9th OCT 2023 - Morning Daily News by Radio NUG


၂၀၂၃ အောက်တိုဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကွတ်ခိုင်တွင်ဖြစ်ခဲ့သောတိုက်ပွဲမှာ နားလည်မှုလွဲမှားခြင်းကြောင့်သာဖြစ်ပြီး တော်လှန်ရေးအောင်မြင်ရန် နိုင်ငံရေး၊စစ်ရေး ပူးပေါင်းလုပ်ဆောင်မှာဖြစ်တယ်လို့ SSPP နဲ့ TNLA တို့ ပူးတွဲထုတ်ပြန်

📌 ၂။ ရွှေဘိုခရိုင် PDF တပ်ရင်း ဆေးတပ်ဖွဲ့က လအတွင်း စစ်ရှောင်နဲ့ပြည်သူ ၄၀၀ ကျော်ကို ဆေးကုသပေးခဲ့

📌 ၃။ လူမှုကွန်ယက်တွင် နွေဦးတော်လှန်ရေးကိုထောက်ခံကြောင်း ရေးသားမှုနှင့်ဆက်သွယ်မှုတို့ကြောင့် ဖမ်းဆီးခံရသူ ၁၃ဝဝ ကျော်ရှိ

📌 ၄။ ကလေးမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်က အသက်မပြည့်သေးသည့် မြေးနှင့် အဘွားဖြစ်သူကို သတ်ဖြတ်ပြီး နေအိမ်များ မီးရှို့ဖျက်ဆီး

📌 ၅။ မြို့ပြလှုပ်ရှားမှုတွေ ပိုအားကောင်းလာစေဖို့ မမ လက်လုပ်ပစ္စတို အဆင့်မြှင့်ထုတ်လုပ်

📌 ၆။ စစ်ကိုင်းတွင် အကြမ်းဖက် စစ်ကား စီးကို PDF က ပဒေသာမိုင်းနဲ့တိုက်ခိုက်၊ စီးထိမှန် ပျက်စီး

📌 ၇။ မန္တလေးတွင် ထွေအုပ်ရုံးစောင့် တပ်ကြပ်ကြီး ဦးကို မြို့ပြပြောက်ကျားအဖွဲ့က ပစ်ခတ်ရှင်းလင်း

📌 ၈။ ဂျပန်ရောက်မြန်မာများ စစ်ကောင်စီထံ အခွန်မဆောင်ရေး တိုကျိုရှိ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကွတ်ခိုင်တွင်ဖြစ်ခဲ့သောတိုက်ပွဲမှာ နားလည်မှုလွဲမှားခြင်းကြောင့်သာဖြစ်ပြီး တော်လှန်ရေးအောင်မြင်ရန် နိုင်ငံရေး၊စစ်ရေး ပူးပေါင်းလုပ်ဆောင်မှာဖြစ်တယ်လို့ SSPP နဲ့ TNLA တို့ ပူးတွဲထုတ်ပြန်


အောက်တိုဘာလ ၈။ 

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မိုင်းယုလေးဒေသမှာ ဖြစ်ခဲ့တဲ့တိုက်ပွဲနဲ့ပတ်သက်ပြီး SSPP နဲ့ TNLA တို့ အောက်တိုဘာ ရက်နဲ့ ရက်မှာ ဘက်တွေ့ဆုံခဲ့ပြီးနောက် အခုလိုထုတ်ပြန်လိုက်တာပါ။


စက်တင်ဘာလ ၂၃ ရက်နေ့က ကွတ်ခိုင်မြို့နယ် မိုင်းယုလေးဒေသမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ တအာင်းပလောင်ပြည်သူ့လွတ်မြောက်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ခဲ့တာဟာ အချင်းချင်း နာလည်မှုလွဲမှားခြင်းကြောင့်ဖြစ်ခဲ့ရတဲ့ ပဋိပက္ခသာဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။ 


မဟာမိတ်တပ်တွေ နားလည်မှုလွဲမှုကြောင့်ဖြစ်ခဲ့ရတာကို အချင်းချင်းသင်ပုန်းချေပြီး နောင်မှာ ဒါမျိုးထပ်မဖြစ်ဖို့နဲ့ ဒါကိုသင်ခန်းစာယူနိုင်ဖို့ ဘက် ဆွေးနွေးညှိနှိုင်းဖြေရှင်းခဲ့တာလို့လည်း သိရပါတယ်။ ဒါကြောင့် မဟာမိတ်အဖွဲ့အစည်း၂ခုကြား သဘောတူထားတဲ့ နိုင်ငံရေး စစ်ရေးသဘောတူညီချက်တွေကို အပြန်အလှန်စောင့်ထိန်းပြီး အမျိုးသားလွတ်မြောက်ရေး တော်လှန်ရေးလုပ်ငန်းများ အမြန်ဆုံးအောင်မြင်ရန် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


========================


📌📌 ၂။ ရွှေဘိုခရိုင် PDF တပ်ရင်း ဆေးတပ်ဖွဲ့က လအတွင်း စစ်ရှောင်နဲ့ပြည်သူ ၄၀၀ ကျော်ကို ဆေးကုသပေးခဲ့


အောက်တိုဘာ ၈။

စစ်ကိုင်းတိုင်း၊ အမှတ် စစ်ဒေသ၊ ရွှေဘိုခရိုင် အမှတ် တပ်ရင်း ဆေးတပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ စက်တင်ဘာ တစ်လတာအတွင်း စစ်ရှောင်နဲ့ ဒေသခံ လူနာ ၄၀၀ ကျော်ကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ခဲ့တယ်လို့ တပ်ရင်းပြည်သူ့ဆက်ဆံရေးဌာန၊ ကျန်းမာရေးဌာနခွဲဆီက သိရပါတယ်။


ရွှေဘိုနယ်အတွင်းက စစ်ရှောင်စခန်းနဲ့ ကျေးရွာနေပြည်သူတွေ ကျန်းမာရေးစရိတ် သက်သာစေဖို့ အခမဲ့ ဆေးကုသမှု ပေးနေတာဖြစ်ပြီး တစ်လတာ ဆေးကုသပေးမှုအတွင်း ငှက်ဖျားရောဂါ ဦး၊ မွေးလူနာ ဦး၊ အသေးစား ခွဲစိတ်လူနာ ၁၀ ဦးနဲ့ အထွေထွေရောဂါ ၄၂၃ ဦး စုစုပေါင်းလူနာ ၄၃၆ ဦးကို ဆေးကုသပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။


အထွေထွေကုသမှုတွေမှာ သွေးလွန်တုတ်ကွေး၊ ဝမ်းပျက်/ဝမ်းလျှော၊ နှာစေးချောင်းဆိုး၊ ရေကျောက်ရောဂါတွေနဲ့ အသက်ကြီးပိုင်းတွေမှာ သွေးတိုး၊ ဆီးချိုရောဂါတွေ အဖြစ်များကြတယ်လို့ ပြောပါတယ်။


အသုံးပြုခဲ့တဲ့ ဆေးဝါးပစ္စည်းတွေမှာ ပြည်သူတွေက လှူဒါန်းကြသလို တပ်ရင်းကထောက်ပံ့တဲ့ ဆေးဝါးတွေနဲ့ ဆေးကုသနေရပြီး သူနာပြုဆရာမ၊ ဝမ်းဆွဲဆရာမ၊ စေတနာ့ ဝန်ထမ်းတွေအပါအဝင် ကျန်းမာရေးဝန်ထမ်း ၁၀ ဦးနဲ့ တစ်လမှာ ကြိမ် ကျေးရွာတွေအထိ လှည့်လည် ဆေးကုသပေးနေတာ ဖြစ်ပါတယ်။


ထို့အပြင် အမှတ် တပ်ရင်းမှာ ဒေသခံပြည်သူတွေနဲ့ စစ်ရှောင်တွေအတွက် ကျန်းမာရေး ဆေးပေးခန်းကို ယခုနှစ် မေလ ၂၀ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး တတ်နိုင်သမျှ ဆေးဝါးနဲ့ စစ်ရှောင်ပြည်သူတွေဆီကို သွားရောက်ကုသပေးနေတယ်လို့ အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။


========================


📌📌 ၃။ လူမှုကွန်ယက်တွင် နွေဦးတော်လှန်ရေးကိုထောက်ခံကြောင်း ရေးသားမှုနှင့်ဆက်သွယ်မှုတို့ကြောင့် ဖမ်းဆီးခံရသူ ၁၃ဝဝ ကျော်ရှိ


အောက်တိုဘာလ ၈။ 

လူမှုကွန်ယက်စာမျက်နှာမှာ စစ်ကောင်စီကို ဝေဖန်ပြီး လူထုလှုပ်ရှားမှုတွေနဲ့ နွေဦးတော်လှန်ရေးအဖွဲ့အစည်းတွေကို ထောက်ခံအားပေးတဲ့ ရေးသားမှုတွေနဲ့ ပြောဆိုဆက်သွယ်မှုတွေကြောင့် ဖမ်းဆီးခံရသူအရေအတွက်ဟာ ၁၃ဝဝ ကျော်ရှိလာပြီလို့ Data for Myanmar က ထုတ်ပြန်လိုက်ပါတယ်။

လူထုလှုပ်ရှားမှုတွေနဲ့ နွေဦးတော်လှန်ရေးအဖွဲ့အစည်းတွေကို ထောက်ခံအားပေးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလကနေ ယခုနှစ် စက်တင်ဘာလအထိ ဖမ်းဆီးခံရသူ ၁၃၁၆ ဦး ရှိတယ်လို့ ဆိုပါတယ်။

လူမှုကွန်ယက်စာမျက်နှာကနေ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းတို့ လုပ်မယ်ဆိုရင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနဲ့ ပုဒ်မ ၅ဝ၅ (က) အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃-က တို့အပြင် တည်ဆဲဥပဒေတွေနဲ့ပါ အရေးယူမယ်လို့ စစ်ကောင်စီက ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ဖမ်းဆီးအရေးယူမှုတွေကိုလည်း ၎င်းတို့ရဲ့ ဝါဒဖြန့်သတင်းစာတွေ၊ စစ်တပ်နဲ့နီးစပ်တဲ့သတင်းမီဒီယာတွေကနေ နေ့စဉ်ဖော်ပြခဲ့တာရှိပါတယ်။

ဖမ်းဆီးခံရသူအများစုဟာ Facebook အသုံးပြုသူတွေဖြစ်ပြီး Tik tok နဲ့ Telegram အသုံးပြုသူတွေလည်း ပါဝင်တယ်လို့ Data for Myanmar ရဲ ထုတ်ပြန်ချက်က ဆိုပါတယ်။

မနှစ်က မေ၊ ဇွန်၊ ဇူလိုင်နဲ့ ဩဂုတ်လတွေမှာဆိုရင် လစဉ် လူ ၁ဝဝ ကျော်ဖမ်းဆီးခံခဲ့ရတာကြောင့် ၄လအတွင်း လူပေါင်း ၅ဝဝ အဖမ်းခံခဲ့ရတယ်လို့လည်း သိရပါတယ်။

ဖမ်းဆီးခံရသူတွေထဲက ထက်ဝက်နီးပါးဟာ ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းတို့ကဖြစ်ပြီး လူပေါင်း ၆ဝဝ ကျော်ရှိတယ်လို့လည်း အသိပေးထားပါတယ်။

ဒီအချက်အလက်တွေကို နေစဉ်သတင်းစာနဲ့ စစ်ကောင်စီနဲ့နီးစပ်တဲ့သတင်းမီဒီယတွေရဲ့ ဖော်ပြချက်တွေကို တိုက်ဆိုင်စစ်ဆေးပြီး စုစည်းထားတာဖြစ်ပြီး အမည်ထပ်နေတာတွေကိုတော့ တစ်ကြိမ်သာရေတွက်ကြောင်းနဲ့ လူနာမည်မပါတဲ့ (စိစစ်ဆဲ) ဖမ်းဆီးခံရသူတွေကို ချန်လှပ်ထားတယ်လို့ Data for Myanmar က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ ကလေးမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်က အသက်မပြည့်သေးသည့် မြေးနှင့် အဘွားဖြစ်သူကို သတ်ဖြတ်ပြီး နေအိမ်များ မီးရှို့ဖျက်ဆီး


အောက်တိုဘာ ၈။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ စက္ကန့်ကျေးရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ဒေသခံ မြေးအဘွားနှစ်ဦးကို သတ်ဖြတ်ပြီး လူနေအိမ်များကို မီးရှို့ခဲ့ကြောင်း ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့  (CNDF – UCR) က အောက်တိုဘာလ ရက်မှာ ထုတ်ပြန်ထားပါတယ်။


အောက်တိုဘာလ ရက်နေ့ နံနက်ပိုင်းက ကလေးမြို့နယ်တောင်ပိုင်း စက္ကန့်ကျေးရွာကို အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်း ဝင်ရောက်လာသောကြောင့် ဒေသခံများ ရှောင်တိမ်းခဲ့ရတာဖြစ်ပါတယ်။


ထို့နောက်ရွာအတွင်း ခေတ္တပြန်လာသော အသက် (၆၇နှစ်) နူးငိုက်နှမ်နှင့် အသက် (၁၄နှစ်)အရွယ် ဆလိုင်း ဗန်ဘွေ့လျန်တို့ မြေအဘွားနှစ်ဦးသည် ၎င်းစစ်ကောင်စီစစ်ကြောင်း တိုးခဲ့ပြီး ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။


သူတို့နှစ်ယောက် စစ်ဘေးရှောင်တဲ့နေရာကနေ မုန်ညှင်း သွားပြန်ယူဦးမယ်ဆိုပြီး ရွာထဲ ပြန်သွားကြတာ။ အဲဒီမှာ ဖမ်းပြီးအသတ်ခံရတာ။ သူ့သားလေးကို ဖုန်းဆက်တော့ စကစ တစ်ယောက်က ကိုင်ပြီး သေသွားကြပြီလို့ ပြန်ပြောတယ်။ အလောင်းနဲ့ ဆိုင်ကယ်ကို ပါမီးရှို့လိုက်ကြတယ်ဟု CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ကျွန်ငိုင်း ကပြောပါတယ်။ ထို့အပြင် ရွာထဲတွင် ကျန်ခဲ့သည့် မသန်စွမ်း အမျိုးသားတစ်ဦး အသက်ရှင်၊ မရှင်ကို သတင်း မရရှိဘူးလို့လည်း သိရပါတယ်။


စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာချိန် ဒေသခံကာကွယ်ရေးတပ်များနှင့် ထိတွေ့မှုများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ သေဆုံး၊ ဒဏ်ရာရရှိသူ များပြားကြောင်း သိရသည်။


အောက်တိုဘာလ ရက် နံနက်ပိုင်းမှ ညနေပိုင်းအထိ စက္ကန့်ကျေးရွာမှ လူနေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့နေပြီး ရွာအတွင်း တပ်စွဲနေထိုင်ခဲ့ကာ အောက်တိုဘာလ ရက်တွင်လည်း ထပ်မံ မီးရှို့နေကြောင်း သိရပါတယ်။


========================


📌📌 ၅။ မြို့ပြလှုပ်ရှားမှုတွေ ပိုအားကောင်းလာစေဖို့ မမ လက်လုပ်ပစ္စတို အဆင့်မြှင့်ထုတ်လုပ်


အောက်တိုဘာ ၈။

မြို့ပြပြောက်ကျား လှုပ်ရှားမှုတွေ ပြုလုပ်တဲ့အချိန်မှာ ပိုပြီးလွယ်ကူအားကောင်းစေဖို့ မမ လက်လုပ် ပစ္စတိုသေနတ်တွေကို အဆင့်မြှင့် ထုတ်လုပ်လိုက်တယ်လို့ အမရပူရ စစ်သည်တော်တပ်ဖွဲ့က ပြောပါတယ်။


အမရပူရစစ်သည်တော်တပ်ဖွဲ့ဟာ မန္တလေးတိုင်းက ဒေသခံကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်ပြီး လက်ရှိမှာ စစ်ကိုင်းတိုင်းအတွင်း အခြေစိုက်လှုပ်ရှားနေတာ ဖြစ်ပါတယ်။


ယခင်ကတည်းက လက်နက်ထုတ်လုပ်မှုတွေကို လုပ်ဆောင်နေတဲ့ အဖွဲ့တစ်ခုဖြစ်ပြီး မြို့ပြပြောက်ကျား လှုပ်ရှားမှုတွေအတွက် ပိုပြီးအသုံးပြုရ လွယ်ကူသလို ပေါ့ပါးတဲ့ ပစ္စတိုသေနတ်အဖြစ် အဆင့်မြှင့် ထုတ်လုပ်လိုက်တာလို့ သိရပါတယ်။


"ထုတ်လုပ်တာလည်း မတူတော့ဘူး။ နည်းစနစ်လည်း ပိုပြီးကျလာတာပေါ့။ ပိုပြီး အဆင့်မြှင့်ပေးလိုက်တာ။ သေနတ်ကလည်း လက်ထဲမှာတင်ပျောက်သလောက် ဖြစ်သွားတာပေါ့။ မြို့တွင်းမစ်ရှင်တွေ၊ ပျူ၊ ဒလန်ရှင်းလင်းရေးတွေမှာ အဓိထားအသုံးပြုဖို့ပဲ ဦးစားပေးထုတ်နေတယ် " လို့ တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုးလွင်က ပြောပါတယ်။


အဆင့်မြှင့်ပြီး ထုတ်လုပ်ထားတဲ့ လက်နက်တွေဟာ သံထည်ကို သုံးထားတာ မဟုတ်တဲ့ အတွက် ရဲဘော်တွေ မစ်ရှင်ပြုလုပ်ချိန်မှာ သံချေးတက်လို့ ကျည်ညပ်တာတွေ ဖြစ်မှာ မဟုတ်သလို လက်ထဲမှာ ကိုင်တွယ်ရ ပိုလွယ်ကူအောင် အသေးစားထုတ်လုပ်ထားတာလို့ ဆက်ပြောပါတယ်။


ဒီလက်နက်ထုတ်လုပ်မှုတွေက ရောင်းချဖို့မဟုတ်ဘဲ တော်လှန်ရေး အကျိုးကိုပဲ ရည်ရွယ်ထားပြီး မြေပြင်တော်လှန်ရေး အဖွဲ့တွေအနေနဲ့ နည်းပညာနဲ့ လက်နက်လိုအပ်ပါက အမှန်တကယ် လုပ်ဆောင်နေတဲ့ အဖွဲ့အစည်း ဟုတ်/မဟုတ် စိစစ်ပြီး ကူညီပေးသွားမယ်လို့ လည်းဆိုပါတယ်။


========================


📌📌 ၆။ စစ်ကိုင်းတွင် အကြမ်းဖက် စစ်ကား စီးကို PDF က ပဒေသာမိုင်းနဲ့တိုက်ခိုက်၊ စီးထိမှန် ပျက်စီး


အောက်တိုဘာ ၈။

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ဆားတောင် ရဲစခန်းကနေ ထွက်ခွာလာတဲ့   စစ်ကား စီးကို စစ်ကိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ပ‌ဒေသာမိုင်းနဲ့ စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


အကြမ်းဖက် စစ်သား ၆၀ ခန့် တင်ဆောင်လာတဲ့ အဲဒီကားကြီး စီးကို အောက်တိုဘာ ရက် မနက် နာရီ အချိန်ခန့်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) စစ်ကိုင်းခရိုင် တပ်ရင်း() တပ်ခွဲ () က‌ စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး ကား စီး မိုင်းထိမှန် ပျက်စီးခဲ့ပါတယ်။ 

၎င်း မိုင်းထိမှန်သွားတဲ့ စစ်ကားကို ၁၂ ဘီးကား တစ်စီးနဲ့ လာရောက်ဆွဲယူ သွားခဲ့တယ်လို့ စစ်ကိုင်းခရိုင်၊ အမှတ် တပ်ရင်း၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်က အောက်တိုဘာ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။


ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပြီး အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးပါဘူး။


 ရဲဘော်များရဲ့ လုံခြုံရေးနဲ့ နယ်မြေ အခြေအနေတွေကြောင့် သတင်းတင်ပြမှုကို အချိန်ခွာ ထုတ်ပြန်ရခြင်း ဖြစ်တယ်လို့ စစ်ကိုင်းခရိုင် တပ်ရင်း() က အသိပေးထားပါတယ်။


========================


📌📌 ၇။ မန္တလေးတွင် ထွေအုပ်ရုံးစောင့် တပ်ကြပ်ကြီး ဦးကို မြို့ပြပြောက်ကျားအဖွဲ့က ပစ်ခတ်ရှင်းလင်း


အောက်တိုဘာ ၈။

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ ညောင်ပင်စျေးအနီး ၁၉ လမ်းနဲ့ ၈၆ လမ်းထောင့်က မြို့နယ်အထွေထွေအုပ်ချူပ်ရေးမှူးရုံးမှာ အစောင့်ကျနေတဲ့ တပ်ကြပ်ကြီးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


၎င်း စစ်ကောင်စီ တပ်ကြပ်ကြီးကို အောင်တိုဘာလ ရက်၊ နေ့လည် နာရီလောက်က Generation Z Power – GZP (Mandalay) မြို့ပြ ပြောက်ကျားအဖွဲ့က သေနတ် ချက် ပစ်ခတ် ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ GZP ပြည်သူ့ကာကွယ်‌ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့ (မန္တလေး) က သတင်း ထုတ်ပြန်ထားပါတယ်။


အဲဒီပစ်ခတ်မှုကြောင့် ဦးခေါင်းကို ကျည်ဆန်ထိမှန်ပြီး သေဆုံးသွားတဲ့ စစ်ကောင်စီတပ်က တပ်ကြပ်ကြီးရဲ့ ရုပ်အလောင်းကို အရေးပေါ်ကားနဲ့ နန်းတွင်းထဲကို ခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။


အဆိုပါပစ်ခတ်မှုကို လုပ်ဆောင်ခဲ့တဲ့ ရဲဘော်တွေ အန္တရာယ်ကင်းစွာနဲ့ ဆုတ်ခွာနိုင်ခဲ့ပြီး လုံခြုံတဲ့နေရာ ရောက်ပြီလို့ Generation Z Power - GZP (Mandalay) မြို့ပြပြောက်ကျားတပ်ဖွဲ့က  ပြောပါတယ်။


၎င်းပစ်ခတ်မှုအပြီး စစ်ကောင်စီတပ်က မနေ့က ညပိုင်းမှာ မြို့ပေါ်ရှိ ရပ်ကွက်တချို့ကို ရှောင်တခင် ဧည့်စာရင်းစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ ရုံးအရှေ့ကလမ်းကို မနေ့ကညနေပိုင်းကစပြီး ယနေ့အထိ ပိတ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


========================


📌📌 ၈။ ဂျပန်ရောက်မြန်မာများ စစ်ကောင်စီထံ အခွန်မဆောင်ရေး တိုကျိုရှိ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြ


အောက်တိုဘာ ၈။

စစ်ကောင်စီထံအခွန်မဆောင်ရေး၊ ပတ်စ်ပို့သက်တမ်းမတိုးရေး လှုပ်ရှားမှုအဖြစ် တိုကျိုမြို့ရှိ မြန်မာသံရုံးရှေ့တွင် ဂျပန်ရောက်မြန်မာများ ဆန္ဒ ပြခဲ့ကြတယ်လို့ သိရပါတယ်။


၎င်းဆန္ဒပြပွဲကို အောက်တိုဘာလ ရက်နေ့က မွန်းလွဲ နာရီမှ နာရီအထိ ပြုလုပ်ခဲ့ကြပြီး မြန်မာနိုင်ငံသားအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FWUBC) ကဦးဆောင်ကာ ဂျပန်ရောက် မြန်မာနိုင်ငံသားများ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။


အခွန်ဆောင်တဲ့ ပိုက်ဆံတွေက တိုင်းပြည်ထူထောင်ရေးအတွက်မဟုတ်ဘဲ ပြည်သူလူထုကို အနိုင်ကျင့် နှိပ်စက်သတ်ဖြတ်မယ့်ဘက် ရောက်သွားမှာဖြစ်တဲ့အတွက် ဒါကို လုံးဝလက်ခံလို့မရပါဘူး။ အများပြည်သူ ရွေးချယ်တင်မြှောက်ထားတဲ့ ဒီမိုကရေစီအစိုးရမဟုတ်ဘဲနဲ့ လက်နက်အားကိုးပြီး အကြမ်းဖက်နေတဲ့ အကြမ်းဖက်အုပ်စုကို ဘယ်လိုမှ လက်ခံလို့မရဘူးဆိုတဲ့ အနေအထားကို ပြရင်းနဲ့ လုပ်တာ ဖြစ်ပါတယ်ဟု မြန်မာနိုင်ငံသားအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FWUBC) ရဲ့ ဥက္ကဌ ဦးမြင့်ဆွေက ပြောပါတယ်။


ဆန္ဒထုတ်ဖော်ပွဲမှာစစ်_တွေကို လုံးဝအခွန်မဆောင်ဘူး။ ပတ်စပိုစ့်သက်တမ်း ခိုးပြီးမတိုးဘူး။ စစ်အုပ်စုကထုတ်တဲ့ အမိန့်အာဏာတွေ ဆန့်ကျင်ကြ။ နွေဦးတော်လှန်ရေးက မုချနိုင်မှာ ငါတို့သိတယ်စတဲ့ အချက်လေးချက်ကို အဓိကထားလှုံ့ဆော်ခဲ့တယ်လို့ ဆိုပါတယ်။


ပြည်ပရောက် လုပ်သားများသည် သက်ဆိုင်ရာနိုင်ငံအလိုက် သတ်မှတ်ထားသည့် အခွန်များကို ပေးဆောင်နေရသည့်အတွက် မြန်မာပြည်သို့ ဝင်ငွေခွန် ထပ်မံပေးဆောင်ရပါက အခွန်နှစ်ထပ် ပေးဆောင်ရမည့် အခြေအနေ ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။


ဂျပန်အစိုးရနဲ့ မြန်မာအစိုးရတို့ ချုပ်ဆိုထားတဲ့ထဲမှာ အလုပ်သင်နဲ့ ကျွမ်းကျင်လုပ်သား နှစ်မျိုးကို နှစ်ထပ်အခွန် မဆောင်ရပါဘူးဆိုတဲ့ အချက်တွေ ပါပြီးသားပါ။ သူတို့မှာ မရှိမဲ့ရှိမဲ့လေးနဲ့ လာရတယ်။ ရတော့လည်းနှစ်ပြားတပဲ၊ အဲဒါကိုမှ သူတို့က ၁၀ ရာခိုင်နှုန်းထပ်ပြီး ကောက်ချင်တယ် ဆိုရင်တော့ ချိုနဲ့သရေပဲ ကျန်တော့မှာပေါ့။ အဲဒါကြောင့် ကျွန်တော်တို့ ကန့်ကွက်တာပါဟု FWUBC ဥက္ကဋ္ဌက ဆိုပါတယ်။


လတ်တလောတွင် ပြည်ပထွက်ခွာမည့်လုပ်သားများ၏ အလုပ်စာချုပ်များတွင် မြန်မာပြည်သို့ အခွန်ပေးဆောင်ရန်နှင့် အခွန်ပြန်လည်ပေးဆောင်ခြင်း မရှိပါက သုံးနှစ် ပြည်ပထွက်ခွာခွင့် ပိတ်သိမ်းမယ်လို့ ချိန်းခြောက်ပြောဆိုတာတွေ ရှိတယ်လို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment