8th OCT 2023 - Evening Daily News by Radio NUG


၂၀၂၃ အောက်တိုဘာလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံတွေကို စစ်ကောင်စီပယ်ချ

📌 ၂။ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ - TPLF နှစ်ပြည့်သို့ KNDF သဝဏ်လွှာပို့ 

📌 ၃။ အနောက်ရိုးမရှိ စစ်တပ်ကင်းစခန်းကိုတိုက်ခိုက်မှု စစ်သား ၁ဝ ဦးသေဆုံး

📌 ၄။ ထီးချိုင့်မြို့နယ် ပအဖ မှ ဒေသခံများ သွားလာရေးလွယ်ကူစေရေး လမ်းများဖောက်လုပ်ပေးနေပြီး မီးရှို့ဖျက်စီး ခံလိုက်ရသည့် ရွာများကိုလည်း ရိက္ခာထောက်ပံ့မှုများ အထူးလုပ်ဆောင်ပေးနေ

📌 ၅။ ယင်းမာပင်နယ်က မီးဘေးသင့်အိမ်ထောင်စုများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့ မီးဖိုဆောင်သုံးပစ္စည်းများထာက်ပံ့

📌 ၆။ ဩစတြေးလျနိုင်ငံမှ ဇိုမီးတိုင်းရင်းသားရိုးရာ ခွာဒိုပွဲတော်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ထောက်ခံဆုတောင်းပေးခဲ့

📌 ၇။ စစ်ဘေးရှောင်တွေနဲ့ ကလေးတွေအတွက် ကူညီပေးနိုင်ရန် Spring Revolution Show Bangkok ကို ကျင်းပပြုလုပ်မည်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံတွေကို စစ်ကောင်စီပယ်ချ


အောက်တိုဘာလ ၈။


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲထောင်ချထားတဲ့ အဂတိအမှု မှုအတွက် အယူခံတွေကို ပယ်ချလိုက်တယ်လို့ တရားလွှတ်တော်ချုပ်က အောက်တိုဘာ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။


အယူခံပယ်ချခံရတဲ့ အမှုတွေဟာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ဆက်စပ်တဲ့ အဂတိအမှု မှု စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်ထံက ဒေါ်လာ ငါးသိန်းခွဲ လာဘ်ယူတယ်ဆိုတဲ့ စွပ်စွဲချက် အဂတိ မှု ဖြစ်ပြီး ယင်းအမှု မှုအတွက် အကြမ်းဖက်စစ်ကောင်စီဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ထောင်ဒဏ် နှစ် မတရား ချမှတ်ထားတာပါ။


အကြမ်းဖက် စစ်ကောင်စီရဲ့ ထိပ်တန်းအရာရှိတဦးဖြစ်သူ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းရဲ့ ကြီးမားတဲ့ အဂတိလိုက်စားမှုများ တိုင်းသိပြည်သိ ပေါ်ပေါက်နေသော်လည်း ပွင့်လင်းမြင်သာသည့် အရေးယူစုံစမ်းမှုများ မလုပ်ဘဲ ဆက်လက်ဖုံးကွယ်ထားဆဲ ဖြစ်သည်။


စစ်ကောင်စီအဖွဲ့ဝင် မိုးမြင့်ထွန်းရဲ့ ကြီးမားသော အဂတိလိုက်စားမှုကို ပေါ်ပေါ်တင်တင် အရေးမယူသော်လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုမူ အဂတိလိုက်စားသည်ဟု မတရားစွပ်စွဲကာ စုစုပေါင်း အမှု ၁၉ မှုဖြင့် ထောင် ၃၃ နှစ်ထိ ချမှတ်ထားတာလည်း ဖြစ်ပါတယ်။


========================


📌📌 ၂။ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ - TPLF နှစ်ပြည့်သို့ KNDF သဝဏ်လွှာပို့ 


အောက်တိုဘာ ၇။


ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ - Tavoy People Liberation Force (TPLF) ဖွဲ့စည်းတည်ထောင်ခြင်း နှစ်ပြည့် အခမ်းအနားကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF အပါအဝင် အဖွဲ့အစည်း ၁၂ ဖွဲ့ ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရှိရပါတယ်။


တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင်  အောက်တိုဘာလ ရက်နေ့က စစ်ရေးပြ အခမ်းအနား များဖြင့် TPLF တပ်တည်ထောင်ခြင်း နှစ်ပြည့်ကို TPLF က ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ 


“KNDF အနေဖြင့် TPLF ခေါင်းဆောင်များနဲ့ တပ်ဖွဲ့ဝင်များရဲ့ ကြိုးစားအားထုတ်မူကို အသိမှတ်ပြုကြောင်းနဲ့ KNDF ဘက်ကလည်း တက်နိုင်တဲ့ အကူညီတွေကို တက်စွမ်းသ၍ ဆက်လက်ပံ့ပိုး ကူညီမည်ဖြစ်ကြောင်းနဲ့ အမြဲတမ်းလက်တွဲရန် အသင့်ရှိတယ်လို့  KNDF က ပေးပို့တဲ့  ဂုဏ်ပြုသဝဏ်လွှာမှာ ဆိုထားပါတယ်။


ထို့အပြင် TPLF ဘက်မှ ချမှတ်သော စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်တွေ အောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တတဲ့ ရည်မှန်းချက်တွေ ပြည့်ဝပါစေကြောင်း ကိုလည်း KNDF ဆုမွန်ကောင်း တောင်းပေးခဲ့ပါတယ်။


စစ်အာဏာရှင်စနစ်အပါဝင် အာဏာရှင်စနစ်နဲ့ လူမျိုးကြီးဝါဒချုပ်ငြိမ်းပြီး လွတ်လပ်မူ၊ တရားမျှတမူ၊ တန်းတူညီမျှမူနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်ဝရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် စစ်ကောင်စီအား တွန်းလှန်တိုက်ပွဲဝင်နိုင်ရန် TPLF ကို ဖွဲ့စည်းခဲ့တာ ဖြစ်တယ်လို့ တပ်ထောင်ခြင်း နှစ်ပြည့်မှာ ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၃။ အနောက်ရိုးမရှိ စစ်တပ်ကင်းစခန်းကိုတိုက်ခိုက်မှု စစ်သား ၁ဝ ဦးသေဆုံး


အနောက်ရိုးမရှိ စစ်ကောင်စီကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ဝ ဦး သေဆုံးသွားတယ်လို့ ပဲခူးတိုင်းစစ်ဒေသခွဲကနေ သိရပါတယ်။

တောင်ငူမြို့နယ် စပါးကြွးကျေးရွာအုပ်စု ကြို့ပင်ဆိပ်ရွာရှိ အကြမ်းဖက်စစ်ကောင်စီကင်းစခန်းကို တောင်ငူ ခရိုင် တပ်ရင်း ၃၅၀၁၊ တပ်ခွဲ နဲ့ တပ်ခွဲ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် တိုက်ပွဲကြာချိန် နာရီခန့်ရှိခဲ့ပြီး စစ်တပ်ဘက်က စစ်ကူတွေရောက်လာ တာကြောင့် စခန်းကိုတော့ သိမ်းပိုက်နိုင်ခြင်းမရှိခဲ့ဘူးလို့ Bago Region PDF ကလည်း အသိပေးထားပါတယ်။

ဒီတိုက်ပွဲမှာ စစ်သား ၁ဝ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်းရှိသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ရဲဘော်တဦးလည်း မစိုးရိမ်ရတဲ့ဒဏ်ရာ ရခဲ့တယ်လို့သိရပါတယ်။

အောက်တိုဘာလ ရက်နေ့ကလည်း အရှေ့ရိုးမမှာရှိတဲ့ စစ်တပ်အထိုင်စခန်းကထွက်လာတဲ့ အင်အား ၂၅ ဦးပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်ခဲ့တာမှာ စစ်သား ၂ဦး သေဆုံးပြီး ဦး ဒဏ်ရာ ရသွားတယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ ထီးချိုင့်မြို့နယ် ပအဖ မှ ဒေသခံများ သွားလာရေးလွယ်ကူစေရေး လမ်းများဖောက်လုပ်ပေးနေပြီး မီးရှို့ဖျက်စီး ခံလိုက်ရသည့် ရွာများကိုလည်း ရိက္ခာထောက်ပံ့မှုများ အထူးလုပ်ဆောင်ပေးနေ


အောက်တိုဘာ ၈။


စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်း ဒေသခံပြည်သူများ သွားလာရေး လွယ်ကူစေရန်နှင့် စိုက်ပျိုးထုတ်ကုန်များ သယ်ယူရာတွင် အဆင်ပြေစေရန် ဖွံ့ဖြိုးရေး လမ်းများ ဖောက်လုပ်ပေးနေတယ် လို့ ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရပါတယ်။


ထီးချိုင့်မြို့နယ်တွင် ကျေးရွာအုပ်စု ၂၉ ခုရှိသည့်အနက် ၂၆ ခုမှာ တော်လှန်ရေးအင်အားစုများ စိုးမိုးထိန်းချုပ်ထားနိုင်ပြီး ၎င်းနေရာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့မှုများ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။


 လက်ရှိအခြေအနေတွင် မီးရှို့ခံရသည့် ကျေးရွာများအနေဖြင့် စစ်ကောင်စီတပ်၏ ရန်ကြောင့် နေအိမ်များ အသစ်ပြန်လည်ဆောက်လုပ်နိုင်ခြင်း မရှိသေးသော်လည်း လုပ်ငန်းများကို ပုံမှန်အတိုင်း ဆောင်ရွက်လျက်ရှိနေပြီ ဖြစ်တဲ့အတွက် အရေးပေါ်အခြေအနေမှာ သွားရေးလာရေး လွယ်ကူအောင်၊ အထူးသဖြင့် ကုန်ထုတ်လမ်းတွေ ဖောက်ပေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။


အရေးပေါ် အခြေအနေမှာလည်း သွားလို့လာလို့ အဆင်ပြေအောင်ပေါ့။ အဓိကက အဲဒီဘက်က မီးရှို့ခံရတဲ့ရွာတွေက စိုက်ပျိုးရေးရွာတွေချည်းပဲ။ စိုက်ပျိုးရေးရွာတွေဆိုတော့ ကုန်ထုတ်လမ်း ကောင်းမှ စိုက်ပျိုးတဲ့အချိန်မှာ သွားရေးလာရေးတို့ သီးနှံထုတ်တဲ့အချိန်မှာ မိုးနဲ့လေနဲ့ဆို ဒုက္ခများတယ်"ဟု ထီးချိုင့်(ပအဖ)အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။


စစ်ကောင်စီတပ်မီးရှို့သွားသည့် ကျေးရွာများကို အထူးစီမံချက်ဖြင့် ရိက္ခာထောက်ပံ့ရန် ဆောင်ရွက်နေကြောင်း၊ ထိုသို့ထောက်ပံ့မှုကို လေးလ ပြုလုပ်ရန် စီစဉ်ထားပြီး လက်ရှိတွင် တစ်လစာ အတွက်သာ ထောက်ပံနိုင်သေးကြောင်းကိုလည်း ပြောပြပါတယ်။


ထို့အပြင် ထီးချိုင့်မြို့နယ်ရှိ ကျေးရွာများမှ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ အသက် ၂နှစ်အောက် ကလေးများ၊ အသက်(၈၀)အထက် အဘိုးအဘွားများနှင့် မသန်စွမ်းများကိုလည်း ထောက်ပံပေးနိုင်ခဲ့ တယ်လို့ သိရပါတယ်။


ထီးချိုင့်မြို့နယ်သည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရာတွင် အားကောင်းသည့် မြို့နယ်တစ်ခု ဖြစ်သည့်အတွက် စစ်ကောင်စီတပ်က ဒေသတွင်း ကျေးရွာများမှ ပြည်သူလူထု နေအိမ်ထောင်ချီ၍ မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။


========================


📌📌 ၅။ ယင်းမာပင်နယ်က မီးဘေးသင့်အိမ်ထောင်စုများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့ မီးဖိုဆောင်သုံးပစ္စည်းများထာက်ပံ့


ယင်းမာပင်မြို့နယ်ထဲက မီးဘေးသင့်အိမ်ထောင်စု ၄၆ စုကို မီးဖိုဆောင်သုံးပစ္စည်းများထာက်ပံ့ပေးခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ဆီက သိရပါတယ်။

အဲဒီအိမ်ထောင်စုတွေကို တအိမ်ထောင်လျင် ဒန်အိုးတလုံး၊ ဆန်တပြည်၊ ရေပုံးတပုံး၊ ဆပ်ပြာ၊ ဇလုံ ၂လုံး၊ ဇွန်း ချောင်းနဲ့သွားတိုက်ဆေးတို့အပါအဝင် ဆီ ၅ဝ သား၊ ငါးသေတ္တာတဗူးနဲ့ ကျပ် ၅ထောင်စီ ထောက်ပံ့ ပေးခဲ့တယ်လို့ဆိုပါတယ်။

တအိမ်ထောင်ကို ကျပ် ၃သောင်း၂ထောင်ဖိုးစီထောက်ပံ့‌ပေးခဲ့တာပါ။ အောက်တိုဘာ ရက်နေ့ကပဲ ထောက်ပံ့ပေးခဲ့တာလို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။

အခုထောက်ပံ့ပေးခဲ့တဲ့ မီးဘေးသင့်မိသားစုတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းရဲ့ မီးရှို့ဖျက်ဆီးတာကိုခံခဲ့ရတဲ့ရွာက အိမ်ထောင်စုတွေလို့ သိရပါတယ်။ 

အဲဒီရွာဟာ လမ်းပမ်းဆက်သွယ်ရေးအဆင်မပြေတဲ့ရွာဖြစ်တာကြောင့် မီးဘေးသင့်အိမ်ထောင်စုတွေအနေနဲ့ အခက်အခဲမျိုးစုံနဲ့ရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။

ကျွန်တော်တို့အနေနဲ့ ဘယ်လိုအခက်အခဲတွေပဲရှိရှိ ပြည်သူတွေဆီအရောက်သွားမှာပါလို့ မီးဘေးသင့်အိမ် ထောင်စုတွေဆီကို လှည်းတွေနဲ့သွားခဲ့တဲ့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အညာပစ်တိုင်းထောင်လေးများအဖွဲ့ဟာ ယင်းမာပင်၊ဆားလင်းကြီးနဲ့ပုလဲနယ်တဝိုက်က စစ်ဘေးရှောင် မိသားစုတွေကို ကူညီပေးနေတဲ့ လူငယ်အကျိုးပြုအဖွဲ့တခုဖြစ်ပါတယ်။


========================


📌📌 ၆။ ဩစတြေးလျနိုင်ငံမှ ဇိုမီးတိုင်းရင်းသားရိုးရာ ခွာဒိုပွဲတော်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ထောက်ခံဆုတောင်းပေးခဲ့


အောက်တိုဘာ ၈။


ဩစတြေးလျနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ခွာဒိုပွဲတော်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက်ထားရှိရေး ထောက်ခံဆုတောင်း ပေးခဲ့ကြတယ်လို့ သိရပါတယ်။


အောက်တိုဘာ ရက်နေ့ ညနေက ဩစတြေးလျနိုင်ငံ ဘရစ္စဘင်းမြို့မှာ ကျင်းပခဲ့တဲ့ ဇိုမီးတိုင်းရင်းသားရိုးရာ ခွာဒိုပွဲတော် (ကောက်သစ်စားပွဲတော်) မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း အတွက် ဆုတောင်းပေးရင်း ထောက်ခံ ဆန္ဒထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။


မြန်မာပြည်သူလူထုရဲ့ အသံကို အမှန်တကယ် ကိုယ်စားပြုပေးနိုင်သည့် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ကုလသမဂ္ဂ မှာ ကိုယ်စားပြုခွင့် ဆက်လက်ထားရှိပေးသွားဖို့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံအနှံမှာ ထောက်ခံဆန္ဒပြမှုတွေကို ပြုလုပ်နေကြတာ ဖြစ်ပါတယ်။


========================


📌📌 ၇။ စစ်ဘေးရှောင်တွေနဲ့ ကလေးတွေအတွက် ကူညီပေးနိုင်ရန် Spring Revolution Show Bangkok ကို ကျင်းပပြုလုပ်မည်


အောက်တိုဘာ ၈။


မြန်မာနိုင်ငံက စစ်ဘေးရှောင် ပြည်သူတွေနဲ့ ကလေးသူငယ်တွေရဲ့ စားဝတ်နေရေး၊ ကျန်းမာရေးနဲ့ ပညာရေး အခက်အခဲတွေကို ကူညီပေးနိုင်ရန် ရည်ရွယ်ပြီး ရန်ပုံငွေရှိုးပွဲ တစ်ခုကို  ဘန်ကောက်မြို့မှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။


“Spring Revolution Show Bangkok” အမည်ရှိတဲ့ ၎င်းရန်ပုံငွေရှိုးပွဲကို လာမယ့် အောက်တိုဘာလ ၂၉ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဖက်ဖဒဲလ် - RK ကွင်းမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။


ဒီပွဲက ဘန်ကောက်မှာ ပထမဆုံးကျင်းပတဲ့ ပွဲတစ်ခုဖြစ်တယ်။ ဒီပွဲကျင်းပနိုင်ဖို့ကိုလည်း အခက်အခဲ၊ အတိုက်အခိုက်တွေ အများကြီးကြားထဲကနေ ကြိုးစားနေရတာဖြစ်တဲ့ အတွက် ထိုင်းရောက် မြန်မာနိုင်ငံသားတွေကို ပါဝင်စေတယ်၊ ဝန်းရံစေချင်တယ်။လို့ ပွဲကျင်းပရေး ဦးဆောင်အဖွဲ့က ကိုဟိဏ်းဝေယံ မှ ပြောပါတယ်။


၎င်းရန်ပုံငွေရှိုးပွဲတွင် နွေဦးတော်လှန်ရေးမှာ တက်ကြွစွာပါဝင်နေသည့် အနုပညာရှင်များ ဖြစ်ကြတဲ့ ဟား ကောင်၊ နိုဗန်ထူး၊ မူးလာ၊ တိုးကြီး၊ John Derek တို့ ပါဝင်ဖျော်ဖြေ သွားမယ့်အပြင် အခြား အနုပညာရှင်များမှလည်း လာရောက်ဖျော်ဖြေပေးသွားမှာ ဖြစ်ပါတယ်။


Show ပွဲ လက်မှတ် တစ်စောင်ကို ဘတ် ၄၀၀ နှုန်း ကျသင့်မှာ ဖြစ်ပြီး ရရှိတဲ့ အလှူငွေတွေကို စစ်ဘေးရှောင် ပြည်သူတွေနဲ့ ကလေးသူငယ်တွေရဲ့ စားဝတ်နေရေး၊ ကျန်းမာရေးနဲ့ ပညာရေး အတွက် အဓိကထား လှူဒါန်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


Show ပွဲ လက်မှတ်များကို Spring Revolution Show Bangkok ဖေ့ဘွတ်စာမျက်နှာ၊  အိမ်အလွမ်းပြေ - အိမ်ချက်လက်ရာ ပသိုနန်း နှင့်  No Boundary Supporting Group "NBSG" တို့မှာ ဆက်သွယ် ဝယ်ယူနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့်မင်းစစ်သွေးတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment