1st NOV 2023 - Evening Daily News by Radio NUG


၂၀၂၃ နိုဝင်ဘာလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်ကောင်စီလက်အောက်ခံ ခလရ-၁၄၃ တပ်ရင်းတရင်းလုံး ညီနောင်မဟာမိတ် ဖွဲ့ထံ အလင်းဝင်

📌 ၂။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချအလင်းဝင်ပါက အသက်အန္တရာယ်လုံခြုံရေး အထူးအာမခံပြီး မိသားစုနှင့် ပေါင်းစည်းခွင့်ရအောင် ကူညီပေးမည်ဟု ညီနောင် ဖွဲ့ ကြေညာ

📌 ၃။ မြောက်ပိုင်းမဟာမိတ် ဖွဲ့နှင့်အတူ ဟန်ချက်ညီညီ တိုက်ပွဲဆင်နွှဲရန် CNF တိုက်တွန်း

📌 ၄။ အမေရိကန် ဘဏ္ဍာရေး ဝန်ဆောင်မှုများက မြန်မာ့ရေနံနှင့် သဘာ၀ဓာတ်ငွေ့လုပ်ငန်း MOGE ကို တားမြစ်လိုက်တဲ့ ညွှန်ကြားချက်ထုတ်ပြန်

📌 ၅။ လူသားစာနာ အကူအညီပေးရေး ကြားနေအဖွဲ့အစည်း" အဆိုပြုချက်ကို KNU ကန့်ကွက်

📌 ၆။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် Kim Aris ကိုယ်တိုင် ဦးစီးပြီး Freedom Tattoo Burma Campaign ပြုလုပ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်ကောင်စီလက်အောက်ခံ ခလရ-၁၄၃ တပ်ရင်းတရင်းလုံး ညီနောင်မဟာမိတ် ဖွဲ့ထံ အလင်းဝင်


ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံအခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခလရ-၁၄၃ မှ ဒုတပ်ရင်းမှူး အပါအဝင် တပ်ရင်းတရင်းလုံး ညီနောင်မဟာမိတ် ဖွဲ့ထံ အလင်းဝင်လာတယ်လို့ ကိုးကန့်တပ်မတော် MNDAA က ဒီနေ့ နိုဝင်ဘာလ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ 


ဒီသတင်းကို ကိုးကန့်တပ်မတော် MNDAA က အထူးသတင်း ဟုဆိုကာ မနက် နာရီခန့်အချိန်မှာ ထုတ်ပြန် လိုက်တာဖြစ်ပါတယ်။ 

ကွမ်းလုံမြို့တောင်ပိုင်း ကံမိုင်းဒေသမှာ အခြေချတပ်ထိုင်ထားတဲ့ ခလရ-၁၄၃ တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ ဝင် ၄၁ ဦး လက်နက်ချအလင်းဝင်ခဲ့တာမှာ ဒုတပ်ရင်းမှူး တဦးနဲ့ တပ်ခွဲမှူး ဦး ပါဝင်တယ်လို့ သိရပါတယ်။

ခလရ-၁၄၃ တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကစပြီး တပ်စခန်းအတွင်းမှာခိုအောင်းပြီး စစ်ကူများကိုစောင့်ဆိုင်းနေခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 အောက်တိုဘာလ ၂၈ ရက်နေ့ညပိုင်းမှာ ညီနောင်မဟာမိတ် ဖွဲ့က ခလရ-၁၄၃ တပ်ရင်းက တပ်ဖွဲ့ဝင်တွေ လက်နက်ချလင်းဝင်ဖို့တောင်းဆိုခဲ့ကြောင်း၊ အောက်တိုဘာလ ၂၉ ရက်နေ့မှာလည်း MNDAA ဟာ MNTJP ပါတီရဲ့ ဦးဆောင်ညွှန်ကြားချက်အတိုင်း နိုင်ငံရေးတာဝန်များကို ထမ်းဆောင်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်း ဖြစ်ကြောင်းနဲ့ မိမိတို့တပ်ဖွဲ့ဝင်များအနေနဲ့ စစ်သုံပန်းမူဝါဒကို တစိုက်မတ်မတ်လိုက်နာပြီး စစ်သုံပန်းများကို သဘောထားကြီးစွာဖြင့် ပြုစုစောင့်ရှောင့်ပါမည်ဟု ပြောပြစည်းရုံးခဲ့ပြီး ၂ဦး၂ ဖက် တရက်လုံး ဆွေးနွေး တိုင်ပင်ခဲ့ပြီးတဲ့နောက် အောက်တိုဘာလ ၃ဝ ရက်နေ့မှာ ခလရ-၁၄၃ က တပ်ဖွဲ့ဝင်များအားလုံး လက်နက်ချ အလင်းဝင်လာတာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။    

အဲဒီနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်ရေးပစ္စည်းများနဲ့လက်နက်ခဲယမ်းများကို တပ်စခန်းမှာ ထားခဲ့ပြီး ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

MNDAA အနေနဲ့ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁ ဦးကို လမ်းစာရိတ်အဖြစ် တဦးလျှင် ကျပ် ၁၅ သိန်းနှုန်းနဲ့ ကျပ်သိန်း ၇ဝဝ ကျော်ပေးပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်လို့ ညီနောင်မဟာမိတ် ဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

မင်းအောင်လှိုင်နဲ့ ကိုယ်ကျိုးရှာနေတဲ့စစ်ဗိုလ်ချုပ်တွေရဲ့ ဖျားယောင်းမှုတွေကြောင့် မှိုင်းမိပြီး ရုန်းကန်နေရတဲ့ တိုင်းချစ် ပြည်ချစ် စိတ်ဓာတ်ရှိတဲ့ ရဲဘော်ရဲဘက်များ၊ ပြည်သူ့စစ်များ၊ ပျူစောထီးများအနေနဲ့ သက်ဆိုင်ရာတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနဲ့ PDFs များထံ လက်နက်ချလာရောက်ပူးပေါင်းဝင်ရောက်လာပါက အသက်အန္တရာယ်လုံခြုံရေးကို အထူးအာမခံပြီး မိသားစု ဆွေမျိုးများနှင့် အမြန်ဆုံး ပြန်လည်ပေါင်းစည်းခွင့်ရအောင် အတက်နိုင်ဆုံး ကူညီထောက်ပံ့ပေးသွားမှာ ဖြစ်တယ်လို့ ညီနောင်မဟာမိတ် ဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချအလင်းဝင်ပါက အသက်အန္တရာယ်လုံခြုံရေး အထူးအာမခံပြီး မိသားစုနှင့် ပေါင်းစည်းခွင့်ရအောင် ကူညီပေးမည်ဟု ညီနောင် ဖွဲ့ ကြေညာ


စစ်ကောင်စီလက်အောက်ခံ မြန်မာ့တပ်မတော်သားများအတွက် အထူးတိုက်တွန်းနှိုးဆော်ချက်တစောင်ကို ညီနောင် မဟာမိတ် ဖွဲ့က အောက်တိုဘာလ ၃၁ ရက်နေ့ညက ထုတ်ပြန်ခဲ့တာမှာ အခုလို ဖော်ပြထားတာဖြစ်ပါတယ်။


 ညီနောင်မဟာမိတ် ဖွဲ့ထံ ရောက်ရှိလာတဲ့သူတွေအတွက် အသက်အန္တရာယ်လုံခြုံရေး အထူးအာမခံပြီး လူ့ဂုဏ်သိက္ခာ ၊စစ်သားဂုဏ်သိက္ခာ မထိခိုက်အောင် ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ညှင်းပန်းနှိပ်စက်တာ၊ ဖမ်းဆီးချုပ်နှောင်တာမျိုးတွေလုပ်မှာမဟုတ်ကြောင်းနဲ့ မိသားစု ဆွေမျိုးများနှင့် အမြန်ဆုံး ပြန်လည်ပေါင်းစည်းခွင့်ရအောင် အတက်နိုင်ဆုံး ကူညီဆောင်ရွက်ပေးသွားမှာဖြစ်တဲ့အပြင် ခရီးစရိတ်  ထောက်ပံ့တာ၊ ကျန်းမာရေးမကောင်းတဲ့သူတွေကိုလည်း ကျန်းမာရေးဝန်ဆောင်မှုနဲ့ စောင့်ရှောက်မှုများ အတက်နိုင်ဆုံး လုပ်ပေးမယ်လို့ အသိပေးထားပါတယ်။

အင်အား ၅ဝ ရှိတဲ့ စစ်ကောင်စီတပ်စခန်းတခုကို မိမိတို့အနေနဲ့ အချိန် နာရီအတွင်း ချေမှုန်းလို့ရနိုင်ပေမယ့် အချိန်မီ အညံ့ခံခဲ့ကြတဲ့အတွက် တယောက်မကျန်အသက်ချမ်းသာရခဲ့ပြီး ဘေးကင်းလုံခြုံစွာနေနိုင်ဖို့ နေရာချထားပေးခဲ့ကြောင်း နဲ့ အသက်မသေလိုတဲ့အပြင် မိသားစုနဲ့ပေါင်းစည်းလိုတာကြောင့် အလင်းဝင်လာတဲ့သူ ၁ဝဝ ကျော်ရှိသွားပြီလို့ ညီနောင် ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ညီနောင်မဟာမိတ် ဖွဲ့က ဖော်ဆောင်နေတဲ့ ၁ဝ၂၇ စစ်ဆင်ရေးစတင်ချိန်ကနေ လက်ရှိအချိန်အထိ စစ်ကောင်စီစခန်း ပေါင်း ၈ဝ ကျော်နဲ့ ချင်းရွှေဟော်၊ဖောင်းဆိုင်နဲ့ သိန္နီမြိုတို့ကို အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီးဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၃။ မြောက်ပိုင်းမဟာမိတ် ဖွဲ့နှင့်အတူ ဟန်ချက်ညီညီ တိုက်ပွဲဆင်နွှဲရန် CNF တိုက်တွန်း


ရှမ်းပြည်နယ်မြောက်ပိုင်းမှာဆင်နွှဲနေတဲ့ ညီနောင်မဟာမိတ် ဖွဲ့ရဲ့ Operation 1027 နဲ့အတူ ဟန်ချက်ညီညီ တိုက်ပွဲဆင်နွှဲကြရန် ချင်းအမျိုးသားတပ်ဦး CNF က တိုက်တွန်းလိုက်ပါတယ်။

ညီနောင်မဟာမိတ် ဖွဲ့ဖြစ်တဲ့ MNTJP/MNDAA PSLF/TNLA ULA/AA  တို့ဟာ ပြည်သူလူထုတရပ်လုံး လိုလားတောင့်တနေတဲ့ စစ်အာဏာရှင်အမြစ်ပြတ်ရေးနှင့် ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကာကွယ်ရေး၊ မိမိနယ်မြေ ပိုမိုထိန်းချုပ်နိုင်ရေးနဲ့ စစ်ကောင်စီရဲလေကြောင်းတိုက်ခိုက်မှု ဟန့်တားနိုင်ရေး၊ အွန်လိုင်းလောင်း ကစား လိမ်လည်မှုပပျောက်ရေးအတွက် စစ်ကောင်စီနဲ့ပြည်သူ့စစ်အဖွဲ့များကို နှိမ်နင်းနိုင်ရန်ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတဲ့ မဟာဗျူဟာမြောက် ၁၀၂၇ စစ်ဆင်ရေးဖော်ဆောင်နေမှုကို ကြိုဆိုထောက်ခံတယ်လို့ CNF ရဲ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အောက်တိုဘာလ ၂၇ ရက်နေ့ကစတင်ခဲ့တဲ့ ညီနောင်မဟာမိတ် ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ရန်သူ့တပ်စခန်း နဲ့ လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းနိုင်ခဲ့ပြီး အောင်ပွဲအလီလီရရှိနေမှုများကိုလည်း ဂုဏ်ယူဝမ်းမြောက် ကြောင်းနဲ့ တိုက်ပွဲတိုင်း အောင်လံလွှင့်ထူနိုင်စေကြောင်းလည်း CNF ကဆန္ဒပြုထားပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်အာဏာကိုသိမ်းယူခြင်းဟာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ပြီး တိုင်းရင်းသားပြည်သူတရပ်လုံး လိုလားတောင့်တနေတဲ့ နိုင်ငံရေးစနစ်ဖြင့် တိုင်းပြည်တည်ဆောက်ရန်၊ မြန်မာ့သမိုင်းမှာ မကြုံဘူးတဲ့ နိုင်ငံရေးအခွင့်အခါကောင်းကို ရရှိထားတာဖြစ်တဲ့အတွက် ဒီအခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး စစ်ရေး၊နိုင်ငံရေးမှာ ညီနောင်မဟာမိတ် ဖွဲ့ရဲ့ Operation 1027 နဲ့အတူ ဟန်ချက်ညီညီ တိုက်ပွဲဆင်နွှဲကြဖို့ ချင်းအမျိုးသားတပ်ဦး CNF က တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

လက်ရှိမှာလည်း ညီနောင်မဟာမိတ် ဖွဲ့ဟာ စစ်ဆင်ရေးစတင်ချိန်ကနေ လက်ရှိအချိန်ထိ စစ်ကောင်စီရဲ့ တပ်စခန်း ၈ဝ ကျော်ကို သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်သလို မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဗမာ့လွတ်မြောက်ရေးတပ်မတော်တို့ကလည်း ပူးပေါင်းတိုက်ပွဲဝင်လျက်ရှိပါတယ်။


========================


📌📌 ၄။ အမေရိကန် ဘဏ္ဍာရေး ဝန်ဆောင်မှုများက မြန်မာ့ရေနံနှင့် သဘာ၀ဓာတ်ငွေ့လုပ်ငန်း MOGE ကို တားမြစ်လိုက်တဲ့ ညွှန်ကြားချက်ထုတ်ပြန်


နိုင်ဝင်ဘာ ၁။


အမေရိကန် ဘဏ္ဍာရေး ဝန်ဆောင်မှုများက မြန်မာ့ရေနံနှင့် သဘာ၀ဓာတ်ငွေ့လုပ်ငန်း MOGE ကို တားမြစ်လိုက်တဲ့ ညွှန်ကြားချက်က စစ်အုပ်စုရဲ့ တစ်ခုတည်းသော အကြီးမားဆုံး နိုင်ငံခြားဝင်ငွေ အရင်းအမြစ်ကို ဟန့်တားလိုက်တဲ့ ကနဦး ခြေလှမ်းဖြစ်တယ်လို့ Justice For Myanmar က ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။ 


အမေရိကန်အနေနဲ့ ၎င်းရဲ့ မဟာမိတ်များနှင့် ညှိနှိုင်းဆောက်ရွက်ပြီး MOGE ကို အပြည့်အဝ ပိတ်ဆို့အရေးယူနိုင်ရေး အပါအဝင် စစ်အုပ်စုရဲ့ ဘဏ္ဍာငွေများ လက်လှမ်းမီ ရရှိနေမှုကို ဆက်လက် ပစ်မှတ်ထားသင့်တယ် လို့လည်း တိုက်တွန်းထားပါတယ်။


ကနေဒါ၊ ယူကေနှင့် အမေရိကန်တို့အကြားတွင် စစ်အုပ်စုက တရားမ၀င် ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများနဲ့ စစ်အုပ်စုရဲ့ ခရိုနီများ၊ လက်နက်ပွဲစားများကို ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုများ တိုးမြင့်ချမှတ်လာနေခြင်းကို အပြုသဘော မြင်တွေ့နေရပြီလို့ Justice For Myanmar က ဆိုပါတယ်။


မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ထုတ်ဖော်ခဲ့တဲ့ Mi-35M ရဟတ်ယာဉ်များ ပြုပြင်ရေးလုပ်ငန်းအတွက် စစ်ကောင်စီနဲ့ စာချုပ်ချုပ်ဆိုထားတဲ့ Sky Royal Hero ကုမ္ပဏီ အပါအဝင် ပုဂ္ဂလိက ကုမ္ပဏီ ခုကိုလည်း အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။


ယူကေနိုင်ငံရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုမှာတော့ ခရိုနီလုပ်ငန်းစုဖြစ်တဲ့ International Group of Entrepreneur Services Company Limited (IGE) နှင့် စစ်တပ်နဲ့ နီးစပ်တဲ့ ခရိုနီတစ်ဦးဖြစ်သူ ဦးတေဇရဲ့ သားတွေဖြစ်တဲ့ ထူးထက်တေဇနှင့် ပြည့်ဖြိုးတေဇတို့ကိုပါ အရေးယူ ဒဏ်ခတ်ပိတ်ဆို့ခဲ့တာ ဖြစ်ပါတယ်။


ကနေဒါနိုင်ငံက အကြမ်းဖက်စစ်ကောင်စီနဲ့ ဆက်စပ်တွေကို ပစ်မှတ်ထား အရေးယူပိတ်ဆို့မှု အရေအတွက် အများဆုံး လုပ်ဆောင်ထားတာဖြစ်ပြီး လူပုဂ္ဂိုလ် ၃၉ ဦးနဲ့ အဖွဲ့အစည်း ၂၂ ခုကို အရေးယူထားတာ ဖြစ်ပါတယ်။


၎င်းတို့တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အပါအဝင် စစ်အုပ်စု ထိန်းချုပ်ထားတဲ့ သတ္တုတွင်းလုပ်ငန်းများ၊ ခရိုနီများ ပိုင်ဆိုင်တဲ့ ကုမ္ပဏီများဖြစ်ကြတဲ့ ရွှေဗျိုင်းဖြူ၊ Star Sapphire Mottama Holdings နဲ့ လက်နက်ပွဲစား ကုမ္ပဏီများဖြစ်တဲ့ Miya Win Synpex Shwe Life & Challenge တို့ ပါဝင်တာ ဖြစ်ပါတယ်။


ထို့အပြင် စစ်အုပ်စုက မြန်မာပြည်သူများကို အကြမ်းဖက်တဲ့ လုပ်ရပ်များ လုပ်ဆောင်နေချိန်မှာ စစ်အုပ်စုရဲ့ ဘဏ္ဍာငွေ၊ လက်နက်နှင့် လေယာဉ်ဆီများ လက်လှမ်းမီ သုံးစွဲခွင့်ကို ရပ်တန့်ရန် အတွက် အခြားသော နိုင်ငံတကာအစိုးရများကလည်း ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် အရေးတကြီး လိုအပ်နေပါတယ်လို့ Justice For Myanmar က အသိပေးထားပါတယ်။


========================


📌📌 ၅။ လူသားစာနာ အကူအညီပေးရေး ကြားနေအဖွဲ့အစည်း" အဆိုပြုချက်ကို KNU ကန့်ကွက်


နိုဝင်ဘာ ၂၀၂၃


"ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ - JMC" ကို "လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ အကူအညီပေးရေးကြားနေအဖွဲ့အစည်း" အဖြစ် ကုလသမဂ္ဂအဖွဲ့အစည်းတွေရဲ့အဆိုပြုချက်ကို ကရင် အမျိုးသားအစည်းအရုံး - KNU က ကန့်ကွက်လိုက်တယ်လို့ သံလွင်ခက်သတင်းဌာနမှာ ဖေါ်ပြထားပါတယ်။


အောက်တိုဘာ ၁၅ ရက်ကကျင်းပခဲ့တဲ့ NCA နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို KNU ဥက္ကဋ္ဌဟောင်း တက်ရောက်ခဲ့ပြီး အဲ့ဒီအဆိုပြုချက်ကို KNU ဘက်ကလည်း သဘောတူလက်ခံတယ်လို့ ကုလသမဂ္ဂအဖွဲ့အစည်း‌ တွေက ယူဆနေကြတာပါ။


စစ်တပ်အာဏာသိမ်းယူလိုက်တဲ့နေ့ကစပြီး NCA ကပျက်ပြယ်သွားပြီဖြစ်တဲ့အတွက် ကုသမဂ္ဂနဲ့ ဆက်စပ်အဖွဲ့ အစည်းတွေရဲ့ ယူဆချက်တွေကို KNU ဘက်ကလက်မခံနိုင်တာကြောင့် ကန့်ကွက်ကြောင်းထုတ်ပြန်ရခြင်းဖြစ် တယ် လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး က ပြောပါတယ်။


ဥပဒေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတဲ့စစ်ကောင်စီက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူ အညီပေးရေး ကြားနေအဖွဲ့အစည်းအဖြစ်ဆောင်ရွက်မှာကို ABSDF CNFနဲ့ KNU အဖွဲ့ ဖွဲ့ကလည်း ကန့်ကွက်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၆။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် Kim Aris ကိုယ်တိုင် ဦးစီးပြီး Freedom Tattoo Burma Campaign ပြုလုပ်


နိုဝင်ဘာ ၁။


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ဖြစ်သူ Kim Aris ကိုယ်တိုင် ဦးစီးပြီး Freedom Tattoo Burma Campaign ကို အောက်တိုဘာ ၃၀ ရက်နေ့က စတင် ပြုလုပ်နေတယ်လို့ သိရပါတယ်။


အဆိုပါ ကမ်ပိန်းကို စစ်ဘေးရှောင် ပြည်သူ သန်းကျော်အတွက် အရေးပေါ် အသက်ကယ် လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်ဖို့၊ လူသားချင်းစာနာထောက်ထားမှု ရန်ပုံငွေရရှိဖို့နဲ့ မတရား ဖမ်းဆီးခံထားရတဲ့ အကျဉ်းသားတွေရဲ့ မိသားစုတွေကို ထောက်ပံ့ကူညီ နိုင်ဖို့အတွက် ရည်ရွယ်ပြီး  ပြုလုပ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။


ကမ်ပိန်းကာလအဖြစ် အောက်တိုဘာ ၃၀ ရက်နေ့ကနေ ဒီဇင်ဘာ ရက်နေ့အထိ သတ်မှတ်ထားပြီး သက်ဆိုင်ရာ နိုင်ငံအသီးသီးက  Fundraiser များမှတဆင့် ပါဝင်အားဖြည့် ကူညီနိုင်မှာ ဖြစ်ပါတယ်။


ကမ်ပိန်းရဲ့ ပထမခြေလှမ်း အဖြစ် Kim ကိုယ်တိုင် ဦးဆောင်ကာ နဂါးရုပ် တက်တူးထိုးဖို့ ဖြစ်ပြီး အဲဒီ နဂါးရုပ်ရဲ့ အောက်မှာ မိမိတို့ ချစ်ခင်နှစ်သက်သူ တဦးရဲ့ နာမည်လည်း ရေးထိုးနိုင်တယ်လို့ ဆိုပါတယ်။


နဂါးဟာ အကာအကွယ် ပေးနိုင်စွမ်း ရှိပြီး ဉာဏ်ပညာ ကြီးမြတ်မှု၊ ငြိမ်းချမ်းရေးနဲ့ စည်းလုံးခြင်း တို့ရဲ့ သင်္ကေတ ဖြစ်တယ်လို့ Kim က ပြောပြပါတယ်။


Kim အနေနဲ့ နဂါးရုပ်ရဲ့ အောက်မှာ အကြမ်းဖက် စစ်တပ်ရဲ့ ထောင်တွင်း မတရား ညှင်းပန်း နှိပ်စက်မှု ဒါဏ်ကြောင့် အသက်ဆုံးပါးခဲ့ရ မြန်မာ့ရိုးရာ လက်ဝှေ့ ချန်ပီယံ တူးတူးရဲ့ အမည်ကို ရေးထိုးမယ်လို့ သိရတယ်။


Campaign ရဲ့ နောက်ခြေလှမ်း တစ်ခုကတော့ အဲဒီ နဂါးရုပ်ပုံနဲ့ တီရှပ် / ခေါင်းဆောင်းပါတဲ့ အနွေးထည် (hoodie) တွေ ထုတ်ဝေရောင်းချမယ့် အစီအစဉ်ဖြစ်တယ်လို့ သိရပါတယ်။


Website / Application နဲ့ Facebook page တွေက တဆင့် Pre-order အရင်ကောက်မှာ ဖြစ်ပြီး နိုင်ငံအလိုက် သတ်မှတ်ထားတဲ့ Fundraiser တွေဆီမှာလည်း pre-order တင်ပြီး မှာယူနိုင်မှာ ဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့်မင်းစစ် သွေးတို့မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution 

Share:

No comments:

Post a Comment