5th OCT 2023 - Evening Daily News by Radio NUG


၂၀၂၃ အောက်တိုဘာလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ဖက်ဒရယ်မူဝါဒပါ ပညာရေးစံတန်ဖိုးများကို အကောင်အထည်ဖော်ဆောင်ရွက်နိူင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အမေရိကန်ဒေါ်လာတစ်သန်း ကျော် ပညာရေးရန်ပုံငွေ ချထားပေးခဲ့တယ်လို့ ယာယီသမ္မတပြောကြား

📌 ၂။ လုပ်အားပေး စေတနာ့ဝန်ထမ်း ဆရာ /ဆရာမတွေကို ထပ်မံခန့်အပ်နိုင်ဖို့ ဆောင်ရွက်နေ

📌 ၃။ အကြမ်းဖက်စစ်ကောင်စီက စစ်တပ်ကိုခါးပိုက်ထောင်တပ်ဖွဲ့လိုကျွန်ပြုနေတယ်လို့ဆို

📌 ၄။ စစ်အာဏာရှင်များသည် တိုင်းပြည်ကိုအုပ်ချုပ်နိုင်ခြင်း၊ တိုင်းပြည်စီးပွားရေး စီမံခန့်ခွဲနိုင်ခြင်း မရှိသည့်အပြင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ပေးစွမ်းနိုင်ခြင်း မရှိသည်မှာ ရှင်းလင်းနေကြောင်း ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းဖွင့်ချ

📌 ၅။ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများမှ လွတ်မြောက်ပြီး သက်ဆိုင်ရာနိုင်ငံများ၌ ခိုလှုံလာသည့် အမျိုးသမီးနှင့် မိန်းကလေးငယ်များအား ကာကွယ်ပေးရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း အိမ်နီးချင်းနိုင်ငံများကို တိုက်တွန်း

📌 ၆။ မြိုင်မြို့နယ်ကိုင်းတောမကျေးရွာရှိ စက်မှု၂တပ်အတွက် ရေပို့နေသော ရေစက်တွင်းစောင့်စကစကင်းအဖွဲ့ကို ကာကွယ်ရေးတပ်ဖွဲ့များက ခြုံခိုတိုက်ခိုက်၍ စကစတပ်ဖွဲ့ဝင်၆ဦးသေဆုံး

📌 ၇။ စက်တင်ဘာလတွင်ဖြစ်ပွားခဲ့သော ကရင်နီပြည်နယ်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင်(၇၈)ဦး သေဆုံးခဲ့ပြီး  ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှ  စစ်ကောင်စီတပ်၏ ကား ()စီးကို မီးရှို့ဖျက်ဆီးနိူင်ခဲ့

📌 ၈။ စက်တင်ဘာလအတွင်း FRF အဖွဲ့နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲတိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ပြီးအရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦးခန့်သေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ဖက်ဒရယ်မူဝါဒပါ ပညာရေးစံတန်ဖိုးများကို အကောင်အထည်ဖော်ဆောင်ရွက်နိူင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အမေရိကန်ဒေါ်လာတစ်သန်း ကျော် ပညာရေးရန်ပုံငွေ ချထားပေးခဲ့တယ်လို့ ယာယီသမ္မတပြောကြား


အောက်တိုဘာ၅ရက်


ဖက်ဒရယ်မူဝါဒပါ ပညာရေးစံတန်ဖိုးများကို အကောင်အထည်ဖော်ဆောင်ရွက်နိူင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အမေရိကန်ဒေါ်လာတစ်သန်းကျော် ပညာရေးရန်ပုံငွေ ချထားပေးခဲ့တယ်လို့ အောက်တိုဘာ၅ရက် ကမ္ဘာ့ဆရာများနေ့အခမ်းအနားမှာ ယာယီသမ္မတဒူဝါလရှီးလမှပြောကြားခဲ့ပါတယ်။


"အခုအချိန်မှာတော်လှန်ရေးနဲ့အတူ နိူင်ငံတော် ပြန်လည်တည်ဆောက်ရေးဖြစ်တဲ့ တိုင်းပြည်ရဲ့ပညာရေးကိုလည်းအထူးအလေးထားလုပ်ဆောင်နေပါတယ်။ဖက်ဒရယ်ပဋိညာဥ်ပါစာတမ်း၊ဖက်ဒရယ်မူဝါဒပါ ပညာရေးစံတန်ဖိုးများကို အကောင်အထည်ဖော်ဆောင်ရွက်နိူင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အမေရိကန်ဒေါ်လာတစ်သန်း ကျော် ပညာရေးရန်ပုံငွေ ချထားပေးခဲ့ပါတယ်"လို့ ယာယီသမ္မတကပြောပါတယ်။


လက်ရှိမှာ အခြေခံ ပညာ အွန်လိုင်းကျောင်းပေါင်း ၇၀ ကျော်၊မြေပြင် ကျောင်းပေါင်း၅၀၀၀ ကျော်ကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါတယ်။


========================


📌📌 ၂။ လုပ်အားပေး စေတနာ့ဝန်ထမ်း ဆရာ /ဆရာမတွေကို ထပ်မံခန့်အပ်နိုင်ဖို့ ဆောင်ရွက်နေ


အောက်တိုဘာ၅ရက်


လုပ်အားပေး စေတနာ့ဝန်ထမ်း ဆရာ /ဆရာမတွေကို ထပ်မံခန့်အပ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှအောက်တိုဘာ၅ရက်ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ပြောကြားလိုက်ပါတယ်။


"ဝန်ကြီးဌာနရဲ့ မူဝါဒတွေကို အကောင်အထည်ဖော်နေတဲ့ အခြေခံပညာကဏ္ဍက CDM ဆရာ/ ဦးရေ စုစုပေါင်း ၁၁၆,၁၃၇ ဦးရှိတယ်လို့ ယခုနှစ်၊ မတ်လရဲ့ စစ်တမ်းကောက်ယူမှုကနေ သိရှိခဲ့ရပြီး အလုပ်တာဝန်တွေ မျှဝေထမ်းဆောင်ပေးနိုင်ဖို့ လုပ်အားပေး စေတနာ့ဝန်ထမ်း ဆရာ /မတွေကိုလည်း ထပ်မံခန့်အပ်နိုင်ဖို့ ဆောင်ရွက်နေတာတွေရှိတယ်လို့ သိရှိထားပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် နဂိုရှိပြီးသား ဆရာ/ဆရာမနဲ့ ဝန်ထမ်းတွေရဲ့ စားဝတ်နေရေးအတွက် သင်တင့်မျှတတဲ့ ထောက်ပံ့ မှုအတွက်ကိုလည်း အစိုးရဘက်က အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်ဖို့ စီမံဆောင် ရွက်လျက်ရှိတယ်လို့သိရပါတယ်။ 


========================


📌📌 ၃။ အကြမ်းဖက်စစ်ကောင်စီက စစ်တပ်ကိုခါးပိုက်ထောင်တပ်ဖွဲ့လိုကျွန်ပြုနေတယ်လို့ဆို


အောက်တိုဘာ၅ရက်


အကြမ်းဖက်စစ်ကောင်စီက စစ်တပ်ကိုခါးပိုက်ထောင်တပ်ဖွဲ့လိုကျွန်ပြုနေတယ်လို့ NUGကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက အောက်တိုဘာလအတွင်း တပ်CDMများနဲ့စကားဝိုင်းမှာပြောကြားခဲ့ပါတယ်။


"ပွင့်ပွင့်လင်းလင်းပြောရရင် စစ်သားတွေ၊တပ်မတော်အရာရှိတွေဆိုတာ အာဏာရှင်တွေက ကျွန်ပြုထားတဲ့သဘောပဲ။စစ်တပ်ကိုခါးပိုက်ထောင်တပ်ဖွဲ့လိုကျွန်ပြုတယ်။အဲဒီလူတွေနဲ့ပြည်သူတွေကိုတစ်ခါကျွန်ပြုတယ်။အခုဆို သူတို့ခါးပိုက်ဆောင်တပ်တွေကအမြင်မှန်ရလာတော့ ပြည်သူ့ရင်ခွင်ခိုလှုံလာတာများလာတာနဲ့အမျှ စိတ်ဓာတ်စစ်ဆင်ရေးတွေလုပ်လာတာရှိတယ်"လို့ဆိုပါတယ်။


အကြမ်းဖက်စစ်တပ်အတွင်း ပြိုကွဲမှုများရှိလာပြီး တပ်CDMများကိုလည်း ကောလဟလများဖြန့်ချီ၍ ပျောက်ဆုံးသွားသယောင်ပြောဆိုမှုများရှိလာခဲ့ပါတယ်။


လက်ရှိမှာ ပြည်သူ့ရင်ခွင်သို့လက်နက်နဲ့တကွခိုလှုံလာသော စကစတပ်ဖွဲ့ဝင်များကို ကာကွယ်ရေးဝန်ကြီးဌာနကဂုဏ်ပြုဆုငွေများချီးမြှင့်ပေးလျက်ရှိပြီး လုံခြုံဘေးကင်းရာသို့ပို့ဆောင်ပေးလျက်ရှိပါတယ်။


========================


📌📌 ၄။ စစ်အာဏာရှင်များသည် တိုင်းပြည်ကိုအုပ်ချုပ်နိုင်ခြင်း၊ တိုင်းပြည်စီးပွားရေး စီမံခန့်ခွဲနိုင်ခြင်း မရှိသည့်အပြင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ပေးစွမ်းနိုင်ခြင်း မရှိသည်မှာ ရှင်းလင်းနေကြောင်း ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းဖွင့်ချ


အောက်တိုဘာ၅ရက်


(၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဒုတိယကော်မတီ၏ ဘာသာရပ်အစီအစဉ် (၂၀) အောက်ရှိ အထူးအခြေအနေရှိနိုင်ငံအုပ်စုများ၊ ခေါင်းစဉ်ခွဲ () - ပဉ္စမအကြိမ် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများဆိုင်ရာ ကုလသမဂ္ဂညီလာခံ၏ ဆုံးဖြတ်ချက်များအား ဆက်လက်အရေးယူဆောင်ရွက်ခြင်းနှင့်ပတ်သက်သည့် အထွေထွေမူဝါဒဆွေးနွေးပြောကြားမှု၌  ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ အခုလို ဆိုခဲ့ပါတယ်။


"မြန်မာနိုင်ငံတွင် တရားမ၀င်စစ်အာဏာသိမ်းယူခဲ့သည်မှာ နှစ်နှစ်ခွဲကျော်ရှိပြီဖြစ်ပြီး စစ်အာဏာရှင် များ၏ ဆိုးရွားရက်စက်ကြမ်းကြုတ်မှုများအပြင် နိုင်ငံတဝှမ်း ဆိုးရွားစွာ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ပြည်သူများသည် နေ့စဉ်နှင့်အမျှ နိုင်ငံရေးနှင့် လူမှုစီးပွားစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေကြရကြောင်း၊  တရားမ၀င် စစ်အာဏာသိမ်းယူခဲ့ခြင်း၏ အကျိုးဆက်များကြောင့် လူအများအပြားသည် အလုပ်အကိုင်များရှာဖွေရန်၊ အခြေခံဝန်ဆောင်မှုများရရှိရန်နှင့် စားဝတ်နေရေး အဓိက လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေး အစားအစာအလုံအလောက်ရရှိရန်ကိုပင် ရုန်းကန် နေရကြောင်း၊ စစ်အာဏာရှင်များသည် တိုင်းပြည်ကိုအုပ်ချုပ်နိုင်ခြင်း၊ တိုင်းပြည်စီးပွားရေး စီမံခန့်ခွဲနိုင်ခြင်း မရှိသည့်အပြင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ပေးစွမ်းနိုင်ခြင်း မရှိသည်မှာ ရှင်းလင်းနေပါကြောင်း"သံအမတ်ကြီးကဆိုခဲ့ပါတယ်။


ဒါ့အပြင် မြန်မာပြည်သူများအား ခိုင်မာထိရောက်သော ပံ့ပိုးကူညီမှုများပေးရန် နိုင်ငံတကာအသိုက် အဝန်းအား ထပ်မံပန်ကြားလိုပါကြောင်း၊ ကုလသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာပြည်သူများ၏ စကားကို ဂရုတစိုက်နားထောင်ပြီး ကုလသမဂ္ဂမှ မြန်မာနိုင်ငံအပေါ် တာဝန်ပျက်ကွက်မှုမရှိစေရန်နှင့် မြန်မာပြည်သူများအတွက် တစ်ဦးတစ်ယောက်မျှ ချန်လှပ်မထားဆိုသည့်မူကို လက်တွေ့အကောင်အထည် ဖော်ရန် တိုက်တွန်းပါကြောင်း သံအမတ်ကြီးကထပ်လောင်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၅။ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများမှ လွတ်မြောက်ပြီး သက်ဆိုင်ရာနိုင်ငံများ၌ ခိုလှုံလာသည့် အမျိုးသမီးနှင့် မိန်းကလေးငယ်များအား ကာကွယ်ပေးရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း အိမ်နီးချင်းနိုင်ငံများကို တိုက်တွန်း


အောက်တိုဘာ၅ရက်


အောက်တိုဘာ၄ရက်ကျင်းပတဲ့(၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေး၌ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အထွေထွေဆွေးနွေးမှုတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ အခုလိုပြောကြားခဲ့ပါတယ်။


"မြန်မာနိုင်ငံအတွင်း၊ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားရာဒေသများရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ် များသည် စစ်တပ်၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများမှ အကာအကွယ် လိုအပ်လျက်ရှိကြောင်း၊ အသက်ရှင်ကျန်ရစ်သူများအနေဖြင့် တရားမျှတမှုကို ရပိုင်ခွင့်ရှိကြောင်း၊  စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများမှ လွတ်မြောက်ပြီး သက်ဆိုင်ရာနိုင်ငံများ၌ ခိုလှုံလာသည့် ပြည်သူများ အထူးသဖြင့် အမျိုးသမီးနှင့် မိန်းကလေးငယ်များအား ကာကွယ်ပေးရန် ဒေသတွင်းနိုင်ငံများ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများကို တိုက်တွန်း လိုကြောင်း"သံအမတ်ကြီးကပြောကြားခဲ့ပါတယ်။


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ လွန်ခဲ့သည့် ၃၁ လအတွင်း စစ်တပ်၏ မတရားသတ်ဖြတ်မှုကြောင့် လူပေါင်း ၄၁၄၁ ဦး သေဆုံးခဲ့ပြီး၊ ၆၁၃ ဦး ကျော်မှာ အမျိုးသမီးများ ဖြစ်ကြောင်းသိရပါတယ်။


"စစ်တပ်မှ တရားမ၀င်ကွပ်မျက်ခြင်းခံခဲ့ရသော အမျိုးသမီးများ၏ ရုပ်အလောင်းများ၌ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ကိုက်ညီသောဒဏ်ရာများ တွေ့ရှိရကြောင်း၊ ယင်းကဲ့သို့ လူမဆန်သည့်လုပ်ရပ်များကို ရပ်တန့်ရမည် ဖြစ်ကြောင်း"လည်း သံအမတ်ကြီးကထပ်လောင်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၆။ မြိုင်မြို့နယ်ကိုင်းတောမကျေးရွာရှိ စက်မှု၂တပ်အတွက် ရေပို့နေသော ရေစက်တွင်းစောင့်စကစကင်းအဖွဲ့ကို ကာကွယ်ရေးတပ်ဖွဲ့များက ခြုံခိုတိုက်ခိုက်၍ စကစတပ်ဖွဲ့ဝင်၆ဦးသေဆုံး


အောက်တိုဘာ၅ရက်


အောက်တိုဘာ၅ရက်မှာ စစ်ရေးသတင်းကို မြိုင်ပကဖမှအတည်ပြုဆိုပါတယ်။


"ကိုင်းတောမကျေးရွာရှိ စက်မှု၂တပ်အတွက် ရေပို့နေသော ရေစက်တွင်းစောင့် ကင်းကို မိမိတို့ ကာကွယ်ရေးတပ်ဖွဲ့များက ခြုံခို၍ ချောင်းမြောင်းတိုက်ခိုက်ခဲ့ရာ စကစဘက်က ၆ဦး အနည်းဆုံးသေဆုံးသွားပြီး အများအပြားဒဏ်ရာရရှိသွားပါတယ်"လို့ဆိုပါတယ်။


ကာကွယ်ရေးတပ်ဖွဲ့များဖက်မှ လဲကျသေဆုံးနေသော စကစအလောင်းဘေးရှိ သေနတ်များကို သိမ်းယူဘို့ ကြိုးစားရင်း နှစ်ဦး (မစိုးရိမ်) ဒဏ်ရာရရှိသွားခဲ့ပါတယ်။


စကစဖက်မှ အင်အားတိုးဖြည့်လာသောကြောင့် လက်နက်များ ရရှိခဲ့ခြင်းမရှိခဲ့ဘဲ ၄င်းစကစအလောင်းများနှင့် ဒဏ်ရာရရှိသူများကို  အောက်တိုဘာလ ၄ရက်နေ့ နံနက်ပိုင်းတွင် Mi 17ဖြင့် လာရောက်သယ်ဆောင်သွားကြောင်း သိရပါတယ်။


အထက်ပါတိုက်ခိုက်မှုများကို မြိုင် ပကဖ တပ်ရင်း၁ တပ်ခွဲ တပ်ခွဲ (စက်ြာ) ပကဖတပ်ရင်း၃ တပ်ခွဲ၁ (ဝံပုလွေ) MUGDFတပ်ဖွဲ့နှင့် ပခုက္ကူခရိုင် တပ်ရင်း၂တို့က ပူးဆောင်ဖော်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ၇။ စက်တင်ဘာလတွင်ဖြစ်ပွားခဲ့သော ကရင်နီပြည်နယ်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင်(၇၈)ဦး သေဆုံးခဲ့ပြီး  ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှ  စစ်ကောင်စီတပ်၏ ကား ()စီးကို မီးရှို့ဖျက်ဆီးနိူင်ခဲ့


အောက်တိုဘာ၅ရက်


အောက်တိုဘာလ ()ရက်မှာ KNDFဗဟိုကစစ်ရေးသတင်းကိုအခုလို အတည်ပြုဆိုပါတယ်။


စက်တင်ဘာလအတွင်း KNDFသည် တော်လှန်ရေးပူးပေါင်းတပ်များနှင့်အတူ တိုက်ပွဲပေါင်း(၂၉)ကြိမ် ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။ စက်တင်ဘာလတွင်ဖြစ်ပွားခဲ့သော ကရင်နီပြည်နယ်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင်(၇၈)ဦး သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ပါတယ်။


 ကရင်နီပြည်တဝှမ်းဖြစ်ပွားခဲ့သော တိုက်ပွဲများ အတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ငယ်(၃၆)လက်၊ လက်နက်ကြီး()လက်နှင့် ခဲယမ်းမျိုးစုံကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှ သိမ်းစည်းရမိခဲ့သည့်အပြင် စစ်ကောင်စီတပ်၏ ကား ()စီးကို မီးရှို့ဖျက်စီးခဲ့ပြီး၊ () စီးအား မိုင်းဆွဲ တိုက်ခိုက်နိုင်ခဲ့ပါတယ်။


 ထို့အပြင်KNDF မှ စစ်သုံ့ပန်း () ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပါတယ်လို့ဆိုပါတယ်။


စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်သည် ကရင်နီပြည်အတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း (၂၀)ကြိမ် ပြုလုပ်ခဲ့ရာ အဆိုပါလေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ()ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ()ဦးသေဆုံးခဲ့ပါတယ်။


 အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်()လုံး၊ ကျန်းမာရေးအဆောက်အဦ()လုံး၊ နှင့် ခရစ်ယာန်ဘုရားကျောင်း()ကျောင်း ပျက်စီးခဲ့ရပါတယ်။ 


========================


📌📌 ၈။ စက်တင်ဘာလအတွင်း FRF အဖွဲ့နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲတိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ပြီးအရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦးခန့်သေဆုံး


အောက်တိုဘာ၅ရက်


အောက်တိုဘာ၅ရက်မှာ Freedom Revolution Forceမှ အခုလိုအသိပေးဆိုပါတယ်။


"စက်တင်ဘာလအတွင်းကျွန်တော်တို့ FRF သည် တော်လှန်ရေးမဟာမိတ်အဖွဲ့များနှင့်အတူ တိုက်ပွဲသုံးကြိမ်တိုက်ခိုက်ခဲ့ပြီး ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ပျောက်ကျားပစ်ခတ်မှု့ ကြိမ်ပြုလုပ်ခဲ့ပါတယ်"လို့ဆိုပါတယ်။


အဆိုပါတိုက်ခိုက်မှု့များအတွင်း အရာရှိအပါအဝင် စစ်ကောင်စီတပ်သားဆယ်ဦးခန့်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့သတင်းရရှိပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့်နှင့် မင်းစစ်သွေးတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment