မြန်မာ့မြောက်ဖျားက ဆီးနှင်းကျရာ ရှိန်းခေါင်ကျေးရွာရဲ့မီးဘေးကို ကူညီပေးဖို အခက်အ ခဲရှိနေ… မကြေးမုံ Radio NUG နိုဝင်ဘာ ၉၊ ၂၀၂၃


မြန်မာ့မြောက်ဖျားက ဆီးနှင်းကျရာ ရှိန်းခေါင်ကျေးရွာရဲ့မီးဘေးကို ကူညီပေးဖို အခက်အ ခဲရှိနေ… မကြေးမုံ Radio NUG နိုဝင်ဘာ ၉၊ ၂၀၂၃

ခေါင်လန်ဖူးဒေသခံတွေ ဝင်ငွေရသီးနှံအဖြစ်မှီခိုနေကြတဲ့ ရှောက်ကောသီးနှံရဲ့ အဓိက ဈေးကွက်တည်ရှိခဲ့ရာ ရှိန်းခေါင်ကျေးရွာမှာ နိုဝင်ဘာလ ၆ရက်နေ့ညက မီးအကြီးအကျယ် လောင်ကျွမ်းခဲ့လို အကူညီတွေလိုအပ်နေပေမယ့်  လမ်းပန်းဆက်သွယ်ရေး အခက် အခဲတွေရှိနေတယ်လို မြစ်ကြီးနားအခြေစိုက်အကူညီရေးအဖွဲတွေကအခုလိုပြောပါတယ်။

“ အခုတော့ စလုပ်နေကြပြီ တိုင်ပင်နေကြတာပေါ့။ ဒါမယ့် မြစ်ကြီးနားဆိုရင် လည်း ရှိန်းခေါင်ရွာကိုဆန်ပိုမယ်ဆိုရင်လည်း တစ်ပါတ်လောက်က ကြာမှာလေ။ အဲ့ဒါဆို တော့အနီးစပ်ဆုံးက ရှိန်းခေါင်ရွာနဲ့ တရတ်နယ်စပ်က ဟိုဘက်ကမ်း၊ ဒီဘက်ကမ်းပဲရှိတာ လေ၊ ဒါမျိုးဆိုတော့ တရုတ်နယ်စပ်ရွာကနေ လောလောလတ်လတ်ကကျတော့ အဲ့ဘက် ကိုပဲ အကူညီတောင်းရသလိုဖြစ်သွားတာပေါ့နော်။ ဒီဘက်က အရမ်းအလှမ်းဝေးသွားတာ လေအစ်မရေ။  မြန်မာနိုင်ငံဆိုပေမယ့်လေနော်” 

ခေါင်လန်ဖူးဒေသမှာ စိုက်ပျိုးထုတ်လုပ်တဲ့ရှောက်ကောသီးနှံတွေကို မြန်မာနဲ့ တရုတ် နယ် စပ်က ရှိန်းခေါင်ကျေးရွာက တစ်ဆင့်တရုတ်နိုင်ငံကို တင်ပိုရောင်းချကြတာဖြစ်ပါတယ်။ COVID – 19 ကပ်ရောဂါ ကြောင့်နယ်စပ်ဂိတ်ကိုပိတ်လိုက်တဲ့အခါ ရှောက်ကောတန်ချိန် သုံးသိန်းခွဲကျော်က ရှိန်းခေါင်ကျေးရွာမှာပိတ်မိနေပါတယ်။ ဒါကြောင့်အစားအစာနဲ့ လူ့အ သုံးအဆောင် တွေကို တရုတ်နိုင်ငံဘက်ကတင်သွင်းနိုင်တာမရှိတော့တဲ့အတွက် ရှောက် ကောတောင်သူငယ်တွေမှာ အစားအစာပြတ်လပ်လာပြီး ပူတာအိုနဲ့မြစ်ကြီးနားမြို ကို ထွက်ပြေးလာကြပါတယ်။ ရှိန်းခေါင်ရွာမီးလောင်ကျွမ်းမှုမှာ ဝါယာရှော့ခ်ဖြစ်ပွားရာ လူနေ အိမ်ကတဆင့် ကျေးရွာကိုစွန့်ခွာ သူများရဲ့အိမ်တွေကိုမီးကူးစက်လောင်ကျွမ်းခဲ့ တာြဖစ် ပါ တယ်။ ဒီအခြေနေကို  ရှိန်းခေါင်ကျေးရွာမှာ ရှောက်ကောသွား ရောက်ဝယ်ယူ သူကုန် သည်တစ်ဦးက အခုလိုပြောပါတယ်။

“ မီးလောင်တဲ့အဓိကအကြောင်းရင်းကတော့ ဝါယာကြိုးလျှော့ဖြစ်တာလို ပြောတာပဲ။ သူ့အိမ်ပိုင်ရှင်ကတော့ လူ လည်းမရှိတော့ တစ်ခြားအိမ်မှာ အိပ်နေတာပေါ့။ ရွာရဲ့တစ်ခြမ်းကတော့ မီးလောင်သွား တာပေါ့။ စာသင်ကျောင်းတွေဘာတွေဆိုရင်လည်း မီးလောင်သွားတာပေါ့ ”

မီးလောင်မှုကြောင့် လူနေအိမ်များအပါအဝင် တောတောင်ခြားတဲ့အခြားကျေးရွာတွေကပါ ပညာလာရောက်သင်ကြားကြတဲ့ တစ်ခုထဲသော အထက်တန်းကျောင်းခွဲပါ မီးထဲပါသွား ခဲ့ ပါတယ်။ ဒါ့အပြင် ခရစ်ယာန်ဘာသာဝင်များရဲ့ဘုရားရှိခိုးကျောင်း၊ တန်ချိန်သုံးသိန်းခွဲ ကျော်သိုလှောင် ထားတဲ့ ရှောက်ကောဂိုဒေါင်အပါအဝင် ခေါင်လန်ဖူးဌာနေ ပြည်သူ့စစ်အ ဖွဲရဲ့ လပြည့်ဝန်း ရွှေတူးဖော်ရေးကုမ္ပဏီရုံးခန်းစတဲ့ အဆောက်အဦး ၆၃ လုံးမီး လောင် ပျက်စီးခဲ့ပါတယ်။ လတ်တလောမှာ မီးဘေးသင့်ပြည်သူတွေ အတွက်အစားအစာနဲ့ အနွေး ထည်၊ စောင်စတဲ့ အသုံးအဆောင်ပစ္စည်းတွေအရေးတကြီးလိုအပ်နေပေမယ့် ရှိန်းခေါင် ကျေးရွာအရောက် ၃ညအိပ်ခြေကျင်ခရီးကိုဖြတ်သန်းရမှာဖြစ်တဲ့အတွက် အကူအညီတွေ အချိန်မှီရောက်ရှိဖိုခက်ခဲနေတာဖြစ်ပါတယ်။





Share:

No comments:

Post a Comment