုံ

📌 ၃။ ပင်လယ်ဘူးတွင် စစ်ဘေးရှောင် ကလေးငယ်များကို စာရေးကရိယာများ ထောက်ပံ့

📌 ၄။ Operation 1027 ဒုတိယနေ့တွင် သံချပ်ကာ စီးကို သိမ်းပိုက်ရရှိ

📌 ၅။၁၀၂၇စစ်ဆင်ရေးရဲ့ တတိယမြောက်နေ့ နံနက်အစောပိုင်းမှာ လားရှိုး၊ နောင်ချိုနှင့် သိန္နီတို့တွင် တိုက်ပွဲများ ဖြစ်နေ၊ လားရှိုးမြို့ အရှေ့ဘက်ရှိ စစ်ကောင်စီ စခန်းကို သိမ်းပိုက်

📌 ၆။ စစ်ဆင်ရေးစတင်ပြီး ၂၄ နာရီအတွင်း စစ်တပ်စခန်း ၄ဝ ကျော်ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့ ထုတ်ပြန်

📌 ၇။ မတူပီခရိုင်ရုံတွင် တပ်စွဲထားသောစစ်ကောင်စီတပ်ကို တိုက်ခိုက်မှု စစ်သားတဦးသေဆုံးကာ ဦး ဒဏ်ရာရ 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မြောက်ပိုင်းမဟာမိတ်၃ဖွဲ့၏ Operation 1027 ရည်ရွယ်ချက်များကို NUCC ထောက်ခံ၊ လက်နက်မဲ့ လူထုတိုက်ပွဲများတွင် အင်အားအပြည့်ပါဝင်သွားကြရန် တိုက်တွန်း


မြောက်ပိုင်းမဟာမိတ် ဖွဲ့၏ Operation 1027 ရည်ရွယ်ချက်များကိုထောက်ခံပြီး Operation 1027 ကို အဘက်ဘက်က ထောက်ခံပံ့ပိုးသွားရန်နှင့် ဖက်ဆစ်ဝင်ငွေ ဖြတ်တောက် ပြည်သူ့ဘဏ္ဍာ တည်ဆောက်မည့် စီးပွားရေးသပိတ်လှုပ်ရှားမှုကဲ့သို့ လက်နက်မဲ့ လူထုတိုက်ပွဲများတွင် အင်အားအပြည့် ပါဝင်သွားကြရန် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC က တိုက်တွန်းလိုက်ပါတယ်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ MNTJP/MNDAA PSLF/TNLA နှင့် ULA/AA ညီနောင်မဟာမိတ်အဖွဲ့များ က ဦးဆောင်ကာ BPLA PLA MDY-PDF စသည့် တော်လှန်ရေးအင်အားစုများ ပူးပေါင်းပါဝင်နေသည့် “Operation 1027” စစ်ဆင်ရေးကြီး စတင်ဆင်နွှဲနေမှုနဲ့ပတ်သက်လို့ NUCC က အသိပေးထုတ်ပြန်လိုက် တာပါ။ 

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) အနေနဲ့ “Operation 1027” ကို ပြည်သူလူထု တရပ်လုံးနဲ့အတူ ဝမ်းမြောက်အားတက်စွာ ဂုဏ်ပြုကြိုဆိုအပ်ပါတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။ 

ဒါ့အပြင် (MNTJP/MNDAA) အထူးဒေသ- စစ်ရေးကော်မတီက ထုတ်ပြန်ခဲ့တဲ့ ပြည်သူတရပ်လုံး အတွက်အိတ်ဖွင့်စာနဲ့ ညီနောင်မဟာမိတ် ၃ဖွဲ့၏ ပူးတွဲထုတ်ပြန်ကြေညာချက်တို့မှာပါတဲ့ “Operation 1027” ရည်ရွယ်ချက်များကိုလည်း NUCC အနေဖြင့် အသေးစိတ်လေ့လာသုံးသပ်ခဲ့ပြီး အပြည့်အဝ သဘောတူထောက်ခံတယ်လို့လည်း အသိပေးထားပါတယ်။

စစ်ဆင်ရေးရည်ရွယ်ချက်များအနက် စစ်အာဏာရှင် အပြီးတိုင်ဖျက်သိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုထူထောင်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ပြည်နယ်များဖွဲ့စည်းနိုင်ရေးနှင့် လူနည်းစုလူမျိုး များအတွက် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသများထူထောင်နိုင်ရေးတို့ဟာ NUCC က လိုက်နာကျင့်သုံးနေ တဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း - မှာ ပြဌာန်းထားတဲ့ နွေဦးတော်လှန်ရေး၏ မျှော်ရည်ချက်များ၊ စံတန်ဖိုးများနှင့် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု၏ အခြေခံမူများနှင့် တူညီသော ရည်ရွယ်ချက်များဖြစ်တယ်လို့ NUCC က ဆိုပါတယ်။ 

အိမ်နီးချင်းနိုင်ငံများ အထူးသဖြင့် တရုတ်နိုင်ငံနှင့် ရာစုနှစ်ချီကြာမြင့်ခဲ့ပြီဖြစ်သော ဆွေမျိုးပေါက်ဖော် ရင်းနှီးချစ်ကြည်မှုကို ဆက်လက်တန်ဖိုးထားထိန်းသိမ်းပြီး အကျိုးတူ ပူးပေါင်း လက်တွဲသွားရေးသည် NUCC နှင့်တကွ မြန်မာ့တော်လှန်ရေးအင်အားစုများ၏ စိတ်ရင်းသဘောထားဖြစ်ပါတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် “Operation 1027” အဓိကရည်ရွယ်ချက်တခုဖြစ်တဲ့ နယ်စပ်အခြေပြု နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ၊ အွန်လိုင်းအခြေပြုရာဇဝတ်မှုများ ပပျောက်ရေးတို့သည်လည်း အနာဂတ်တွင် မြန်မာနိုင်ငံနှင့် အိမ်နီးချင်း တရုတ်နိုင်ငံတို့ရှိ နှစ်နိုင်ငံ ဒေသခံပြည်သူများနှင့် ပြည်သူလူထုတရပ်လုံးကို အကျိုးရှိစေပြီး လုံခြုံစိတ်ချရသော နယ်စပ်ကုန်သွယ်ရေး စည်ပင်ဖွံ့ဖြိုးမှုတို့ကို ပိုမိုခိုင်မာ အားကောင်း စေမည့် တရားဥပဒေစိုးမိုးရေး အခြေခံလုပ်ငန်းများဖြစ်သည်ဟု ယူဆပြီး အလေးအနက်ထောက်ခံ ကြောင်းလည်း NUCC က အသိပေးထားပါတယ်။

စစ်အုပ်စု၊ စစ်အစိုးရနှင့် စစ်ဗျူရိုကရေစီယန္တရားဟူသည့် စစ် - စစ်ကို အမြစ်ဖြတ်နိုင်ရန်အတွက် အကြမ်းဖက်စစ်ကောင်စီကို ချေမှုန်းတိုက်ခိုက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တော်လှန်ရေးတပ်ပေါင်းစုကြီးတရပ် ပူးပေါင်းဖွဲ့စည်းကာ နယ်မြေ ဒေသ အသီးသီးတွင် တော်လှန်ရေးလှုပ်ရှားမှုများ ချိတ်ဆက်ဖော်ဆောင်နိုင်ရေးကိုလည်း NUCC အနေဖြင့် အပြည့်အဝသဘောတူကြိုဆိုပြီး လက်တွေ့အကောင်အထည်ပေါ်လာရန် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။


ဒါ့အပြင် စစ်ကောင်စီနှင့် စစ်အုပ်စု လက်အောက်ခံလက်နက်ကိုင်တပ်ဖွဲ့များ၊ နိုင်ငံရေး အစုအဖွဲ့များနှင့် အရပ်ဘက်ဝန်ထမ်းများအနေဖြင့်လည်း “Operation 1027” အပါအဝင် နိုင်ငံတဝန်းရှိ စစ်ရေး၊နိုင်ငံရေး၊ စီးပွားရေးမျက်နှာစာများတွင် အကြမ်းဖက်စစ်ကောင်စီ၏ အဘက်ဘက်က ကျရှုံးနေမှုများကို အရှိအတိုင်း အမှန်အတိုင်း ဆင်ခြင်သုံးသပ်၍ မိမိတို့ တဦးချင်း တစုတဖွဲ့ချင်းအတွင်း အချိန်ကာလ မနှောင်းမီ နီးစပ်ရာ တော်လှန်ရေး အင်အားစုများထံ လက်နက်ချ အလင်းဝင် ပူးပေါင်းခြင်းဖြင့် ပြည်သူလူထု၏ရင်ခွင်သို့ ခိုလှုံကြရန် ကြိုဆိုဖိတ်ခေါ်လိုက်ပြီး၊ အကြမ်းဖက်စစ်ကောင်စီအား ဆင်ခြင် ဉာဏ်ကင်းမဲ့စွာ ဆက်လက်သစ္စာခံ ထောက်ပံ့အားပေးနေသူများကို ထိရောက်စွာ အပြစ်ပေး အရေးယူ သွားမည်ဖြစ်ကြောင်း NUCC သတိပေးထားပါတယ်။ 


ဒါ့ကြောင့် နိုင်ငံတဝန်းလုံးရှိ ပြည်သူလူထုတရပ်လုံးအနေဖြင့်လည်း လှိုင်းများကဲ့သို့ တလှိုင်းပြီး တလှိုင်း အရှိန်မြင့်လာပြီဖြစ်သည့် နွေဦးတော်လှန်ရေးကြီးတွင် မိမိတို့တတ်နိုင်သည့်နည်းများဖြင့် ဆက်လက် ပါဝင်သွားရန်၊ “Operation 1027” ကို အဘက်ဘက်က ထောက်ခံပံ့ပိုးသွားရန်နှင့်ဖက်ဆစ်ဝင်ငွေ ဖြတ်တောက် ပြည်သူ့ဘဏ္ဍာတည်ဆောက်မည့် စီးပွားရေးသပိတ်လှုပ်ရှားမှုကဲ့သို့ လက်နက်မဲ့ လူထု တိုက်ပွဲများတွင် အင်အားအပြည့်ပါဝင်သွားကြရန် NUCC က တိုက်တွန်းထားပါတယ်။


========================


📌📌 ၂။ မန်ချက်စတာမြို့တွင် UK ရောက် မြန်မာများနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး တွေ့ဆုံ


အောက်တိုဘာ ၂၉။


အမျိုးသားညီညွတ်ရေး အစိုးရ၊ ပညာရေးဝန်ကြီးဌာန နှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခ ဒေါက်တာဇော်ဝေစိုး မန်ချက်စတာမြို့တွင် ယူကေနိုင်ငံရောက် မြန်မာတိုင်းရင်းသားများ နဲ့ ရင်းနှီးစွာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။


ပြည်ထောင်စု ဝန်ကြီးက United Kingdom, မန်ချက်စတာမြို့မှာ ပြုလုပ်ခဲ့တဲ့မန်ချက်စတာ ဟင်းအိုးကြီး နှစ်နှစ်ပြည့် တော်လှန်ရေး ရန်ပုံငွေပွဲသို့ တက်ရောက်ခဲ့ကာ UK ရောက်မြန်မာ ဆရာဝန်များ အပါအဝင် တော်လှန်ရေး ညီကိုမောင်နှမများနဲ့ ရင်းနှီးစွာ တွေ့ဆုံခဲ့ပြီး နွေဦးတော်လှန်ရေး လက်ရှိ အခြေအနေ၊ ရှေ့ဆက်ရန် အခြေအနေများနဲ့ လိုအပ်ချက်များကို ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။


အဆိုပါပွဲသို့ ယူကေနိူင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးမောင်မောင်အောင် နှင့် ဒေါက်တာ သက်ကိုကိုတို့လည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။


========================


📌📌 ၃။ ပင်လယ်ဘူးတွင် စစ်ဘေးရှောင် ကလေးငယ်များကို စာရေးကရိယာများ ထောက်ပံ့


အောက်တိုဘာ ၂၉။


အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ရဲ့ လမ်းညွန်းမှုဖြင့် ပင်လယ်ဘူးမြို့နယ်တွင် စစ်ဘေးရှောင် ကလေးငယ်များကို စာရေးကရိယာများ ထောက်ပံ့လှူဒါန်းပေး ခဲ့တယ်လို့ သိရပါတယ်။


စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လယ်ဘူးမြို့နယ်တွင် အောက်တိုဘာလ ၂၆ ရက်နေ့က အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာ ဌာနမှ မြို့နယ် တာဝန်ခံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) အဖွဲ့ဝင်များ၊ ရပ်ကျေးတာဝန်ခံများက မြို့နယ်အတွင်းရှိ ကျေးရွာများမှ စစ်ဘေးရှောင် ကျောင်းသား/သူ လူငယ်များအတွက် ဗလာစာအုပ်နှင့် စာရေးကရိယာများကို ပညာရေးဝန်ကြီးဌာနရဲ့ အကူအညီဖြင့် ပံပိုးလှူဒါန်းပေးခဲ့တယ်လို့ MOWYCA က သတင်းထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ Operation 1027 ဒုတိယနေ့တွင် သံချပ်ကာ စီးကို သိမ်းပိုက်ရရှိ


အောက်တိုဘာ ၂၉။


Operation 1027 အတွင်း စစ်ကောင်စီတပ်ရဲ့ သံချပ်ကာကား စီးကို အကောင်းတိုင်းနီးပါး သိမ်းပိုက်ရရှိ ခဲ့တယ်လို့ သိရပါတယ်။


အကြမ်းဖက် စစ်တပ်ရဲ့ MT-LBsh သံချပ်ကာ တိုက်ခိုက်ရေး ယာဥ် () စီးကို စစ်ဆင်ရေး စတင်တဲ့ ဒုတိယနေ့ အောက်တိုဘာ ၂၈ရက် မှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တာ ဖြစ်တယ်လို့ MNDAA က သတင်းထုတ်ပြန်ထားပါတယ်။


ရှမ်းပြည် အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ တရုတ် - မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ချင်းရွှေဟော်မြို့ကို ကိုးကန့်တပ် - MNDAA က ဝင်ရောက်တိုက်ခိုက်အပြီး တမြို့လုံးနီးပါး ထိန်းချုပ်နိုင်ပြီလို့ ဆိုပါတယ်။


Operation 1027 စစ်ဆင်ရေး စတင်ပြီး ရက်ပိုင်းအတွင်းမှာ စစ်ကောင်စီတပ်စခန်း (၄၀) ကျော်ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီး ဖြစ်တယ်လို့ သိရပါတယ်။


အကြမ်းဖက် စစ်တပ်အနေနဲ့ တင့်ကားတွေ၊ သံချပ်ကာယာဥ်တွေ၊ အတွဲလိုက်ဒုံးတွေ၊ အမြောက်ကြီးတွေ၊ တိုက်လေယာဥ်တွေ အသုံးပြုနေပေမယ့်လဲ လူထုတရပ်လုံး ထောက်ခံမှု ရရှိထားတဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ စိတ်ဓာတ်နဲ့ မဟာဗျူဟာကို ယှဥ်လို့မရဘူးဆိုတာ Operation 1027 ရဲ့ အောင်မြင်မှုက ပြသနေပါတယ်။


ပြီးခဲ့တဲ့ ဧပြီလတုန်းက စစ်ကောင်စီ သံချပ်ကာ စီးကို ချင်းအမျိုးသား တပ်မတော် (CNA), ချင်းကာကွယ်ရေးတပ် (CDF) ပူးပေါင်းတပ်က ဟားခါး - ဖလမ်း အကြားတနေရာမှာ တိုက်ခိုက် ဖျက်ဆီးခဲ့ဖူးပါတယ်။


========================


📌📌 ၅။၁၀၂၇စစ်ဆင်ရေးရဲ့ တတိယမြောက်နေ့ နံနက်အစောပိုင်းမှာ လားရှိုး၊ နောင်ချိုနှင့် သိန္နီတို့တွင် တိုက်ပွဲများ ဖြစ်နေ၊ လားရှိုးမြို့ အရှေ့ဘက်ရှိ စစ်ကောင်စီ စခန်းကို သိမ်းပိုက်


အောက်တိုဘာ ၂၉။


၁၀၂၇စစ်ဆင်ရေးရဲ့ တတိယမြောက်နေ့ ဖြစ်တဲ့ ဒီနေ့မနက် အစောပိုင်းမှာ ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ နောင်ချိုမြို့နယ်နှင့် သိန္နီမြို့နယ်တို့မှာ တိုက်ပွဲများ၊ ပစ်ခတ်မှုများ ဖြစ်နေတယ်လို့ ဒေသခံပြည်သူတွေ ဆီက‌ သိရပါတယ်။


လားရှိုးမြို့နယ်တွင် အောက်တိုဘာလ ၂၈ ရက်နေ့ ညပိုင်းမှ အောက်တိုဘာလ ၂၉ ရက်နေ့ မနက်ပိုင်းအထိ ပစ်ခတ်မှုများ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီး ယနေ့ နံနက် နာရီ ၄၀ မိနစ်အချိန်တွင် ခမရ ၅၀၇ တပ်၊ ခလရ ၄၁ တပ်တို့ တွင် ပစ်ခတ်မှုများ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။


အလားတူ သိန္နီမြို့နယ်မှာလည်း မနေ့က တစ်ညလုံးနဲ့ ယခုနေ့ မနက်ပိုင်းအထိ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေတယ်လို့ ဒေသပြည်သူတွေက ဆိုပါတယ်။


မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNTJP/MNDAA) က ဒီနေ့မနက် အစောပိုင်းမှာ  ၁၀၂၇ စစ်ဆင်ရေး တတိယနေ့အဖြစ် လားရှို့အရှေ့ဘက်ရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။


ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့ကို မြောက်ပိုင်းမဟာမိတ်ညီနောင်အဖွဲ့က အောက်တိုဘာလ ၂၉ ရက် ဒီကနေ့ မနက်ပိုင်း နာရီလောက်မှာ ထိန်းချုပ်လိုက်နိုင်ပြီလို့ ဒေသခံတွေက ပြောဆိုနေကြ ပါတယ်။


သိန္နီမြို့ အဝင်အထွက် ဂိတ်မှာရှိတဲ့ စစ်တပ်နဲ့လက်အောက်ခံရဲများ အားလုံး ဆုတ်ခွာသွားပြီလို့ ဒေသခံသတင်းတွေက ဆိုပါတယ်။


နောင်ချိုမြို့နယ်မှာလည်း မနေ့က TNLA နှင့် မန္တလေး PDF များပူးပေါင်းပြီး သံဘိုကျေးရွာရှိ နတ်စင်ကုန်း စစ်တပ်စခန်းကို အပြီးအသတ် သိမ်းပိုက် နိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၆။ စစ်ဆင်ရေးစတင်ပြီး ၂၄ နာရီအတွင်း စစ်တပ်စခန်း ၄ဝ ကျော်ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့ ထုတ်ပြန်


စစ်ဆင်ရေးစတင်ပြီဟုကြေညာခဲ့ပြီးနောက် ၂၄ နာရီအတွင်း ရန်သူ့စစ်ကောင်စီတပ်စခန်း ၄ဝ ကျော်ကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ညီနောင်မဟာမိတ် ၃ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ 

Operation 2017 (၁၀၂၇ စစ်ဆင်ရေး) ပထမနေ့တွင် မိမိတို့ညီနောင်မဟာမိတ် ဖွဲ့အပါအဝင် နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသော မိတ်ဖက်တော်လှန်ရေးအဖွဲများနှင့်အတူ ၁၀၂၇-စစ်ဆင်ရေးကို တပြိုင်နက်တည်း ဟန်ချက်ညီ တိုက်ပွဲဝင်နိုင်ခဲ့တာကြောင် ရန့်သူ့စခန်းကြီး၊ စခန်းငယ် ၄၀ ကျော်ကို တရက်တည်း ၂၄ နာရီအတွင်း သိမ်းပိုက်ရယူနိုင်ခဲ့ တာလို့ ဖော်ပြထားပါတယ်။ 

အခုလို ရန်သူ့စခန်း ၄၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်ရယူရာတွင် သတ္တိရှိရှိ၊ ရဲရဲဝံ့ဝံ့၊ စွန့်စွန့်စားစား တိုက်ပွဲဝင်ခဲ့ကြသော မိမိတို့ရဲဘော်များအားလုံးနှင့် အခြားသောအဖွဲ့အစည်းအသီးသီးမှ ရဲဘော်တယောက်ချင်းစီကို လေးနက်စွာ တန်ဖိုးထား ဂုဏ်ပြုပါသည်လို့လည်း ပါရှိပါတယ်။ 

ကိုယ်လက်အင်္ဂါ၊ အသက်၊ သွေး၊ ချွေး၊ ဘဝ တို့ ပေးဆပ်စွန့်လွှတ်ခဲ့ကြသော ရဲဘော်တယောက်ချင်းစီ၏ ပေးဆပ် စွန့်လွှတ်အနစ်နာခံမှုတို့ကိုလည်း မှတ်တမ်းတင်ဂုဏ်ပြုကြောင်းနှင့် စစ်ဆင်ရေးအတွင်း မိမိတို့ ကျရာနေရာနှင့် တာဝန်ပေးထားသောနေရာများမှ စစ်ဆင်ရေးတာဝန်များကို ကျေပွန်စွာဝင်ရောက် ထမ်းဆောင်ပေးခဲ့ကြသူများ အားလုံးကိုလည်း အထူးလေးနက်စွာ ကျေးဇူးတင်ဂုဏ်ယူကြောင်း ညီနောင်မဟာမိတ် ဖွဲ့ဖြစ်သော ကိုးကန့် တပ်မတော် (MNDAA) တအာင်းတပ်မတော် (TNLA) ရက္ခိုင်တပ်မတော် (AA) တို့က အသိပေးထုတ်ပြန်ထားပါတယ်။


စစ်ကောင်စီသည် ၎င်းတို့၏စခန်းများ တခုပြီးတခုကျဆုံးလျက်ရှိသောကြောင့် ၎င်းတို့၏ အကျင့်ဝသီ ဗီဇအတိုင်း ပြည်သူများကိုပစ်မှတ်ထားတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုများကို မိုက်ရူးရဲစွာ ကျူးလွန်လျက်ရှိရာ အောက်တိုဘာလ ၂၈ ရက်နေ့ မွန်းလွဲ နာရီခန့်အချိန်က ဂျက်ဖိုက်တာဖြင့် နမ္မတူမြို့နယ် ရွာသစ်ပါင်ဆာ ကျေးရွာအတွင်းသို့ ကြိမ်တိုင် လာရောက်ပစ်ခတ်ခဲ့သည့်အတွက် ဒေသခံပြည်သူ ဦး ဗုံးစထိမှန်ဒဏ်ရာရခဲ့ပြီး နေအိမ် ၅လုံး ပျက်စီးခဲ့ရကြောင်း Operation 1027-3BHA ကလည်း အသိပေးထားပါတယ်။


========================


📌📌 ၇။ မတူပီခရိုင်ရုံတွင် တပ်စွဲထားသောစစ်ကောင်စီတပ်ကို တိုက်ခိုက်မှု စစ်သားတဦးသေဆုံးကာ ဦး ဒဏ်ရာရ 


ချင်းပြည်နယ် မတူပီမြို့နယ်က ခရိုင်ရုံးမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့တာမှာ စစ်သား တဦးသေဆုံးပြီး ဦးထက်မနည်း ဒဏ်ရာရရှိသွားတယ်လို့ CDF Matupi တပ်ရင်း- ဆီက သိရပါတယ်။

မတူပီ-ဟားခါးလမ်းမပေါ်မှာရှိတဲ့ ခရိုင်ရုံးမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေ အင်အားအလုံးအရင်းနဲ့ အင်အားတိုးချဲ့လာတဲ့အတွက် အောက်တိုဘာလ ၂၇ ရက်နေ့ ညနေ နာရီခန့်အချိန်မှာ CDF Matupi Battalion – 2 နဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာလို့လည်း သိရပါတယ်။

ဒီတိုက်ခိုက်မှုမှာ CDF Matupi Battalion – 2 ကရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့လည်း သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီဘက်က အင်အားတိုးချဲ့မှုတွေလုပ်ဆောင်လာတဲ့အတွက် မတူပီ-ဟားခါး လမ်းပိုင်းတလျောက်မှာ တိုက်ပွဲတွေ အချိန်မရွေးဖြစ်လာနိုင်တာကြောင့် ပြည်သူများအနေနဲ့ လက်နက် ကိုင်ဆောင်ခြင်းနဲ့အမဲလိုက်ခြင်းတွေ မပြုလုပ်ကြဖို့ CDF Matupi တပ်ရင်း- အသိပေးတိုက်တွန်းထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့်မင်းစစ် သွေးတို့မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment