6th OCT 2023 - Morning Daily News by Radio NUG

၂၀၂၃ အောက်တိုဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်အာဏာရှင်တွေဟာ  ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ဖျက်ဆီးမှုတွေကိုပါ တိုးမြှင့်လုပ်ဆောင်လာတာကို တွေ့ရှိရ

📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတက်ရောက်

📌 ၃။ စစ်ကျွန်ပညာရေး၊ ဗဟိုဦးစီးပညာရေးကနေ ဖက်ဒရယ်ဒီမိုကရေစီပညာရေးကို ပြောင်းလဲတော့မှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးအသိပေး

📌 ၄။ စက်တင်ဘာလအတွင်း စစ်ကောင်စီ၏ သတ်ဖြတ်ခံရသည့် အရပ်သားပြည်သူ ၁၃၇ဦးရှိပြီး ၄င်းတို့ထဲတွင် ကလေးငယ်၁၂ဦးနှင့်မသန်စွမ်း၂ဦးတို့ပါဝင်

📌 ၅။ ( ) လတာကာလအတွင်းစစ်ဆင်ရေး () ကြိမ်တိတိ  ဖော်ဆောင်ခဲ့ရာ ရန်သူ(၂၈)ဦးသေဆုံးကာ (၄၀)ဦးဒဏ်ရာရရှိတယ်လို့ ဒေါနစစ်ကြောင်းအတည်ပြု

📌 ၆။ ဒရုန်းစစ်ဆင်ရေးများဆက်တိုက်ဆင်နွှဲရာ စစ်ကောင်စီလက်အောက်ခံစစ်သားနှင့်ပျူစုစုပေါင်း (၁၁ )ဦးသေဆုံးခဲ့တယ်လို့ မြိုင်ပကဖအတည်ပြု

📌 ၇။ မြိုင်မြို့နယ်၊ ကန်နီ(ပျူရွာ) အား မီးလောင်ဗုံး၊ အီနာဂါ ချ၍တိုက်ခိုက်ခဲ့ရာ အီနာဂါပေါက်ကွဲခြင်းကြောင့် ပျူတစ်ဦးသေဆုံး

📌 ၈။ နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်း (၄၁၄၁) ဦးအထိ ရှိလာ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်အာဏာရှင်တွေဟာ  ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ဖျက်ဆီးမှုတွေကိုပါ တိုးမြှင့်လုပ်ဆောင်လာတာကို တွေ့ရှိရ


အောက်တိုဘာလ ၅။

စစ်အာဏာရှင်တွေဟာ  ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ဖျက်ဆီးမှုတွေကိုပါ တိုးမြှင့်လုပ်ဆောင်လာတာကို တွေ့ရှိရတယ်လို့ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားမှာ ယာယီသမ္မတ ဒူဝါလရှီးလကပြောပါတယ်။

"စစ်အာဏာရှင်တွေဟာ ကျွန်တော်တို့နိုင်ငံနဲ့ လူ့အဖွဲ့အစည်းရဲ့ အတွေးအခေါ်တွေ၊ စံတန်ဖိုးတွေကို စနစ်တကျ ဖျက်ဆီးဖို့၊ လွှမ်းမိုးချုပ်ကိုင်ဖို့  ပညာရေးကို အစဉ်အဆက် အသုံးချခဲ့ရုံသာမက အခုကာလမှာတော့ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ဖျက်ဆီးမှုတွေကိုပါ တိုးမြှင့်လုပ်ဆောင်လာတာ တွေ့ရပါတယ်။ 

စစ်ဘက် အရပ်ဘက် ပစ်မှတ် ခွဲခြားမှုမရှိဘဲ စာသင်ကျောင်းတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ မီးရှို့ဖျက်ဆီးတာ၊ ဆရာ ဆရာမတွေကို ဖမ်းဆီးအရေးယူတာ၊ ညှဥ်းပန်းနှိပ်စက်တာ၊ သတ်ဖြတ်တာစတဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို ကျူးလွန်နေပါတယ်။ Global Coalition to Protect Education from Attack (GCPEA) က နောက်ဆုံးထုတ်ပြန်တဲ့ အချက်အလက်တွေအရ ဆိုရင် ၂ဝ၂၂ ခုနှစ်အတွင်း ပညာရေးကဏ္ဍတိုက်ခိုက်ခံရတဲ့ ထိပ်ဆုံး နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်"လို့ဆိုပါတယ်။


အဆိုပါစစ်ကောင်စီရဲ့ လူမဆန်တဲ့ စစ်ရာဇဝတ်မှု သက်သေအထောက်အထားတွေကို မှတ်တမ်းတင်ရယူပြီး တရားမျှတမှု ပြန်ယူဆောင်နိုင်ဖို့ အားလုံး တစိုက်မတ်မတ် ကြိုးစားသွားရမှာ ဖြစ်တယ်လို့ယာယီသမ္မတကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတက်ရောက်


အောက်တိုဘာလ  ၅။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၄၀/၂၀၂၃) ကို အောက်တိုဘာ ၅ရက်မှာ ကျင်းပခဲ့ပြီး ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ တက်ရောက်၍  အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၃၉/၂၀၂၃)တွင် ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဦးဆောင်ကာပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၃။ စစ်ကျွန်ပညာရေး၊ ဗဟိုဦးစီးပညာရေးကနေ ဖက်ဒရယ်ဒီမိုကရေစီပညာရေးကို ပြောင်းလဲတော့မှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးအသိပေး


အောက်တိုဘာလ ၅။

အောက်တိုဘာလ၅ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးမှ စစ်ကျွန်ပညာရေး၊ ဗဟိုဦးစီးပညာရေးကနေ ဖက်ဒရယ်ဒီမိုကရေစီပညာရေးကို ပြောင်းလဲတော့မှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။


"ယခင်စစ်ကျွန်ပညာရေး၊ ဗဟိုဦးစီးပညာရေးကနေ ဖက်ဒရယ်ဒီမိုကရေစီပညာရေးကို ပြောင်းလဲတော့မှာဖြစ်ပါတယ်။ ပြောင်းလဲတော့မယ့်အခါမှာ ဆရာ၊ ဆရာမများရဲ့အခန်းကဏ္ဍ၊ ပညာရေးအခန်းကဏ္ဍဟာ သိပ်ကိုအရေးကြီးပါတယ်။ တကယ့်ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်ကို ဆရာ၊ ဆရာမများ တကယ့်အရေအတွက်ရော၊ အရည်အချင်းရော ပြည့်မီစွာနဲ့ပြောင်းလဲကြရမှာဖြစ်ပါတယ်။ ဖက်ဒရယ်ယူနစ်တိုင်း၊ ယူနစ်တိုင်းမှာ တနိုင်ငံလုံးအရေအတွက် အရည်အချင်းပြည့်မီဖို့အရေးကြီးပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာကြားကာလအတွင်း တည်ထောင်ဖွင့်လှစ်တဲ့ အဆင့်မြင့်ပညာကျောင်းများအတွက် အသိအမှတ်ပြုမှု မူဝါဒကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ () ရက်နေ့မှာ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က အတည်ပြု ပြဌာန်းခဲ့ပါတယ်။


========================


📌📌 ၄။ စက်တင်ဘာလအတွင်း စစ်ကောင်စီ၏ သတ်ဖြတ်ခံရသည့် အရပ်သားပြည်သူ ၁၃၇ဦးရှိပြီး ၄င်းတို့ထဲတွင် ကလေးငယ်၁၂ဦးနှင့်မသန်စွမ်း၂ဦးတို့ပါဝင်


အောက်တိုဘာလ ၅။

အောက်တိုဘာ ၅ရက် အမျိုးသားညီညွတ်ရေးအစိုးရ တရားရေး၀န်ကြီးဌာန တရားဥပဒေစိုးမိုးရေးနှင့် အသွင်ကူးပြောင်းရေးကာလတရားမျှတမှုဆိုင်ရာဦးစီးဌာနမှ စက်တင်ဘာလအတွင်း စစ်ကောင်စီ၏ သတ်ဖြတ်ခံရသည့် အရပ်သားပြည်သူ ၁၃၇ဦးရှိပြီး ၄င်းတို့ထဲတွင် ကလေးငယ်၁၂ဦးနှင့် မသန်စွမ်း၂ဦးတို့ပါဝင်ပါတယ်လို့ အသိပေးထုတ်ပြန်လိုက်ပါတယ်။


၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း စစ်ကောင်စီ၏ သတ်ဖြတ်ခံရသည့် အရပ်သားပြည်သူ ၁၃၇ဦးရှိပြီး ၄င်းတို့ထဲတွင် ကလေးငယ်၁၂ဦးနှင့် မသန်စွမ်း၂ဦးတို့ပါဝင်ကာ အများဆုံးသတ်ဖြတ်ခံရသည့်နေရာများမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီ၊ ပဲခူးတိုင်းတို့ပါဝင်ပါတယ်။


ဒါ့အပြင် စက်တင်ဘာလအတွင်း အိုးအိမ်ပေါင်း၇၄၂လုံးကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ပြီး ၄င်းတို့ထဲတွင် ဘာသာရေးအဆောက်အဦ၇လုံးနှင့် စာသင်ကျောင်း၅ ကျောင်းတို့ပါဝင်ခဲ့ပါတယ်။


တရားရေး၀န်ကြီးဌာန၊ တရားဥပဒေစိုးမိုးရေးနှင့် အသွင်ကူးပြောင်းရေးကာလတရားမျှတမှုဆိုင်ရာဦးစီးဌာနသည် စစ်အာဏာသိမ်းမှုဖြစ်စဥ်ကာလအတွင်း စစ်အာဏာရှင်များမှ ကျူးလွန်နေသည့် စစ်ရာဇ၀တ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူမျိုးတုန်းသတ်ဖြတ်မှုများ၊ အများပြည်သူ၏အိုးအိမ်အဆောက်အဦး မီးရှို့ဖျက်ဆီးမှုများ၊ ဥပဒေမဲ့အများပြည်သူတို့၏ပစ္စည်းများအား လုယူသိမ်းယူမှုများ အပါအ၀င် ပြည်သူအချင်းချင်း ဥပဒေမဲ့ညှင်းပန်းနှိပ်စက်အနိုင်ကျင့်မှုများ အရပ်ရပ်သောဥပဒေမဲ့ချိုးဖောက်ကျူးလွန်မှုများ စသည်တို့ကိုစာရင်းကောက်ယူမှတ်တမ်းများ ထားရှိပြုစုလျက်ရှိနေပါတယ်။


========================


📌📌 ၅။ ( ) လတာကာလအတွင်းစစ်ဆင်ရေး () ကြိမ်တိတိ  ဖော်ဆောင်ခဲ့ရာ ရန်သူ(၂၈)ဦးသေဆုံးကာ (၄၀)ဦးဒဏ်ရာရရှိတယ်လို့ ဒေါနစစ်ကြောင်းအတည်ပြု


အောက်တိုဘာလ ၅။

( ) လတာကာလအတွင်းစစ်ဆင်ရေး () ကြိမ်တိတိ  ဖော်ဆောင်ခဲ့ရာမှာ ရန်သူ(၂၈)ဦးသေဆုံးကာ (၄၀)ဦးဒဏ်ရာရရှိတယ်လို့ ဒေါနစစ်ကြောင်းအတည်ပြုဆိုပါတယ်။


မိမိတို့ဒေါနစစ်ကြောင်းအနေဖြင့် နယ်မြေသစ်တွင် နယ်မြေခံမဟာမိတ်များနှင့် ပူးပေါင်းကာနယ်မြေသစ်ပြောင်းရွှေ့မှု ( ) လအတွင်းစစ်ဆင်ရေး () ကြိမ်တိတိဖော်ဆောင်ခဲ့ပါတယ်။ ရန်သူသေဆုံးသူ စုစုပေါင်း(၂၈)ဦး၊ ရန်သူဒဏ်ရာရရှိသူ  (၄၀)ဦး ရှိခဲ့ပါတယ်။ ထုတ်နှုတ်အင်အားများကို ချိန်းခြောက်ဟန့်တားနိုင်ခဲ့ပါတယ်လို့ဆိုပါတယ်။


စစ်ကောင်စီ၏ မတရားသော အမိန့်ကိုလက်မခံဘဲပြည်သူ့ဘက်တော်သားများဘက်သို့  ကူးပြောင်းပူးပေါင်းလာလျှင်လည်း အကာအကွယ်နဲ့ အခွင့်အရေးများ အာမခံချက်များပေးအပ်သွားဖြစ်ကြောင်း ဒေါနစစ်ကြောင်းကဆိုပါတယ်။


========================


📌📌 ၆။ ဒရုန်းစစ်ဆင်ရေးများဆက်တိုက်ဆင်နွှဲရာ စစ်ကောင်စီလက်အောက်ခံစစ်သားနှင့်ပျူစုစုပေါင်း (၁၁ )ဦးသေဆုံးခဲ့တယ်လို့ မြိုင်ပကဖအတည်ပြု


အောက်တိုဘာလ ၅။

ဒရုန်းစစ်ဆင်ရေးများဆက်တိုက်ဆင်နွှဲရာ စစ်ကောင်စီလက်အောက်ခံစစ်သားနှင့်ပျူစုစုပေါင်း (၁၁ )ဦးသေဆုံးခဲ့တယ်လို့ အောက်တိုဘာ၅ရက်မှာ မြိုင်ပကဖအတည်ပြုဆိုပါတယ်။


"အောက်တိုဘာ() ရက်နေ့ တွင် မန္တလေးတိုင်း၊ ညောင်းဦးမြို့နယ်၊ ရွာနောင်ရွာတွင်နေထိုင်သည့် ပျူ‌‌စောထီး ခေါင်းဆောင် ဖိုးဇင်နေအိမ်အား အီနာဂါဗုံးသီး() လုံးချကာ တိုက်ခိုက်ခဲ့ပြီး နောက်ဆုံး တခေါက်တွင် ယာဉ်ငယ်ပါ ချပြီး အကျခွဲခဲ့တယ်"လို့ဆိုပါတယ်။


အောက်တိုဘာ ()ရက်နေ့ တွင် ပခုက္ကူခရိုင်၊ အရာတော်ရေနံမြေရှိ စကစတပ်စွဲနေရာအား Drone အကြီးဖြင့် အီနာဂါ ဗုံးသီး အလုံး (၂၀) ချကာ ဝေဟင် တိုက်ခိုက်ခဲ့ပါတယ်။


 အဆိုပါတိုက်ခိုက်မှုကြောင့် စကစဘက်က () ဦးသေဆုံးကာ စက်လှေ () စီးဖြင့် ပုဂံညောင်ဦးဘက် ပို့ဆောင်သွားကြောင်း သိရှိခဲ့ရပါတယ်။


အောက်တိုဘာ () ရက်နေ့တွင် ပခုက္ကူမြို့နယ်ရှိ ပျူရွာများဖြစ်ကြသည့် တောင်ရွာယာ၊ မြောက်ရွာယာနှင့် ရေနံချက်ရွာတို့အား Drone ဖြင့် ဗုံးသီးအလုံး (၄၀-၅၀) ချခဲ့ကာ ဝေဟင်တိုက်ခိုက်ခဲ့ရာ စကစဘက်ကအသေအပျောက်မရှိဘဲ အထိအခိုက်များသောကြောင့်  စခန်းထိုင်ရာ ဆိတ်ခဝ သို့ ကားများဖြင့် ခေါ်ဆောင်သွားသည်ဟု သတင်း သိရှိခဲ့ရပါတယ်။


အောက်တိုဘာလ () ရက်နေ့တွင်မူ မကွေးတိုင်းဒေသကြီး၊ ဝါဇီ‌ ကျေးရွာအနီးရှိစစ်ဆေးရေးဂိတ်အား အီနာဂါ ဗုံးသီး အလုံး (၂၀) ချကာ တိုက်ခိုက်ခဲ့မှုကြောင့် စကစ ()ဦး သေဆုံးကြောင်း သိရှိခဲ့ပါတယ်။


အဆိုပါတိုက်ခိုက်မူများအား Myaing U.A.V fighter droneတပ်ဖွဲ့ Earthquake people defence force droneတပ်ဖွဲ့|မြိုင်-ပြည်သူ့ကာကွယ်ရေ တပ်ဖွဲ့(.က.) droneတပ်ဖွဲ့၊ Salingyi Special Task Force SSTF droneတပ်ဖွဲ့ ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့(မြိုင်)MRGFနှင့် ပခုက္ကူခရိုင်တပ်ရင်း၈၊ MPL မြိုင် ပကဖ တိုက်နယ်၄တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။


========================


📌📌 ၇။ မြိုင်မြို့နယ်၊ ကန်နီ(ပျူရွာ) အား မီးလောင်ဗုံး၊ အီနာဂါ ချ၍တိုက်ခိုက်ခဲ့ရာ အီနာဂါပေါက်ကွဲခြင်းကြောင့် ပျူတစ်ဦးသေဆုံး


အောက်တိုဘာလ ၅။

မြိုင်မြို့နယ်၊ ကန်နီ(ပျူရွာ) အားမီးလောင်ဗုံး၊ အီနာဂါ ချ၍တိုက်ခိုက်ခဲ့ရာ အီနာဂါပေါက်ကွဲခြင်းကြောင့် ပျူတစ်ဦးသေဆုံးခဲ့ပါတယ်။


အောက်တိုဘာ၅ရက်မှာ စစ်ရေးသတင်းကို PKU N PDFက အတည်ပြုပါတယ်။


"အောက်တိုဘာ၄ရက် မြိုင်မြို့နယ်၊ ကန်နီ(ပျူရွာ) အား RC Planeဖြင့် မီးလောင်ဗုံး၊ အီနာဂါ ချ၍တိုက်ခိုက်ခဲ့ရာ မီးလောင်ဗုံးမှာ လောင်ကျွမ်းမှုမရှိခဲ့သော်လည်း အီနာဂါပေါက်ကွဲခြင်းကြောင့် ပျူတစ်ဦးသေဆုံးခဲ့ပါတယ်"လို့ဆိုပါတယ်။


အဆိုပါတိုက်ခိုက်မှုတွင် ပခုက္ကူခရိုင်တပ်ရင်း (၁၇)မှ လျှပ်စီးပြောက်ကျားတပ်ဖွဲ့နှင့် Pakokku North PDF တို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ၈။ နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်း (၄၁၄၁) ဦးအထိ ရှိလာ


အောက်တိုဘာလ ၅။

နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်း (၄၁၄၁) ဦးအထိ ရှိလာပါတယ်။


အောက်တိုဘာ၅ရက်မှာ စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ AAPPကအသိပေးဆိုပါတယ်။


၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်စတင်ချိန်မှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (၄၁၄၁) ဦး ရှိခဲ့ပြီဖြစ်တယ်လို့ဖော်ပြပါတယ်။ 


အေအေပီပီအနေဖြင့် အတည်ပြုရန်လိုအပ်နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၄၅၀) ဝန်းကျင် စာရင်းကိုလည်း သီးခြားပြုစုထားတယ်လို့ဆိုပါတယ်။


ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၅၂၄၈) ဦးရှိပြီး ထိုအထဲမှ (၁၉၆၆၁) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၇၆၆၄) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment