12th NOV 2023 - Evening Daily News by Radio NUG


၂၀၂၃ နိုဝင်ဘာလ ၁၂ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ရှမ်းမြောက်ဒေသက စစ်ဘေးရှောင်များကို ဆန်နှင့်အရေးပေါ်အသုံးအဆောင်များထောက်ပံ့၊ ထိခိုက်ကျဆုံး သူများအတွက် ကျပ်သိန်း ရာကျော်ထောက်ပံ့ထားဟု လူသားစာနာဝန်ကြီးဌာနထုတ်ပြန်

📌 ၂။ မြင်းခြံမြို့နယ်မှ အရပ်သား ဦးသတ်ဖြတ်ခံရမှု ကျုးလွန်သူများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်ဆောင်ရွက် သွားမည်ဟု လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနထုတ်ပြန်

📌 ၃။ မြင်းခြံနယ် ပျားကျေးရွားမှဒေသခံများကို သတ်ဖြတ်ခဲ့သောစစ်ကြောင်းကိုတိုက်ခိုက်မှု စစ်အုပ်စုဘက်မှ ၂ဝ ခန့် သေဆုံး

📌 ၄။ ပျက်ကျသွားတဲ့တိုက်လေယာဉ်ပေါ်ကပစ္စည်းများ PDF နေပြည်တော်တိုင်းစစ်ဌာနချုပ် ထုတ်ပြန်

📌 ၅။ ကျောက်ဆည်ခရိုင်တရားရုံးကို ဗုံးပစ်သွင်းကာတိုက်ခိုက်မှုကြောင့် ခရိုင်တရားသူကြီးထိခိုက်ဒဏ်ရာရ

📌 ၆။ အကြမ်းဖက်စစ်အုပ်စုကို အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးADMMမှာ ပါဝင်ခွင့်မပေးဖို့ အရပ်ဘက် အဖွဲ့အစည်း ၇၇ ခုမှတောင်းဆို

📌 ၇။ လေကြောင်းတိုက်ခိုက်ခံရမှုကြာင့် လူ ၁၅ဝ ခန့်သေဆုံးခဲရသော ပဇီကြီးရွာဒေသခံများကို ကျန်းမာရေးစောင့်ရှောက်မှုပေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ရှမ်းမြောက်ဒေသက စစ်ဘေးရှောင်များကို ဆန်နှင့်အရေးပေါ်အသုံးအဆောင်များထောက်ပံ့၊ ထိခိုက်ကျဆုံး သူများအတွက် ကျပ်သိန်း ရာကျော်ထောက်ပံ့ထားဟု လူသားစာနာဝန်ကြီးဌာနထုတ်ပြန်


ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ဘေးရှောင်ပြည်သူတွေကို ဆန်ရိက္ခာနဲ့ အရေးပေါ်အသုံးအဆောင်များ ထောက်ပံ့ပေး ထားသလို ထိခိုက်ကျဆုံးသူများအတွက် ကျပ်သိန်း ၂ရာကျော် ထောက်ပံ့ပေးထားတယ်လို့ အမျိုသားညီညွတ်ရေး အစိုးရ လူသားစာနာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 

နိုဝင်ဘာလ ၁၁ ရက်နေ့အထိ ရှမ်းမြောက်ဒေသက စစ်ဘေးရှောင်ပြည်သူတွေလိုအပ်နေတဲ့ ဆန်ရိက္ခာများနဲ့ အရေးပေါ် အသုံးအဆောင်တွေ ထောက်ပံ့ပေးထားပြီး ထိခိုက် ကျဆုံးသူတွေအတွက် လူသားစာနာကူညီထောက်ပံ့မှုအဖြစ် ကျပ် ၁၂၅ သိန်းခွဲ ထောက်ပံ့ပေးထားတယ်လို သိရပါတယ်။

ရှမ်းမြောက်ဒေသနည်းတူ စစ်ရေးအရှိန်မြင့်နေတဲ့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကရင်နီပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်းဒေသတွေက စစ်ဘေးရှောင်တွေကိုလည်း လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ ထောက်ပံ့ ပေးနေတယ်လို့ လူသားစာနာဝန်ကြီးဌာနက အသိပေးထားပါတယ်။ 

ရှမ်းပြည်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ်အဖွဲ့တွေစတင်ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှသည် မြန်မာနိုင်ငံတဝှမ်း အနှံ့အပြားမှာလည်း ပြည်သူကာကွယ်ရေးပူးပေါင်းအဖွဲ့တွေပူးပေါင်းပြီး အချိန်ကိုက် စစ်ဆင်ရေးတွေ ဆက်လက် ဆင်နွှဲနေတာမှာ အောင်မြင်မှုတွေလည်းရရှိနေပါတယ်။ 

ဒါ့ကြောင့် ပြည်သူလူထုတစ်ရပ်လုံးကလည်း အချိန်တိုအတွင်း ပြည်သူထိခိုက်မှုအနည်းဆုံးနဲ့ နွေဦးတော်လှန်ရေး အောင်ပွဲများ ဆက်လက်ရရှိနိုင်ရေး ပူးပေါင်းပံ့ပိုးကြဖို့ အမျိုသားညီညွတ်ရေးအစိုးရ လူသားစာနာဝန်ကြီးဌာနက အလေးအနက်တိုက်တွန်းထားပါတယ်။


========================


📌📌 ၂။ မြင်းခြံမြို့နယ်မှ အရပ်သား ဦးသတ်ဖြတ်ခံရမှု ကျုးလွန်သူများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်ဆောင်ရွက် သွားမည်ဟု လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနထုတ်ပြန်


မန္တလေးတိုင်း မြင်းခြံမြို့နယ် ပြားရွာမှ ဒေသခံအရပ်သား ဦး သတ်ဖြတ်ခံရမှုနဲ့ပတ်သက်လို့ ကျူးလွန်သူများကို အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေး ဆိုင်ရာဝန်ကြီးဌာနက နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ 


မန္တလေးတိုင်း မြင်းခြံမြို့နယ် ပြားရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီးနောက် နားမကြားတဲ့ မသန်စွမ်း ပြည်သူတဦးနဲ့ နှစ်အရွယ်ကလေးတဦးအပါအဝင် အရပ်သား ဦးကို သတ်ဖြတ်ခဲ့မှုနဲ့ပတ်သက်ပြီး အခုလို ထုတ်ပြန် လိုက်တာပါ။


နိုဝင်ဘာလ ရက်နေ့ မနက် နာရီ ၄ဝ မိနစ်အချိန်မှာ နွားထိုးကြီးမြို့နယ် ပဲကြီးခင်းဘက်ကနေ ခြေလျင်ထွက်လာတဲ့ အင်အား ၃ဝ ခန့်ရှိ အကြမ်းဖက်စစ်တပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ ပြားရွာနဲ့ မိုင်ခန့်အကွာမှာ တိုက်ပွဲဖြစ်ခဲ့ ပါတယ်။


အဲဒီစစ်ကြောင်းက ပြားရွာထိပ်ကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပြီး မြင်းခြံဘက်ကကနေ ကား စီးနဲ့ စစ်ကူလာတဲ့ စစ်ကောင်စီတပ်ဖွဲ့၊ရဲနဲ့ပျူစောထီး စုစုပေါင်းအင်အား ၇ဝ ကျော်က ပြားရွာကိုဝင်ရောက်စီးနင်းပြီး အရပ်သားပြည်သူ ဦးကို သတ်ဖြတ်သွားခဲ့တာလို့ သိရပါတယ်။ 


ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြည်သူတရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးဟူသော ဦးတည် ချက်များကို ခိုင်ခိုင်မာမာကိုင်ဆွဲကာ အကြမ်းဖက်စစ်တပ်ရဲ့ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန် တာဝန်ယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။


========================


📌📌 ၃။ မြင်းခြံနယ် ပျားကျေးရွားမှဒေသခံများကို သတ်ဖြတ်ခဲ့သောစစ်ကြောင်းကိုတိုက်ခိုက်မှု စစ်အုပ်စုဘက်မှ ၂ဝ ခန့် သေဆုံး


မြင်းခြံမြို့နယ် ပျားကျေးရွာက ဒေသခံပြည်သူတွေကိုသတ်ဖြတ်ခဲ့တဲ့အကြမ်းဖက်စစ်အုပ်စုကို ပြည်သူ့ကာ ကွယ်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာမှာ စစ်အုပ်စုဘက်က ၂ဝခန့် သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း - နွားထိုးကြီး PDF ထံက သိရပါတယ်။


နိုဝင်ဘာလ ရက်နေ့က မြင်းခြံမြို့နယ် ပျားကျေးရွာက ဒေသခံပြည်သူတွေကိုသတ်ဖြတ်ခဲ့ပြီး ပြည်သူပိုင် အိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့ အင်အား ၅ဝ ခန့်ရှိ စစ်ကြောင်း နွားထိုးကြီးနယ်က ခံစပ်ကုန်းကျေးရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းဝင်းထဲမှာ တပ်စွဲနေချိန်မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မြေပြင်နဲ့ဝေဟင် ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့အဲဒီတိုက်ပွဲဟာ မွန်းလွဲ နာရီခွဲကနေ ညနေ နာရီခွဲဝန်းကျင်အထိ ကြာမြင့်ခဲ့တယ်လို့လည်းသိရပါတယ်။


မဟာမိတ်အဖွဲ့တွေ စခန်းသိမ်းဖို့ကြိုးစားခဲ့ပေမယ့် စစ်ကောင်စီဘက်က စစ်ကူတွေရောက်လာတာနဲ့ ညဘက် ဖြစ်တာကြောင့် ပြန်ဆုတ်ခဲ့ရတယ်လို့ နွားထိုးကြီး PDF က အသိပေးထားပါတယ်။


အကြမ်းဖက်စစ်ကောင်စီဘက်ကလည်း စစ်ကူရောက်လာတဲ့ကားတွေနဲ့ သေဆုံး၊ ဒဏ်ရာရသူတွေကို သယ်ပြီး ညတွင်းချင်း တပ်ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။


အဲဒီတိုက်ခိုက်မှုကို နွားထိုးကြီး PDF မြင်းခြံခရိုင် တပ်ရင်း နဲ့အတူ မြင်းခြံခရိုင် တပ်ရင်း ၈၊ မန်းလေးခရိုင် တပ်ရင်း ၃၊ နွားထိုင်းကြီးမြို့နယ် ပကဖ၊ နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ဗိုလ်စားပြောက်းကျားတပ်ဖွဲ့ (မြင်းခြံ) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်တဦး မစိုးရိမ်ရတဲ့ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ၄။ ပျက်ကျသွားတဲ့တိုက်လေယာဉ်ပေါ်ကပစ္စည်းများ PDF နေပြည်တော်တိုင်းစစ်ဌာနချုပ် ထုတ်ပြန်


ကရင်နီပြည်နယ်အတွင်းမှာ ပျက်ကျသွားခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီ တိုက်လေယာဉ်ပေါ်ကပစ္စည်းတွေ သိမ်းဆည်း ရရှိတယ်ဆိုပြီး PDF နေပြည်တော်တိုင်းစစ်ဌာနချုပ်က နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ဓာတ်ပုံမှတ်တမ်းနဲ့တကွ ထုတ်ပြန် လိုက်ပါတယ်။ 


နိုဝင်ဘာလ ၁၁ ရက်နေ့က ကရင်နီပြည်နယ်အတွင်းမှာ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ပစ်ချလိုက်လို့ ပျက်ကျ သွားတဲ့ တိုက်လေယာဉ်ကနေရရှိထားတဲ့ပစ္စည်းတွေကို ထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။ 


ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်းများက သိမ်းဆည်းရမိသည့် စစ်လေယာဥ်သုံး ဆက်စပ်ပစ္စည်းတွေက လေထီးတစုံ၊ ကယ်ဆယ်ရေး လေထိုးလှေငယ်တစင်း၊ စကားပြောစက်အကြီးတလုံး၊ လေယာဉ်မှူးထိုင်ခံတပိုင်း၊ အသက်ရှုအောက်စီဂျင်စက်တစုံ၊ Helmet တလုံး၊ ဆေးဝါးနဲ့ ဓာတ်စာများဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ရုံးချုပ် က ဖော်ပြထားပါတယ်။  

ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ပွိုင်ဖိုက် လက်နက်နဲ့ပစ်ချလိုက်လို့ ပျက်ကျသွားတဲ့တိုက်လေယာဉ်ဟာ လေ့ကျင့်ရေးအပေါ့စား တိုက်ခိုက်ရေးလေယာဉ်ဖြစ်တယ်လို့ အကြမ်းဖက်စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ဝန်ခံပြောဆိုထားတာရှိပါတယ်။ 

လက်ရှိအချိန် အဲဒီတိုက်လေယာဉ်ပေါ်က လေယာဉ်မှူး ၂ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က မြေပြင်နဲ့ ဝေဟင်ကနေ အသည်းအသန်လိုက်ရှာနေကြပါတယ်။


========================


📌📌 ၅။ ကျောက်ဆည်ခရိုင်တရားရုံးကို ဗုံးပစ်သွင်းကာတိုက်ခိုက်မှုကြောင့် ခရိုင်တရားသူကြီးထိခိုက်ဒဏ်ရာရ


မန္တလေးတိုင်း ကျောက်ဆည်မြို့က ခရိုင်တရားရုံးကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့တာမှာ ခရိုင်တရားသူကြီး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Kyaukse Revolution Army-KRA က ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလ ၁ဝ ရက်နေ့ မနက် နာရီခွဲခန့်အချိန်မှာ ကျောက်ဆည်ခရိုင်တရားရုံးထဲကို ဒေသတွင်း တော်လှန်ရေးအင်အားစုတွေက လက်ပစ်ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

ကျောက်ဆည်ခရိုင်တရား စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေဟာ ဒေသခံပြည်သူတွေကို မတရား ဖမ်းဆီးပြီး အကြိမ်ကြိမ်ငွေညှစ်လာဘ်စားနေတယ်လို့ ပြည်သူတွေကတိုင်ကြားလာတာကြောင့် KRA က ထုတ်လုပ်ထားတဲ့ မြို့ပြထန်းသီးဗုံးနဲ့ အနီးကပ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုကို ကျောက်ဆည် KRA တပ်ဖွဲ့နဲ့ ကျောက်ဆည် KDDF အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။


========================


📌📌 ၆။ အကြမ်းဖက်စစ်အုပ်စုကို အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးADMMမှာ ပါဝင်ခွင့်မပေးဖို့ အရပ်ဘက် အဖွဲ့အစည်း ၇၇ ခုမှတောင်းဆို


မကြာမီကျင်းပမယ့် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးမှာ အကြမ်းဖက်စစ်အုပ်စုကို ပါဝင်ခွင့်မပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၇၇ ခုက လက်မှတ်ရေးထိုးတောင်းဆိုလိုက်ပါတယ်။ 


နိုဝင်ဘာ ၁ဝ ရက်နေ့က အရပ်ဘက်အဖွဲ့အစည်း ၇၇ ခုကလက်မှတ်ရေးထိုးပြီး လက်ရှိ ADMM အစည်းအဝေးဥက္ကဌ အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီးအပြင် အာဆီယံနိုင်ငံတွေရဲ့ကာကွယ်ရေးဝန်ကြီးတွေနဲ့အာဆီယံ အထွေထွေ အတွင်းရေးမှူးတို့ထံ အိတ်ဖွင့်ပေးစာအနေနဲ့ပေးပို့တောင်းဆိုခဲ့တာလို့ Defend Myanmar Democracy က ထုတ်ပြန်ထားပါတယ်။ 


အဲဒီအိတ်ဖွင့်ပေးစာမှာ အဓိကတောင်းဆိုချက်အနေနဲ့ မကြာမီကျင်းပမယ့် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်း အဝေး ADMM နဲ့ ဆက်စပ်အစည်းအဝေး ADMM Plus အစည်းအဝေးတွေမှာ မြန်မာပြည်သူများ၏ ဒီမိုကရေစီ နည်းကျ ကိုယ်စားပြုမှုရှိစေရန်၊ မြန်မာနိုင်ငံကိုယ်စား လက်ရှိဆောင်ရွက်နေတဲ့ တရားဝင်အခန်းကဏ္ဍ အားလုံးကနေ စစ်အုပ်စုကိုဖယ်ရှားဖို့၊ ပါဝင်ခွင့်မပေးဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။

ဒါ့အပြင် စစ်အုပ်စုအဖွဲ့ဝင်တွေကိုလည်း အနာဂတ် ADMM နဲ့ ADMM Plus အခန်းကဏ္ဍများ၊ အစည်းအဝေးနဲ့ လှုပ်ရှား မှုအားလုံး ပိတ်ပင်တားမြစ်ရန် စတဲ့အချက်လည်း ပါဝင်နေတာတွေ့ရပါတယ်။ 


အာဆီယံရဲ့ ADMM နဲ့ ADMM Plus ဆိုတဲ့ ဆက်စပ်အစည်းအဝေးတွေဟာ အကြမ်းဖက်စစ်ကောင်စီကို တရားဝင်မှု ပေးနေသလိုဖြစ်နေပြီး နည်းပညာပိုင်းဆိုင်ရာကိုပါ အထောက်အပံ့စေတာကြောင့် အကြမ်းဖက်မှုကို အားပေးရာ ရောက်နေတယ်လို့လည်း အိတ်ဖွင့်ပေးစာက ထောက်ပြထားသလို  မြန်မာပြည်သူများရဲ့ လူ့အခွင့်အရေးကို ပံ့ပိုးကူညီရန်နဲ့ အမြန်ဆုံးအရေးယူဆောင်ရွက်ရန် အရပ်ဘက်အဖွဲ့အစည်းတွေက မေတ္တာရပ်ခံထားပါတယ်။


========================


📌📌 ၇။ လေကြောင်းတိုက်ခိုက်ခံရမှုကြာင့် လူ ၁၅ဝ ခန့်သေဆုံးခဲရသော ပဇီကြီးရွာဒေသခံများကို ကျန်းမာရေးစောင့်ရှောက်မှုပေး


အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကိုခံခဲ့ရမှုကြောင့် ဒေသခံပြည်သူ ၁၄၆ ဦး သေဆုံး ခဲ့ရတဲ့ ကန့်ဘလူနယ် ပဇီကြီးကျေးရွာကဒေသခံတွေကို ကန့်ဘလူခရိုင် PDF ဆေးအဖွဲ့နဲ့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုတွေပေးခဲ့တယ်လို့ သိရပါတယ်။


နိုဝင်ဘာလ ရက်နေ့က ကန့်ဘလူခရိုင် PDF ဆေးအဖွဲ့နဲ့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ပူးပေါင်းပြီး ပဇီကြီးကျေးရွာကစစ်ဘေးသင့်သူတွေကို နေရာခွဲပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တာလို့ ဆိုပါတယ်။


နိုဝင်ဘာလ ၁၁ ရက်နေ့ဟာ ပဇီကြီးကျေးရွာလေကြောင်းတိုက်ခိုက်ခံရမှု လပြည့်မြောက်တဲ့နေ့ ဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အသက်ဘေးကလွတ်မြောက်ခဲ့သူ ဒေသခံရွာသားတွေဟာ အကြောက် တရားလွှမ်းမိုးနေဆဲဖြစ်တာကြောင့် လက်ရှိအချိန်ထိ ကျေးရွာအတွင်း ပြန်လည်နေထိုင်ခြင်းမရှိတော့ဘဲ တောထဲမှာပဲ နေထိုင်ကြတော့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။


ကန့်ဘလူခရိုင် PDF ဆေးအဖွဲ့နဲ့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က စစ်ဘေးရှောင်ပြည်သူ တွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေပြုလုပ်ပေးခဲ့သလို ကလေးငယ်တွေပျော်ရွှင်စေရေးအတွက် ကစားစရာအရုပ်များ ဝေငှပေးခဲ့တယ်လို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment