7th NOV 2023 - Morning Daily News by Radio NUG


၂၀၂၃ နိုဝင်ဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ခရိုင်အဆင့်မြို့ကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့မှုကို NUG မှတ်တမ်းတင် ဂုဏ်ပြု

📌 ၂။ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၂၀၂၄ ခုနှစ် နှစ်သစ်ပြက္ခဒိန်သစ်ကို အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်ရုံးတွေမှာ ဆက်သွယ်ဝယ်ယူနိုင်

📌 ၃။ ဖက်ဒရယ် ပြည်ထောင်စုတပ်မတော်သစ် တည်ထောင်ဖို့ အားလုံးသဘောတူ စိတ်ပိုင်းဖြတ်ပြီးဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးအသိပေး

📌 ၄။ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီကို တော်လှန်နေသော ကတူးဒေသရှိ ကတူးအမျိုးသားအဖွဲ့မှ တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး

📌 ၅။ စကစမြေပြင်တပ်ဖွဲ့ဝင်များအနေနဲ့ အသက်ကို အလကား သေခံမယ့်အစား ပြည်သူဘက်မှာ အမြန်ဆုံးပြောင်းလဲရပ်တည်ကြဖို့ ဆလိုင်းအိုင်းဇက်ခင်တိုက်တွန်းပြောကြား

📌 ၆။ပြဿနာရင်းမြစ်ကိုအမျှော်အမြင်နဲ့ ဖြေရှင်းတာမဟုတ်ဘဲ အင်အားပြခြိမ်းခြောက်တဲ့ ဖက်ဆစ်တပ် အကုသိုလ်များဂြိုဟ်ဆိုးဝင်ပြီလို့ ဦးမင်းကိုနိုင်ဆို

📌 ၇။ မတူပီမြို့ စစ်ကောင်စီ အခြေစိုက် ခလရ-၁၄၀ မှ စကစတပ်ဖွဲ့ဝင်နှစ်ဦးလက်နက်နဲ့အတူအလင်းဝင်ရောက်လာ၍ဆုငွေ ကျပ်သိန်း (၆၀) ချီးမြှင့်ခဲ့

📌 ၈။ ရန်သူစစ်ကောင်စီ၏ တပ်မ (၉၉) လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းထိုင်ထားသောပန်လုံဗျူဟာကုန်းအား 

ကိုးကန့်တပ်မတော် (MNDAA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ အပြီးသတ် ချေမှုန်းသိမ်းပိုက်

📌 ၉။ လားရှိုး၊ မူဆယ်၊ ကွတ်ခိုင်၊ မန်တုံ၊ မိုးကုတ်၊ နမ့်ခမ်းမြို့များတွင် စစ်ဘေးရှောင်ဦးရေ စုစုပေါင်း(၃၀၀၀၀)ကျော်ရှိလာပြီဖြစ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ခရိုင်အဆင့်မြို့ကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့မှုကို NUG မှတ်တမ်းတင် ဂုဏ်ပြု


နိုဝင်ဘာလ ၆ရက်။ 

စစ်ကိုင်းတိုင်းထဲမှာရှိတဲ့ ခရိုင်အဆင့်ရှိ ကောလင်းမြို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းယူနိုင်ခဲ့မှုအား မှတ်တမ်းတင်ဂုဏ်ပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က နိုဝင်ဘာလ ရက်နေ့ ညနေပိုင်းမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ကောလင်းမြို့သိမ်းအောင်ပွဲ အမှတ်တရ ဂုဏ်ပြုစကားအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

ခရိုင်အဆင့် မြို့တစ်မြို့ကို ပထမဆုံးအကြိမ် အောင်မြင်စွာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ စစ်ဆင်ရေးမှာ ဦးဆောင်သူတွေနဲ့ ပါဝင်သူအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပြီး မှတ်တမ်းတင် ဂုဏ်ပြုပါသည်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

စစ်ဆင်ရေးအတွင်းမှာ စွန်းစား ပေးဆပ် စွန့်လွှတ်သူများ အားလုံးကိုလည်း ထာဝရအမှတ်ရစွာဖြင့် ဦးညွတ်အလေးပြုရင်း မှတ်တမ်းတင် ဂုဏ်ပြုလိုက်ပါတယ်လို့လည်းပါရှိပါတယ်။ 

အမှတ် စစ်ဒေသ ကောလင်းခရိုင်ကွပ်ကဲရေး၏ ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်PDF များ၊ ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ (ပကဖ) နှင့် မဟာမိတ် ပူးပေါင်းအဖွဲ့က စစ်ကိုင်းတိုင်း ကောလင်းခရိုင်၏မြို့တော် ကောလင်းမြို့ကို နိုဝင်ဘာလ ရက်နေ့မှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ 

ကောလင်းမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအခြေပြုတပ်စွဲထားရာနေရာတွေဖြစ်တဲ့ ကောလင်းရဲစခန်း၊ အထွေထွေ အုပ်ချုပ်ရေးရုံး၊ အထက်တန်းကျောင်း၊ မြေစာရင်းရုံး၊ မြန်မာ့စီးပွားရေးဘဏ်တို့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ရက်ကြာတိုက်ခိုက်ခဲ့ရပြီး နိုဝင်ဘာလ ရက်နေ့မှာ အပြီးသတ်သိမ်းယူနိုင်ခဲ့တာကြောင့် စစ်ကောင်စီယန္တရား ရပ်တန့် သွားခဲ့တာလည်းဖြစ်ပါတယ်။ 

လက်ရှိမှာ ကောလင်းမြို့ပေါ်မှာ ပြည်သူ့ကာကွယ်ရေးအလံတော်ကိုလည်း လွှင့်ထူထားပြီးဖြစ်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၂၀၂၄ ခုနှစ် နှစ်သစ်ပြက္ခဒိန်သစ်ကို အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်ရုံးတွေမှာ ဆက်သွယ်ဝယ်ယူနိုင်


နိုဝင်ဘာလ ၆ရက်။

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၂၀၂၄ ခုနှစ် နှစ်သစ်ပြက္ခဒိန်သစ်ကို အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်ရုံးတွေမှာ ဆက်သွယ်ဝယ်ယူနိုင်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဆိုရှယ်မီဒီယာမှာ နိုဝင်ဘာ ၅ရက်မှာ အသိပေးဖော်ပြထားပါတယ်။


"၂၀၂၃ ခုနှစ် ကုန်ဆုံးလာတာနဲ့အမျှ စစ်အာဏာရှင် နိဂုံးချုပ်ချိန်ဟာလည်း နီးကပ်လို့ လာပါပြီ။ ပြည်သူလူထုက လှူဒါန်းထည့်ဝင်ကြတဲ့ ရံပုံငွေတွေကို တော်လှန်ရေးကြီးရဲ့ အရေးအကြီးဆုံးကဏ္ဍတွေမှာသာ အသုံးပြုကြရတာဖြစ်လို့၊ သံတမန်ရေးစစ်မျက်နှာအတွက် ရံပုံငွေအင်အား ဖြည့်တင်းနိုင်ဖို့အတွက် ဒီနှစ်သစ်ပြက္ခဒိန်ကို ထုတ်ဝေလိုက်ပါတယ်။ နွေဦးတော်လှန်ရေးကြီးအတွင်းမှာ ကိုယ်စိတ်နှစ်ပါး ပင်ပန်းနေကြရတဲ့ ပြည်သူတွေအနေနဲ့ ခဏတာ စိတ်အပမ်းပြေပါစေဆိုတဲ့ စေတနာနဲ့ မြန်မာပြည်အနှံ့အပြားက လှပတဲ့ သဘာဝရှုခင်းဓါတ်ပုံလေးတွေကို သုံးထားပါတယ်။ရည်မှန်းချက် တူညီရာကို မရပ်မနား ဦးတည်ခုတ်မောင်းနေတဲ့ ရထားကြီးတစ်စင်းလိုပဲ၊ တော်လှန်လှိုင်းလုံးတွေနဲ့အတူ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ဆီ အရောက်လှမ်းနေတဲ့ မြန်မာပြည်သူတွေရဲ့ ခြေလှမ်းတိုင်းကို ဒီနှစ်သစ်ပြက္ခဒိန်မှာ မှတ်တမ်းတင်ကြပါစို့"လို့ဖော်ပြထားပါတယ်။


နွေဦးတော်လှန်ရေးရဲ့ ၂၀၂၄ ခုနှစ် သံတမန်ရေးရာစစ်မျက်နှာမှာ ပါဝင်ကူညီလိုသူ ဘယ်သူမဆို၊ ဒီပြက္ခဒိန်ကို အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်ရုံးတွေမှာ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။


========================


📌📌 ၃။ ဖက်ဒရယ် ပြည်ထောင်စုတပ်မတော်သစ် တည်ထောင်ဖို့ အားလုံးသဘောတူ စိတ်ပိုင်းဖြတ်ပြီးဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးအသိပေး


နိုဝင်ဘာလ ၆ရက်။

ဖက်ဒရယ် ပြည်ထောင်စုတပ်မတော်သစ် တည်ထောင်ဖို့ အားလုံးသဘောတူ စိတ်ပိုင်းဖြတ်ပြီးဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ထည့်သွင်းပြောပါတယ်။


"အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများနဲ့ နိုင်ငံရေးရော စစ်ရေးပါ တော်လှန်ရေးကာလတလျောက်လုံး ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကိုတော့ ကာကွယ်ရေးဝန်ကြီးဌာနက အဓိက တာဝန်ယူပါတယ်။ စစ်အာဏာရှင်စနစ် အမြစ် ဖြတ်ပြီး စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ထောင်ဖို့ ဖက်ဒရယ် ပြည်ထောင်စုတပ်မတော်သစ် တည်ထောင်ဖို့ အားလုံးသဘောတူ စိတ်ပိုင်းဖြတ်ပြီးလည်း ဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာအမျိုးသားညီညွတ်ရေးအစိုးရနှင့် KIA KNU KNPP စတဲ့တိုင်းရင်းသားတော်လှန်ရေးအင်အားစုများဟာ စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၄။ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီကို တော်လှန်နေသော ကတူးဒေသရှိ ကတူးအမျိုးသားအဖွဲ့မှ တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး


နိုဝင်ဘာလ ၆ရက်။

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားပြုကော်မတီသည် စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီကို တော်လှန်နေသော ကတူးဒေသရှိ ကတူးအမျိုးသားအဖွဲ့မှ တိုင်းရင်းသားခေါင်းဆောင်များနှင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၆ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။


တွေ့ဆုံဆွေးနွေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားပြုကော်မတီ၏ ဥက္ကဋ္ဌ ဦးမြင့်ထွေးနှင့် တိုင်းဒေသကြီးလွှတ်တော်ရေးရာကော်မတီများမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါတယ်။


ထို့နောက် ဥက္ကဋ္ဌမှ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၏ ရှေ့လုပ်ငန်းစဥ်များ၊ ဖက်ဒရယ်ယူနစ်ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ကာ တက်ရောက်လာသော စစ်ကိုင်းတိုင်းအတွင်းရှိ ကတူးဒေသတိုင်းရင်းသားခေါင်းများဘက်မှလည်း ဖက်ဒရယ်ရေးရာ အကြံပြုချက်များကို ပြန်လည်ဆွေးနွေးခဲ့ကြပါတယ်။


========================


📌📌 ၅။ စကစမြေပြင်တပ်ဖွဲ့ဝင်များအနေနဲ့ အသက်ကို အလကား သေခံမယ့်အစား ပြည်သူဘက်မှာ အမြန်ဆုံးပြောင်းလဲရပ်တည်ကြဖို့ ဆလိုင်းအိုင်းဇက်ခင်တိုက်တွန်းပြောကြား


နိုဝင်ဘာလ ၆ရက်။

စကစမြေပြင်တပ်ဖွဲ့ဝင်များအနေနဲ့ အသက်ကို အလကား သေခံမယ့်အစား ပြည်သူဘက်မှာ အမြန်ဆုံးပြောင်းလဲရပ်တည်ကြဖို့ နိုဝင်ဘာ ၆ရက်မှာ ကြားကာလချင်းအမျိုးသားကောင်စီ သဘာပတိအဖွဲ့ဝင် ဆလိုင်းအိုင်းဇက်ခင်ကပြောကြားထားပါတယ်။


"​ကောလင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်သိမ်းပိုက်တဲ့ သတင်း​​တွေ၊ video clip ​တွေအများကြီးတွေ့ရပါတယ်။ ဇမထ(ဇော်မင်းထွန်း) ​ပြောသလို ဝါဒဖြန့်တာတွေ မဟုတ်ဘူး။ တကယ်သိမ်းခံရတာ။ စကစဘက်ကသေတာတွေတွေ့ရတယ်။ အများကြီးပဲ။ နစခ စစ်အုပ်စုအနေနဲ့ ပြည်သူ့တော်လှန်ရေး အဖွဲ့အစည်းများကို အကြမ်းဖက်လို့ပြောဆိုသုံးနှုန်းနေလင့်ကစား ၎င်းတို့ကိုယ်တိုင်သာလျင် ပြည်သူများရဲ့အသက်အိုးအိမ်ကို အကြမ်းဖက် ဖျက်ဆီးနေသည်ကတော့ အမှန်ပင်ဖြစ်။ စကစမြေပြင်တပ်ဖွဲ့ဝင်များအနေနဲ့ မိမိတို့ရဲ့အသက်ကို အလကား သေခံမယ့်အစား ပြည်သူဘက်မှာ အမြန်ဆုံးပြောင်းလဲရပ်တည်ကြသင့်ပါပြီ။ ဒီလို မလုပ်နိုင်ရင်တောင် အနည်းဆုံးတော့ မအလ အကျိုးအတွက် အချည်းနှီးအသေမခံဖို့​​ အသိပေးချင်ပါတယ်ခင်ဗျား"လို့ဆိုပါတယ်။


လက်ရှိမှာ CDMလုပ်သူနဲ့ အလင်းဝင်လာသူ စကစတပ်ဖွဲ့ဝင်တစ်သောင်းခွဲ ကျော်ရှိနေပြီ ဖြစ်ပါတယ်။


========================


📌📌 ၆။ပြဿနာရင်းမြစ်ကိုအမျှော်အမြင်နဲ့ ဖြေရှင်းတာမဟုတ်ဘဲ အင်အားပြခြိမ်းခြောက်တဲ့ ဖက်ဆစ်တပ် အကုသိုလ်များဂြိုဟ်ဆိုးဝင်ပြီလို့ ဦးမင်းကိုနိုင်ဆို


နိုဝင်ဘာလ ၆ရက်။

"ပြဿနာရင်းမြစ်ကိုအမျှော်အမြင်နဲ့ ဖြေရှင်းတာမဟုတ်ဘဲ အင်အားပြခြိမ်းခြောက်တဲ့ ဖက်ဆစ်တပ် အကုသိုလ်များဂြိုဟ်ဆိုးဝင်ပြီလို့ ဦးမင်းကိုနိုင်က ဆိုလိုက်ပါတယ်။


"ပြဿနာရင်းမြစ်ကိုအမြော်အမြင်နဲ့ ဖြေရှင်းတာမဟုတ်၊ အင်အားပြခြိမ်းခြောက်တဲ့ ဖက်ဆစ်တပ်ဘာဖြစ်သလဲ။ အကုသိုလ်များဂြိုဟ်ဆိုးဝင်ရင်မတော်တဆ မှားတာမဟုတ် အစည်းအဝေးခေါ်ပြီးကျကျနနမှားတာ။ ဖြဲခြောက်ချင်ဇောနဲ့ မှားပုံကရှေ့ကလူကို ပေါက်ချွန်းနဲ့ရွယ်ပြီး အားကုန်မြှောက်လွှဲ ကိုယ့်ကျောကိုပြန်ပေါက်မိသလိုပဲ"လို့ဆိုပါတယ်။


ဒါ့အပြင် အကြမ်းဖက်စကစဟာ တရုတ်နိုင်ငံကိုလည်း လက်နက်ကြီးကျော်ချမိလို့ ရင်ဆိုင်ရဦးမယ်လို့ဆိုပါတယ်။


စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင် မြို့တော်၊ ကောလင်းမြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ ကာကွယ်ရေ တပ်မတော်(PDF) ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နှင့် မဟာမိတ်တပ်သားများက ကောလင်းခရိုင်ကွပ်ကဲရေး ဦးဆောင်မှုဖြင့် နိုဝင်ဘာလ () ရက်နေ့တွင် သိမ်းပိုက်လိုက်ပါတယ်။


========================


📌📌 ၇။ မတူပီမြို့ စစ်ကောင်စီ အခြေစိုက် ခလရ-၁၄၀ မှ စကစတပ်ဖွဲ့ဝင်နှစ်ဦးလက်နက်နဲ့အတူအလင်းဝင်ရောက်လာ၍ဆုငွေ ကျပ်သိန်း (၆၀) ချီးမြှင့်ခဲ့


နိုဝင်ဘာလ ၆ရက်။

မတူပီမြို့ စစ်ကောင်စီ အခြေစိုက် ခလရ-၁၄၀ မှ စကစတပ်ဖွဲ့ဝင်နှစ်ဦးလက်နက်နဲ့အတူအလင်းဝင်ရောက်လာခဲ့တယ်လို့ နိုဝင်ဘာ၅ရက်မှာ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီက တရားဝင်အသိပေးဆိုပါတယ်။


 ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ()ရက်နေ့တွင် မတူပီမြို့ စစ်ကောင်စီ အခြေစိုက် ခလရ-၁၄၀ မှ ရဲဘော် ညဏ်လင်းအောင် ရဲဘော် မျိုးလင်းဦး တို့ MA-1 ()လက်၊ ကျည်ဆံ (၁၃၄)တောင့်၊ ကျည်ဘောက်()ခု နှင့်အတူ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ ထံသို့ CDM ဝင်လာခဲ့တယ်လို့ဆိုပါတယ်။


အဆိုပါစကစတပ်သားများအားဆုငွေ ကျပ်သိန်း (၆၀) ချီးမြှင့်ခဲ့တယ်လို့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီကအသိပေးဆိုပါတယ်။


========================


📌📌 ၈။ ရန်သူစစ်ကောင်စီ၏ တပ်မ (၉၉) လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းထိုင်ထားသောပန်လုံဗျူဟာကုန်းအား ကိုးကန့်တပ်မတော် (MNDAA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ အပြီးသတ် ချေမှုန်းသိမ်းပိုက်


နိုဝင်ဘာလ ၆ရက်။

၁၀၂၇ စစ်ဆင်ရေး (၁၁) ရက်မြောက်နေ့အဖြစ် ရန်သူစစ်ကောင်စီ၏ တပ်မ (၉၉) လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းထိုင်ထားသောပန်လုံဗျူဟာကုန်းအား ကိုးကန့်တပ်မတော် (MNDAA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ အပြီးသတ် ချေမှုန်းသိမ်းပိုက်ခဲ့တယ်လို့ နိုဝင်ဘာလ () ရက်နေ့မှာ အသိပေးပါတယ်။


 ကိုးကန့်တပ်မတော် (MNDAA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့သည် ရန်သူစစ်ကောင်စီ၏ ဗျူဟာကုန်းများထဲမှ ပန်လုံဗျူဟာကုန်း (အဓိကပင်မကုန်း) အောက်ဘက်တွင်ရှိသောကာကင်းဗျူဟာစခန်း () ခုအား နိုဝင်ဘာလ () ရက်နေ့ ကတည်းကပင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၎င်းစခန်းအား နိုဝင်ဘာလ () ရက်နေ့၊ ညနေ (:၀၀) အချိန်ခန့်တွင် အပြီးသတ် ချေမှုန်းသိမ်းပိုက်ခဲ့ပါတယ်။


အဆိုပါကာကင်းဗျူဟာစခန်း () ခုနှင့် ၎င်း၏ ပင်မပန်လုံဗျူဟာစခန်းတို့အား ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များမှ အဓိကဦးဆောင်ထိုးစစ်ဆင်ခဲ့ကြရပြီး စစ်ရေးအရ ခက်ခက်ခဲခဲတိုက်ပွဲဝင်ခဲ့ရသော စခန်းသိမ်းတိုက်ပွဲတစ်ခုလည်း ဖြစ်ပါတယ်။ 


ရန်သူသည် ရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်တို့ဖြင့် အကြိမ်ပေါင်းများစွာ ခုခံကာကွယ်တိုက်ခိုက်နေသည့်ကြားမှ မိမိတို့ တပ်ဖွဲ့ဝင်များ၏ ဗျူဟာမြောက်ထိုးစစ်နှင့်အတူ ပေးဆပ်မှုများစွာဖြင့်ပန်လုံဗျူဟာကုန်းအား အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ ခြင်း ဖြစ်တယ်လို့ဆိုပါတယ်။ 


ဤဗျူဟာကုန်းသိမ်းတိုက်ပွဲအတွင်း အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသော ရဲဘော်များအား လေးနက်စွာ မှတ်တမ်းတင် ဂုဏ်ပြုအပ် သကဲ့သို့ ၁၀၂၇ စစ်ဆင်ရေးကာလတစ်လျှောက် အသက်၊ ခန္ဓာပေးဆပ်စွန့်လွှတ်ခဲ့ကြရသော အဖွဲ့အစည်းအသီးသီးမှ ရဲဘော် တစ်ယောက်ချင်းစီကိုလည်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်လို့ဆိုပါတယ်။


========================


📌📌 ၉။ လားရှိုး၊ မူဆယ်၊ ကွတ်ခိုင်၊ မန်တုံ၊ မိုးကုတ်၊ နမ့်ခမ်းမြို့များတွင် စစ်ဘေးရှောင်ဦးရေ စုစုပေါင်း(၃၀၀၀၀)ကျော်ရှိလာပြီဖြစ်


နိုဝင်ဘာလ ၆ရက်။

လားရှိုး၊ မူဆယ်၊ ကွတ်ခိုင်၊ မန်တုံ၊ မိုးကုတ်၊ နမ့်ခမ်းမြို့များတွင် စစ်ဘေးရှောင်ဦးရေ စုစုပေါင်း(၃၀၀၀၀)ကျော်ရှိလာပြီဖြစ်တယ်လို့ နိုဝင်ဘာ၆ရက်မှာ PSLF/TNLA ကအသိပေးဆိုထားပါတယ်။


ညီနောင်မဟာမ်()ဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီတပ်အကြား ၁၀၂၇ စစ်ဆင်ရေးအဖြစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်ဆင်နွှဲခဲ့ပြီး (၁၀)ရက်အတွင်း လားရှိုး၊ မူဆယ်၊ ကွတ်ခိုင်၊ မန်တုံ၊ မိုးကုတ်၊ နမ့်ခမ်းမြို့များတွင် စစ်ဘေးရှောင်ဦးရေ စုစုပေါင်း(၃၀၀၀၀)ကျော်ရှိလာပြီဖြစ်တယ်လို့ဖော်ပြပါတယ်။


နိူဝင်ဘာ၅ရက်ည (၆း၀၀)အချိန်တွင် နမ့်ခမ်းမြို့၊ သာယာကုန်းရပ်ကွက်အထက်တွင် တပ်စွဲထားသည့် စခန်းသစ်ကုန်းတပ်စခန်းတွင် လက်နက်သံများကြား၍ ထိုရပ်ကွက်နေဒေသခံများမှ အောင်မင်္ဂလာရပ်ကွက်သို့ စစ်ဘေးရှောင်ခဲ့ကြပါတယ်။

 

ထိုကဲသို့ စစ်ဘေးရှောင်နေချိန် ဒေသခံများ၏ နေအိမ်အတွင်းသို့ စစ်ကောင်စီတပ်သားများဝင်ရောက်တပ်စွဲနေထိုင်ခဲ့ပြီး ထိုနေအိမ်များအတွင်းရှိ ပစ္စည်းများမွှေနှောက်ပြီး ရွှေ၊ ငွေများမတွေ့၍ အဝတ်အထည်နှင့် အခြားအသုံးအဆောင်များ ယူဆောင်သွားခဲ့သည်ဟု ဒေသခံတစ်ဦးကဆိုပါတယ်။ 


ထို့အပြင် ဒေသခံများ၏နေအိမ်အတွင်း တပ်စွဲထားစဉ် နေအိမ်များပေါ်တွင် မစင်များစွန့်ထားကြပြီး နေအိမ်အတွင်းရှိပရိဘောဂများကို ရိုက်ချိုးဖျက်စီးခဲ့ကြပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment