အာဏာသိမ်းပြီးနောက် ချင်းဝဥလုပ်ငန်း ပျက်စီးလာ… မကြေးမုံ Radio NUG, October 9, 2023


အာဏာသိမ်းပြီးနောက် ချင်းဝဥလုပ်ငန်း ပျက်စီးလာ…
မကြေးမုံ Radio NUG, October 9, 2023

အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိမ်းတိုက်ပွဲတွေကြောင့် ချင်းပြည်နယ်ရဲ့အဓိကထွက် ကုန်ဖြစ်တဲ့ ဝဥလုပ်ငန်းကိုစီးပွားဖြစ် လုပ်ကိုင်နိုင်တာမရှိတော့ပဲ အဓိကစားဝတ်နေရေး ကိုတောင် မဖြေရှင်းနိုင်တော့တဲ့ အခက်အခဲတွေဖြစ်လာပါတယ်။ ဒီအခြေအနေကို ကန် ပက်လက် မြို့နယ်မှ ဝဥတောင်သူတစ်ဦးကအခုလိုပြောပါတယ်။ 

“လျော့ကတာတော့တော်တော်လေးလျော့သွားတာပေါ့။ စက်ရုံကြီးကလည်း မလည်နိုင် ဘူး။ စိုက်တဲ့သူတွေကလည်း တောထဲမှာ ပစ်ထားပြီးမှ စိုက်ရတဲ့ပုံစံမျိုးအဲ့လို ဖြစ်သွား တယ်။ တူးရတဲ့အခြေအနေကလည်း အခြေအနေ စောင့်ကြည့်ပြီးမှ သွားတူးရ တယ်။ တစ်ချို့ကလည်း လမ်းပိတ်ထားတဲ့နေရာတွေရှိတော့သွားလို့မရ ဒီအတိုင်းပဲခြံ တွေကို ပစ်ထားရတယ်။ အဲ့လိုမျိုးတွေ။ အဲ့လိုမျိးတွေတော်တော်များတာပေါ့။ အဓိကကတော့ လမ်းတွေပိတ်တာပေါ့။ လမ်းပိတ်တယ်။ တိုက်ပွဲဖြစ်ပြီဆိုရင် လုံးဝသွားလို့မရဘူး။ လမ်း ပွင့်သွားပြီ သယ်လာပြီဆိုရင်လည်း ဂိတ်တွေကအများကြီး ပေါ့။ ဂိတ်ကြေး တွေ တောင်းတယ်။ တစ်ပိသာဘယ်လောက်ပေါ့။ အဲ့တော့တောင်သူတွေ ကတစ်ခုမှ အဆင် မပြေကြတော့ဘူးပေါ့။ အဲ့လိုတွေဖြစ်ကုန်တယ် ” 

ချင်းပြည်နယ်ရဲ့ ပထမဆုံးဝဥအလွှာခြောက်စက်ရုံကိုမင်းတပ်မြို့မှာ ၂၀၁၉ခုနှစ်က ပထမဆုံးဖွင့်လှစ် နိုင်ခဲ့ပါတယ်။ ဝဥကတစ်နေရာထဲမှာ ငါးနှစ်အထိ စိုက်ပျိုး ထုတ် လုပ်နိုင်လို့တောင်ယာ ခုတ်လို့ တောပြုန်းတာကိုလည်းကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် ဝဥက သီးနှံမျိုးစေ့ကအစ ဝယ်ယူစရာမလိုပဲ စိုက်ပျိုးစရိတ်အရင်းအနှီးနည်းပါးပြီး ဝဥ မျိုးနဲ့ မျိုးစံကိုပါ  ထုတ်လုပ်နိုင်တာဖြစ်ပါတယ်။ ချင်းဝဥမျိုးတွေက နိုင်ငံခြား ဈေးကွက်ဝင် တဲ့အတွက် တစ်နိုင်ငံလုံးကိုလည်း ဝဥမျိုးစေ့များဖြန့်ဖြူူးနိုင်ခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံ ရပ်ခြား ထွက်သွားသူ များပါ ချင်းပြည်နယ်ကို ပြန်လာကြပြီး ဝဥကို ဇောက်ချလုပ် ကိုင် လာကြတာဖြစ်ပါတယ်။ ဝဥကိုတစ်နိုင်တစ်ပိုင် လုပ်ကိုင်သောမိသားစုတစ်စု အတွက် ဝဥကရတဲ့ဝင်ငွေက တစ်နှစ်ကို သိန်းငါး ဆယ်အ ထက်မှာရှိပြီး စီးပွားဖြစ်လုပ် ကိုင်သူ များမှာ ကျပ်သိန်းထောင်ချီပြီး ဝင်ငွေရ ရှိခဲ့ကြတာဖြစ်ပါတယ်။ ဝဥကိုဝင်ငွေရသီးနှံအဖြစ် အားထားရတဲ့အခြေအနေကိုအခုလိုပြောပါတယ်။

“ ဘာ့ကြောင့်လဲဆိုတော့ ဝဥဈေးကွက်က တအားကောင်းလာတယ်လေ။ ဝင်ငွေရလမ်းကတအားမြန်တာပေါ့။ ဝဥ ဥကြီးလည်းပိုက်ဆံကတအားဝင်သလို မျိုးထုတ် ရောင်းရတာလည်း ပိုက်ဆံကတအားဝင်တော့ အားလုံးက ဝဥကိုပဲ ဇောက်ချလုပ်လာကြ တာပေါ့။ တောင်သူအတွက်အဆင်ပြေတယ်။ အဆင်လည်းပြေ တယ်။ စိုက်ရပျိုးရတာ လည်း ဘယ်လိုပြောမလဲ၊ ကိုယ့်ဟာနဲ့ကိုယ်စိုက်တော့၊ မျိုးက လည်း ကိုယ့်ဟာနဲ့ကိုယ် စိုက်တော့ ရင်းနှီးငွေကအများကြီးမလိုတော့တာပေါ့။ ၈.၃၅.၀၂ ကိုယ့်ထဲကနဲ့ ကိုယ့်ဟာ နဲ့ကိုယ်လည်ပတ်သွားတော့ အဆင်ပြေတော့ အရင်းအနှီး နည်းနည်းနဲ့ များများပြန်ရတာ ပေါ့။ အဲ့ဒါကြောင့်မို့လို့ဝဥကိုပဲ အားလုံးက အားကိုးနေ ကြတာပေါ့ ”

ကိုဗစ် - ၁၉ ကပ်ရောဂါလျော့ကျသွားပြီးတဲ့နောက် ဝဥဈေးကွက်ပြန်လည်ကောင်းမွန် လာပေမယ့်လည်း စစ်တပ်ရဲ့ထိုးစစ်တွေနဲ့အတူ ဝဥစိုက်ပျိုးထုတ်လုပ်ဈေးကွက်တင်ပို့ တဲ့လုပ်ငန်းတွေကိုထိခိုက်လာတာဖြစ်ပါတယ်။ ဒါကြောင့်လာမယ့်ဆောင်းရာသီမှာလည်း အခက် အခဲတွေပိုပြီး ရှိလာလိမ့်မယ်လို့ မင်းတပ်မြို့နယ်မှ ဝဥစိုက်တောင်သူ တစ်ဦး ကပြောပါ တယ်။ 

“ လိုအပ်တာတွေကတော့အများကြီးပါပဲ။ ပြောမယ်ဆိုရင် မကုန်နိုင်ဘူး။ ဆောင်းရောက် ရင်တော့ စစ်ကြောင်းက ဝေဟင်ရော၊ မြေပြင်ရော စစ်ကြောင်းတွေပို ထိုး လာမယ်ဆိုရင် ပိုပြီးတော့ ပြေးလွှားနေရမယ်။ တောထဲတောင်ထဲမှာ စားနပ်ရိက္ခာအခ ခက်အခဲတွေ ရော၊ အမိုးအကာတွေေ ၂၀၂၃ရာ။ တစ်ခါတစ်ခါကျရင် မြို့ကနေ ရွာပြေး၊ ရွာကနေ တောထဲစခန်းထဲပြေး၊ ပြေးရာကနေ တောထဲမှာ ပြန်ပြေးနေတဲ့အနေထားမျိုးတွေပေါ့ နော်။ အခက်အခဲတွေကတော့အများကြီးပါပဲ။ ဒါကဖြစ်သလိုရင်ဆိုင်ဖြေရှင်းပြီးတော့နေ နေရတဲ့အနေထားတွေပေါ့ ” 

၂၀၁၉ခုနှစ်ကာလများက မြန်မာ့ဝဥခြောက်တင်ပို့မှုက ပိသာချိန် ၇သိန်းလောက်ရှိခဲ့ပြီး အဲ့ဒီကနေ ကျပ်ငွေ ၇ဘီလီယံလောက်ရရှှိခဲ့ပါတယ်။ စစ်တပ်ကနောက်ဆုံး ထုတ်ပြန် ထားတဲ့၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်း တင်ပို့မှု ကိန်းဂဏာန်းတွေမှာတော့ ဝဥကိုသီးခြား ထုတ် ပြန်ထားတာ မရှိ ပေမယ့် ချင်းရွှေဟော်နယ်စပ်ကတစ်ဆင့်လယ်ယာထွက် ကုန် ၂၄မျိုး တင်ပို့မှုကနေရရှိတဲ့ အမေရိကန်ဒေါ်လာ ၁၀.၅၇ သန်းမှာတော့  ဝဥခြောက်ပါဝင် နေတာကိုတွေ့ရပါတယ်။

Share:

No comments:

Post a Comment