10th NOV 2023 - Morning Daily News by Radio NUG


၂၀၂၃ နိုဝင်ဘာလ ၁၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်ရေးအရှိန်‌များအောင်မြင်မှု ရရှိလာသည်နှင့်အမျှ စိတ်အားထက်သန်မှုများရရှိလာပြီး ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့များအနေဖြင့် ခရိုင်၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို စဉ်ဆက်မပြတ် ချိတ်ဆက်ဆောင်ရွက်ကြရန်ဝန်ကြီးချုပ်ပြောကြား

📌 ၂။ ပြည်ထောင်စုအဆင့် သယံဇာတစီမံ အုပ်ချုပ်မှုအဖွဲ့ဝင် ဝန်ကြီးဌာနများအနေဖြင့် တော်လှန်ရေးကာလအလွန် စီမံခန့်ခွဲရေး နည်းလမ်းများကို ကြိုတင်ပြင်ဆင်ထားကြဖို့ ဝန်ကြီးချုပ်တိုက်တွန်း

📌 ၃။ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် တိုင်းရင်းသားကိုယ်စားလှယ်များ လစ်သူရေးနီးယားနိုင်ငံ လွှတ်တော်အမတ်များနှင့် တွေ့ဆုံပြီး နှစ်နိုင်ငံ ဒီမိုကရေစီအ‌ရေး ပိုမိုတိုးမြှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေးပြောကြား

📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရက ရောင်းချသည့် အစိုးရငွေတိုက်စာချုပ်များကိုဝယ်ယူထားသူများသက်တမ်းပြန်တိုးနိုင်သလို EODမြေကွက်နှင့်တိုက်ခန်း၊ ရှယ်ယာပိုင်ဆိုင်မှုအဖြစ်လည်းပြောင်းလဲနိုင်

📌 ၅။ NUG ငွေတိုက်စာချုပ်ရောင်းရငွေအပါအဝင် EODရှယ်ယာမှ ရောင်းရငွေများနှင့် လျှပ်စစ် ကဏ္ဍ၊ ဆောက်လုပ်ရေး ကဏ္ဍတွေမှာ ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင် ကူညီနိုင်ခဲ့တယ်လို့ဆို

📌 ၆။ ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းအကြမ်းဖက်စစ်အုပ်စုကလူ့အခွင့်ရေးချိုးဖောက်မှုပေါင်း၃၄၁မှုကျူးလွန်ခဲ့တယ်လို့ဆို

📌 ၇။ အဖိနှိပ်ခံတိုင်းရင်းသားများ လွတ်မြောက်ရေးနှင့် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် ဖယ်ရှားနိုင်ရေး အတွက် ၁၀၂၇ စစ်ဆင်ရေးအပါအဝင် အခြားစစ်ဆင်ရေးကြီးများကို ဖော်ဆောင်နေခြင်း ဖြစ်တယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦကျော်ဇော် ဆွေးနွေးပြောကြား

📌 ၈။ ကွမ်းလုံမြို့အား အပြီးသတ် အောင်မြင်စွာ သိမ်းပိုက်

📌 ၉။ ညီနောင်မဟာမိတ်()ဖွဲ့မှ ကိုးကန့်ခရိုင်၊ ရှောက်ပယ်အိုင်နှင့် ဟဲ့ဟုတ်တောင်ရှိ စစ်ကောင်စီစခန်းများကိုသိမ်းပိုက်ခဲ့

📌 ၁၀။ ကောလင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၅၀) ဦးခန့် သေဆုံးပြီး လက်နက်ချ အညံ့ခံသူ စစ်သုံ့ပန်း (၂၁) ဦး ရှိ

📌 ၁၁။ ပင်လည်ဘူးမြို့ကို  PDF နဲ့ ပကဖ တွေက ပွိုင့် အသီးသီးမှာ ပိတ်ဆို့ထားကာ မြို့ကိုသိမ်းပိုက်ခြင်းမရှိသေးဘူးလို့ဆို

📌 ၁၂။ လားရှိုးမြို့နယ် ကုန်စုံကျေးရွာတွင် စစ်ကောင်စီတပ် ရှေ့တန်းမှ ထွက်ပြေးလာသော တပ်သား()ဦး လက်နက်အပြည့်အစုံဖြင့် တအာင်းတပ်မတော် PSLF/TNLA ထံ လာရောက်လက်နက်ချ၍ လမ်းစရိတ်ချီးမြင့်ငွေ (၁၅သိန်း) ပေးအပ်ခဲ့.


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်ရေးအရှိန်‌များအောင်မြင်မှု ရရှိလာသည်နှင့်အမျှ စိတ်အားထက်သန်မှုများရရှိလာပြီး ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့များအနေဖြင့် ခရိုင်၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို စဉ်ဆက်မပြတ် ချိတ်ဆက်ဆောင်ရွက်ကြရန်ဝန်ကြီးချုပ်ပြောကြား


နိုဝင်ဘာလ ၉ရက်။

စစ်ရေးအရှိန်‌များအောင်မြင်မှု ရရှိလာသည်နှင့်အမျှ စိတ်အားထက်သန်မှုများရရှိလာပြီး ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့များအနေဖြင့် ခရိုင်၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို စဉ်ဆက်မပြတ် ချိတ်ဆက်ဆောင်ရွက်ကြရန်ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။


"စစ်ရေးအရှိန်‌များအောင်မြင်မှု ရရှိလာသည်နှင့်အမျှ စိတ်အားထက်သန်မှုများရရှိလာပြီး ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့များအနေဖြင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို စဉ်ဆက်မပြတ် ချိတ်ဆက်ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ အပတ်စဉ် အစည်းအဝေးများနှင့် တိုင်းအလိုက်အစည်းအဝေးများ၏ ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ တိုင်း တစ်တိုင်းနှင့် တစ်တိုင်း မတူညီကြသည့်အတွက် အစိုးရအနေဖြင့် စီမံခန့်ခွဲရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ကြိုစားဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဦးဆောင်ကာပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ ပြည်ထောင်စုအဆင့် သယံဇာတစီမံ အုပ်ချုပ်မှုအဖွဲ့ဝင် ဝန်ကြီးဌာနများအနေဖြင့် တော်လှန်ရေးကာလအလွန် စီမံခန့်ခွဲရေး နည်းလမ်းများကို ကြိုတင်ပြင်ဆင်ထားကြဖို့ ဝန်ကြီးချုပ်တိုက်တွန်း


နိုဝင်ဘာလ ၉ရက်။

နိုဝင်ဘာလ  () ရက်နေ့တွင် ကျင်းပတဲ့ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ ( /၂၀၂၃) အစည်းအဝေးမှာ ဝန်ကြီးချုပ်က အခုလိုပြောပါတယ်။


"အားလုံးသိရှိထားကြတဲ့အတိုင်း လက်ရှိအခြေအနေအရ မြေပြင်မှာ မိမိတို့ဘက်မှ ထိုးစစ်စတင်ဆင်နွှဲနေတာဖြစ်ပြီး အောင်ပွဲများ ဆက်တိုက်ရရှိနေတာ ဖြစ်ပါကြောင်း၊ အောင်ပွဲများရရှိသလို မိမိတို့ရဲဘော်များလည်း ထိခိုက်ဆုံးရှုံးမှုများရှိကြောင်း ဝမ်းနည်းစွာ ကြားသိရပါကြောင်း၊ တိုင်းပြည်အတွက် မြင့်မြတ်စွာ ကျဆုံးသွားတဲ့ ရဲဘော်များအတွက်လည်း လေးစားဂုဏ်ယူ မှတ်တမ်းတင်အလေးပြုပါကြောင်း၊ အရှိန်အဟုန်နဲ့ ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးအတွက် မိမိတို့ ပြည်ထောင်စုအဆင့် သယံဇာတစီမံ အုပ်ချုပ်မှုအဖွဲ့ဝင် ဝန်ကြီးဌာနများအနေဖြင့် တော်လှန်ရေးကာလအလွန် စီမံခန့်ခွဲရေးနည်းလမ်းများကို ကြိုတင်ပြင်ဆင်ထားကြဖို့ကိုလည်း တိုက်တွန်းလိုပါကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။


အစည်းအဝေးသို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့မှ ဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ အတွင်းဝန်များ၊ ကိုယ်စား လှယ်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့် ရုံးအဖွဲ့များ၊ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူးရုံး အဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် တိုင်းရင်းသားကိုယ်စားလှယ်များ လစ်သူရေးနီးယားနိုင်ငံ လွှတ်တော်အမတ်များနှင့် တွေ့ဆုံပြီး နှစ်နိုင်ငံ ဒီမိုကရေစီအ‌ရေး ပိုမိုတိုးမြှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေးပြောကြား


နိုဝင်ဘာလ ၉ရက်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် တိုင်းရင်းသားမဟာမိတ်အဖွဲ့များမှ ကိုယ်စားလှယ်များသည် လစ်သူရေးနီးယားနိုင်ငံ လွှတ်တော်သို့ နိုဝင်ဘာ ရက်နေ့က သွားရောက်၍ လစ်သူရေးနီးယားနိုင်ငံ လွှတ်တော် အမတ်များနှင့် တွေ့ဆုံခဲ့တယ်လို့သတင်းရရှိပါတယ်။


ယခုအကြိမ်သည် နိုင်ငံခြားရေးဝန်ကြီး၏ လစ်သူရေးနီးယားနိုင်ငံသို့ ပထမဆုံးသွားရောက်သော ခရီးဖြစ်ပြီး လစ်သူရေးနီးယားနိုင်ငံလွှတ်တော်အမတ်များနှင့် တွေ့ဆုံကာ နှစ်နိုင်ငံ ဒီမိုကရေစီအ‌ရေး ပိုမိုတိုးမြှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ အကြမ်းဖက် စစ်အုပ်စုအား ထိရောက်စွာ ဖိအားပေးနိုင်ရေးကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။


လစ်သူရေးနီးယားနိုင်ငံသည် မြန်မာ့ဒီမိုက‌ရေစီအ‌ရေး တက်ကြွစွာ ကူညီအားပေးနေသည့် နိုင်ငံတစ်ခုဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်၏ ပြီးခဲ့သည့် အမေရိကန်ခရီးစဥ်အတွင်းတွင်လည်း လစ်သူရေးနီးယားနိုင်ငံခြားရေးဝန်ကြီးနှင့် တရားဝင်တွေ့ဆုံခဲ့ပါတယ်။


========================


📌📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရက ရောင်းချသည့် အစိုးရငွေတိုက်စာချုပ်များကိုဝယ်ယူထားသူများသက်တမ်းပြန်တိုးနိုင်သလို EODမြေကွက်နှင့်တိုက်ခန်း၊ ရှယ်ယာပိုင်ဆိုင်မှုအဖြစ်လည်းပြောင်းလဲနိုင်


နိုဝင်ဘာလ ၉ရက်။

နိုဝင်ဘာလ () ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရက ရောင်းချသည့် အစိုးရငွေတိုက်စာချုပ်ဝယ်ယူထားကြသော ကမ္ဘာတဝှန်းရှိ တော်လှန်ပြည်သူများသို့ အသိပေးကြေညာချက်တစ်ရပ်ကို ထုတ်ပြန်လိုက်ပါတယ်။


အကြမ်းဖက်စစ်တပ်အမြစ်ဖြတ်ဖို့ ငွေတိုက်စာချုပ်ဝယ်ကြစို့ကြွေးကြော်သံနှင့် ရောင်းချခဲ့သော ငွေတိုက်စာချုပ်များမှ ရရှိခဲ့သည့် ဘဏ္ဍာရန်ပုံငွေများသည် ယနေ့မြင်တွေ့နေရသော နွေဦးတော်လှန်ရေးအောင်ပွဲများ ရယူရာတွင် အဓိကကျသည့် ခွန်အားတရပ်အဖြစ် ထိရောက်စွာ အထောက်အပံ့ပြုလျက် ရှိနေပါတယ်"လို့ဖော်ပြပါတယ်။


အဆိုပါ ငွေတိုက်စာချုပ်များအား ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်နေ့တွင် စတင် ရောင်းချခဲ့ပြီး အစောဆုံးခွန်အားဖြည့် ဝယ်ယူခဲ့သည့် ငွေတိုက်စာချုပ်များသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ () ရက် နေ့မှစတင်၍ နှစ် သက်တမ်းစေ့ရောက်ကြမှာဖြစ်ပါတယ်။


တော်လှန်ပြည်သူများ ဝယ်ယူထားသော ငွေတိုက်စာချုပ်များ၏ နှစ်သက်တမ်းစေ့ရောက်မှုကို မိမိတို့လက်ဝယ်ရှိ စာချုပ်ပါရက်စွဲနှင့် တိုက်ဆိုင်စစ်ဆေး သိရှိနိုင်မည်ဖြစ်ပြီး သက်တမ်းစေ့ ရောက်သော ငွေတိုက်စာချုပ်များကို ပြန်လည်ရွေးနုတ်လိုပါက အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြန်လည်ရွေးနုတ်ခွင့် ပြုသွားမှာဖြစ်တယ်လို့ဆိုပါတယ်။


ထို့အပြင် နှစ်သက်တမ်းစေ့ရောက်သော်လည်း ပြန်လည်ရွေးနုတ်ရန် အစီအစဉ်မရှိသေးသည့် ဝယ်ယူထားသူများအတွက် 

ထပ်မံ၍ သက်တမ်းတိုးခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရက ရောင်းချလျက်ရှိသည့်မြေကွက်၊ တိုက်ခန်းနှင့် ရှယ်ယာ ပိုင်ဆိုင်မှုများအဖြစ် ပြောင်းလဲသတ်မှတ်ပေးခြင်းတို့ကိုဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။


 အတိုးမဲ့ငွေတိုက်စာချုပ်များကို တော်လှန်ရေးအောင်စိတ်ဖြင့် ရဲဝံ့ယုံကြည်စွာ ဝယ်ယူရင်းနှီးမြှုပ်နှံထားကြသော တော်လှန်ပြည်သူတဦးချင်း၊ တယောက်ချင်းစီကို အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် ဦးညွှတ်ဂုဏ်ပြုရင်း တော်လှန်ရေး အောင်မြင်သည်အထိ ဆက်လက်၍ မဆုတ်မနစ် ထောက်ကူ အားဖြည့်ပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါတယ်လို့ဆိုထားပါတယ်။


========================


📌📌 ၅။ NUG ငွေတိုက်စာချုပ်ရောင်းရငွေအပါအဝင် EODရှယ်ယာမှ ရောင်းရငွေများနှင့် လျှပ်စစ် ကဏ္ဍ၊ ဆောက်လုပ်ရေး ကဏ္ဍတွေမှာ ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင် ကူညီနိုင်ခဲ့တယ်လို့ဆို


နိုဝင်ဘာလ ၉ရက်။

NUG ငွေတိုက်စာချုပ်ရောင်းရငွေအပါအဝင် EODရှယ်ယာမှ ရောင်းရငွေများနှင့် လျှပ်စစ် ကဏ္ဍ၊ ဆောက်လုပ်ရေး ကဏ္ဍတွေ မှာထိထိရောက်ရောက် အကောင်အထည် ဖော်နိုင် ကူညီနိုင်ခဲ့တယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းကပြောပါတယ်။

"ငါတို့မှာ ငါတို့ပဲ ရှိတယ်ဆိုတဲ့ ပြည်သူတွေရဲ့ ဆောင်ပုဒ်အတိုင်း တော်လှန်ရေး နှစ်ခန့် အတွင်းမှာ Bond နဲ့ EOD စတာတွေက ရခဲ့တဲ့ ဘဏ္ဍာငွေပမာဏဟာ အကြီးမားဆုံး အထောက်အကူဖြစ်ခဲ့ပါတယ်။ ဒီငွေတွေနဲ့ ပြည်သူ့ ခုခံမှုကို ပုံဖော်နိုင်ခဲ့သလို ကျန်းမာရေး ပညာရေး၊ လူသားစာနာနဲ့တကွ ကျွန်တော် တာဝန်ယူရတဲ့ လျှပ်စစ် ကဏ္ဍ၊ ဆောက်လုပ်ရေး ကဏ္ဍတွေမှာလည်း ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင် ကူညီနိုင်ခဲ့ပါတယ်။ ခုဆိုရင် Bond တင်ရောင်းချ ခဲ့တာ နှစ်ပြည့်လုဖြစ်ပါပြီ။ ကမ္ဘာတဝှမ်း ပြည်သူတွေရဲ့ အားပေးမှုကို လေးစားစွာဦးညွှတ်ပါတယ်"လို့ဆိုပါတယ်။


NUG ငွေတိုက်စာချုပ်များကို၂၀၂၁ ခုနှစ်နိုဝင်ဘာလမှာ စတင်ရောင်းချခဲ့ပြီး စတင်ရောင်းချချိန်မှ သုံးနာရီအတွင်း ဒေါ်လာသုံးသန်းဖိုး အထိ ရောင်းချနိုင်ခဲ့ပါတယ်။


NUG က ရောင်းချသော ငွေတိုက်စာချုပ်များသည် ဒေါ်လာ (၁၀၀) (၅၀၀) (၁၀၀၀)နှင့် (၅၀၀၀)တန်များ ဖြစ်ကြပါတယ်။


========================


📌📌 ၆။ ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းအကြမ်းဖက်စစ်အုပ်စုကလူ့အခွင့်ရေးချိုးဖောက်မှုပေါင်း၃၄၁မှုကျူးလွန်ခဲ့တယ်လို့ဆို


နိုဝင်ဘာလ ၉ရက်။

ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းအကြမ်းဖက်စစ်အုပ်စုကလူ့အခွင့်ရေးချိုးဖောက်မှုပေါင်း၃၄၁မှုကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်ရေးဆိုင်ရာဒုဝန်ကြီး ခွန်ဗဟန်းထန်ကဆိုပါတယ်။


"ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း အကြမ်းဖက်စစ်အုပ်စုက လူ့အခွင့်ရေးချိုးဖောက်မှုပေါင်း၃၄၁မှုကျူးလွန်ခဲ့တာကို မှတ်တမ်းတင်ထားရှိထားပါတယ်။ အဲဒီထဲမှာမှ တရားလက်လွတ်သတ်ဖြတ်ခဲ့တာက၇၅ခု၊ နေအိမ်နဲ့ ကိုယ်ပိုင်ပစ္စည်းများကို ဖျက်ဆီးခဲ့မှုပေါင်း ၇၇ခု၊ မတရားဖမ်းဆီးခဲ့တဲ့အမှုပေါင်း၅၂ခုနဲ့ အခြား ပြစ်မှုတွေဖြစ်တဲ့ လူ့အခွင့်ရေးချိုးဖောက်မှု၁၃၇ခုကို တိကျသေချာစွာမှတ်တမ်းတင်ထားရှိနိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။


အဆိုပါလူ့အခွင့်ရေးချိုးဖောက်မှုပေါင်း၃၄၁မှုတွင် စစ်ကိုင်းတိုင်းတွင် ၁၁၃မှုနဲ့ အဆိုးရွားဆုံးစစ်အုပ်စုကျူးလွန်ခဲ့ပြီး မန္တလေးတိုင်းတွင် ၃၂မှု၊ ပဲခူးတိုင်းတွင် ၂၃မှု၊ မကွေးတိုင်းတွင် ၃၁မှု၊ တနသ်ာရီတိုင်းတွင် ၂၈မှုနဲ့ အခြားတိုင်းဒေသများမှာပါ ချိုးဖောက်မှုတို့ရှိခဲ့ပါတယ်။


========================


📌📌 ၇။ အဖိနှိပ်ခံတိုင်းရင်းသားများ လွတ်မြောက်ရေးနှင့် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် ဖယ်ရှားနိုင်ရေး အတွက် ၁၀၂၇ စစ်ဆင်ရေးအပါအဝင် အခြားစစ်ဆင်ရေးကြီးများကို ဖော်ဆောင်နေခြင်း ဖြစ်တယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦကျော်ဇော် ဆွေးနွေးပြောကြား


နိုဝင်ဘာလ ၉ရက်။

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော် အခြေစိုက် Stimson Center သုတေသနအဖွဲ့အစည်းက ကမကထပြု စီစဥ်သည့် နိုဝင်ဘာ ရက်နေ့ ဆွေးနွေးပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် ပါဝင်ဆွေးနွေးရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။


သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ၏ ဆွေးနွေးချက်များထဲတွင်"၁၀၂၇ စစ်ဆင်ရေးသည် သမားရိုးကျ စစ်ဆင်ရေးတခုမဟုတ်ဘဲ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးဆိုသည့် နိုင်ငံရေးရည်မှန်းချက်ပါရှိကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထုတ်ပြန်ချက်တွင် ရှင်းလင်းစွာ ဖော်ပြထားကြောင်းအဖိနှိပ်ခံတိုင်းရင်းသားများ လွတ်မြောက်ရေးနှင့် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် ဖယ်ရှားနိုင်ရေး အတွက် ၁၀၂၇ စစ်ဆင်ရေးအပါအဝင် အခြားစစ်ဆင်ရေးကြီးများကို ဖော်ဆောင်နေခြင်း ဖြစ်ကြောင်း၊ ၁၀၂၇ စစ်ဆင်ရေးသည် လူမျိုးစုများကြား ညီညွတ်ရေးအင်အားကို အထင်အရှား ပြသခြင်းဖြစ်သလို အကြမ်းဖက်စစ်ကောင်စီ၏ အင်အားချိနဲ့မှုကိုလည်း ဖွင့်ချလိုက်ခြင်းဖြစ်ကြောင်း"ဆိုပါတယ်။


ဆွေးနွေးပွဲတွင် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်နှင့်အတူ အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျူ (USIP) အကြီးတန်းအကြံပေးပုဂ္ဂိုလ် Priscilla Clapp နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကျော်ဆန်းလှိုင်တို့ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။


========================


📌📌 ၈။ ကွမ်းလုံမြို့အား အပြီးသတ် အောင်မြင်စွာ သိမ်းပိုက်


နိုဝင်ဘာလ ၉ရက်။

ကွမ်းလုံမြို့အား အပြီးသတ် အောင်မြင်စွာ သိမ်းပိုက်လိုက်နိုင်တယ်လို့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ () ရက်နေ့ ညပိုင်းမှာ 

အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနက တရားဝင်အသိပေးထုတ်ပြန်ပါတယ်။


မြောက်ပိုင်းညီနောင်အဖွဲ့မှ (၁၀၂၇)စစ်ဆင်ရေး ဆောင်ရွက်လာသော အချိန်ကာလတလျှောက်တွင် စစ်ကောင်စီ၏ တပ်စခန်းအကြီးအသေး စုစုပေါင်း(၁၂၀)ကျော် သိမ်းပိုက်နိုင်ခဲ့ပြီး   ၎င်းတို့ထဲတွင် ကွမ်းလုံတံတားနှင့် တာပါးတံတား(သံလွင်တံတား)  စသည့်တံတားများနှင့် အသေးစား လှေဆိပ်ကမ်းလည်းပါဝင်ပါတယ်လို့ MNDAAကအသိပေးထုတ်ပြန်ပါတယ်။


အဆိုပါကွမ်းလုံမြို့သိမ်းတိုက်ပွဲမှာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တပ်ရင်းတစ်ရင်းလည်း ပါဝင်တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုတချို့ရှိခဲ့တယ်လို့လည်း BPLAကွပ်ကဲရေးမှူး မောင်ဆောင်းခက ဆိုရှယ်မီဒီယာမှာ အသိပေးဆိုထားပါတယ်။


"ကွမ်းလုံမှာတိုက်တာ MOD က တပ်ရင်းတစ်ရင်းလည်း ပါပါတယ်။ သူတို့မှာ အထိအခိုက်တချို့ရှိတယ်လို့ကြားတယ်။ လိုင်းပေါ်မှာ ဘက်ခွဲပြီးရန်ဖြစ်မနေကြဘဲ တပ်ပေါင်းစုညီညွတ်ရေးနဲ့ တော်လှန်ရေးအောင်ပွဲဆီ အရောက်သွားကြပါစို့လား"လို့ဆိုထားပါတယ်။


========================


📌📌 ၉။ ညီနောင်မဟာမိတ်()ဖွဲ့မှ ကိုးကန့်ခရိုင်၊ ရှောက်ပယ်အိုင်နှင့် ဟဲ့ဟုတ်တောင်ရှိ စစ်ကောင်စီစခန်းများကိုသိမ်းပိုက်ခဲ့


နိုဝင်ဘာလ ၉ရက်။

မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ (၁၀၂၇) စစ်ဆင်ရေး လုပ်ဆောင်လာသည်မှာ (၁၄)ရက်နေ့မြောက်ဖြစ်တဲ့ နိုဝင်ဘာလ ရက်တွင် ကိုးကန့်(MNDAA)နှင့် မဟာမိတ်အဖွဲ့တို့ ပူးတွဲပြီး ကိုးကန့်ခရိုင်၊ ရှီးရှမ်းဒေသ တာရွှေထန်အုပ်စု နန်ကော်ရွာမှ ဖုန်းချွေရှမ်နေရာကြား  ရှောက်ပယ်အိုင်နေရာတွင်ရှိသော စစ်ကောင်စီ၏ တပ်စခန်းနှင့် ကိုးကန့်တုန်းရှမ်းဒေသ ရှီယွင်ကြည်ရွာအနီး ဟဲ့ဟုတ်တောင် စခန်းကို ထိုးစစ်တိုက်ခိုက်ခဲ့ပါတယ်လို့ဆိုပါတယ်။


နိုဝင်ဘာ၉ရက် နံနက်()နာရီတွင် ကိုးကန့်(MNDAA)နှင့် မဟာမိတ်အဖွဲ့တို့သည် ရှောက်ပယ်အိုင်နေရာရှိ စစ်ကောင်စီ၏တပ်စခန်းကို စတင်ထိုးစစ်ဆင်လာခဲ့ပြီး လေကြောင်း၏ပစ်ကူမှုအောက်တွင် သိမ်းပိုက်နိုင်ခဲ့ပါတယ်။


၎င်းစခန်းကိုသိမ်းပိုက်ပြီးနောက် ဖုန်းချွေရှမ်နေရာဘက်သို့ ဆက်လက်ချီတက်ခဲ့ရာ ဟွာရှိပန်ဘက်မှ စစ်ကား()စီးမောင်းနှင်လာသော ကိုးကန့်ရုပ်သေးအဖွဲ့များကို ကိုးကန့်(MNDAA)နှင့် မဟာမိတ်အဖွဲ့တို့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး  ၎င်းကား()စီးကို ဖျက်ဆီးနိုင်ခဲ့သည့်အပြင် ရုပ်သေးအဖွဲ့ဝင်ကိုလည်း ချေမှုန်းခဲ့တယ်လို့ဆိုပါတယ်။


နံနက်()နာရီမှစတင်ပြီး ဟဲ့ဟုတ်တောင်ရှိ စစ်ကောင်စီစခန်းကို ဗုံးကြဲပစ်ခတ်ပြီး (၆း၂၅)နာရီတွင် ခြေလျင်တပ်ဖြင့် စတင်ချီတက်လာခဲ့ရာ ()နာရီအချိန်တွင် ဗျူဟာကုန်းအနောက်ဘက်တောင်ကုန်းကို သိမ်းယူနိုင်ပြီး ()နာရီအချိန်တွင် ဟဲ့ဟုတ်တောင်ကို စတင်ထိုးစစ်တိုက်ခိုက်ခဲ့ကာ (၉း၅၀)နာရီ တွင် ဟဲ့ဟုတ်တောင်၏ အဓိကတပ်စခန်းကိုသိမ်းယူလိုက်ပြီး (၁၂း၂၀)နာရီအချိန်တွင် အရံတပ်စခန်းကိုလည်းအပြီးသိမ်းပိုက်ခဲ့ပါတယ်။


လက်ရှိအချိန်အထိ မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့သည် စစ်ကောင်စီ၏ တပ်စခန်း အကြီးအသေး စုစုပေါင်း(၁၂၈) ခု အောင်မြင်စွာသိမ်းပိုက်ခဲ့တယ်လို့ဆိုပါတယ်။


========================


📌📌 ၁၀။ ကောလင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၅၀) ဦးခန့် သေဆုံးပြီး လက်နက်ချ အညံ့ခံသူ စစ်သုံ့ပန်း (၂၁) ဦး ရှိ


နိုဝင်ဘာလ ၉ရက်။

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့ (ခရိုင်ရုံးစိုက်ရာမြို့) အား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်သူ့ကာကွယ်ရေးဝန်ကြီးဌာန (MOD) အမှတ် () စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့မှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ () ရက်နေ့ မနက် () နာရီမှ နိုဝင်ဘာလ () ရက်နေ့ ညနေ () နာရီအထိ () ရက်ကြာ တိုက်ခိုက်ပြီး အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပါတယ်လို့ဆိုပါတယ်။


ကောလင်းမြို့အတွင်း စစ်ကောင်စီတပ်များ အဓိက အခြေချနေရာများဖြစ်သည့် ဒု-ဗမက သက်ပိုင်မြင့် ဦးစီး ခမရ-၃၆၉ အင်အား (၅၇) ဦးရှိ အထက်တန်းကျောင်း၊ ဒု-ဗမက သိန်းဇော်လင်း ဦးစီး ခမရ (၁၁၁၊ ၁၂၀) အင်အား (၄၀) ခန့်ရှိ အထွေထွေအုပ်ချုပ်ရေးရုံး၊ ဒု-ရဲမှူး သန်းလွင် (မြို့နယ်မှူး) ဦးစီး ရဲအင်အား (၆၆) ဦးရှိ ရဲစခန်း၊ ရွှေနွယ်ဖြိုး လက်ဖက်ရည်ဆိုင်နှင့် မီးရထားဘူတာတို့အား အမှတ် () စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ ကောလင်းခရိုင် ကွပ်ကဲရေးရုံး၊ ကောလင်းခရိုင် အမှတ် (၁၊ ) တပ်ရင်း၊ စစ်ကိုင်းတိုင်း ပကဖ၊ ကောလင်းခရိုင်/မြို့နယ် ပကဖနှင့် Federal Wings ပူးပေါင်းအဖွဲ့တို့မှ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဖြတ်တောက်ရေးအနေဖြင့် ကောလင်းခရိုင် အမှတ် (၃၊ ) တပ်ရင်းနှင့် ဝန်းသိုမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့မှ တာဝန်ယူဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။


ထို () ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီမှ ကောလင်းမြို့သို့ တံတားဦးမှ တက်လာသည့် ဂျက်တိုက်လေယာဉ်နှင့် ကန့်ဘလူမြို့ တကရ-၆၀၀၆မှ တက်လာသည့် Mi-35 ရဟတ်ယာဉ်တို့ဖြင့် လေကြောင်း တိုက်ခိုက်မှုပေါင်း (၄၉) ကြိမ် ပြုလုပ်ခဲ့ပါတယ်။


၎င်းကောလင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၅၀) ဦးခန့် သေဆုံးပြီး လက်နက်ချ အညံ့ခံသူ စစ်သုံ့ပန်း (၂၁) ဦး ရှိခဲ့ပါတယ်။


တော်လှန်ရေးအင်အားစုဘက်မှ ရဲဘော် () ဦး တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ပြီး ရန်သူ့ဘက်မှ လက်နက်ကြီး/ငယ် စုစုပေါင်း (၆၉) လက်၊ Jammer () ခု၊ ခဲယမ်း၊ ကျည်အမြောက်အများနှင့် ရန်သူ့အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။


========================


📌📌 ၁၁။ ပင်လည်ဘူးမြို့ကို  PDF နဲ့ ပကဖ တွေက ပွိုင့် အသီးသီးမှာ ပိတ်ဆို့ထားကာ မြို့ကိုသိမ်းပိုက်ခြင်းမရှိသေးဘူးလို့ဆို


နိုဝင်ဘာလ ၉ရက်။

ပင်လည်ဘူးမြို့ ကို  PDF နဲ့ ပကဖတွေက ပွိုင့် အသီးသီးမှာ ပိတ်ဆို့ထားတယ်လို့ဆိုပါတယ်။


နိုဝင်ဘာလ ၉ရက် ညပိုင်းမှာ ပင်လည်ဘူးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူတစ်ဦးကဖြေကြားပါတယ်။


"ပင်လည်ဘူးမြို့ကို  PDFနဲ့ ပကဖတွေက ပွိုင့် အသီးသီးမှာ ပိတ်ဆို့ထားတာပဲရှိပါသေးတယ် မသိမ်းသေးပါဘူး"လို့ဆိုပါတယ်။


နိုဝင်ဘာ ၈ရက်မှာလည်း ပင်လည်ဘူးမြို့သိမ်းတယ်လို့ သတင်းမှားတွေ ပေါ်ထွက်နေပြီး ၄င်းမှာ မဟုတ်မှန်ကြောင်း စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ကအသိပေးထုတ်ပြန်ထားပါတယ်။


"ကာကွယ်ရေးဝန်ကြီးဌာနကဖြစ်‌စေ၊ အမှတ်၁စစ်ဒေသကဖြစ်‌စေ၊ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ကဖြစ်စေ အတည်ပြုကြေညာချက်မထုတ်ပြန်မချင်း သတင်းမှားများကို လက်မခံဘို့ အသိပေးအပ်ပါတယ်"လို့ စစ်ကိုင်းတိုင်းပကဖကဆိုပါတယ်။


========================


📌📌 ၁၂။ လားရှိုးမြို့နယ် ကုန်စုံကျေးရွာတွင် စစ်ကောင်စီတပ် ရှေ့တန်းမှ ထွက်ပြေးလာသော တပ်သား()ဦး လက်နက်အပြည့်အစုံဖြင့် တအာင်းတပ်မတော် PSLF/TNLA ထံ လာရောက်လက်နက်ချ၍ လမ်းစရိတ်ချီးမြင့်ငွေ (၁၅သိန်း) ပေးအပ်ခဲ့.


နိုဝင်ဘာလ ၉ရက်။

လားရှိုးမြို့နယ် ကုန်စုံကျေးရွာတွင် စစ်ကောင်စီတပ် ရှေ့တန်းမှ ထွက်ပြေးလာသော တပ်သား()ဦး လက်နက်အပြည့်အစုံဖြင့် တအာင်းတပ်မတော် PSLF/TNLA ထံ လာရောက်လက်နက်ချ၍ လမ်းစရိတ်ချီးမြင့်ငွေ (၁၅သိန်း) ပေးအပ်ခဲ့တယ်လို့ တအာင်းတပ်မတော် PSLF/TNLAကအတည်ပြုပါတယ်။


"၁၀၂၇ စစ်ဆင်ရေးအတွင်း၊ တပ်မဟာ()စစ်ဒေသ၊ လားရှိုးမြို့နယ် ကုန်စုံကျေးရွာတွင် စစ်ကောင်စီတပ် ရှေ့တန်းမှ ထွက်ပြေးလာသော တပ်သား()ဦး လက်နက်အပြည့်အစုံဖြင့် တအာင်းတပ်မတော် PSLF/TNLA ထံ နိုဝင်ဘာလ ()ရက်နေ့တွင် လာရောက်လက်နက်ချခဲ့တယ်"လို့ဆိုပါတယ်။


၎င်းတပ်သားဟာ .က.(၁၀)လက်အောက်ခံ၊ .. -၃၆၂ တပ်ရင်းဖြစ်ကာ ယခုစစ်ဆင်ရေးကာလတွင် စစ်မတိုက်လိုသောကြောင့် လာရောက်အညံ့ခံခဲ့သည်ဟု ပြောဆိုပြီး ၎င်းကို ဘေးကင်းရာသို့ ပို့ဆောင်ခဲ့ကာ လမ်းစရိတ်ချီးမြင့်ငွေ (၁၅သိန်း) ပေးအပ်ခဲ့တယ်လို့သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment