1st DEC 2023 - Morning Daily News by Radio NUG


၂၀၂၃ ဒီဇင်ဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပန်းတိုင်ကိုရောက်ဖို့ အားလုံး လက်တွဲ လုပ်ဆောင်နေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလအသိပေးပြောကြား

📌 ၂။ NUG အစိုးရအောက်ရှိ အခြေခံပညာကျောင်း ခြောက်ထောင်ကျော်ရှိပြီး တိုင်းရင်းသားတော်လှန်ရေး ဒေသရှိ ကျောင်းပေါင်း တထောင်နဲ့ကျောင်းသားရှစ်သိန်းကျော်အထိရှိလာ

📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး ကျင်းပ

📌 ၄။ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း မြန်မာနိုင်ငံတဝှမ်းရှိ စစ်ရှောင်ပြည်သူများအား လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် ငွေကျပ်စုစုပေါင်း (၂၁၈.၇၃) သန်းကို ဒေသအသီးသီးသို့ မျှဝေ ထောက်ပံ့နိုင်ခဲ့

📌 ၅။ ကောလင်းမြို့ရှိ ပုဂ္ဂလိကဘဏ်များ၏ ငွေသားလက်ကျန် ကျပ်ငွေသန်းပေါင်း (၄၄,၅၁၈.၂၉၇) ကိုစနစ်တကျ လက်ခံသိမ်းဆည်းရရှိထား

📌 ၆။ နွေဦးဘဏ်မှ အစုရှယ်ယာ SDB Token တွေ ဖြန့်ဝေဖို့  စာရင်းချုပ် စိစစ်နေပြီး  သက်ဆိုင်ရာ အကောင့်တွေထဲကို စနစ်တကျပို့ဆောင်ပေးဖို့လည်း  စတင်စီစဥ်နေ

📌 ၇။ တမူးခရိုင်၊ တမူးမြို့နယ်အတွင်း စိုးမိုးသိမ်းပိုက်နယ်မြေများရှိ ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေး

📌 ၈။ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ Non-CDMများ အလင်းဝင်ရောက်ရန် ကြေညာချက်၂ကြိမ် ထုတ်ပြန်ကြေညာခဲ့ရာ ပထမအကြိမ်တွင် ၅၆ ဦး နှင့်ဒုတိယအကြိမ်တွင် ၂၉ ဦးအလင်းဝင်ရောက်လာခဲ့

📌 ၉။ MNDAAမှ တုန်းရှမ်းဒေသ တပ်စခန်း()ခု ထပ်မံသိမ်းယူခဲ့ပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရမိ

📌 ၁၀။ ထားဝယ်မြို့နယ် ပကာရီရဲစခန်းအနီးကင်းပုန်းဝပ်နေသည့် စကစတပ်သားများကို ကာကွယ်ရေးတပ်များလက်နက်ကြီးနှင့်ပစ်ခတ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပန်းတိုင်ကိုရောက်ဖို့ အားလုံး လက်တွဲ လုပ်ဆောင်နေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလအသိပေးပြောကြား


နိုဝင်ဘာလ ၃၀ရက်။

အားလုံး လက်တွဲ လုပ်ဆောင်နေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလအသိပေးပြောကြားလိုက်ပါတယ်။


နိုဝင်ဘာလအတွင်းအမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ The Globe and Mail သတင်းဌာန၏ တွေ့ဆုံမေးမြန်းခြင်းကို ဖြေကြားချက်မှာဆိုထားပါတယ်။


တိုက်ပွဲတွေက နိုင်ငံမြောက်ပိုင်းမှာတင် ဖြစ်နေတာမဟုတ်ပါဘူး။ အလယ်ပိုင်းရော တောင်ပိုင်းမှာပါ ဖြစ်နေတာပါ။ ကျွန်တော်တို့ပန်းတိုင်ကို ရောက်ဖို့ အားလုံး လက်တွဲ လုပ်ဆောင်နေပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာအမျိုးသားညီညွတ်ရေးအစိုးရဟာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် စစ်ရေး၊ နိုင်ငံရေးပူးပေါင်းကာ အတူတကွလုပ်ဆောင်လျက်ရှိပါတယ်။


========================


📌📌 ၂။ NUG အစိုးရအောက်ရှိ အခြေခံပညာကျောင်း ခြောက်ထောင်ကျော်ရှိပြီး တိုင်းရင်းသားတော်လှန်ရေး ဒေသရှိ ကျောင်းပေါင်း တထောင်နဲ့ကျောင်းသားရှစ်သိန်းကျော်အထိရှိလာ


နိုဝင်ဘာလ ၃၀ရက်။

NUG အစိုးရအောက်ရှိ အခြေခံပညာကျောင်း ခြောက်ထောင်ကျော်ရှိပြီး တိုင်းရင်းသားတော်လှန်ရေး ဒေသရှိ ကျောင်းပေါင်း တထောင်နဲ့ကျောင်းသားရှစ်သိန်းကျော်အထိရှိလာတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်က ဆိုရှယ်မီဒီယာမှာ အသိပေးဆိုထားပါတယ်။


"ဒီနေ့ ပြုလုပ်တဲ့ ကြားကာလ ဒေသန္တရ ပြည်သူ့ အုပ်ချုပ်ရေး ဗဟို ကော်မီတီ စည်းဝေးမှာ ပညာရေးဝန်ကြီးဌာနရဲ့ တင်ပြချက်အရ NUG အစိုးရအောက်ရှိ အခြေခံပညာကျောင်းပေါင်းခြောက်ထောင်ကျော်ရှိပြီး တိုင်းရင်းသားတော်လှန်ရေး ဒေသ ကျောင်း တစ်ထောင် လောက်ရှိတယ်လို့ ပြောပါတယ်။ ကျောင်းသူ/ ကျောင်းသား သိန်းကျော်ရှိတယ်။ အဆင့်မြင့်ပညာရေးကျောင်းများလဲ သိပ္ပံဝိဇ္ဇာ အထူးပြုဘာသာပေါင်းစုံ တက္ကသိုလ်များမှ စက်မှုတက္ကသိုလ်၊ ဆေးတက္ကသိုလ်ထိ online/on-ground ဖွင့်နေပြီဖြစ်တယ်။ မြေပြင်ထိန်းချုပ်နယ်မြေတွေလဲ နေ့စဉ်တိုးနေတာဖြစ်တယ်။ ဝန်ကြီးဌာနတွေရဲ့ မြေပြင်ရုံးချုပ်တွေဖွင့်နေပြီဖြစ်တယ်။ ဒေသလိုက်ရုံးခွဲတွေလဲ တချို့ဖွင့်ထားပြီးပြီ။ ဆက်သွယ်ရေးကွန်ရက်တွေလဲ တဖြည်းဖြည်းနဲ့ တနိုင်ငံလုံးလွှမ်းခြုံသွားမှာပါ"လို့ဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရဟာ ကြားကာလပညာသင်ကြားရေးအစီအစဥ်ကို မြေပြင်နှင့်အွန်လိုင်းမှာပါအကောင်အထည်ဖော်ဆောင်လျက်ရှိပါတယ်။


========================


📌📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး ကျင်းပ


နိုဝင်ဘာလ  ၃၀ ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၄၈/၂၀၂၃) ကို နိုဝင်ဘာလ ၃၀ရက်မှာ ကျင်းပခဲ့ပါတယ်။


အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ() နိုင်သုဝဏ္ဏမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၄၇/၂၀၂၃)တွင် ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း မြန်မာနိုင်ငံတဝှမ်းရှိ စစ်ရှောင်ပြည်သူများအား လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် ငွေကျပ်စုစုပေါင်း (၂၁၈.၇၃) သန်းကို ဒေသအသီးသီးသို့ မျှဝေ ထောက်ပံ့နိုင်ခဲ့


နိုဝင်ဘာလ ၃၀ရက်။

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း မြန်မာနိုင်ငံတဝှမ်းရှိ စစ်ရှောင်ပြည်သူများအား လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် ငွေကျပ်စုစုပေါင်း (၂၁၈.၇၃) သန်းကို ဒေသအသီးသီးသို့ မျှဝေ ထောက်ပံ့နိုင်ခဲ့ပါတယ်။


နိုဝင်ဘာ ၃၀ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ဖော်ပြပါတယ်။


"ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် တိုင်းရင်းသား မဟာမိတ်တပ်ဖွဲ့များသည်၁၀၂၇ စစ်ဆင်ရေးနှင့်အတူ နေရာဒေသအနှံ့အပြားတွင် စခန်းသိမ်းတိုက်ပွဲများနှင် မြို့သိမ်းတိုက်ပွဲများကို ဆင်နွှဲလျက်ရှိပြီး နယ်မြေစိုးမိုးမှုများ ဆက်တိုက် ရရှိလျက်ရှိပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနသည်  တိုက်ပွဲဖြစ်ပွားရာ ဒေသများရှိ စစ်ဘေးရှောင်အရပ်သား ပြည်သူများ၏ လူသားချင်းစာနာမှု အကူအညီလိုအပ်ချက်များကို တတ်အားသရွေ့ မျှဝေထောက်ပံ့လျက်ရှိရာ မီဇိုရမ်ဒေသသို့ စစ်ဘေးရှောင်ကြရသည့် ပြည်သူများ အပါအဝင် ပြည်နယ်နှင့်တိုင်း (၁၃) ခုမှ စစ်ဘေးရှောင် ပြည်သူများကို ထောက်ပံ့ကူညီမှုများဆောင်ရွက်ပေးလျက် ရှိပါတယ်"လို့ဆိုပါတယ်။


၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းတွင် အရပ်သားပြည်သူ  (၄၀၇,၈၃၈) ဦးသည် စစ်ဘေးရှောင်ကြရပြီး အဆိုပါပြည်သူများအတွက် ဝန်ကြီးဌာနအနေဖြင့် အောက်တိုဘာ၂၇ရက်နေ့မှ နိုဝင်ဘာ ၃၀ ရက်နေ့အထိ လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် ငွေကျပ်စုစုပေါင်း (၂၁၈.၇၃) သန်းကို ဒေသအသီးသီးသို့ မျှဝေ ထောက်ပံ့နိုင်ခဲ့ပါတယ်လို့ဆိုပါတယ်။


========================


📌📌 ၅။ ကောလင်းမြို့ရှိ ပုဂ္ဂလိကဘဏ်များ၏ ငွေသားလက်ကျန် ကျပ်ငွေသန်းပေါင်း (၄၄,၅၁၈.၂၉၇) ကိုစနစ်တကျ လက်ခံသိမ်းဆည်းရရှိထား


နိုဝင်ဘာလ ၃၀ရက်။

ကောလင်းမြို့ရှိ ပုဂ္ဂလိကဘဏ်များ၏ ငွေသားလက်ကျန် ကျပ်ငွေသန်းပေါင်း (၄၄,၅၁၈.၂၉၇) ကိုစနစ်တကျ လက်ခံသိမ်းဆည်းရရှိထားတယ်လို့ နိုဝင်ဘာလ ၃၀ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဗဟိုဘဏ်က တရားဝင်အသိပေးကြေညာခဲ့ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဗဟိုဘဏ်၏ လမ်းညွှန်ချက်အရ ကောလင်းခရိုင် ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့သည် ကောလင်းခရိုင်၊ ကောလင်းမြို့ရှိ ပုဂ္ဂလိကဘဏ်များကို လုပ်ထုံးလုပ်နည်းနှင့် အညီ စိစစ် ထိန်းသိမ်းခဲ့ပြီး ပုဂ္ဂလိကဘဏ်များ၏ ငွေသားလက်ကျန် ကျပ်ငွေသန်းပေါင်း (၄၄,၅၁၈.၂၉၇)ကို စနစ်တကျ လက်ခံသိမ်းဆည်းရရှိကြောင်း မှတ်ချက်များနှင့်အတူ ပူးတွဲပါအတိုင်း အစီရင်ခံ တင်ပြလာပါတယ်လို့ဆိုပါတယ်။


ကောလင်းခရိုင် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ တင်ပြချက်အရ အချို့သော ပုဂ္ဂလိကဘဏ်များတွင် လုံခြုံရေးစည်းကျိုးပေါက်၍ ဘဏ်ငွေတိုက်ခန်း (Vault) ကို ဖောက်ထွင်းဝင်ရောက်ရန် ကြံစည်အားထုတ်ထားသည့် အထောက်အထားများ တွေ့ရှိရပြီး အချိန်မီကာကွယ်တားဆီးနိုင်ခဲ့သောကြောင့် ပြည်သူလူထု၏ အပ်နှံငွေများ ဆုံးရှုံးခဲ့ခြင်း မရှိကြောင်း သိရှိရပါတယ်။


 အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဗဟိုဘဏ်အနေဖြင့် ကောလင်းခရိုင်၊ ကောလင်းမြို့ရှိ ပုဂ္ဂလိကဘဏ်များ၏ ငွေသားလက်ကျန် လက်ခံသိမ်းဆည်းထားရှိမှုကို စာရင်းသွင်း မှတ်တမ်းတင်ထားရှိပြီး ပြည်သူလူထု၏ အပ်နှံငွေများ နစ်နာဆုံးရှုံးမှုမရှိစေရန် တာဝန်ခံလျက် ဥပဒေနှင့်အညီ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေအဖြစ် သတ်မှတ်၍ စနစ်တကျ စီမံခန့်ခွဲသွားမှာဖြစ်တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၆။ နွေဦးဘဏ်မှ အစုရှယ်ယာ SDB Token တွေ ဖြန့်ဝေဖို့  စာရင်းချုပ် စိစစ်နေပြီး  သက်ဆိုင်ရာ အကောင့်တွေထဲကို စနစ်တကျပို့ဆောင်ပေးဖို့လည်း  စတင်စီစဥ်နေ


နိုဝင်ဘာ ၃၀ရက်။

နွေဦးဘဏ်မှ အစုရှယ်ယာ SDB Token တွေ ဖြန့်ဝေဖို့  စာရင်းချုပ် စိစစ်နေပြီး  သက်ဆိုင်ရာ အကောင့်တွေထဲကို စနစ်တကျပို့ဆောင်ပေးဖို့လည်း  စတင်စီစဥ်နေတယ်လို့ နွေဦးဖွံဖြိုးရေးဘဏ်က နိုဝင်ဘာ ၃၀ မှာ အသိပေးကြေညာပါတယ်။


"နွေဦးဘဏ်ရဲ့ အစုရှယ်ယာ ရောင်းချပွဲကြီးလည်း ပြည်သူလူထုရဲ့ အပြည့်အဝအားပေးမှုကြောင့် မျှော်မှန်း target ကျော်လွန်သည်အထိ အောင်မြင်ခဲ့ပါပြီ။ အခုဆိုရင် နွေဦးဘဏ်မှ အစုရှယ်ယာ SDB Token တွေ ဖြန့်ဝေဖို့  စာရင်းချုပ် စိစစ်နေပြီး  သက်ဆိုင်ရာ အကောင့်တွေထဲကို စနစ်တကျ  အဆင့်ဆင့် ပို့ဆောင်ပေးဖို့လည်း  စတင်စီစဥ်နေပါပြီ။ ယုံကြည်စိတ်ချစွာ စိုးရိမ်ခြင်းအလျဥ်းမရှိဘဲ စောင့်ဆိုင်းပေးဖို့ မေတ္တာရပ်ခံပါတယ်"လို့ဆိုပါတယ်။


နွေဦးဖွံဖြိုးရေးဘဏ်မှ ဒေါ်လာ၁၀သန်းဖိုးရှိ အစုရှယ်ယာများကို နိုဝင်ဘာ၁၇ရက်မှ၂၇ရက်အထိရောင်းချပေးခဲ့ပါတယ်။


နိုဝင်ဘာ၂၆ ရက်နေ့ မြန်မာစံတော်ချိန် ညနေ နာရီမှာ နွေဦးဘဏ်ရဲ့အစုရှယ်ယာ ရောင်းချမှု၊ အမေရိကန် ဒေါ်လာ ၁၀ သန်း ပြည့်မြောက်ခဲ့သော်လည်း သတ်မှတ်ရက်အထိ ရှယ်ယာများရောင်းချပေးခဲ့ပါတယ်။


========================


📌📌 ၇။ တမူးခရိုင်၊ တမူးမြို့နယ်အတွင်း စိုးမိုးသိမ်းပိုက်နယ်မြေများရှိ ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေး


နိုဝင်ဘာလ ၃၀ရက်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်ဦးသည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊  တမူးခရိုင်/မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ ဒေသခံတော်လှန်ရေးအင်အားစုများစုပေါင်း၍ ဒေသအတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စု ပြည်သူလူထုနှင့်တွေ့ဆုံခဲ့တယ်"လို့သိရှိရပါတယ်။


ထိုသို့တွေ့ဆုံရာမှာ ဒေသဆိုင်ရာ အခက်အခဲလိုအပ်ချက်များ၊ ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များအပြင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ ပြဌာန်းထားသည့် ကြားကာလ စစ်ကိုင်းဖက်ဒရယ်ယူနစ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေနှင့် အနာဂတ် ဖက်ဒရယ်ရေးရာကိစ္စရပ်များကို ဒေသခံပြည်သူလူထုထံသို့ တင်ပြဆွေးနွေးခဲ့ကြပါတယ်။


========================


📌📌 ၈။ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ Non-CDMများ အလင်းဝင်ရောက်ရန် ကြေညာချက်၂ကြိမ် ထုတ်ပြန်ကြေညာခဲ့ရာ ပထမအကြိမ်တွင် ၅၆ ဦး နှင့်ဒုတိယအကြိမ်တွင် ၂၉ ဦးအလင်းဝင်ရောက်လာခဲ့


နိုဝင်ဘာလ ၃၀ရက်။

ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ Non-CDMများ အလင်းဝင်ရောက်ရန် ကြေညာချက်၂ကြိမ် ထုတ်ပြန်ကြေညာခဲ့ရာ ပထမအကြိမ်တွင် ၅၆ ဦးနှင့် ဒုတိယအကြိမ်တွင် ၂၉ ဦးအလင်းဝင်ရောက်လာခဲ့တယ်လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှအသိပေးဆိုပါတယ်။


"ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ Non-CDMများ အလင်းဝင်ရောက်ရန် ကြေညာချက်၂ကြိမ်ထုတ်ပြန်ကြေညာခဲ့ရာ ပထမအကြိမ်တွင် ၅၆ ဦး (လက်နက်ကိုင်စစ်၊ ရဲ အခြားများမပါ) ၊ဒုတိယအကြိမ်တွင် ၂၉ ဦးအလင်းဝင်ရောက်လာခဲ့ပါတယ်"လို့ဆိုပါတယ်။


၎င်းကြေညာချက်တွင် ပါရှိသည့် ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး page ပါဖုန်းနံပါတ်အား အကြမ်းဖက်စစ်ကောင်စီက ပိတ်သိမ်းသွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်မှုများတွင် ဒေါက်တိုင်အနေဖြင့် ပါဝင်ဆောင်ရွက်လိုခြင်းမရှိသော အလင်းဝင်ရောက်လိုသူများအနေဖြင့် @kathapap Telegram သို့ ဆက်သွယ်၍ အလင်းဝင်ရောက်ပေးကြပါရန် ထပ်မံအသိပေးထားပါတယ်။


========================


📌📌 ၉။ MNDAAမှ တုန်းရှမ်းဒေသ တပ်စခန်း()ခု ထပ်မံသိမ်းယူခဲ့ပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရမိ


နိုဝင်ဘာ ၃၀ ရက်နေ့

MNDAAမှ တုန်းရှမ်းဒေသ တပ်စခန်း()ခု ထပ်မံသိမ်းယူခဲ့ပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့တယ်လို့သတင်းရရှိပါတယ်။


နိုဝင်ဘာလ ၃၀ ရက် နံနက်(၈း၃၀)နာရီခန့်တွင် MNDAAသည် ကိုးကန့်တုန်းချိန်နေရာ၏အပြင်ဘက် နယ်စပ် မှတ်တိုင် (၁၂၆ ၁၂၇)သို့ ချီတက်လာခဲ့ပြီး တုန်းရှမ်းဒေသ တာရှင်ကျိုင့်နှင့် တိုက်ကြာကျိုင့်နေရာကြားရှိ စစ်ကောင်စီ တပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကာ လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိပါတယ်လို့ဆိုပါတယ်။


နိုဝင်ဘာလ ၂၉ ရက်နေ့ ကလည်းရန်သူ၏ စစ်ကူအဖွဲ့များ တားမြစ်ရန်အတွက် အထူးဒေသ() မူပန်(သိန္နီ)ခရိုင်လုံခြုံရေး တပ်ဖွဲ့မှ လားရှိုးနှင့် မူပန်(သိန္နီ)ဆက်သွယ်ထားသောတံတားကို ဖြတ်တောက်ခဲ့ပါတယ်။


နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်အချိန်တွင်လည်း MNDAA နှင့် ဒေသလုံခြုံရေးတပ်ဖွဲ့တို့ပူးတွဲပြီး  မူပန်(သိန္နီ)ခရိုင် သန်လွင်အုပ်စုတွင် လှုပ်ရှားနေသောစစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းဖြင့် သုံးကြိမ်တိုင်တိုင် ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။


လက်ရှိအချိန်ထိ မဟာမိတ်တပ်ပေါင်းစုတို့သည် စစ်ကောင်စီ၏ တပ်စခန်းအကြီး အသေး စုစုပေါင်း(၁၈၆)ခု သိမ်းပိုက်နိုင်ခဲ့ပြီး ချင်း‌ရွှေဟော် မုံးကိုး ကွမ်းလုံ ပန်ဆိုင်း နှင့် ကုန်းကြမ်း စသည့် မြို့နယ်()ခုကိုသိမ်းပိုက်ရရှိခဲ့သည့်အပြင် ချင်းရွှေ‌ဟော် မုံးကိုး ပန်ဆိုင်း နှင့် ကျင်းစန်းကျော် နေရာရှိ နယ်စပ်ဂိတ် ()ခုကိုလည်း အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပါတယ်။


========================


📌📌 ၁၀။ ထားဝယ်မြို့နယ် ပကာရီရဲစခန်းအနီးကင်းပုန်းဝပ်နေသည့် စကစတပ်သားများကို ကာကွယ်ရေးတပ်များလက်နက်ကြီးနှင့်ပစ်ခတ်


နိုဝင်ဘာလ ၃၀ရက်။

ထားဝယ်မြို့နယ် ပကာရီရဲစခန်းအနီးကင်းပုန်းဝပ်နေသည့် စကစတပ်သားများကို ကာကွယ်ရေးတပ်များလက်နက်ကြီးနှင့်ပစ်ခတ်ခဲ့တယ်လို့သတင်းရရှိပါတယ်။


နိုဝင်ဘာ၃၀ရက်မှာ Dawei Defense Team - DDT ကစစ်ရေးသတင်းကိုအတည်ပြုဆိုပါတယ်။


"ထားဝယ်ခရိုင် ထားဝယ်မြို့နယ် ပကာရီကျေးရွာရဲစခန်းအနီးတွင် ကင်းပုန်းလိုက်ဝက်နေသည့် စကစတပ်သားများကို DDTတပ်ရင်းအပါအဝင် DDTတပ်ခွဲ၂နှင့် DDTတပ်ခွဲ ရဲဘော်များကဒီဇင်ဘာ၂၃ရက်နေ့မနက်ပိုင်းလက်နက်ကြီး ငါးလုံးဖြင့်သွားရောက်ပစ်ခတ်ခဲ့တယ်"လို့ဆိုပါတယ်။


စကစတပ်များထိခိုက်မှုရှိနိူင်ပြီး စကစတပ်ဖွဲ့ဝင်များထိခိုက်မှုကို အတည်ပြုနေဆဲ ဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment