7th OCT 2023 - Evening Daily News by Radio NUG


၂၀၂၃ အောက်တိုဘာလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်သူ့သားကောင်း ကာကွယ်ရေးစစ်သည်များနှင့်  အကြမ်းဖက်စစ်တပ်ရဲ့ စစ်သားတွေဟာ အရည်အသွေးနဲ့ခံယူချက်အပိုင်းမှာ  မိုးနဲ့မြေပမာ ကွာခြားလှတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား

📌 ၂။ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအထူးသံတမန် Igor Driesmansနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတို့တွေ့ဆုံ

📌 ၃။ တရားမဝင် စစ်အာဏာသိမ်းချိန်မှစ၍ . သန်းသော ကလေးငယ်များသည် ကျောင်းမနေရဘဲ ဖြစ်နေကြရတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား

📌 ၄။ ယင်းမာပင်ခရိုင်၊ ပုလဲ မြို့နယ်၊စပါးစေ့ကျေးရွာ အနီး အကြမ်းဖက်စကစတပ်နှင့်ကာကွယ်ရေးတပ်များထိတွေ့တိုက်ပွဲဖြစ်ပွား

📌 ၅။ ယင်းမာပင်မြို့နယ်ဘန့်ဘွေးပျူရွာကို ကာကွယ်ရေးတပ်များ ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်သူ့သားကောင်း ကာကွယ်ရေးစစ်သည်များနှင့်  အကြမ်းဖက်စစ်တပ်ရဲ့ စစ်သားတွေဟာ အရည်အသွေးနဲ့ခံယူချက်အပိုင်းမှာ  မိုးနဲ့မြေပမာ ကွာခြားလှတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား


အောက်တိုဘာ၇


ပြည်သူ့သားကောင်း ကာကွယ်ရေးစစ်သည်များနှင့်ပတ်သက်ပြီး အောက်တိုဘာ၇ရက်မှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အခုလို ပြောကြားလိုက်ပါတယ်။


"ကျွန်တော်တို့ရဲ့ ပြည်သူ့ ကာကွယ်ရေးတပ်သားတွေ ဆင်နွှဲနေတဲ့ ခုခံတော်လှန်စစ်ဟာ တိုင်းပြည်နဲ့လူမျိုးအတွက် ဒီမိုကရေစီအတွက်   လူ့အခွင့်အရေးနဲ့တရားမျှတမှုအတွက် တန်းတူညီမျှတဲ့ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာရေးအတွက် ဆင်နွှဲနေတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပြည်သူ့သားကောင်း ကာကွယ်ရေးစစ်သည်များနဲ့  ပြည်သူလူထုကို လက်နက်အားကိုးပြီး အနိုင်ကျင့်နှိပ်စက် မီးရှို့သတ်ဖြတ်နေတဲ့ အကြမ်းဖက် ဖက်ဆစ်စစ်တပ်ရဲ့ စစ်သားတွေဟာ အရည်အသွေးနဲ့ခံယူချက်အပိုင်းမှာ  မိုးနဲ့မြေပမာ ကွာခြားလှပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် ပြည်သူ့သားကောင်း တော်လှန်ရေးစစ်သည်များဖြစ်လာဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနမှ  လိုအပ်တဲ့သင်တန်းတွေ ပို့ချပေးနေတာကို အားရဝမ်းသာဖွယ် တွေ့ရှိရတယ်လို့လည်း ဝန်ကြီးချုပ်ကထပ်လောင်းပြောကြားထားပါတယ်။


လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့ပေါင်းသုံးရာကျော်၊မြို့နယ်ပကဖအဖွဲ့ပေါင်း နှစ်ရာ့ငါးဆယ်ကျော်ဖွဲ့စည်းပြီးဖြစ်ကာ တစ်နိူင်ငံလုံးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပေါင်းသိန်းနဲ့ချီရှိနေပြီ ဖြစ်ပါတယ်။


========================


📌📌 ၂။ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအထူးသံတမန် Igor Driesmansနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတို့တွေ့ဆုံ


အောက်တိုဘာ၇ရက်


မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂအထူးသံတမန် Igor Driesmansနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတို့တွေ့ဆုံခဲ့တယ်လို့

အောက်တိုဘာ၆ရက် Twitterမှာ Igor Driesmansကရေးသားအသိပေးဆိုထားပါတယ်။


ပညာရေး၏ အရေးကြီးသော အရေးပါမှုအကြောင်းကို NUG Myanmar ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့တွေ့ဆုံခဲ့တယ်လို့ဆိုထားပါတယ်။


ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီး ဂျိုးတောင်ကျေးရွာရှိ စာသင်ကျောင်းတစ်ကျောင်းတွင် စစ်တပ်၏ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ စိတ်မကောင်းဖြစ်မိကြောင်းကိုလည်း ပြောကြားထားပါတယ်။


========================


📌📌 ၃။ တရားမဝင် စစ်အာဏာသိမ်းချိန်မှစ၍ . သန်းသော ကလေးငယ်များသည် ကျောင်းမနေရဘဲ ဖြစ်နေကြရတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား


အောက်တိုဘာ၆ရက်


အောက်တိုဘာ၆ရက် (၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေး၌ကလေးငယ်များ၏ အခွင့်အရေးများအား ကာကွယ်မြှင့်တင်ပေးရေးခေါင်းစဉ်အောက်မှ ကျင်းပပြုလုပ်သည့် အထွေထွေဆွေးနွေးမှု အစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ အခုလိုပြောကြားခဲ့ပါတယ်။


"မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ စစ်တပ်သည် ကလေးငယ်များ အပါအဝင် ပြည်သူများအပေါ် ကြီးလေးသော ပြစ်မှုများကို စဉ်ဆက်မပြတ် ကျူးလွန် လျက်ရှိကြောင်း၊ AAPP ထုတ်ပြန်ချက်များအရ () နှစ်ကျော်ကာလအတွင်း၌ ကလေး ငယ် (၆၇၂) ဦး ဖမ်းဆီးထိန်းချုပ်ခံထားရပြီး (၂၈၇) ဦးမှာ အကျဉ်းချခံထားရဆဲပင် ဖြစ်ကြောင်း၊ ထို့ပြင် စစ်တပ်၏ မတရား သတ်ဖြတ်ခြင်းကို ခံရသည့် အပြစ်မဲ့ အရပ်သား ပြည်သူ စုစုပေါင်း (,၁၄၂) ဦးအနက် (၄၆၆) ဦးမှာ ကလေးငယ်များဖြစ်ကြောင်း၊ ကလေးငယ်အချို့မှာလည်း စာသင်ကျောင်းခုံများတွင် ပညာဆည်းပူးနေရမည့်အစား ၎င်းတို့ အသက်ရှင်သန်နိုင်ရေးအတွက် ဗုံးခိုကျင်းများတွင် ကြောက်ရွံ့ထိတ်လန့်စွာ ပုန်းခို၍ ပညာလေ့လာ သင်ယူနေရကြောင်း၊ တရားမဝင် စစ်အာဏာသိမ်းချိန်မှစ၍ . သန်းသော ကလေးငယ်များသည် ကျောင်းမနေရဘဲ ဖြစ်နေကြကြောင်း"သံအမတ်ကြီးကဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်မူ ယင်းသို့သော စိန်ခေါ်မှုများပြားသည့် အခြေ အနေများကြားမှ ကလေးငယ်များ၏ အခွင့်အရေးများကို မြှင့်တင်ကာကွယ်ပေးနိုင်ရေး အတွက် အစွမ်းကုန် ကြိုးပမ်းအားထုတ်လျက်ရှိကြောင်း၊ အထူးသဖြင့် ကလေးငယ်များ နှင့် လူငယ်များအတွက် အွန်လိုင်းမှတဆင့်နှင့် မြေပြင်တွင် ပညာရေးဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ချင်းနှင့် ကရင်နီပြည်နယ် များ၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးများနှင့် IDP စခန်းများတွင် စာသင်ကျောင်း အချို့ကို မြေပြင်၌ ဖွင့်လှစ်နေနိုင်ပြီဖြစ်ကြောင်း သံအမတ်ကြီးကထပ်လောင်းပြောပါတယ်။


========================


📌📌 ၄။ ယင်းမာပင်ခရိုင်၊ ပုလဲ မြို့နယ်၊စပါးစေ့ကျေးရွာ အနီး အကြမ်းဖက်စကစတပ်နှင့်ကာကွယ်ရေးတပ်များထိတွေ့တိုက်ပွဲဖြစ်ပွား


အောက်တိုဘာ၇ရက်


စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင်၊ ပုလဲ မြို့နယ်၊စပါးစေ့ကျေးရွာ အနီး အကြမ်းဖက်စကစတပ်နှင့်ကာကွယ်ရေးတပ်များထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။


အောက်တိုဘာ  ()ရက်နေ့မှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့တယ်လို့သတင်းရရှိပါတယ်။


"(BLDF) မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)ချင်းတွင်းဒေသ၊ရဲခေါင်ပြောက်ကျား၊ပုလဲမြို့နယ်(.က.) ပူးပေါင်းစစ်ကြောင်းသည် ယင်းမာပင်ခရိုင်၊ ပုလဲ မြို့နယ်၊စပါးစေ့ကျေးရွာ အနီးအကြမ်းဖက် စစ်ကောင်စီတပ်၏ ရှေ့ပြေးတပ်နှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပါတယ်။  တိုက်ပွဲတွင်  ပူးပေါင်းစစ်‌ကြောင်းမှ ရှေ့ထွက်မိုင်း ()လုံး စတင်ဆွဲခဲ့ပြီး လက်နက်များဖြင့် ပစ်ခတ်ခဲ့ပါတယ်"လို့ဆိုပါတယ်။


 စစ်ကောင်စီတပ်မှ အပြန်အလှန်ပစ်ခတ်ခဲ့ရာ တိုက်ပွဲအချိန် (၁၀)မိနစ်ခန့် ကြာဖြစ်ပွားခဲ့ပြီး

တိုက်ခိုက်မှုအတွင်း  ပူးပေါင်းစစ်ကြောင်းမှ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်။


စစ်ကောင်စီတပ်၏ အကျအဆုံးမသိရသေးဘဲစစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် စပါးစေ့ ကျေးရွာအတွင်း လက်နက်ကြီး များ ကျရောက်ခဲ့ပါတယ်။


========================


📌📌 ၅။ ယင်းမာပင်မြို့နယ်ဘန့်ဘွေးပျူရွာကို ကာကွယ်ရေးတပ်များ ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်


အောက်တိုဘာ၇ရက်


အောက်တိုဘာ၆ရက်ညပိုင်းမှာ ဘန့်ဘွေးပျူရွာရှိ စကစများရှိရာကိုပစ်ခတ်ခဲ့တယ်လို့ 

"အောက်တိုဘာ၆ရက်ညက စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်ဘန့်ဘွေးပျူရွာကိုကျွန်တော်တို့စစ်ကျွန်မခံမြွေဆိုးတစ်သိုက်နှင့် မဟာမိတ်တပ်ပေါင်းစုပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်"လို့စစ်ကျွန်မခံမြွေဆိုးတစ်သိုက်PDFကအတည်ပြုဆိုပါတယ်။


လတ်တလောမှာ စကစဘက်ကထိခိုက်မှုကိုအတည်ပြုစုံစမ်းနေပြီး ကာကွယ်ရေးတပ်များအထိအခိုက်မရှိဆုတ်ခွာနိူင်ခဲ့ပါတယ်။


အကြမ်းဖက်စစ်တပ်ဟာ ကျေးရွာများမှာ လက်နက်တပ်ဆင်၍ အကြမ်းဖက်ပြည်သူ့စစ်အဖွဲ့နဲ့ပျူစောထီးများကို လက်သပ်မွေးခိုင်းစေလျက်ရှိပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment