27th NOV 2023 - Evening Daily News by Radio NUG


၂၀၂၃ နိုဝင်ဘာလ ၂၇ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်ကောင်စီဟာ စစ်ရာဇဝတ်သားတွေဖြစ်လို့ ဘယ်သူ့မှ မသနားသင့်ဘူးလို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးပြောကြား

📌 ၂။ ရေဦးမြို့နယ် အောင်သာယာ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေပြီး စစ်သုံ့ပန်း ဦး ဖမ်းဆီးရမိ

📌 ၃။ တော်လှန်ရေး တပ်ဖွဲ့တွေ လာရောက်တိုက်ခိုက်မယ်လို့ သတင်းထွက်နေတာကြောင့် ဘီးလင်းဝင်းက ရဲစခန်းကို စစ်ကောင်စီ လက်လွတ်

📌 ၄။ ရွှေဘိုနယ်ရှိ ဇီးဖြူကုန်းရွာရှိ စစ်ကောင်စီစခန်း တိုက်ခိုက်ခံရပြီးနောက် စခန်းစွန့်ခွာသွား

📌 ၅။ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်နှင့် စစ်ကြောင်းအား PDFများ တိုက်ခိုက်

📌 ၆။ ညီနောင်မဟာမိတ်တပ်များက ကျေးသီးတံတားနဲ့လုံခန်းရှိ စစ်တပ်စခန်းကို ထပ်မံသိမ်းပိုက်၊ စစ်တပ်ကဖွက်ထားသော လက်နက်များသိမ်းဆည်းရရှိ

📌 ၇။ လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့လိုက်ပါလာသောကားကို မိုင်းဆွဲတိုက်ခိုက်မှု ဦးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်ကောင်စီဟာ စစ်ရာဇဝတ်သားတွေဖြစ်လို့ ဘယ်သူ့မှ မသနားသင့်ဘူးလို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးပြောကြား


နိုဝင်ဘာ ၂၇။


အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီနဲ့ စစ်ကောင်စီ လေတပ်ဟာ စစ်ရာဇဝတ်သားတွေ ဖြစ်တာကြောင့် ပြည်သူတရား ဘယ်သူ့မှ မသနားသင့်ဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးမှ နိုဝင်ဘာ ၂၆ ရက်နေ့မှာ လူမှုကွန်ယက် စာမျက်နှာမှ ပြောဆိုထားပါတယ်။


စကစ စစ်ရာဇဝတ်သား၊ လေခွေး စစ်ရာဇဝတ်သား၊ ပြည်သူ့တရား၊ ဘယ်သူ့မှ မသနားသင့်လို့ ပြည်ထောင်စု ဝန်ကြီးက ဆိုထားပါတယ်။


လက်ရှိ ပြည်သူ့ခုခံ တွန်းလှန်စစ် ကာလအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးသောင်းနီးပါး သေဆုံးခဲ့ပြီး CDM ပြုလုပ် ဘက်ပြောင်းလာသူ တစ်သောင်းခွဲကျော် ရှိပြီ ဖြစ်ပါတယ်။


========================


📌📌 ၂။ ရေဦးမြို့နယ် အောင်သာယာ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေပြီး စစ်သုံ့ပန်း ဦး ဖမ်းဆီးရမိ


နိုဝင်လာ ၂၇။


စစ်ကိုင်းတိုင်၊ ရေဦးမြို့နယ်၊ အောင်သာယာကျေးရွာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးပြီး စစ်သုံ့ပန်း ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA က သတင်းထုတ်ပြန် ထားပါတယ်။


နိူဝင်ဘာ ၂၄ မနက်က စစ်ကောင်စီ စစ်သား၊ ရဲနဲ့ ပျူစောထီး အင်အား ၈၀ ခန့် တပ်စွဲထားတဲ့ အဆိုပါ အောင်သာယာ ကျေးရွာကို ဒေသတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက သွားရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


စစ်အုပ်စုက ကျေးရွာဘုန်းကြီးကျောင်း အပါအဝင် ရွာတွင်းနေရာ အများအပြားတွင် ဘန်ကာများ တည်ဆောက်ကာ အခိုင်အမာ တပ်စွဲထားပြီး ဘုန်းကြီးကျောင်း စခန်းကွင်းနားထိ သွားရောက်တိုက်ခိုက် နိုင်ခဲ့ကြောင်းနဲ့ တိုက်ပွဲကြာချိန် နာရီခန့်တွင် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း PLA က အသိပေးထားပါတယ်။


ပြည်သူ့ရဲဘော် ဦး ဒါဏ်ရာရရှိခဲ့တယ်လို့ အသိပေးထားပြီး တွေ့ရှိခဲ့ရသော အချက်အလက်များအရ စစ်ကောင်စီဘက်မှ ၁၀ ဦးခန့် သေဆုံးပြီး ၁၅ ဦးခန့် ဒါဏ်ရာရရှိနိုင်တယ်လို့ PLA က ခန့်မှန်းထားပါတယ်။


ထို့အပြင် တိူက်ပွဲအတွင်း စစ်သုံ့ပန်း ဦး ဖမ်းဆီးရမိကာ သုံ့ပန်းနှင့်အညီ ထိန်းသိမ်းထားပြီး ကျည်အချို့ ငွေသားအချို့နှင့် ဆိုင်ကယ် ၂စီး သိမ်းယူရရှိခဲ့တယ်လို့ အသိပေး ထားပါတယ်။


အဆိုပါ စစ်ဆင်ရေးကို မဟာမိတ်တပ်ပေါင်းစု တပ်ဖွဲ့များဖြစ်သော  ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) 96 Soldiers PDF (အညာတပ်ခွဲ) စိန်ဗေဒါKBU (ပကဖ) မိုးကြိုးမုန်တိုင်း LPDF ဝံသပါလ LPDF TCRF (PLA) ရွှေဘိုဓူဝံ (PLA) GZ LPDFတို့ ပူးပေါင်းကာ ဆောင်းဦးကောက်ရိတ်သိမ်းချိန် စစ်ဆင်ရေးဖြင့်  ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၃။ တော်လှန်ရေး တပ်ဖွဲ့တွေ လာရောက်တိုက်ခိုက်မယ်လို့ သတင်းထွက်နေတာကြောင့် ဘီးလင်းဝင်းက ရဲစခန်းကို စစ်ကောင်စီ လက်လွတ်


နိုဝင်ဘာ ၂၇။


တော်လှန်ရေး တပ်ဖွဲ့တွေက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲမယ်လို့ သတင်းထွက်နေတာကြောင့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းကကျေးရွာရှိ ဝင်းက ရဲကင်းစခန်းမှ စစ်ကောင်စီ ရဲတပ်သားတွေ ရုတ်သိမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။


ဝင်းက ရဲစခန်းဟာ အရင်ထဲက တော်လှန်ရေး တပ်ဖွဲ့တွေ မကြာခဏ လာရောက်ပစ်ခတ် တိုက်ခိုက်တာတွေ ရှိနေတာကြောင့် နိုဝင်ဘာ ၂၄ ရက်နေ့မှာ ၎င်းစခန်းက ရဲတွေကို တောင်စွန်းစခန်းဆီ ပြန်ခေါ်ခဲ့ပြီး အင်အားပေါင်းစည်းလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။


ဝင်းကရဲစခန်းက ၁၀ ဦးဝန်းကျင်လောက်ပဲဆိုတော့ တောင်စွန်းနဲ့ ပြန်ပေါင်းလိုက်တာ၊ တောင်စွန်းအကျဉ်းဦးစီးလဲ ရွှေ့လိုက်တယ်၊ ဝင်းကကရဲတွေ အဲ့မှာပြန်ဝင်နေနေတယ်လို့ တောင်စွန်း ဒေသခံ တစ်ဦးက ပြောပါတယ်။


ဘီးလင်းမြို့နယ် တောင်စွန်းအကျဉ်းစခန်းက ထောင်ဝန်ထမ်းတွေနဲ့ အကျဉ်းသားတွေကို မုပ္ပလင်အကျဉ်းစခန်း ဆီပြောင်းရွှေ့လိုက်တာဖြစ်ပြီး ၎င်းအကျဉ်းစခန်းမှာ စစ်ကောင်စီ စစ်သားနဲ့ ရဲ အင်အား ၃၀ လောက် အထိုင်ချ တပ်စွဲထားတယ်လို့ ဒေသခံက ဆက်ပြောပါတယ်။


စစ်ကောင်စီရဲ့ ဘီးလင်းမြို့မ ရဲစခန်းနဲ့ မြို့နယ်ရဲတပ်ဖွဲ့ ရုံးတို့မှာ ခံစစ်အတွက် ဘန်ကာတွေ သေချာ ပြင်ဆင်ထားပြီး မြို့တွင်း၊မြို့ပြင် လုံခြုံရေးအင်အားကိုလည်း တိုးမြှင့်ထားကာ တင်းတင်းကြပ်ကြပ် စစ်ဆေားနေပြီး ကင်းပုန်းတွေလည်း တိုးချထားတယ်လို့ သိရပါတယ်။


စစ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်မှာ ကျိုက်ထို၊ ဘီးလင်း၊ ရေးနဲ့ သံဖြူဇရပ် မြို့နယ်ရှိ ရဲစခန်းတစ်ချို့ကို စစ်ကောင်စီက လက်လွတ်ထားရပါတယ်။


========================


📌📌 ၄။ ရွှေဘိုနယ်ရှိ ဇီးဖြူကုန်းရွာရှိ စစ်ကောင်စီစခန်း တိုက်ခိုက်ခံရပြီးနောက် စခန်းစွန့်ခွာသွား


နိုဝင်ဘာ ၂၇။


စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာရှိ စစ်ကောင်စီစခန်း တိုက်ခိုက်ခံရပြီးနောက် စခန်းစွန့်ခွာ ထွက်ပြေးသွားတယ်လို့ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ သတင်းပြန်ကြားရေး ထံမှ သိရပါတယ်။


နိုဝင်ဘာလ ၂၅ ရက်နေ့ မနက် နာရီကျော်က ဇီးဖြူကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားများနဲ့ ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးသီး ၁၂ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီးနောက် စခန်းစွန့်ခွာ ထွက်ပြေးသွားကြတာကြောင့် ပြည်သူ့ရဲဘော်များက စခန်းကို ဝင်ရောက်ရှင်းလင်းပြီး မီးရှို့ဖျက်စီးခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ စခန်းမှ လက်နက်များ သိမ်းပိုက်ရရှိခြင်းမရှိဘဲ ပြည်သူများထံမှ အဓမ္မခိုးယူထားတဲ့ အသုံးအဆောင် ပစ္စည်းအချို့သာ ကျန်ခဲ့တယ်လို့ အသိပေးထားပါတယ်။


စခန်းစွန့်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီ တပ်သားများဟာ ရွှေဘိုမြို့နယ် အတွင်းက သီးလုံး ပျူစောထီးကျေးရွာရှိ စစ်ကောင်စီတပ်ထံ သွားရောက်ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ စစ်ဆင်ရေးကို ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - Wild Tiger LPDF  ဦးဆောင်သော ရွှေဘို တိုက်နယ် () မဟာမိတ်တပ်ပေါင်းစု ညီ‌နှောင်များနှင့် LIGHTNING DRONE FROCE ( We are everywhere) ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အသိပေး ထားပါတယ်။


========================


📌📌 ၅။ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်နှင့် စစ်ကြောင်းအား PDFများ တိုက်ခိုက်


နိုဝင်ဘာ ၂၇။


မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်နဲ့ စစ်ကြောင်းအား မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း မြင်းခြံခရိုင် အမှတ် () တပ်ရင်း တပ်ခွဲ () နောင်ရိုး အထူးပြောက်ကျားတပ် (NYSGF)  တာဝန်ခံက ပြောပါတယ်။


နိုဝင်ဘာ ၂၆ ရက် မနက် နာရီခွဲခန့်က မြင်းခြံမြို့နယ်၊ တလုပ်ကျေးရွာရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးခဲ့ပြီး လာရောက်စစ်ဆေးတဲ့ စစ်ကောင်စီ တပ်သားများကို ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ တစ်ဦးထပ်မံ သေဆုံးခဲ့ကြောင်း NYSGF  တာဝန်ခံက ပြောပါတယ်။


ထို့အပြင် နေ့လယ် ၁၂ နာရီ ခွဲခန့်တွင်လည်း ဥဒယကျေးရွာမှ လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ စစ်သား ရှစ်ဦးသေဆုံးကြောင်း နောင်ရိုးအထူးပြောက်ကြားတပ်က ထပ်မံသတင်းထုတ်ပြန်ထာပါတယ်။


အဆိုပါ စစ်ဆင်ရေးကို မြင်းခြံခရိုင် အမှတ် () တပ်ရင်း တပ်ခွဲ () နောင်ရိုး အထူးပြောက်ကျားတပ် NYSGF နဲ့ အမှတ် () တပ်ရင်း Taloke PDF နှင့် Myingyan MP9 အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


နိုဝင်ဘာ ၁၆ ရက်ကလည်း မြင်းခြံမြို့နယ်၊ ကိုင်းရွာနယ်မြေရဲစခန်းကို ဒေသတွင်း PDF များက တိုက်ခိုက်ခဲ့ပြီး စခန်းအား မီးရှို့ဖျက်ဆီးနိုင်ခဲ့ပါတယ်။


========================


📌📌 ၆။ ညီနောင်မဟာမိတ်တပ်များက ကျေးသီးတံတားနဲ့လုံခန်းရှိ စစ်တပ်စခန်းကို ထပ်မံသိမ်းပိုက်၊ စစ်တပ်ကဖွက်ထားသော လက်နက်များသိမ်းဆည်းရရှိ


ကိုးကန့်တပ် MNDAA နဲ့ TNLA တပ်များက ရှမ်းပြည်နယ် သီပေါနဲ့ ကျောက်မဲကြားက ကျေးသီးတံတားရှေ့မှာရှိတဲ့ စစ်ကောင်စီတပ် ၅၆၇ နဲ့ ၅၆၈ စခန်း ၂ခုကို တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် ကျေးသီးတံတားနဲ့ ကျင်စံကျော်နယ်စပ်ဂိတ် ပေါက်အနီးမှာရှိတဲ့ လုံခမ်းတပ်စခန်းကို သိမ်းယူနိုင်ခဲ့တယ်လို့ ညီနောင်မဟာမိတ် ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ 

 ကျေးသီးတံတားရှေ့မှာ ရှိတဲ့ စစ်ကောင်စီတပ် ၅၆၇ နဲ့ ၅၆၈ စခန်း ၂ခုကို နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ထိုးစစ်ဆင်တိုက်ခိုက် နိုင်ခဲ့တာဖြစ်ပြီး နိုဝင်ဘာလ ၂၆ ရက်နေ့မနက် နာရီမှာ တံတားကိုသိမ်းပိုက်နိုင်ခဲ့တာပါ။

ကျေးသီးတံတားကိုတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် နန့်စလပ်နေရာမှာ စစ်ကောင်စီဘက်က ထွက်ပြေးတိမ်းရှောင်ချိန်မှာ ဝှက်ထားခဲ့တဲ့ လက်နက်ခဲယမ်းတွေကို ရှာဖွေသိမ်းဆည်းနိုင်ခဲ့တယ်လို့လည်းသိရပါတယ်။

နန့်စလပ်တပ်စခန်းကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်မိသားစုဝင်တွေရဲ့ပြောပြမှုကြောင့် စစ်သားတွေဝှက်ထားတဲ့ လက်နက်ခဲယမ်းတွေ ရှာဖွေတွေ့ရှိခဲ့တာပါ။ 

ရှာဖွေတွေ့ရှိတဲ့လက်နက်တွေက ရိုင်ဖယ် ၁၃ လက်၊ စက်သေနတ်တလက်၊ ကျည်ဘောက် ၃၁ ခု၊ ကျည်ကာဦးထုပ်၃ခု၊ သေနတ်ပစ်ဗုံးသီး လုံးနဲ့ ကျည်ဆံ ၂၀၀၀ တောင့် သိမ်းဆည်းရရှိခဲ့တာလို့ သိရပါတယ်။ 

ဒါ့အပြင် သိန္နီခရိုင်အုပ်ချုပ်ရေးအဖွဲ့က ကျန်းမာရေးအဖွဲ့တွေစေလွှတ်ပြီး စစ်ကောင်စီရဲ့ ၅၆၇ နဲ့ ၅၆၈ တပ်က ဒဏ်ရရ မိသားစုဝင်တွေကိုလည်း ကုသမှုတွေလုပ်ပေးခဲ့တယ်လို့သိရပါတယ်။   

MNDAA တပ်ဟာ နိုဝင်ဘာ ၂၆ ရက်အထိ စစ်ကောင်စီရဲ့ တပ်စခန်းအကြီးအသေး စုစုပေါင်း ၁၇၆ ခု သိမ်းပိုက်ရရှိခဲ့ပြီးဖြစ် ပါတယ်။


========================


📌📌 ၇။ လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့လိုက်ပါလာသောကားကို မိုင်းဆွဲတိုက်ခိုက်မှု ဦးသေဆုံး


တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါတဲ့ကားတစီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဦး သေဆုံးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDFက နိုဝင်ဘာလ ၂၇ ရက် နေ့မှာ ထုတ်ဖော်ပြောဆို လိုက်ပါတယ်။ 

မနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေ နာရီခွဲခန့်အချိန်က လောင်းလုံးမြို့နယ်အတွင်း လမ်းသွားလမ်းလာတွေကို တရားဖမ်း ဆီးပြီး ဆက်ကြေးကောက်နေတဲ့ အကြမ်းဖက်စစ်သားတွေ ကင်းလှည့်ပြီးပြန်လာချိန်မှာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ကင်းပတ်ပြီးပြန်လာတဲ့ စစ်ကောင်စီကား လောင်းလုံးမြို့မရဲစခန်းအနီး စောင်းကြိုးလမ်းကြားရောက်ချိန်မှာ ပဒေသာမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ LLPDF က အသိပေးထားပါတယ်။

ဒီမိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကားပေါ်ပါလာတဲ့ စစ်သား ဦးသေဆုံးပြီး ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

လောင်းလုံးမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်ကောင်စီလက်အောက်ကနေ အမြန်ဆုံး စွန့်ခွာကြဖို့ နဲ့ ဒေသခံပြည်သူတွေအနေနဲ့လည်း စစ်ရေးသတိရှိကြဖို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့-LLPDF က တိုက်တွန်းထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့်မင်းစစ်သွေးတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment