13th NOV 2023 - Evening Daily News by Radio NUG



၂၀၂၃ နိုဝင်ဘာလ ၁၃ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပုဂ္ဂလိကဘဏ်များတွင်အပ်နှံထားသော ပြည်သူ့အပ်နှံငွေများ ဆုံးရှုံးနစ်နာမှုမရှိစေရေး စီမံဆောင်ရွက်နေဟု NUG ထုတ်ပြန်

📌 ၂။ ရသေ့တောင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ခုကို ရခိုင့်တပ်တော် AA တိုက်ခိုက်

📌 ၃။ ရိဒ်ခေါရ်ဒါမြို့မှာ စစ်တပ်နဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေတိုက်ပွဲဖြစ်နေတာကြောင့် ဒေသခံတွေ စစ်ဘေးရှောင်နေရ

📌 ၄။ ကွမ်းလုံမြို့ကိုအလုံးစုံထိန်းချုပ်နိုင်ခဲ့ခြင်းသည် ကိုးကန့်လူမျိုးတို့အိမ်ပြန်ခရီးအတွက် မျော်လင့်ချက် ပိုမိုနီးကပ်သွားစေခဲ့ဟု မြောက်ပိုင်းညီနောင် ဖွဲ့ ဆို

📌 ၅။ စစ်တပ်က ပစ်ခတ်သောလက်နက်ကြီးများကြောင့် နမ့်ခမ်းမြို့ရှိ ပတ္တမြားခန်းမ မီးလောင် 

📌 ၆။ မလေးရှားနိုင်ငံမှာ ပထမအကြိမ် THE WAY ရန်ပုံငွေရုပ်ရှင်ပြပွဲ ကျင်းပပြုလုပ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပုဂ္ဂလိကဘဏ်များတွင်အပ်နှံထားသော ပြည်သူ့အပ်နှံငွေများ ဆုံးရှုံးနစ်နာမှုမရှိစေရေး စီမံဆောင်ရွက်နေဟု NUG ထုတ်ပြန်


ကြားကာလပြည်သူ့အုပ်ချုပ်ရေး အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ဒေသတွေက ပုဂ္ဂလိကဘဏ်တွေမှာ အပ်နှံထားတဲ့ ပြည်သူများရဲ့ အပ်နှံငွေတွေဆုံးရှုံးမှုမရှိစေဖို့ စီမံဆောက်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကြားကာလဗဟိုဘဏ်က ယနေ့ နိုဝင်ဘာလ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ 


အခုနှစ် အောက်တိုဘာလနှောင်းပိုင်းကစပြီး အရှိန်အဟုန်မြင့်လာတဲ့ ပြည်သူ့ နွေဦးတော်လှန်ရေး အောင်ပွဲတွေနဲ့အတူ ကြားကာလပြည်သူ့အုပ်ချုပ်ရေး အကောင်အထည်ဖော်နေတဲ့ဒေသတွေက ပုဂ္ဂလိကဘဏ်တွေမှာအပ်နှံထားတဲ့ ပြည်သူတွေရဲ့အပ်နှံငွေများနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလဗဟိုဘဏ်က ထုတ်ပြန်လိုက်တာ ပါ။


အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလဗဟိုဘဏ်အနေနဲ့ ပြည်သူတွေရဲ့ နစ်နာဆုံးရှုံးမှုတွေ အချိန်မီကုစားနိုင်ရေး အတွက် ပြည်သူ့အုပ်ချုပ်ရေး စတင်ဆောင်ရွက်နေတဲ့ဒေသတွေမှာ ဘဏ္ဍာရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို ကြားကာလပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းစီမံချက် (SOPs – Standard Operating Procedures ) ထုတ်ပြန်ပြီး စနစ်တကျရှိစေဖို့နဲ့တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေစေဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ 

ဒီလုပ်ငန်းစီမံချက်မှာ သိမ်းပိုက်ရရှိထားတဲ့နယ်မြေအတွင်းက ပုဂ္ဂလိကဘဏ်များ၏ပရိဝုဏ်၊ အဆောက်အအုံ၊ ဘဏ်ဝန်ထမ်း (ရှိပါက) ဘဏ်အတွင်းရှိငွေသား၊ ဘဏ်ငွေတိုက် (Vault) ရှိငွေသား၊ စာရင်းမှတ်တမ်းများ၊ စာချုပ်စာတမ်းများ၊ ပေါင်နှံစာရွက်စာတမ်းများ (Collateral) ဘဏ်အတွင်းရှိစက်ပစ္စည်းကိရိယာများ၊ ရုံးသုံး Software Hardware များနဲ့စပ်လျဉ်းတဲ့ ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်အသေးစိတ်ကို ဖော်ပြသတ်မှတ်ထားပြီး ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ လိုက်နာအကောင်အထည်ဖော်ဆောင်မှုကို အထူးကြပ်မတ်စီမံနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖောပြထားပါတယ်။

အခြေအနေတည်ငြိမ်တာနဲ့ ထိန်းသိမ်းပြုစုထားတဲ့ စာရင်း၊ ဇယား၊ မှတ်တမ်းတွေနဲ့အညီ ပြည်သူ့အပ်နှံငွေများ ပြည်သူ့ထံပြန်လည်ရရှိစေရေး စီမံဆောင်ရွက်သွားမည်ဖြစ်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ ကြားကာလ ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။ ရသေ့တောင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ခုကို ရခိုင့်တပ်တော် AA တိုက်ခိုက်


ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အနောက်တောင်ပိုင်းမှာရှိတဲ့ ဒုံးပိုက်နဲ့ချိန်ခါလီ နယ်ခြားစောင့်စခန်းတွေ ကို ရခိုင့်တပ်တော် AA က နိုဝင်ဘာလ ၁၃ ရက် မနက်အစောပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ 

နိုဝင်ဘာလ ၁၃ ရက်နေ့ မနက် နာရီအချိန်မှာ တိုက်ပွဲစတင်ခဲ့တာဖြစ်တယ်လို့ ဒေသတွင်းသတင်း ရင်းမြစ် တွေက ပြောပါတယ်။

ရသေ့တောင်မြို့နယ် ဒုံးပိုက်နဲ့ချိန်ခါလီကျေးရွာတွေမှာရှိတဲ့ စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ်စခန်းတွေကို AA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီလို့ ဒေသခံတွေကပြောဆိုနေပေမယ့် AA ဘက်က နိုဝင်ဘာလ ၁၃ ရက် မနက် ၁၁ နာရီအချိန်အထိ ထုတ်ပြန်လာတာမရှိသေးပါဘူး။

လက်ရှိမှာ စစ်ကောင်စီတပ်တွေနဲ့ ရခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကဆိုပါတယ်။ 

ရသေ့တောင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ရခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေပြင်းထန်နေ သလို မင်းပြားမြို့နယ်မှာလည်း စစ်ကောင်စီကား စီးကို AA က နိုဝင်ဘာလ ၁၃ ရက်နေ့ မနက်ပိုင်းမှာပဲ ကြားဖြတ်တိုက်ခိုက်ခဲ့တာရှိပါတယ်။ 

မင်းပြားမြို့အခြေစိုက် တိုင်းဗဟို ကနေထွက်လာတဲ့ စစ်ကား၂စီး ရာမောင်ဘက်ကပြန်လာချိန် ချင်းဖားပြို ကျေးရွာအနီးမှာ တိုက်ခိုက်ခံလိုက်ရတာလို့ သိရပါတယ်။

အဲဒီတိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့ပြီး ကားတစီး မီးလောင်ပျက်စီးသွား တယ်လို့လည်း သိရပါတယ်။ 

အခုလိုတိုက်ခိုက်ခံရပြီးနောက် ကျိန်းတောင်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းက လက်နက်ကြီးတွေနဲ့ အဆက်မ ပြတ်ပစ်ခတ်နေတာကြောင့် စက်လှေတွေနဲ့လိုင်းကားတွေ သတိနဲ့သွားလာနေရပြီး မင်းပြား-မြေပုံသွားလာမှု နည်းသွားတယ်လို့ ဒေသခံစကားကိုကိုးကားပြီး ရခိုင်ပြည်နယ်သတင်းတွေကို ဦးစားပေးဖော်ပြနေတဲ့ Western News က ဖော်ပြထားပါတယ်။   

ထို့အတူ မြောက်ဦးမြို့နယ်မှာလည်း စစ်ကောင်စီတပ်တွေဟာ နိုဝင်ဘာလ ၁၃ ရက် မနက် နာရီလောက်က လက်နက်ငယ်တွေနဲ့ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် လမ်းသွားလမ်းလာအချို့ထိခိုက်ဒဏ်ရာရမှုတွေရှိခဲ့တယ် လို့လည်း သိရပါတယ်။ 

ရခိုင်ပြည်နယ်အတွင်း ရသေ့တောင်နဲ့မင်းပြားမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ရခိုင်တပ်တော် AA တို့ကြား စစ်ပွဲတွေဖြစ်နေပြီး အခြားမြို့နယ်တွေမှာလည်း စစ်ရေးတင်းမာနေတယ်လို့ Western News က အသိပေးထားပါတယ်။ 

ရခိုင့်တပ်တော် AA နဲ့ အကြမ်းဖက်စစ်ကောင်စီတို့ဟာ ၂ဝ၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေက ၂ဖက် နားလည်မှုနဲ့ အပစ်အခတ်ရပ်စဲထားတာကြောင့် တိုက်ပွဲတွေမဖြစ်ခဲ့တာ တနှစ်နီးပါးရှိနေပြီဖြစ်ပါတယ်။


========================


📌📌 ၃။ ရိဒ်ခေါရ်ဒါမြို့မှာ စစ်တပ်နဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေတိုက်ပွဲဖြစ်နေတာကြောင့် ဒေသခံတွေ စစ်ဘေးရှောင်နေရ


အိန္ဒိယ-မြန်မာနယ်စပ် ရိဒ်ခေါရ်ဒါမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်နေတာကြောင့် ထောင်နဲ့ချီတဲ့ဒေသခံတွေ စစ်ဘေးရှောင်နေရတယ်လို့ ဒေသတွင်းသတင်းရင်း မြစ်တွေဆီက သိရပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ နိုဝင်ဘာလ ၁၃ ရက်နေ့မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်နေတာကြောင့် ရိဒ်ခေါရ်ဒါမြို့ကဒေသခံတွေ အိန္ဒိယဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်နေရ တယ်လို့ ဒေသတွင်းသတင်းတွေကိုဦးစားပေးဖော်ပြနေတဲ့ Chin Wold က အသိပေးထားပါတယ်။ 

အိန္ဒိယ-မြန်မာနယ်စပ် ရိဒ်ခေါရ်ဒါမြို့ရဲ့တောင်ထပ်မှာ တပ်စွဲနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ဒေသကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် ဖက်အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့ပြီး ဒေသခံ တွေဟာ တီအိုချောင်းတဖက်ကမ်းမှာရှိတဲ့ ဇိုခွေထာရ်ရွာဘက်ကို စစ်ဘေးရှောင်နေကြတယ်လို့ ဆိုပါတယ်။ 

ရိဒ်ခေါရ်ဒါမြို့တောင်ပေါ်မှာတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ အိန္ဒိယဘက်ခြမ်း ဇိုခွေထာရ်ရွာက စစ်‌ဘေးရှောင်စခန်းမှာ ပေါက်ကွဲခဲ့တာကြောင့် အသက် ၇၅ နှစ်အရွယ် အဘွားတဦးနဲ့ တန်းကျောင်းသားတဦး ဒဏ်ရာရသွားတာရှိတယ်လို့လည်း သိရပါတယ်။ 

ဒဏ်ရာရသွားသူတွေကို အိန္ဒိယနိုင်ငံ ချန်ဖိုင်းဆေးရုံပို့ပြီးကုသပေးနေသလို ထွက်ပြေးလာတဲ့ မြန်မာစစ်ရှောင် တွေကိုလည်း ထမင်းနဲ့ဟင်းတွေချက်ကျွေးနေတယ်လို့ Chin Wold မှာ ဖော်ပြထားပါတယ်။ 

အခုလို ရိဒ်ခေါရ်ဒါမြို့တိုက်ပွဲတွေဖြစ်နေတာကြောင့် ကလေး-ရိဒ်ခေါရ်ဒါ ပြေးဆွဲနေတဲ့ ယာဉ်လိုင်းအချို့ ရပ်နားထားရတယ်လို့လည်း အသိပေးတားပါတယ်။ 

ရိဒ်ခေါရ်ဒါမြို့က အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ဒေသကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ပြီလို့ သတင်းတွေထွက်ပေါ်နေပေမယ့် ချင်းပြည်နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက နိုဝင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ နာရီ ကျော်ချိန်အထိ တရားဝင်ထုတ်ပြန်တာမရှိသေးပါဘူး။


========================


📌📌 ၄။ ကွမ်းလုံမြို့ကိုအလုံးစုံထိန်းချုပ်နိုင်ခဲ့ခြင်းသည် ကိုးကန့်လူမျိုးတို့အိမ်ပြန်ခရီးအတွက် မျော်လင့်ချက် ပိုမိုနီးကပ်သွားစေခဲ့ဟု မြောက်ပိုင်းညီနောင် ဖွဲ့ ဆို


နာမည်ကျော်ကွမ်းလုံမြို့ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့ခြင်းဟာ စစ်ကောင်စီကိုတိုက်ထုတ်နေသောပြည်သူများ အတွက် အောင်ပွဲတခုဖြစ်သလို ကိုးကန့်လူမျိုးတို့၏ အိမ်ပြန်ခရီးအတွက်မျော်လင့်ချက် ပိုမိုနီးကပ်သွားစေခဲ့ တယ်လို့ မြောက်ပိုင်းညီနောင် ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ 

ကွမ်းလုံမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ဌာနများအားလုံးကို မြောက်ပိုင်းညီနောင်၃ဖွဲ့နဲ့ မဟာမိတ်အဖွဲ့ တွေ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ အပြီးသတ်ရှင်းလင်းနိုင်ခဲ့ပြီးနောက်မှာ အခုလိုထုတ်ပြန်လိုက်တာပါ။ 

သမိုင်းမှာနာမည်ကြီးပြီး ဂုဏ်ယူဝံ့ကြွားစွာထုတ်ဖော်ပြသလေ့ရှိတဲ့ ကွမ်းလုံမြို့မကျစေရေး အကြမ်းဖက် စစ်တပ်က လေကြောင်းစစ်ကူအပြည်အဝသုံးပြီး ခုခံကာကွယ်နေတဲ့ကြားက ညီနောင် ဖွဲ့နဲ့ မိတ်ဘက် အဖွဲ့အစည်းတွေအားလုံး အသက်၊သွေး၊ချွေးစတဲ့ ရင်းနှီးပေးဆပ်မှုများစွာနဲ့ စည်းစည်းလုံးလုံး တိုက်ခိုက် ခဲ့တာကြောင့် ကွမ်းလုံမြို့ကို သိမ်းပိုက်နိုင်ခဲ့တာလို့လည်း အသိပေးထားပါတယ်။ 

ကွမ်းလုံမြို့ကို အလုံးစုံထိန်းချုပ်နိုင်ဖို့ နိုဝင်ဘာလ ရက်နေ့ ၁၂ ရက်နေ့အထိကြာမြင့်ခဲ့ပြီး ၁၂ ရက်ကြာ စစ်ဆင်ရေးမှာ ထိုးစစ်တွေအကြိမ်ကြိမ်လုပ်ခဲ့ရတဲ့အတွက် ပေးဆပ်မှု၊ရင်းနှီးမှုအများဆုံးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ 

ဒီရလဒ်ဟာ ၁ဝ၂၇ စစ်ဆင်ရေးမှာအရေးပါခဲ့သလို မဟာမိတ်အဖွဲ့အစည်းတွေကြား စည်းလုံးညီညွတ်မှု ပြယုဂ်လည်းဖြစ်တယ်လို့ ညီနောင် ဖွဲ့က အသိပေးထားပါတယ်။ 

ဒါအပြင် ဒီစစ်ဆင်းရေးအတွင်းမှာ အသက်စွန့်ခဲ့ရတဲ့ရဲဘော်တွေအတွက် လေးနက်စွာဂုဏ်ပြုကြောင်းလည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။  

မြောက်ပိုင်းညီနောင်မဟာမိတ်၃ဖွဲ့ဟာ ချင်းရွှေဟော်၊ ပန်ဆိုင်း(ကြူကုတ်) ဖောင်းဆိုင်၊ သိန္နီနဲ့ နမ့်ခမ်းမြို့တွေ က စစ်ကောင်စီတပ်ဖွဲ့တွေ၊ စစ်တပ်လက်အောက်ခံရဲတပ်ဖွဲ့နဲ့ ပြည်သူစစ်တွေကို တယောက်မကျန် တိုက်ထုတ်နိုင်ခဲ့ပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေကို စတင်နေပြီဖြစ်ပါတယ်။


========================


📌📌 ၅။ စစ်တပ်က ပစ်ခတ်သောလက်နက်ကြီးများကြောင့် နမ့်ခမ်းမြို့ရှိ ပတ္တမြားခန်းမ မီးလောင် 


နမ့်ခမ်းမြို့ စခန်းသစ်ကုန်းမှာရှိတဲ့ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် ပတ္တမြားခန်းမ မီးလောင်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ပါတယ်။ 

စခန်းသစ်ကုန်းမှာရှိတဲ့ အကြမ်းဖက်စစ်တပ်က နိုဝင်ဘာလ ၁၂ ရက်နေ့ နာရီအချိန်မှာ နမ်းခမ်းမြို့တွင်း မှာရှိတဲ့ ရဲစခန်း၊စာရေးတန်းရပ်ကွက်နဲ့ ပတ္တမြားခန်းမဘက်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာမှာ ပတ္တမြား ခန်းမကိုထိမှန်ပြီး မီးလောင်ခဲ့တာလို့သိရပါတယ်။

ဒီမီးလောင်မှုကို TNLA က ရဲဘော်တွေနဲ့ ဒေသခံပြည်သူလူထု ပူးပေါင်းညှိမ်းသတ်ခဲ့တယ်လို့လည်း အသိပေး ထားပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်တပ်ဟာ တိုက်ပွဲရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ TNLA တပ်စခန်းတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာရှိတယ်လို့ ဆိုပါတယ်။

လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတဲ့နေရာတိုင်း မီးလောင်ခဲ့တာကြောင့် အကြမ်းဖက်စစ်တပ်ဟာ မီးလောင်ဗုံးတွေအသုံးပြုတိုက်ခိုက်နေတာလို့ TNLA က ခန့်မှန်းထားပါတယ်။ 

နိုဝင်ဘာလ ၁၁ ရက်နေ့ကလည်း စစ်ကောင်စီကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည်တွေ သာယာကုန်း ရပ်ကွက်အတွင်းကျရောက်ပေါက်ကွဲခဲ့တာကြောင့် လူနေအိမ် လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။

ဒီလိုအကြောင်းမဲ့ပစ်ခတ်နေတာဟာ တအာင်းတပ်မတော်အပေါ် ပြည်သူလူထုအထင်အမြင်လွဲအောင်နဲ့ အမုန်းပွားစေရန် စစ်ကောင်စီက ရည်ရွယ်လုပ်ဆောင်နေတာလို့ TNLA က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၆။ မလေးရှားနိုင်ငံမှာ ပထမအကြိမ် THE WAY ရန်ပုံငွေရုပ်ရှင်ပြပွဲ ကျင်းပပြုလုပ်


နိုဝင်ဘာ ၁၃။


မလေးရှားနိုင်ငံမှာ ဒါရိုက်တာ လင်းလင်း ရိုက်ကူးထားတဲ့ The Way တော်လှန်ရေး ရုပ်ရှင်ကို နိုဝင်ဘာလ ၁၂ ရက်နေ့က ပထမအကြိမ်အဖြစ် ပြသခဲ့ပြီး မလေးရှားရောက် မြန်မာနိုင်ငံသား ၇၀၀ ဝန်းကျင် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။


မလေးရှားနိုင်ငံ IDCC Ideal Convention Centre Selayang မှာ ပြုလုပ်ခဲ့တဲ့ အဆိုပါ ရုပ်ရှင်ပြပွဲကို မလေးရှားနိုင်ငံ Kepong မြို့ရှိ NLD OC International Malaysia ရုံးမှ ဦးဆောင် ကျင်းပခဲ့တာ ဖြစ်ပါတယ်။


အဆိုပါ ရုပ်ရှင်ပြပွဲတွင် ကိုလင်းလင်းနှင့် မချစ်သုဝေ တို့မှ Zoom မှတဆင့် ကျေးဇူးတင် နှုတ်ဆက်စကားများ ပြောကြားခဲ့ပြီး အထူးဧည့်သည်တော် တစ်ဦးဖြစ်တဲ့ မရွှေမိုး (ကိုးရီးယား) မှ တော်လှန်ရေးနဲ့ ပတ်သက်တဲ့ အမှတ်တရ စကားတွေ ပြောကြားခဲ့ပါတယ်။


ရုပ်ရှင်လက်မှတ် တစ်စောင်ကို မလေးငွေ ရင်းဂစ်-၅၀ နှုန်းဖြင့် ရောင်းချပေးခဲ့ပြီး တော်လှန်ရေး အမှတ်တရ ပစ်စ္စည်းများကိုလည်း ရောင်းချပေးခဲ့ရာ ကိုလင်းလင်းနှင့် မချစ်သုဝေ တို့ ကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ အင်္ကျီ (ရင်းဂစ်-၂၁၀၀) အိတ် (ရင်းဂစ်-၁၇၀၀) နဲ့ Soundtrack USB (ရင်းဂစ်-၂၄၀၀) တို့ဖြင့် အသီးသီး လေလံအောင်မြင် ရောင်းချခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ ရုပ်ရှင်ပြပွဲတွင် မလေးရှားရောက် မြန်မာတိုင်းရင်းသား လူမျိုးပေါင်းစုံတို့မှ လာရောက် ကြည့်ရှုခဲ့ကြပြီး တိုင်းရင်းသား ရိုးရာ အကများဖြင့်လည်း ပါဝင်သီဆို ဖျော်ဖြေပေးခဲ့ကြပါတယ်။


The Way ရုပ်ရှင်ကို မလေးရှားနိုင်ငံ Johor Senai မြို့နဲ့ Penang မြို့တွေမှာ ဆက်လက်ပြသ သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့်မင်းစစ်သွေးတို့မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment